အောင်မြင်၊ ၊မြ၀တီ မှ ဘားအံသို့ အဆင်းကားတန်း ခရီးစဉ် အတွင်း သင်္ကန်းညီနောင်
အထွက် ခြေမြန်တပ်ရင်း ၃၅၆ အနီးဉ် ဆွဲမိုင်း တစ်လုံး ယနေ့ မနက် ရှစ်နာရီ မိနစ် ၂၀ အချိန်ခန့် 
က ပေါက် ကွဲ၍ နယ်ခြားစောင့်တပ် ကား နှင့် အတူ အခြား ခရီးသည်တင် ကားတစ်စီးမှ
ခရီးသည်များဒဏ်ရာပြင်းထန် စွာရရှိသည် ဟု Freedom News Group မှ သတင်းရရှိသည်။
BGF တပ်ဖွဲ့မှကားအား သင်္ကန်းညီနောင် ၃၆၅တပ်ရင်းအနီးတွင် ဆွဲမိုင်းထိပြီး BGF နယ်ခြားစောင့်တပ် ဖွဲဝင် ရဲဘော်တဦးပွဲခြင်းပြီးတဦးသေဆုံးပြီး တပ်ဖွဲ့ဝင် ၆ဦးဒါဏ်ရာရရှိသွားခဲ့ကြောင်းသတင်းရရှိသည်။ ထိုနယ်ခြားစောင့်တပ်၏ကားနောက်တွင် ကပ်လျက်လိုက်ပါလာသော မြ၀တီမှ ကော့ကရိတ်အဆင်း
ကားလည်း မိုင်းထိမှန်ကာ ခရီးသည်၁၅ဦးခန့် ဒါဏ်ရာရှိပြီး မြ၀တီဆေးရုံတွင် အရေးပေါ်ရောက်ရှိလာကြောင်း မျက်မြင်ဒေသခံတဦးကပြောပြပါသည်။
နိုင်ကြောင်း ပြသသည့်အနေဖြင့် DKBA ဗိုလ်မှုးချုပ်စောလားပွယ် ဦးဆောင်သည့် အဖွဲ့နှင့် နအဖ စစ်တပ်
တို့တိုက်ပွဲမှာ ယနေ့အထိ ငြိမ်သက်ခြင်းမရှိဘဲ တိုက်ပွဲများနေ့စဉ်လိုဖြစ်ပွားလျက်ရှိသည်။ ယနေ့ဖြစ်ပွားခဲ့သော တိုက်ပွဲမှာ မည်သည့်အဖွဲ့စည်းဖြစ်သည်ကိုကို FNG မှဆက်လက်စုံစမ်းလျက်ရှိသည်။
နံနက်၁၀နာခွဲခန့်အချိန်တွင် နအဖစစ်တပ်မှ BGF တပ်ဖွဲ့၏လက်နက်များကိုယူဆောင်သွားသော
အဖွဲ့ နောက်သို့ လိုက်လံရှာဖွေရှင်း မြ၀တီအနီးတောထဲတွင် သေနတ်သံများ ကြားနေရကြောင်း ဒေသခံတဦးကပြောပြပါသည်။

yo! lay phyu,
did you clap(applaud) when you saw soldiers from dog army shot our people in the capital of Burma? I am really sorry for the people who’ve got killed in the incident. But I still believe, they did not aim to people.
ဆွဲမိုင်းဆိုတာ ကိုယ်ကစောင့်ပြီး ခလုတ်ကိုဖြုတ်ရတာ။ စစ်ကားတွေကိုလုပ်တာ သင့်ပေမယ့် ပြည်သူတွေပါလာတဲ့ ခရီးသည်တင်ကားတွေကိုတော့ မလုပ်သင့်ဘူး။ မိုင်းကွဲပြီး လူသေတိုင်း လက်ခုပ်တီးတဲ့ လူတွေထဲမှာ ငါမပါဘူး။ ကိုယ့်ခံယူချက်တစ်ခုအတွက် အပြစ်မဲ့တဲ့ပြည်သူတွေကို သွေးမြေမကျစေချင်ဘူး။