Tunisia Uprising Episode N0 1. (Must Read)
-သမ္မတ ဘင်အလီ ကသမ္မသက်တမ်း ကုန် ဆုံး ချိန် တွင် ပြန်လည် အရွေးခံမည် မဟုတ် ဟု ဆို
-စားသောက်ကုန် များ ကို ဈေးလျှော့ပေးပြီး ၊သတင်းလွတ်လပ်ခွင့် ကို ပြန်လည် ဖော်ဆောင်ပေး
-တူနီးရှား ပြည်သူ များ နိုင်ငံ အနှံ အုံကြွှ မှု စတင်
-တူနီရှား နိုင်ငံ ၏ ဘလောက်ဂါများ က အုံကြွမှု ကို ပိုမို အရှိန် မြှင့်တင်ပေး
-တူနီးရှား နိုင်ငံ လူထု အုံကြွမှု အတွင်း လူ သုံးဆယ် နီးပါး သေးဆုံး
-အာရပ် နိုင်ငံ များ ၏ ပြည်သူ လူထုံ အုံကြွှမှု များ ပြန်လည် အားကောင်းလာ
အယ်(လ)ဂျီးရီယား နဲ့ လစ်ဗျား နိုင်ငံ ကြားက နိုင်ငံငယ်လေးတစ်ခု ဖြစ်တဲ့ တူနီးရှား နိုင်ငံ ဟာ မြောက်အာဖရိက တိုက်မှာ အသေးဆုံး နိုင်ငံတစ်ခု ဖြစ်ပြီး နိုင်ငံရဲ့ မြို့ တော် တူနစ်ကတော့ သာယာလှပတဲ့ မက်ဒီတာရေးနီးယန်း ပင်လယ်ကမ်းခြေမှ ရှိတာ ကြောင့် ကမ္ဘာ လှည့် ခရီးသွား တွေ ကို တခြား မြောက် အာဖရိက နိုင်ငံတွေ လိုပဲဆွဲဆောင် ထား နိုင်ပါတယ်။
နိုင်ငံရဲ့ မြို့ တော် တူနစ် ကနေ မော်တော် နဲ့ မြေထဲပင်လယ် ကို ဖြတ်သန်း သွားရင် ဆယ်နာ ရီ လောက် အကြာမှာ ပြင်သစ် နိုင်ငံပိုင် ကျွန်း တစ်ခုခု ဒါမှ မဟုတ် အီတလီ နိုင်ငံကမ်းခြေ ကို ရောက်ရှိပါတယ်။
တူနီရှား နိုင်ငံမှာ ၁၉၈၇ ခုနှစ် ကတည်း က အာဏာရရှိလာတဲ့ အသက် ၇၄ နှစ် အရွယ် ရှိ ဇင်အယ် အဘီဒင်း ဘင် အလီ က အာဏာရှင် ဆန်ဆန် အုပ်ချုပ်လာခဲ့ပါတယ်။
တူနီးရှား နိုင်ငံကို ပြင်သစ် တို့ အုပ်ချုပ် စဉ်မှာ စစ်ထဲ ၀င်ပြီး တော်လှန်ရေး လုပ်ခဲ့တဲ့ ဘင်အလီ ဟာ ၁၉၈၇ နိုဝင်ဘာ ၇ ရက် မှာ အနောက်တိုင်းဆန်ဆန် ပြုပြင်ပြောင်းလဲမှု ကို လိုလားတဲ့ ကျေးဇူးရှင် ဖြစ်သူ သမ္မတ ဟာဘစ်ဘော့ ဂီ ဘာ နဲ့ သူ့ ရဲ့ သားဖြစ်သူ တူနီးရှား နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ကို ရာထူးက ဖယ်ရှားပြီး အာဏာသိမ်း ခဲ့တာ ဖြစ်ပါတယ်။
