Tunisian Putout Strong Man
President Zine El Abidine Ben Ali has left the country and the army has taken control
Freedom News Group ၏ တိုက်ရိုက် တင်ဆက်မှု (LIVE Updates)
သမ္မတဟောင်း ဘင်အလီ စီးနင်းလိုက်ပါလာသည့်လေယာဉ် ဆော်ဒီအာရေးဗျ နိုင်ငံသို့ ဂျက်ဒါ သို့ ရောက်ရှိ
အစိုးရအဖွဲ့ ကို ဖျက်သိမ်းပြီး နောက် သမ္မတဟောင်း ဘင်အလီ ၏ ပိုင်ဆိုင်မှု များ နှင့် ၎င်း
၏ ဆွေမျိုးသားချင်းများ ၏ လုပ်ငန်း အချို့ ကို သိမ်း
ထွက်ပြေးသည့် သမ္မတ စီးနင်းလိုက် ပါလာ သည့် လေယာဉ် မော်(လ)တာ တွင် ဆီဖြည့်ရန် ရပ်နား
သည် ကို မော်တော် အစိုးရ က လက်မခံ
ယာယီ သမ္မတ က အစိုးရ အဖွဲ့ ကို ဖျက်သိမ်းပြီး ရွေးကောက် ပွဲ ကို ခြောက်လ အတွင်း ပြုလုပ်ပေးရန် ကြေငြာ
၂၃ နှစ်ကြာနိုင်ငံအာဏာကို သိမ်းပိုက် ထားသည့်အာဏာရှင် သမ္မတ နိုင်ငံမှထွက်ပြေး



အာဏာရှင် သမ္မတ ဘင်အလီ က ၂၀၁၄ ခုနှစ် သမ္မတသက်တမ်း ကုန်ဆုံးရင် ရာထူးက နှုတ်
ထွက်ပေးမယ်လို့ မနေ့ က ကြေငြာခဲ့ပေမယ့် ချက်ခြင်းနှုတ်ထွက်တာ ကို လိုချင် တဲ့ တူနီးရှား
ပြည်သူတွေ က ယမန်နေ့ ညက စလို့ မြို့ တော် တူနစ်မှ ဆက်လက် အုံကြွခဲ့တာကြောင့်
သမ္မတ က နိုင်ငံကို အရေး ပေါ်အခြေအနေ ကြေငြာခဲ့ပါတယ်။တက္ကသိုလ်ကျောင်းသားတွေ ၊ အလုပ်သမား ခေါင်းဆောင် တွေ နဲ့ ပြည်သူတွေဟာ မြို့ 
တော် တူနစ် မှာ မရပ်မနား ဆန္ဒပြနေကြပြီး သမ္မတ ဇင်အယ် အဘီဒင် အလီ ရဲ့  ရုပ်တုတွေ
ဓာတ်ပုံတွေ ကို ရိုက်ချိုးဖျက်ဆီး ခဲ့ကြပါတယ်။
လက်နက်ကိုင် အဖွဲ့ နဲ့ အစိုးရ အဖွဲ့ တွင်းမှာ လည်း ဘင်အလီ ကို ကျောထောက် နောက်ခံ
မပြုတဲ့သူတွေ များလာတယ်လို့  ဂျာမန် သတင်းစာ ဒါစပီဂယ်မှာ ဖော်ပြထားပါတယ်။
ဘင်အလီ နဲ့ ဆက်ဆံရေးကောင်းတဲ့ ပြင်သစ် နိုင်ငံက ဆန္ဒပြပွဲက ပြည်သူတွေ ဘက်က
နေရပ်တည်ပေးဖို့ နှုတ်ဆိတ်နေတယ်လို့ ဝေဖန် ခံရပါတယ်။
Updated
