ငြိမ်းချမ်းရေးတွက် စစ်တိုက်ရတာ ဟု DKBA ပြော
အောင်မြင်၊         ၊ DKBA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးဆန်းအောင်မှ ယနေ့တိုက်ပွဲဝင်နေရတာဟာ
ငြိမ်းချမ်းရေကိုမြတ်နိုး လို့  တိုက်ပွဲ ၀င်နေရခြင်း ဖြစ် ကြောင်း FNG သို့ ပြောသည် ။ ငြိမ်းချမ်းရေး ကို နအဖစစ်အစိုးရဆီကတောင်းဆို လို့ မ ရနိုင်ကြောင်း၊ တောင်းဆိုခဲ့သည်မှာ နှစ်ပေါင်း ၁၀စုနှစ် ၃စု
မကရှိည ပြီဖြစ်  ကြောင်း တိုက်ပြီးမှ ငြိမ်းချမ်းရေးစကားပြော   ကျန်တိုင်းရင်သားလက်နက်ကိုင်များလည်း တိုက်ပွဲဝင်ရမည့်အချိန်ကြရောက်ပြီ  ဖြစ်ကြောင်းပြောဆိုခဲ့သည်။ 
နအဖစစ်တပ် သည်  ကရင်ပြည်နယ် DKBA ဝေါ်လေဒေသကို အကြီးအကျယ်ထိုးစစ်ဆင်နေပြီး  နေ့စဉ်လက်နက်ကြီးများရာနဲ့ချီ်ပြီး ပစ်ခတ်နေကြောင်း၊စစ်တပ်ရှေ့တွင် ထောင်ကျအကျဉ်းသား
များကို လူသားမိုင်းရှင်း ကိရိယာအဖြစ် စစိသားများ၏ရှေ့မှ လူသားဒိုင်းသဖွယ် အသုံးပြုနေကြောင်းနှင့်လက်ရှိအခြေအနေများကိုရှင်းပြခဲ့သည်။
နအဖ ၏ လူသား ဒိုင်းအဖြစ် အသုံးပြုခံရသည့်  ထောင်ကျ အကျဉ်းသားပေါ်တာများလည်း နေ့စဉ် ထွက်ပြေးနေကြသည်။ ထိုသို့ထွက်ပြေးလာသူများကို ယနေ့အတူတိုက်ပွဲဝင်နေကြသော
DKBA၊ KNLA နှင့် ABSDF ကျောင်းသားတပ်မတော်တို့ မှလူသားပီသစွာ လက္ခံကူညီပေးနေသည်။
ယမန်နေ့  က အကျဉ်းသားအများအပြား ထိုင်းနိုင်ငံဘက်သို့ထွက်ပြေးကြရာ နအဖစစ်တပ်မှ
လိုက်လံပစ်သတ်သောကြောင့်အကျဉ်းသားပေါ်တဦး လက်ကိုထိမှန်သဖြင့် မဲဆောက်ဆေးရုံတွင်
ကုသနေရကြောင်းသတင်းရရှိသည်။ နအဖစစ်တပ်မှာ ကလေးစစ်သားအများအပြားကို အသုံးပြုနေ
ကြောင်းလည်း သိရသည်။ နအဖစစ်တပ်၏အဓမ္မ စစ်သားဆုဆောင်းမှုခံခဲ့ရသော
ကလေးစစ်သား မောင်အောင်ကိုလင်း သည် နအဖစစ်တပ် မှထွက်ပြေးလာပြီး KLNA မှ
လက္ခံစောင့်ရှောက်ထားသည်။
မောင်အောင်ကိုလင်းသည် ဒိုက်ဦးမြို့နယ်၊ သုံး ခွကျေးရွာ ဇာတိဖြစ်ပြီး ပဲခူးအခြေစိုက် တပ်မ၆၆မှ အတင်းအဓမ္မစစ်သားအဖြစ်စုဆောင်းခံရပြီး ရက်၂၀ စစ်လက်နက် ဖြုတ်တတ်ကိုသာ သင်တန်းပေးပြီး ဝေါ်လေစစ်ဒေသရှေ့တန်းကို ပို့ဆောင်ခဲ့ပြီး တိုက်ပွဲဝင်စေခဲ့ကြောင်းပြောသည်။
ရှေ့တန်းရောက်ပြီး ၂လအကြာတွင် ထွက်ပြေးလွတ်မြောက်လာပြီး KNLA တပ်မတော်သို့ရောက်
ရှိလာခဲ့သည်။ ထိုသို့ ရှေ့တန်း၂လတာကာလအတွင်း သူမျက်မြင်ကိုယ်တွေ့မြင်တွေ့ခဲ့ရသော စစ်အရာရှိတို့၏ရက်စက်မှုများကို ပြောပြပါသည်။ စစ်တပ်အတွင်း ရဲဘော်များဒါဏ်ရာရှိမှု
