
Kခိုင်၊ ၊၆၃ နှစ်မြောက် အဖြစ် ကချင်ပြည်နယ် မြစ်ကြီးနား မြို့ မှာ ကျင်းပနေ တဲ့ ကချင် ရိုးရာ မနော ပွဲတော်ကို
ဒီနေ့ မှာလုံခြုံရေး ထူထပ် စွာချထားပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အမိန့် နဲ့ ပွဲတော်လာရောက် သူတွေ
ကို စစ်ဆေးမှု တွေ သာမက နေရပ် လိပ်စာ စတဲ့ မေးမြန်းမှု တွေ ပါပြုလုပ်နေ လို့ စိတ်အနှောင့်အယှက်ဖြစ်
ရတယ် လို့ မနော ပွဲတော် ကို လာတဲ့ မြစ်ကြီးနား တက္ကသိုလ် က ကျောင်း သူ တစ်ဦး က Freedom News
Group ကို ပြောပါတယ်။
ဇန်န၀ါရီ ၇ ရက်မှ ၁၁ ရက် အထိ မြစ်ကြီးနား မြို့ စီတာပူ မနောကွင်းမှာ ကျင်းပနေတဲ့ ကခ်ျပြည်နယ်နေ့ 
ကချင်ပြည်နယ်နေ့ အထိမ်း အ မှတ် မနော ပွဲတော် ရဲ့  ဒုတိယမြောက်နေ့ မှာ သံချပ်ကာ ကားတွေ လက်နက်
အပြည့်အစုံ တပ်ဆင် ထားတဲ့ စစ်သားတွေ ကို တင်ဆောင်လာတဲ့ကားတွေ နဲ့ နေရာယူထားတာကြောင့် မြစ်ကြီး နား ရဲတပ်ဖွဲ့ ဝင်များ ကပင် တုန်လှုပ်နေတယ် လို့ သိရပါတယ်။
ဇန်န၀ါရီလ ၈ ရက်နေ့ မှာ စစ်တပ် က အင်အား ပိုမိုချထားတာ နဲ့ ပတ်သက်ပြီး မြစ်ကြီးနား မြို့ ကမြန်မာ နိုင်
ငံရဲတပ်ဖွဲ့ ဝင်တစ်ဦးက “ ဒီနေ့ မနက် ပဲ စက်ဝင်လာတာ (တာဝန်ရှိသူများ က အမိန့် ပေးခြင်း) ကျွန်တော်
တို့ လည်း M1 တွေ ပြောင်းကိုင်ရ တယ်၊ အရေးပေါ်ပေါ့ ၊ တနိုင်း နဲ့ မိုးကောင်း စကခ ၃ က ဒီနေ့ လုံခြုံရေး
ယူပေးမယ် မင်းတို့ က တပ်မတော်သားတွေ ရဲ့ လုံခြုံရေး ကို ပြန်ယူပေး လို့ မပခ ဒီနေ့ မင်းကြီး (ကချင် ပြည်
နယ် ရဲမှုးကြီး ) ကို အမိန့် ပေးထားတယ်” ဟု ပြောသည်။
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် သည် ကချင်ပြည်နယ်နေ့  မနောပွဲ ကို ၎င်းတို့ စိတ်ကြိုက်ဖန်တီး ကာ ကျင်း
ပနေပြီး ဒေသခံများ ရိုးရာ ထုံးတမ်း ဓလေ့ တင်ဆက်မှုများ ကို လည်း ပွဲကျင်းပရေး ကော်မတီက တင်ဆက်မှု
မပြု ဟု မြစ်ကြီးနား တက္ကသိုလ်မှ ဆရာ တစ်ဦး ကပြောသည်။
ထိုပွဲတော် သို့ ရန်ကုန် မှ အဆိုတော်များ သရုပ်ဆောင်များ လည်း ရောက်ရှိနေသည်။
ဒေသခံ အာဏာပိုင် အဖွဲ့ မှ တာဝန် ရှိသူ တစ်ဦးက ထိုပွဲတော် သို့ ကချင်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်
(KIA) ၊ ရှမ်းပြည်မြောက်ပိုင်း တပ်မတော် SSA-N နှင့် ၀ တပ် ဖွဲ့ များ လာရောက် တိုက်ခိုက်မည် ဟု သတင်းရထား သောကြောင့် လုံခြုံရေး တင်းကျပ်ထား ခြင်း ဖြစ်သည် ဟု သိရသည်။
