
တောင်ကိုရီယား ကုန်တင် သင်္ဘောတစ်စီး ကို ယနေ့ ဆိုမာလီ ပင်လယ်ဓားပြ များက ပြန်ပေး
ဆွဲရာ ထိုသင်္ဘောပေါ်တွင် ကိုရီးယား လူမျိုး သင်္ဘောအရာရှိ ရှစ်ဦး နှင့် အတူ မြန်မာ လူမျိုး ၁၁
ဦး နှင့် အင်ဒို နှစ်ဦး ပါရှိသည် ဟု သတင်းရရှိသည်။
အဆိုပါသင်္ဘောသည် ကိုရီးယား နိုင်ငံ ဆမ်ဟို သင်္ဘောလိုင်းမှ ဖြစ်ပြီး တန်ချိန် တစ်သောင်း ရှိ
ကာ အာရပ်စော်ဘွား များ ပြည်ထောင်စုမှ နေ၍ ဓာတုဗေဒကုန်များ တင်ဆောင်ပြီး တောင်ကို
ရီးယား သို့  ထွက်ခွာ လာစဉ် အိုမန် နှင့် အိန္ဒိယ သမုဒ္ဓရာ ကြားတွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။
Jewelry ဟု အမည်ပေးထားသည့် ထိုသင်္ဘောသည် သီရိလင်္ကာတွင် ခရီး တစ်ထောက်နားမည်
ဖြစ်ကာ ပြန်ပေးဆွဲ ခံရပြီးနောက် မည် သည့်နေရာ သို့ ရောက်ရှိနေမှန်း မသိဟု တောင်ကိုရီးယား
ဆိပ်ကမ်း အာဏာပိုင်များက သတင်းထုတ်ပြန်ထားသည်။
သင်္ဘောသားများ ဘေးမသီရန်မခ နိုင်ရေးအတွက် တောင်ကိုရီးယား အစိုးရက အစွမ်းကုန် ကြိုးစား
သွားမည် ဟု ယောင်ဟပ် သတင်းတွင် ဖော်ပြထားသည်။

်နေ့ကလွတ်သွားကြပါပြီ။
အာလုံး အသတ်ခံရရင် မိသားစုတွေ ရမဲ့လျှော်ကြေးငွေ ဒေါ်လာတွေကို အခွန်ကောက်ပြီး ကျန်တာကို နိုင်ငံတော်ကသတ်မှတ်ထားတဲ့ ငွေလဲနှုံးအတိုင်း မြန်မာကျပ်ငွေနဲ့ နှောက်နှေးမှုမရှိစေရပဲ နေ့ခြင်းပြီး(မလဲမနေရ)လဲပေးဖို့ အမိန့်ပေးမှာကြား စီစဉ်ထားပါတယ်။
အစိုးရက ဟုတ်လား။ သြော် ပြန်လာရင် ပြည်ဝင်ခွင့်အခွန်ဆောင်ရမယ်လေ။
ပြန်ပေးဆွဲခံ၇တဲ့ မြန်မာနိုင်ငံသား တွေအတွက် မြန်မာနိုင်ငံ အစိုးရက ဘာမှမလုပ်ပေးဘူးလား..တစုံတခု ပေါ့….