အများအပြားရှိပြီး ရဲဘော်များကို ရှိသည့်ဆေးဝါးနှင့်ကုသပေးကြောင်း အရာရှိဒါဏ်ရာရသူများ
မှသာ အရေးပေါ်နောက်တန်းသို့ပို့ဆောင် ကြောင်းနှင့် ဒါဏ်ရအခြေနေဆိုးဝါးသောရဲဘော်များကို
အရာရှိ က ပစ်မိန့်ပေးပြီး သတ်ပစ်မှုရှိကြောင်း ပြောပြပါသည်။
ကရင်များဟာ သူပုန်ဖြစ်ကြောင်း ရှေ့တန်းမှာမညှာဘဲသတ်ပစ်ရမည်ဖြစ်ကြောင်းနှင့်
ရိက္ခာမပေးသောရွာများကိုမီးရှို့၊ ကရင်အမျိုးသမီးများကို မုဒိန်းကျင့်မှုများအမြဲရှိကြောင်း
ပြောပြပါသည်။သူအနေနှင့် တိုက်ပွဲများအဆုံးသတ်ပြီး မိဘဆီသို့ပြန်လိုသောကြောင့်
ကူညီပေးပါရန် ပြောဆိုပြီး သူအသက်ရှင်လျှက် ရှိကြောင်းကို သူ့မိဘများသိရှိအောင်
ဆောင်ရွက်ဖို့ပြောပြပါသည်။
DKBA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုး ဆန်းအောင်မှ လည်း ငြိမ်းချမ်းရေးအတွက် DKBA၊ KNLA၊ တို့ပူးပေါင်းတိုက်ပွဲနေကြသလို ကျန်လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အားလုံးတိုက်ပွဲ
ဝင်ကြဖို့အချိန်ကျရောက်ပြီ ဖြစ်ကြောင်း၊ နအဖစစ်အစိုးရ တပ်များ ကို တိုက်ပွဲများနှင့် ငြိမ်းချမ်းရေး
စကားပြောရမယ့် အချိန် ကျရောက် ပြီဟု ပြောသည်။  
နအဖမှ အင်အားများစွာသုံးပြီး တိုက်နေသော်လည်း မိမိတို့ တော်လှန်ရေးပူးပေါင်းအင်အားစုတွေအတွက် စိုးရိမ်စရာမရှိကြောင်းနှင့်နအဖကိုနေ့စဉ်အထိခိုက်များသထက်များအောင်ပျောက်ကျားစစ်ကိုအရှိန်မြင့်
ဆောင်ရွက်နေသည် ဟု ဆိုသည်။
မနေ့ညနေပိုင်းက မြ၀တီ-ကော့ကရိတ်လမ်းရှိ အလယ်ဗိုလ်တဲအနီးတွင် ကရင်ပြည်နယ်ဝေါ်လေ ထိုးစစ်အတွက် စစ်ကူလာသော စစ်ကားတန်းအား ခြုံခိုတိုက်ခိုက်ရာ နအဖစစ်ကားတစီး ရဲဘော်အယောက်၂၀နှင့်အတူ ချောက်ထဲထိုးကျသွားပြီး ရဲဘော်အများအပြားဒါဏ်ရာရကြောင်း သတင်းရရှိသည်။ မြန်မာ နိုင်ငံထောင်
အသီးသီးမှ အကျဉ်းသားများကို သယ်ဆောင်လာသောကားတန်း နှင့်စစ်သားအများအပြား သယ်ဆောင်
လာသော စစ်ကားတန်းများရာနဲ့ချီပြီး ဘားအံ၊ကော့ကရိတ် တ၀ိုက်တွင် နေ့စဉ်မြင်နေရကြောင်း
ဒေသခံများကပြောသည်။
သတင်း တည်းဖြတ် —Freedom News Group
37 thoughts on “ငြိမ်းချမ်းရေးတွက် စစ်တိုက်ရတာ ဟု DKBA ပြော