နောက်ဆုံးရရှိတဲ့ သတင်းတွေ အရ သမ္မတ ဘင်အလီ ဟာ ပြင်သစ် နိုင်ငံ မှ ခိုလှုံရောက်
ရှိနေပြီး နိုင်ငံအာဏာကို ၀န်ကြီးချုပ် မိုဟာမက် ဂါနုချီ ကလွှဲပြောင်း ရယူထားပါတယ်။
နိုင်ငံမှ ယနေ့ ထွက်ပြေးသွားတဲ့ သမ္မတ ဟာ ၁၉၈၇ ခုနှစ် ထဲက နိုင်ငံအာဏာကို ချုပ်
ကိုင် ထားတာ ဖြစ်ပြီး သူ့ ရဲ့ အာဏာသက် ၂၃ နှစ် အတွင်း နိုင်ငံရေး သမားတွေ ၊အတိုက်
အခံတွေ တတ်သိပညာရှင် တွေ ကို ဖမ်းဆီး ထောင်ချခြင်း၊ နှိပ်စက် ညှင်းပန်း သတ်ဖြတ်ခြင်း
များ ပြုလုပ်ခဲ့သည်။
ယမန်နေ့ က နိုင်ငံပိုင် ရုပ်သံမှ တစ်ဆင့် သက်တမ်း ကုန်လျှင် ရာထူးမှ နှုတ်ထွက်မယ်
လို့ သမ္မတက ကြေငြာခဲ့ပေမယ့် ကြာသပတေး နဲ့ ညနဲ့ သောကြောနေ့ မနက် မှ ပြည်
သူတွေက သမ္မတ နှုတ်ထွက် ဖို့ ဆက်လက်ပြီး ဆန္ဒပြရာမှ သမ္မတဖြစ်သူ နိုင်ငံမှ ထွက်ပြေး
ရခြင်း ဖြစ်သည်။
လက်ရှိ ကြားဖြတ် အစိုးရ အဖွဲ့ ခေါင်းဆောင် အဖြစ် တာဝန် ယူထားတဲ့ တူနီးရှား ၀န်ကြီးချုပ်မှ
ခြောက်လ အတွင်း ရွေးကောက် ပွဲ ကျင်းပပေးမယ် ဟု ပြည်သူများ ကို ကတိ ပြုခဲ့သည်။
တူနီးရှား နိုင်ငံ၏ လူထု အုံကြွမှု အပိုင်း ၂(အင်တာနက် နှင့် ဒီမိုကရေစီ) ကို ယနေ့ ည စောင့်မျှော် ဖတ်ရှုပါ။


ဟုတ်တယ်…ပြည်ဖျက်နေတယ်….
ကိုယ်ထင်တယ်။commentရေးနေတဲ့အများစုဟာလူငယ်တွေဖြစ်ကြလိမ့်မယ်။ဘာဘဲဖြစ်ဖြစ်ဒါလေးတွေကိုကြည့်တတ်မြင်တတ်ပြီးပြောနေ
တြတ်ဝေဘန်နေတတ်ကြတာကိုကအခြားသောနမော်နမဲ့နေနေတဲ့လူငယ်တွေနဲ့စာရင်အင်မတန်အဆ့င်မြင့်ပါတယ်။တစ်ခုတော့(5 Decades Man)အကြံပေးချင်တယ်။အကြောင်းအရာရဲ့နက်ရှိုင်းထိရောက်မှုအပေါ်မှာလေးလေးလေးနက်နက်ရေးသားကြပါ။
ဒီတူနီးရှားဖြစ်စဉ်ဟာဒီနှစ်အတွင်း(သို့မဟုတ်)2012မှာတို့ဆီမှာဖန်တီးဖို့လိုတယ်။စစ်တပ်ထဲကဖဲ့ထွက်/ခွဲထွက်အုပ်စုတော့ထိုင်မျှော်
မနေနဲ့။1992နောက်ပိုင်း(ဗိုလ်မှူးချုပ်ဇော်ထွန်းကလွဲလို့)နှမ်းစေ့မျှတောင်မဟရဲကြဘူး။ရာထူးနဲ့အာဏာ(ုလုပ်ပိုင်ခွင့်/ခံစားခွင့်)ကြားမှာဘဝ
မေ့ယစ်မူးသွားကြစမြဲ။နမူနာတစ်ယောက်ပြောမယ်။လေတပ်ဦးစီးချုပ်သာမန်ဗိုလ်မှူးကြီးတုန်းကပိန်ရှည်ရှည်လေး။စကားအဆုံးသတ်ရ
ရင်တို့ဆီမှာအဲ့သလိုဖြစ်စဉ်မပေါ်လာခင်လေတပ်ကိုအရင်ထိုးဖေါက်စည်းရုံးရမယ်။သူထွက်ပြေးနိုင်တဲ့နိုင်ငံတွေကိုစာရင်းပြုစုပြီးတား
နေတဲ့ကြားကလက်ခံခဲ့ရင်တို့ဆီကသူတို့သံရုံးကိုသိမ်းရမယ်။သာမန်အောက်ခြေထိသိအောင်သူတို့ကိုမြင်ရင်သတင်းပို့နိုင်အောင်ဓါတ်
ပုံတွေဝေငှထားရမယ်။တော်လှန်ရေးတစ်ရပ်ပေါ်ပေါက်လာတာဟာမဟတ္တမနည်း/မာတင်လူသာကင်းနည်းကအချိန်ကာလကြာလာသည်
နဲံအမျှမွေးဖွားလာဖို့မျှော်လင့်လို့ရတယ်။(၂၀ရာုစခေတ်)အုပ်ချုပ်မင်းမူလာခဲ့တဲ့သူကလဲအသိဥာဏ်ရှိလာခဲ့တာ မိမိကိုယ်ကိုဝေဘန်ဆန်းစစ်လာခဲ့တာကို။/ယခုခေတ်အမကြီးဒေါ်အောင်ဆန်းစုကြည်နဲ့တို့တွေမှာဗာလာနံအုပ်စုကိုနောက်ထပ်ဘယ်လောက်
ကြာသည်းခံနိုင်ကြမလဲ။နိုင်ငံတော်ရဲ့အထင်ကရဆရာတော်ကြီးတွေထပ်ပြီးတော့နားချ၊တရားဟော၊ဖျောင်းဖျဖို့လိုတယ်။အဲ့တော.
တော်လှန်ရေးဆိုတာအဆ့င်အမြင့်ဆုံးသောခံစားချက်တွေကိုTEMPOမြှ့င့်တာ။နိုင်ငံရေးရဲ့နောက်ဆုံးထွက်ပေါက်။အားလုံးပြင်ဆင်ထား
ကြပါလို့။ ။
ြ
Myanmar is different. Most of our people are waiting for some one. But it will never happen. Why? Junta really know how to press the public.
We really need to show up like Tunisian.
သူကပြေးစရာမြေရှိတယ်လေ သန်းရွှေကပြေးစရာမြေမရှိဘူးလေ ဒါကြောင့် မပြေးတာ…..
အင်မတန်ကောင်းတဲ့သတင်းပါဘဲ။ တခြားအာရပ်အာဏာရှင်တွေလဲဒူးတုံနေကြပြီ။
သန်းရွှေပြေးမယ့်နေ့ ဘယ်နေ့လဲ။ အဲဒီခွေးမျိုး လေယာဉ်နဲ့ ပြေးရင်တောင်မလွတ်စေရဘူး။ လောက်လေးဂွနဲ့ ပစ်သတ်မယ်။
မြန်မာပြည်မှာဆို.. အကုန် သေ ကုန်မှာပေါ့..။ရွှေဝါရောင် ကို ပဲကြည့်လေ..။
ကောင်းပါ့ဗျာ။ အားကျစရာ ပဲ။ တူနီးရှားပြည်သူတွေရဲ့စိတ်ဓါတ်ကို လေးစားပါတယ်။