Breaking silence, Sarah Palin accuses critics of ‘blood libel’
၂၀၀၈ ခုနှစ် က သမ္မတ ရွေးကောက်ပွဲတွင်
ရီပတ်ဘလီကန် ပါတီ ကို ကိုယ်စားပြု၍ ဒုသမ္မတ
နေရာ မှ ယှဉ်ပြိုင် အရွေးခဲ့သူ ဆာရာပေလင်း
အရီဇိုးနား ပြည်နယ် တခ်ဆန် တွင် ဖြစ်ပွား ခဲ့သည့်
သေနတ် ပစ်ခတ်မှု အတွင်း လွှတ်တော် အမတ်
တစ်ဦး ဒဏ်ရာပြင်းထန် စွာရရှိပြီး လူခြောက်ဦး
သေဆုံးမှု သည် သူမ၏ စနက် ကြောင့် ဖြစ်ပွား ရ
သည် ဟု နိုင်ငံရေးသမားများ၊ အနဂ္ဂတိ ဆရာများ၊
မီဒီယာများ က စွပ်ဆွဲမှု ကို သူမ က ယနေ့ ဗီဒီယို မှာ
တစ်ဆင့် တုံ့ ပြန် လိုက်သည်။
အိုဘားမား အစိုးရ ကို အလွန် အကျွံ ပြစ်တင် ဝေဖန်မှုများ ပြုလုပ် ခဲ့သည့် တီးပါတီ လှုပ်ရှားမှု၏
ခေါင်းဆောင် ဆာရာပေလင်း သည် သူမ ၏ အင်တာနက်စာမျက် နှာ တွင် ဆီးနိတ် နေရာ အတွက်
ဒီမိုကရတ် ပါတီဝင်များ အား ကောင်းသည့် နေရာများ ကို သေနတ် ပစ်မှတ် ပစ်ကွင်း အဖြစ် ပုံဖော်ထားမှု
အတွက် ယခု ကဲ့သို့ အရီးဇိုးနား လူသတ် မှု ဖြစ်ပွားရခြင်း ဖြစ်သည် ဟု အမေရိကန် တတိယ အင်
အားစု က ထောက်ပြကြသည်။
သူမ ၏ ပစ်မှတ်တွင် အရီဇိုးနား လွှတ်တော် အမတ် ဂေဘရီယလ် ဂစ်ဖို့ ဒ် လည်းပါဝင်သည်။
ဒီမိုကရတ် လွှတ်တော် အမတ် ဂေဘရီယလ် ဂစ်ဖို့ ဒ်
အပါအ၀င် လူ၁၄ ဦးဒဏ်ရာပြီး တရားသူကြီး တစ်ဦး
အပါအ၀င် လူခြောက်ဦး သေဆုံးခဲ့သည့် အရီဇိုးနား
ပစ်ခတ်မှု အတွက် သူမ ၀မ်းနည်းသော် လည်း ထိုပစ်
ခတ်မှု များ အတွက် သူမ တာဝန်ရှိသည် ဆိုခြင်း ကို
ငြင်းဆို လိုက်ပြီး သူမ ကိုလုပ်ကြံစွပ်ဆွဲမှု များ နှင့် နိုင်
ငံရေး အရ အသရေဖျက်မှု ဟု ပြန်လည်ချေပထားသည်။
ဆာရာပေလင်းသည် ၀ီကီလိခ် နှင့် ပတ်သက်ပြီး ဂျူလီယန်
အဆန်း ကို ဝေဖန်ရာ တွင် လည်း
အိုစမာဘင်လာဒင် ကဲ့သို့ သဘောထား သင့်သည် ဟု ဆိုခဲ့သည်။
တခ်ဆန် ပစ်ခတ်မှုသည် ဂေဘရီယ် ဂစ်ဖိုဒ် တစ်ဦး တည်း ကိုသာ လုပ်ကြံခြင်း မဟုတ်ပဲ
ဒီမိုကရတ် ပါတီ ပါတိုက်ခိုက် ခံရ်ြခင်း ဖြစ်သည် ဟု အမေရိကန် တတ်သိပညာရှင် များ ကို
ဆိုကြသည်။ မီဒီယာများ ကလည်း ထို ပစ်မှတ် ကို ဆာရာပေလင်း သို့ ချိန်ရွယ်ထားလျှင် မည်
သို့ ရှိမည် နည်း ဟုမေးခွန်းထုတ်ကြသည်။
Going Rouge နှင့် America By Heart စာအုပ်များ ရေးသားခဲ့သူ ဆာရာပေလင်းသည် အရီဇိုးနား
ပစ်ခတ်မှု တွင် ကာယကံရှင်များ ထက်နာမည်ကြီးနေသည်။



သုံးတောင်ဝတ်တွေ ကြောက်စရာပါလား…. :(