၂၀၀၅ ခုနှစ် နောက်ပိုင်းမှာတော့ အတိုက်အခံ တွေ ကို ထောင်သွင်းအကျဉ်းချမှု တွေ ရှိလား ပြီး သတင်းထောက် တွေ ၊ ဘလောက်ဂါတွေ ကို ဖမ်းဆီး အပြစ်ပေးကာပိုမို နှိပ်ကွပ်လာခဲ့ပါတယ်။ နိုင်ငံရဲ့ အထင်ကရ နေရာတွေ တိုင်းမှာ သူ့ ရဲ့ ဓာတ်ပုံ ပိုစတာ ကြီးတွေ ချိတ်ဆွဲထားတဲ့ ဘင်အလီ ဟာ သူ့ ရဲ့  ၂၃ နှစ်တာ အာဏာချုပ်ကိုင်ထား တဲ့ သက်တမ်းအတွင်း ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလနှောင်း ပိုင်း ကလို့  နိုင်ငံအတွင်းမှာ မငြိမ် သက်မှု တွေ စတင်ခဲ့ပါတယ်။
အသက်၂၆ နှစ် အရွယ်ရှိ တက္ကသိုလ်ဘွဲ့ ရ မိုဟာမက် ဘူဇာဇီ ရဲ့  လမ်းဘေးမှာရောင်း တဲ့ သစ်သီး ဗန်း ကို အာဏာပိုင်တွေ က ခွင့်ပြုချက် ယူပြီးမရောင်းလို့  ဆိုပြီး အကြောင်းပြကာ သိမ်းဆည်း ခဲ့ပါတယ်။ တစ်နေ့ စာ တစ်နေ့ ရင်းပြီး ၀မ်းစာရှာရတဲ့ ဘွဲ့ ရကျောင်းသား ဘူဇာဇီ သူ့ ရဲ့ သစ်သီးဗန်း အသိမ်းခံရပြီးနောက်မှာတော့ ဆန္ဒပြတဲ့ အနေ နဲ့  ဒီဇင်ဘာလ ၁၉ ရက်နေ့ မှာ မြို့ တော် အုပ်ချုပ်ရေး ရုံး အရှေ့ မှာ သူ့ ကိုယ်သူ မီးရှို့ ပြီး ဆန္ဒပြ ခဲ့ရာကနေ သူ့ ရဲ့ ဇာတိမြို့ ဖြစ်တဲ့ ဆီဒီဘိုရ်ဇဒ် မှာ လူ၁၀၀ ကျော်လောက်နဲ့ စတင်ဆန္ဒပြကြတာ မှာ အခုလို မငြိမ်မသက် မှု တွေ ပေါ်ပေါက်လာခဲ့ရတာ ဖြစ်ပါတယ်။
ဒီလို မငြိမ်မသက် မှု တွေ ဟာ ဇန်န၀ါရီလ ၁၀ ရက်နေ့ မှာ မြို့ တော် တူးနစ်ကို ကူးစက်ခဲ့ပြီး ဘင်အလီက စစ်တပ်၊ ရဲ တပ်ဖွဲ့ တွေ နဲ့  ဆန္ဒပြသူတွေ ကို ဖြို ခွဲခဲ့ပါတယ်။ ရက် နှစ်ဆယ် ကျော် ဆန္ဒပြမှု မှာ အစိုးရက သေဆုံး သူ ၂၃ ရှိတယ်
လို့ ဆိုပြီး တက္ကသိုလ် ကျောင်း သားတွေ က လို့ လေးဆယ် ကျော် တယ် လို့ ဆိုပါတယ်။ နိုင်ငံတ၀ှမ်းမှာ ညမထွက် ရ အမိန့် တွေ ထုတ် ပြန် ခဲ့ပေးမယ့် ဆန္ဒပြမှု တွေ ဆက်လက် အားကောင်းလာတာကြောင့် ………..
ဓာတ်ပုံများ — အယ်(လ)ဂျာဇီးယား၊အေအက်(ဖ)ပီ၊ဂါးဒီးယန်း
ဗီဒီယို— တူနီးရှား ဘလောက်ဂါ၊ France 24
ဒုတိယ ပိုင်းအား ဆက်လက် ဖတ် ရှုပါရန်

နယူးယောက်တိုင်း မှ တူနီးရှား အုံကြွှမှု သတင်းနှင့် ဗီဒီယို များ ကို ဆက်လက်ကြည့်ရန်

အာဏာရှင်စနစ်နဲ့အုပ်ချူပ်တဲ့နိုင်ငံ တနိုင်ငံမှမကောင်းဘူး။ ကြီးနိုင် ငယ်ညှင်းဝါဒကို လက်ကိုင်စွဲ ထားတာကို။ တူနီးရှား ပြည်သူတွေ အောင်မြင်ပါစေ။ ပေးဆပ်မှုနဲ့ ထိုက်တန်သော အောင်မြင်မှုကို ရယူနိုင်ပါစေ။