  1. အားလုံး တန်ဖိုးမရှိတဲ့ အငြင်းအခုံတွေ အဆဲအဆိုတွေမလုပ်ပဲနဲ့ တကယ်တော်လှန်ချင်တဲ့သူကလဲ လေသေနတ်မပစ်ပဲနဲ့ တကယ်လုပ်ကြပါ။ တကယ်အလုပ်လုပ်တဲ့သူက စကားများများ မပြောဘူးဆိုတာ သိကြမှာပါ။ အခုပြောနေကြတာက အဖေနောက်မှာ ပုံးပြီး တဘက်ကို လက်သီးထောင်ပြနေတဲ့ ကလေးတွေလိုဖြစ်နေပါ။ အပြင်ကို ရဲရဲရင့်ရင့်ထွက်ပြီး တိုက်ခိုက် ကြပါ။ ရဲရင့်ကြပါသူငယ်ချင်တို့။ လေကုန်ခံ၊ အကုသိုလ် ပွားမနေပါနဲ့။ ရဲ့ရဲ့ရင့်ရင့်လုပ်နိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်။
    (မည်သူ့ကိုမှ တိုက်ခိုက်ရန်မရည်ရွယ်ပါ။)
  2. phoenix…ရေ…ခင်ဗျားဘာကြောင့် နအဖ ကိုကြိုက်ရတာလဲ…ဘယ်
    လိုမှကိုစဉ်းစားလို့မရဘူး…စောက်ရူး။
  3. မမှန်တဲ.သတင်းတော.ဟုတ်မယ်မထင်ဘူးကွာ..ဘယ်တပ်ကဘယ်မှာ၇ှိတာလည်းစိတ်တော.မ၀င်စားဘူး..ပုံနဲ.တကွဖေါ်ပြထားတာကိုတောင် လာပီတ်ငြင်းနေတဲ.ခွေးမသားက ၇ှိသေးတယ်..
  4. မင်းငါရေးတဲ့စာကို ကောင်းကောင်းမှမဖတ်ပဲ သေချာဖတ်ပြီးမှ ဝေဖန်ပေါ့ကွ ငါရေးတာ တပ်မ၆၆ က ဝေါ်လေမှာ ဓားမြတိုက်နေတယ်လို့ရေးခဲ့လို့လား သံတောင်ကိုအပြင်စည်းကနေတာဝန်ယူပေးထားတာလို့ရေးတာ
    ဟေ့ကောင် မင်းကိုပြောလိုက်အုန်းမယ် မင်းမသိရင်မှတ်ထားအုန်းကွ မင်းသမီးစခန်းကိုတိုက်တုန်းက တပ်မ၆၆ မပါဘူးလား
    အဲဒီစခန်းက ဘယ်နေရာမှာလဲဆိုတာကောမင်း သိလား စစ်ဆင်နယ်မြေချင်းမတူရင် တိုက်လို့မရဘူးဆိုလို့ မင်းကိုသာဓကတစ်ခုထောက်ပြတာ ပြီးတော့ ငါပြောတာက တပ်မ၆၆က လို့မပြောပါဘူး အဲဒီကနေစုဆောင်းခံရပြီး ရှေ့တန်းအပို့ခံရတာပဲပြောတာပါကွ မင်းသေချာဖတ်ကြည့်အုန်း လိုအပ်ချက်ရှိလာရင် ဘယ်နယ်မြေမဆို ဘယ်နေရာမှာ ထိုင်တဲ့တပ်ဖြစ်ဖြစ် သွားရတာပဲကွ မင်းတို့နအဖ ဖွဲ့စည်းပုံက ကမ္ဘာမှာမရှိတဲ့ စစ်တပ်ဖွဲ့စည်းပုံနဲ့ ဖွဲ့စည်းထားတော့
    မင်းလည်းအတိကျတောာ့မသိဘူးဆိုတာ ငါယုံတယ် ဘယ်နိုင်ငံဘယ်တိုင်းပြည်မှာမှ မရှိတဲ့ ဗိုလ်ချုပ်အမူးကြီးတဲ့ကွာ ဟားဟား…..
  5. ””DKBA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုး ဆန်းအောင်မှ လည်း ငြိမ်းချမ်းရေးအတွက် DKBA၊ KNLA၊ တို့ပူးပေါင်းတိုက်ပွဲနေကြသလို ကျန်လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အားလုံးတိုက်ပွဲ
    စကားပြောရမယ့် အချိန် ကျရောက် ပြီဟု ပြောသည်။””” ဗိုလ်မှုး ဆန်းအောင်ပြောသွားတာ သိပ်မှန်ကန်တဲ့စကားပဲ ကျန်လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ဝင်တွေတင်မဟုတ်ဘူး… ပြည်သူတစ်ရပ်လုံးကပါ ပူးပေါင်းတိုက်ပွဲဝင်ရမှာဖြစ်ပါတယ်….
