Kခိုင်၊ ၊ယနေ့ ဇန်န၀ါရီ ၁၇ ရက်နေ့ ည တွင် ရန်ကုန်၊ ပဲခူး နှင့် ဧရာဝတီ တိုင်း မြို့ နယ် အချို့ တွင် မိုး
သည်းထန်စွာ ရွာသွန်း ပြီး ညအပူချိန် မှာ လည်း ရန်ကုန် မြို့ လည် မှာ ပင် ၅၃ ဒီဂရီ ဖာရင်
ဟိုက် ခန့် ကျဆင်း သွား သည် ဟု သတင်းရရှိသည်။
အအေးလှိုင်း ဖြတ်မှု ကြောင့် ရာသီဥတု ရုတ်ချဉ်း ပြောင်းလဲသွားခြင်း နှင့် မိုးရွာသွန်း မှုများ
ကြောင့် ရာသီဥတု မှာ ပို၍ အေးလာသဖြင့် ညဘက် အပြင်ထွက်မည့် သူမရှိ သောကြောင့်
စားသောက် ဆိုင်များ ပင် ပုံမှန် ထက်စောပိတ် ရ သည် ဟု ရန် ကုန် မြို့ ခံ တစ်ဦး ကပြော
သည်။
ပဲခူးမြို့ တွင် မူ အအေး ပိုပြီး ယမန် နေ့ ညက တည်းက မိုးရွာ သွန်းမှု ကြောင့် သက်ကြီး ရွယ်
အို နှင့် ကလေးများ နာမကျန်း ဖြစ်ကြသည် ဟု သတင်းရရှိသည်။