ပွဲတော်ကျင်းပနေရာ စီတာပူ ရပ်ကွက် နဲ့ ကချင်ပြည်နယ် က အဏာပိုင် အသိုင်းအ၀ိုင်းတွေ နေရာ ခေမာသီရိ
ရပ်ကွက် တွေ မှာတော့ လုံခြံရေး အင်အား အပြည့်အ၀ ချထားတယ်လို့ ဆိုပါတယ်။
ယမန် နေ့ က မနောပွဲ စတင်ကျင်းပတဲ့ နေ့ မှာ ဖမ်းဆီးထား တဲ့မြစ်ကြီးနား တက္ကသိုလ် က ကျောင်းသား
ကျောင်းသူ တွေ ကို ပြန်လည် လွှတ်ပေး ဖို့ လည်း စာဝေငှတဲ့ လှုပ်ရှားမှု တွေ လုပ်ခဲ့တာကြောင့်နဲ့  တရုတ်
ဘက်က ဧည့်သည် တွေ လည်း ရောက်နေတာ ကြောင့်
ဖြစ်နိုင်တယ်လို့ မြို့ ပေါ် မြို့ မ ရပ် ကွက် က အစိုးရ ဘဏ် ၀န်ထမ်း တစ်ဦးက ပြောပါတယ်။
ရန်ကုန် မြို့ ကနေ အလည်လာရောက် တဲ့ ဗီအိုင်ပီ လို့ ခေါ်တဲ့ အာဏာပိုင် တွေ ရဲ့ မိသားစု တွေ ကိုတော့
ကျဉ်ကာ အကျီဝတ်ထားတဲ့ သေနတ်ကိုင် စစ်သားတွေ က အချိန်ပြည့်စောင့်ရှောက်ပေးနေပါတယ်။
အမှတ် ၅၀၃ လေတပ် က ရဟတ်ယာဉ် နှစ်စီးဟာ မြို့ ပေါ် မှာ ပျံသန်းမှု တွေ ရှိနေပြီး Air Bagan လေ
ယာဉ်က တော့ KIA က ပစ်ချခံရမှာ ဆိုးတဲ့ အတွက် နမ္မတီး၊မိုးကောင်း ဘက်ကကွေ့ ပတ် ပျံသန်းပြီးမှ
မြစ်ကြီးနား လေဆပ် ကို ဆင်းပါတယ်။
၆၂ နှစ် မြောက် ကချင်ပြည်နယ် နေ့ မနောပွဲ ထိ KIO ကိုဖိတ်ကြား ခဲ့ပေမယ့် ဒီနှစ်မှာ မပခ တိုင်းမှုး
အသစ် က မဖိတ်ကြား ဘူး လို့ လဲသိရပါတယ်။

ဘာလဲကွာ…ကချင်ပွဲဆိုပီးဘာမှနားမလည်တဲ.စစ်ခေါ်င်းဆောင်တွေဦးဆောင်လုပ်တယ်ဆိုတော…ကချင်တွေ၇ဲ.မနောပွဲဆိုတာကဘယ်အဓိပါယ်၇ှိမလဲ..
လူမျိုးရဲ့ယဉ်ကျေးမူနဲ့ဆိုင်တဲ့အချို့အစဉ်အလာတွေကိုမပြုရဘူးဆိုတော့်ဒီပွဲကဘာအတွက်ကျင်းပလဲဆိုတာကို
နားမလည်နိုင်သလောက်ပဲ……….ကချင်ပြည်နယ်ကတိုင်းရင်းသားတစ်ယောက်အနေနဲ့ဒီပွဲအတွက်
ဝမ်းနဲရပါတယ်…………ကိုယ့်တိုင်းပြည်ကလူမျိုးစုတစ်ခုရဲ့ရိုးရာနဲ့ယဉ်ကျေးမူကိုမလေးစားရာရောက်တယ်
လို့ထင်မိပါတယ်………..။
KIO အနေနဲ့ တခုခု လက်တုန့်ပြန်သင့်တယ်။ ပွဲတော်ကျင်းပရာ လူစည်ကားတဲ့နေရာတွေကိုရှောင်ပြီး တခုခုလုပ်ကိုလုပ်သင့်တယ်။ ကချင်မနောပွဲနေ့ဟာ ဒင်းတို့သောက်စားပျော်ပါးဖို့သတ်မှတ်ပေးထားတာ မဟုတ်ဘူး။ ကချင်အမျိုးသားနေ့ဆိုတာကို အလုပ်တခုနဲ့ သက်သေပြကြပါ။
ဟားဟား မှန်လိုက်တာဗျာ…ဘာတဲ့  အစောင့် သင်တန်းကျောင်းကြီး ဟားဟား….
လုံခြုံရေး လုံခြုံရေး ပြောပြီးကြောက်တတ်ကြတဲ. နေရာမှာတော. နှစ်ယောက်မရှိတဲ. နွားအဖွဲ.ပဲ
တကယ်တော. DSA ဆိုတာ အစောင်. သင်တန်းကျောင်းကြီးပါ
(အဲလိုပဲ ပြောလိုက်ချင်ပါတော.တယ်)
မဟုတ်တာ လုပ်ပြီး ချေးပန်းမတတ် သေမှာကြောက်နေတားး