  6. စစ်တပ်ဘက်က ကာပြီးပြောတဲ့သူတွေဟာ စစ်တပ်နဲ့ပက်သက်တဲ့သူပဲဖြစ်ရမယ်..သာမန်ပြည်သူထက်ပိုတဲ့ အခွင့်အရေးတွေရနေကြလို့ စစ်တပ်ကပြုတ်သွားရင် သာမန်ပြည်သူလိုဖြစ်ပြီး သာမန်အခွင့်အရေးပဲရမှာ စိုးရိမ်နေသလိုပဲ..မြန်မာပြည်သူတိုင်း တန်းတူအခွင့်အရေးရှိတာ အမှန်းတရားရှိတာ အဲဒါလည်း ဒီမိုကရေစီပဲလေ..ပညာမတက်တဲ့သူတွေဟာ အမှာအမှန်ကိုမခွဲခြာတက်ဘူးတဲ့..အဲတော့ ပညာမတက်လို့ပဲ အမှန်ဆိုတာမသိတာလို့ နာလည်ပေးလိုက်ကြပါ..သူများနိုင်ငံတွေမှာ အစိုးရလုပ်တဲ့သူတွေက ပြည်သူအတွက်ဘယ်လိုလုပ်ပေးထားတယ် ကာကွယ်ပေးထားတယ် ပြည်သူတွေစည်းလုံးအောင် ဟောပြောလဲဆိုတာက အင်တာနက်သုံးပြီး ဘာတွေလေ့လာနေလဲမှ မသိတာ..စစ်မစိုးရပဲဖြစ်ဖြစ် အရပ်သားအစိုးရပဲဖြစ်ဖြစ် အစိုးရဆိုတာ နိုင်ငံခေါင်းဆောင် လူတွေရဲ့ထက်ပိုပြီးတိုင်ပြည်ကို တစ်ကယ်ချစ်လို့ တိုင်ပြည်အကျိုး ပြည်သူအကျိုးလုပ်တဲ့်ါအစိုးရဘယ်အစိုးရကိုမဆို ကြိုက်ကြမှာပဲ…မြန်မာနိုင်ငံဆိုတာ မြန်မာပြည်သူတွေပိုင်တာပါ..စစ်တပ်ကဗိုလ်ချုပ်တွေမပိုင်ဘူး..သန်ရွှေအဖေပိုင်လို့ သူကအမွေရထားတာလဲမဟုတ်ဘူး..သူတို့တွေစားနေတဲ့ထမင်းတွေက ဘယ်သူဟာတွေလဲ..၀န်းထမ်းတွေလစာကိုဘယ်သူတွေပေးနေလဲ…အဲဒါလေး ကိုတော့ စဉ်းစားကြည့်ကြပေါ့..ဗိုလ်ချုပ်အောင်းဆန်း ဖက်ဆစ်ဂျပန်ကိုတော်လှန်တုန်းက စကားလေတစ်ခုလိုပေါ့..စနစ်ကိုတော်လှန်တာပါ..လူကိုတော်လှန်တာမဟုတ်ဘူး..ကောင်းတာကိုယူစေချင်တာပါ..စည်းကမ်းစနစ်နဲ့ စိတ်ဓါတ်ကောင်းတာလေးကိုပေါ့
  7. တိုင်းရင်းသားလူမျိုးစုတွေ တိုက်နေတဲ့တိုက်ပွဲက လူမျိုးကိုတိုက်နေတာမဟုတ်ဘူး အာနာရှင်ကိုတိုက်တာ အာနာရှင်တွေ မပပျောက်သေးသရွေး တိုက်ပွဲကတော့ရှိအုံးမှာပဲ လူမျိုးမုန်းတီးရေးနဲ့တိုက်နေတာတော့မဟုတ်ဘူး။ စစ်မှန်တဲ့တိုက်ပွဲကို တိုက်နေတာ ဒါကိုတိုင်းရင်းသားတိုင်းဝိုင်းဝန်းပါဝင်စေချင်ပါတယ် ဗမာလူမျိုးကအစပါ တိုင်းရင်းသားတိုင်းဟာ မြန်မာလူမျိုးပါပဲ။ မြန်မာပြည်မှနေတဲ့ မြန်မာလူမျိုးပါဘဲ။
  8. lay phyu :
    internet ကိုစစ်တပ်ကလို အမိန့်ပေးလို့မရဘူး။ ကောင်းကောင်းသဘောပေါက် ။
    Best Quote of the day!! :)
  9. ဒါကတော့မှန်ပါတယ်။လက်မောင်းတွင်ပါသောတံဆိပ်သည်အရှေ့တောင်တိုင်းစစ်ဌာနချုပ်တံဆိပ်သာဖြစ်ပါတယ်။
