အမေရိကန် နိုင်ငံခြား ရေး ၀န်ကြီး ဌာန နှင့် ၎င်း၏ နိုင်ငံတကာမှ သံရုံးများ ၏ ပေးစာ၊ပြန်စာ
များ မှ လှို့ ဝှက် အစီရင်ခံမှု များ အား ကမ္ဘာသို့  ဖွင့်ချခဲ့သည့် ၀ီကီလိ ခ် အယ်ဒီတာ ဂျူလီယန်
အဆန်း အား ဆွီဒင် သို့ လွှဲပြောင်းပေးပါက ဆက်လက်ပြီး အမေရိကန် သို့ လွှဲပြောင်း နိုင်ကာ
သေဒဏ်ကျခံမည် ကို စိုးရိမ်ကြောင်း သူ၏ ရှေ့ နေ မာတ်ခ် စတီဖင် က ပြောသည်။
အဆန်း ဆွီဒင် နိုင်ငံတွင် ရှိစဉ်က ပြည့်တန်ဆာ နှစ်ဦး ကို အကာအကွယ် မပါဘဲ လိင် ဆက်
ဆံမှု ဖြင့် ဆွီဒင်က တရား စွဲထားသည် ကို ယနေ့ လန်ဒန် တရား ရုံးတွင် အမှု စစ်ဆေးရာဉ်
အဆန်းက ၀ီကီလိခ် အနေဖြင့် မှတ်တမ်းများ အား ဆက်လက် ၍ ထုတ်ပြန်သွားမည် ဟု ပြော
ကြားခဲ့ပြီး ၎င်း ကို တရား စွဲဆို ထားမှု သည် အမေရိကန် က ဖိအာ ပေးခြင်း နှင့် နိုင်ငံရေး
ဆက်စပ် မှု များ အရ ဆွီဒင် က ဆောင်ရွက်ခြင်း ဖြစ်သည် ဟု ပြောကြားသည်။
လန်ဒန် တရားရုံးမှ အဆန်းအား ဆွီဒင် သို့ လွှဲပေး သင့်မသင့် ကို ဖေဖော်ဝါရီလ ၆ ရက်နေ့ ရုံး
ချိန်း တွင် ဆုံးဖြတ်မည် ဟု သိရသည်။အဆန်းအား တရားစွဲ ဆိုထား သည့် ဆွီဒင် နိုင်ငံသည်
ဥရောပ သမဂ္ဂ နိုင်ငံများ တွင် မုဒိမ်းမှု အဖြစ်များ ဆုံး နိုင်ငံဖြစ်သည်။
ဝီကီလိခ် တွင် အမေရိကန် နှင့် နိုင်ငံတကာ ဆက်ဆံသည့် သံတမန် ရေး ပေါက်ကြားမှု များ ကြောင့်
ကမ္ဘာ့ နိုင်ငံ များ ရှိ အစိုး ရ အဖွဲ့ ဝင်များ က လည်း အမေရိကန် သံတမန် များ ကို စကား ပြောရန်
ကြောက် ရွံ့ နေကြသည်။