    တပ်မ(၆၆)မဟုတ်ပါ။ပဲခူးတွင်ရှိသောတပ်မသည်တပ်မ(၇၇)သာဖြစ်ပါသည်။
    တပ်မ(၆၆)သည်ပြည်ခရိုင်(အင်းမ)တွင်ထိုင်ပါသည်။
    ဆရာလုပ်ခြင်းမဟုတ်ပါ။အမှန်ကိုပြင်ဆင်ရုံသက်သက်သာဖြစ်ပါသည် FNG ခင်ဗျား။
    တိုင်းရင်းသားအားလုံးညီညွတ်ကြစေချင်ပြီ။ကရင်ပဲသေသေ၊ဗမာပဲသေသေ အရင်းစစ်တော့ကိုယ့်လူမျိုးတွေသာဖြစ်ပါတယ်။
    1. neopetriot ရေ
      တပ်မ၆၆ က သံတောင်ကို အပြင်စည်းအနေနဲ့ ၀ိုင်းရံထားတာ ခင်ဗျားမှ မသိဘဲ သေချာလေ့လာပြီးမှပြောဗျာ
      သံတောင်မှာ တပ်မ၆၆ က သံတောင်ကိုဘယ်လို ၀ိုင်းရံထားတယ်ဆိုတာ တပ်မတော်အရာရှိတိုင်းသိတယ်
      ပြည်က ပဲခူးတိုင်းမဟုတ်လို့ ဘာတိုင်းလဲ ပြည်တိုင်းတော့မရှိသေးပါဘူး.ရှိရင်လည်းရှိမှာပေါ့လေ
      နအဖက လုပ်ချင်တိုင်းလုပ်နေတာဆိုတော့ ပြောလို့တော့မရဘူးပေါ့
      ခင်ဗျားသိချင်ရင် သံတောင်မှာ သင်တန်းတက်နေတဲ့ ကောင်တွေမေးကြည့်…တပ်မမ၆၆က ဘယ်လိုဝိုင်းရံထားလဲဆိုတာသိလိမ့်မယ်
      အောင်ဆန်း။
      ကရင်ပဲသေသေ ဗမာပဲသေသေ သတ်နေတာက နဝတ စစ်တပ်ပဲဖြစ်ပါတယ်။ ဘုရင်ရူး သန်းရွှေ လက်ကိုင်တုတ် နဝတ တပ်မတော်ကြီး အရှည်တည်တန့်စေရန် ၀ိုင်းဝန်းဆွေးနွေးပြီး အပြုသဘောဆောင်သောကြံဆမှုတွေသာ ပေးစေချင်တာလား။
  10. တပ်မ၆၆ က သံတောင်ကို အပြင်စည်းအနေနဲ့ ၀ိုင်းရံထားတာ ခင်ဗျားမှ မသိဘဲ သေချာလေ့လာပြီးမှပြောဗျာ
    သံတောင်မှာ တပ်မ၆၆ က သံတောင်ကိုဘယ်လို ၀ိုင်းရံထားတယ်ဆိုတာ တပ်မတော်အရာရှိတိုင်းသိတယ်
    ပြည်က ပဲခူးတိုင်းမဟုတ်လို့ ဘာတိုင်းလဲ ပြည်တိုင်းတော့မရှိသေးပါဘူး.ရှိရင်လည်းရှိမှာပေါ့လေ
    နအဖက လုပ်ချင်တိုင်းလုပ်နေတာဆိုတော့ ပြောလို့တော့မရဘူးပေါ့
    ခင်ဗျားသိချင်ရင် သံတောင်မှာ သင်တန်းတက်နေတဲ့ ကောင်တွေမေးကြည့်…တပ်မမ၆၆က ဘယ်လိုဝိုင်းရံထားလဲဆိုတာသိလိမ့်မယ်
    1. အင်း မင်းပြောတာတွေက မင်း ဘာမှမသိဘူးဆိုတာ အရမ်းပေါ်လွန်နေတယ်ကွ။ တပ်မတွေကိုခွဲထားတာက စစ်တိုင်းတွေပေါ်မှာပဲ မူတည်တာ။ စစ်တိုင်းတစ်တိုင်းရဲ့ အောက်မှာ တပ်မဘယ်နှ ခ၊ု စကခ ဘယ်နှခု၊ တိုင်တပ်ဘယ်နှခု ရှိတယ်ဆိုတာ မင်းဘယ်လောက်သိလဲ။ နောက်ပြီး ငါပြောတာက ပဲခူ အခြေစိုက် တပ်မ ၆၆ ဆိုလို့  တပ်မ ၆၆ က ပြည်မှ အခြေစိုက်တာကိုထောက်ပြတာကွ။ သံတောင်ကို အပြင်စည်းယူပေးနေတယ်ဘာညာဆိုတာ စစ်ဆင်ရေးတာဝန်လေကွာ။ အမြဲတမ်း အခြေချတာမှမဟုတ်တာ။ နောက်ပြီး မင်းကပြောတယ်နော်။ သံတောင်မှာ အပြင်စည်းယူနေတယ်လို့ ။ သံတောင်မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်က ဝေါလေ ဘာလို့ ရောက်နေတာလဲ။ သံတောင်နဲ့  ဝေါလေ စစ်ဆင်ရေး နယ်မြေချင်း မတူတာရော မင်းသိရဲ့လား။ မင်းက တပ်မတွေ တည်နေရာလဲ မသိ၊ တာဝန်ထမ်းဆောင်တာနဲ့  အမြဲအခြေစိုက်တာလဲ မခွဲခြာတတ်ပဲ ဖင်ပိတ်ငြင်းနေတယ်။ မင်းနဲ့ ပြောရတာ နွာပလာတာကျွေးရသလိုပဲကွာ။ ကျန်တဲ့လူတွေပြောတာကိုတော့ လက်ခံပါတယ်။ မြို့ ပေါ်မှာ ညှပ်ဖိနပ်နဲ့ နေတာ။ တာဝန်ထမ်းဆောင်ချိန် စီးလို့ မရတာ။ ကျွန်တော်ပြောတာက လက်မောင်းတံဆိပ်လွဲ တပ်မ အခြေစိုက်တဲ့ မြို့ တွေ မသိပဲ ရမ်းသမ်းပြီ သတင်ဖြစ်ပြီးရော ပြောနေ ရေးနေကြတာကို ထောက်ပြတာပါ။ မင်းတို့ ကောင်တွေကလဲနော် ငါနဲ့  မတူဘူးဆိုတာနဲ့  ငါ့ရန်သူဆိုပြီးပဲ လုပ်လိုက်တာကို။ မြန်မာမှာ အတိုက်အခံရော အခုအုချုပ်နေတဲ့ ဦသန်းရွှေရော နှစ်ဖတ်လုံးကို စိတ်ပျက်နေတဲ့လူတွေ အများကြီးကွ။ မင်းတို့  က မှားနေလို့ ထောက်ပြတာတောင် လက်မခံနိုင်ပဲနဲ့  လွတ်လပ်စွာ သဘောကွဲခွင့်ဆိုတာကို ဘယ်လို စိတ်ဓာတ်တွေနဲ့  တောင်းဆိုနေတာလဲ။ ဒီစိတ်ဓာတ်တွေနဲ့  ရမှာပေါ့ ဒီမိုကရေစီ။
  11. phoenix မင်းအမေလင်တွေ ဒီမိုကရေစီ ပေးကြည့်လိုက်လေ ဘာဆိုင်လို့မဖြစ်နိုင်ရမှာလဲ။ မဖြစ်သေးတာပဲရှိတယ် မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးကွ။ မြန်မာပြည်သူတွေကို နိမ့်ပါးအောင် ဘယ်ခွေးတွေကလုပ်တာလဲဆိုတာလဲ မင်းမှတ်ထားဦးကွ။
  12. Anonymous :
    ဘာစည်းကမ်းမှ မရှိတော့ပဲ ခြစားနေတဲ့ မင်းတို့ နဝတ စစ်တပ်မှာ အောက်ခြေက တပ်သားတွေကို uniform တောင် အိင်္ကျီတစ်ထည်ပဲ ပေးနိုင်တယ် ဘောင်းဘီမပေနီုင်ဘူး။ အိင်္ကျီလည်း ရှိတာပေးလို့ ရတာဝတ်နေရတာ၊ နဝတ တပ်အောက်ခြေတပ်သားတွေ စုပ်ပြတ်နေတာ မင်းတို့အသိဆုံးပါ၊ ရူးချင်ယောင်ဆောင်မနေနဲ့။
    အဲဒီကလေးပြောနေတာ အမှန်ဆိုတာ ကလေးရဲ့မျက်နှာကို ကြည့်ရင်သိတယ်။
    မြန်မာနိုင်ငံက ကြိုက်တဲ့ တပ်ကိုလိုက်ကြည့်ပါ။ သူတပ်မတံဆိပ်က လွှဲပြီး ကြုံရာတံဆိပ်နဲ့  ဝတ်ထားတဲ့ ရဲဘော် တစ်ယောက်မှ မရှိဘူးဗျ။ ပြောမယ်ဆို အချက်အလက်နဲ့ ပြောပါဗျာ။ အခြေအမြစ်မရှိပဲ လက်ဖက်ရည်ဆိုင်ထိုင်ပြီး လေပစ်တဲ့ အဆင့်လောက်နဲ့  လာရေမနေပါနဲ့ ဗျာ။
    1. ရဲသား စစ်သား uniform လောက် မလောက်တော့ မသိဘူး။ တွေ့လိုက်ရင် တံတောင်ဆစ်တို့၊ ဖင်တို့မှာ အဖာလေးတွေနဲ့ချည်းပဲ။ သနားစရာကောင်လေးတွေ။
    2. စစ်အစိုးရကိုအကောင်းမြင်နေပုံထောက်ရင်…phoenix ..မင်းလဲ
      ဂျိုကာ၊စိန်မျောက်မျောက်၊ချစ်စစ်၊ဂျီဖုန်းတို့နဲ့တစ်ဖွဲ့ထဲပဲ…ဒီတော့
      မင်းလဲ…စောက်ရူးတွေထဲကစောက်ရူးတစ်ယောက်ပဲပေါ့…နော.
    3. သံဃာ့အရေးအခင်းမှာ မြို့လည်ခေါင်မှာတောင် ရာဘာခြေညှပ်ဖိနပ်နဲ့ သေနတ်ကိုင်ပြီး အရပ်သားတွေ ရဟန်းသံဃာတွေကို ပစ်သတ်နေတဲ့ စစ်သားတွေကို အင်တာနက်ပေါ်ကနေ တကမ္ဘာလုံးက မြင်နေရတာ မင်းမျက်လုံးကော ဦးနှောက်ပါ ကန်းနေလို့ မမြင်တာလား။ တောထဲကစစ်သားတွေ ကလေးစစ်သာတွေ ဘယ်လိုနေမယ်ဆိုတာ မင်းဦးနှောက်နဲ့စဉ်းစားကြည့်ပါလား။ နောက်ထပ် ဘာအချက်အလက် လိုချင်သေးလို့လဲ။
      စည်ကမ်းရှိတယ်ဆိုရင် မင်းတို့စစ်တပ် တာဝန်ချိန်မှာ ရာဘာခြေညှပ်ဖိနပ်နဲ့ တာဝန်ထမ်းခွင့်ရှိလို့လား။
  13. အောင်ဆန်း :
    တပ်မ ၆၆ က ပဲခူးအခြေမစိုက်လို့ ဘယ်မှာအခြေစိုက်တာလဲ သံတောင်ကပဲခူးတိုင်းမဟုတ်လို့ ဘာလဲ
    သူကတပ်မ ၆၆ ကလို့မပြောပါဘူး အဲဒီကနေစုဆောင်းခံရပြီး ကရင်ပြည်နယ်ကိုပို့ခံရတယ်လို့ပဲပြောတာ
    မင်းရွှီးတာလောက်တော့ လူတိုင်းသိတယ် phoenix ရေ သေချာဖတ်ကြည့်ကွ ပဲခူးမြို့လို့ပါလား ပဲခူးလို့ပါလားဆိုတာကို
    သေသေချာချာဖတ်ကြည့် ပဲခူးဆိုတာ ပဲခူးတိုင်း တစ်တိုင်းလုံးကို ကိုယ်စားပြုတာ ပဲခူးမြို့ဆိုတာ ပဲခူးမြို့တစ်မြို့ထဲကိုပဲ ကိုယ်စားပြုတာ
    မြန်မာစာသေချာဖတ်မှပေါ့ကွာ ဒါပဲ အချိန်ကုန်တယ်…
    မောင်အောင်ကိုလင်းသည် ဒိုက်ဦးမြို့နယ်၊ သုံး ခွကျေးရွာ ဇာတိဖြစ်ပြီး ((((((ပဲခူးအခြေစိုက် တပ်မ၆၆မှ )))))အတင်းအဓမ္မစစ်သားအဖြစ်စုဆောင်းခံရပြီး …… ဆိုပြီးရေးထားတာ မတွေ့ လောက်အောင် ကန်းနေတာလားကွ။ ပဲခူမှ ရှိတဲ့ တပ်မက တပ်မ ၇၇ ပါကွာ။ ပြည်ပအသံလွှင့်ဌာနတွေမှာ ခဏတိုင်းလွှင့်နေတာ လူတိုင်းသိတယ်။ ပြီးတော့ တပ်မ ၆၆ က ပြည်မှာရှိတာကွ နလပိန်းတုန်းလေး ရ။ သံတောင်မှာ မဟုတ်ဘူး။ သတင်းမှာရေးထားတာ ဘယ်လိုပြောတယ်ဆိုတာ လူတိုင်းသိတယ်။ မင်း လိုရာဆွဲပြောတာက ကလေးအထာတွေပါကွာ။ ရတခ ဆိုတာက အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကိုခေါ်တာကိုရော မင်းမသိပဲနဲ့  သံတောင်ဆိုပြီ ရမ်းကျိတ်လိုက်တာပဲလေ။ နဲနဲလောက် လေ့လာပါအုံးကွာ ချာတိတ်ရာ။
  14. တပ်မ ၆၆ က ပဲခူးအခြေမစိုက်လို့ ဘယ်မှာအခြေစိုက်တာလဲ သံတောင်ကပဲခူးတိုင်းမဟုတ်လို့ ဘာလဲ
    သူကတပ်မ ၆၆ ကလို့မပြောပါဘူး အဲဒီကနေစုဆောင်းခံရပြီး ကရင်ပြည်နယ်ကိုပို့ခံရတယ်လို့ပဲပြောတာ
    မင်းရွှီးတာလောက်တော့ လူတိုင်းသိတယ် phoenix ရေ သေချာဖတ်ကြည့်ကွ ပဲခူးမြို့လို့ပါလား ပဲခူးလို့ပါလားဆိုတာကို
    သေသေချာချာဖတ်ကြည့် ပဲခူးဆိုတာ ပဲခူးတိုင်း တစ်တိုင်းလုံးကို ကိုယ်စားပြုတာ ပဲခူးမြို့ဆိုတာ ပဲခူးမြို့တစ်မြို့ထဲကိုပဲ ကိုယ်စားပြုတာ
    မြန်မာစာသေချာဖတ်မှပေါ့ကွာ ဒါပဲ အချိန်ကုန်တယ်…
  15. ရှေ့မှာ စစ်ဝင်တိုက်ပါတော့လို့ပြောနေတဲ့သူရဲကောင်းတွေ .. ခင်ဗျားတို့ဘာလို့လျှောက်ဆဲနေတာလဲ … …ယုတ်ရင် နှုတ်ကြမ်းတယ်တဲ့…. ကြားဖူးကြမှာပါ…သိပ်သတ္တိရှိနေရင် မြန်မာပြည်မှာဆဲပါလား… ဒီဆိုဒ်မှာက သီတင်းပြော ပြောတာပဲကောင်းပါတယ် ဘာမှမသိဘဲနဲ့ပိုစ် တစ်ခုတက်လာတိုင်း ၀င်ဝင်ဆဲရအောင် ခင်ဗျားတို့တစ်ခါဆဲရင်ဘယ်လောက်ဆိုပြီးတော့ ရလို့လား.. ဒါမှမဟုတ် နဂို ရိုင်းတွေလား…
    1. မင်းစောက်ပူဘာပါလဲ။ လမ်းပေါ်ထွက်ဆဲနေရင် ဖမ်းသွားမှာပေါ့ နွားရဲ့။ မင်းကရောဝင်မရေးဘူးလား။ ကိုယ်လုပ်တော့ကောင်းတယ် သူများတော့မရေးနဲ့လို့ အမိန့်ပေးရအောင် မင်းကဘာကောင်မို့လို့လဲ။ ကိုယ့်လွတ်လပ်ခွင့်နဲ့ကိုယ် ဟေ့ကောင်။ internet ကိုစစ်တပ်ကလို အမိန့်ပေးလို့မရဘူး။ ကောင်းကောင်းသဘောပေါက် ။
  16. DkBA နဲ့ နအဖ တိုက်ပွဲဖြစ်နေတာကို ဒီတိုင်းပဲကြည့်နေတော့မှာလား အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တိုက်တော့လေ ဒီအချိန်မှာ မတိုက်ရင်ဘယ်အချိန်တိုက်မှာလဲ နအဖ ကစစ်ကြေငြာပြီပဲ ငါ့မထိရင်မတိုက်ဘူးလား ထိတဲ့အချိန်ကျရင်တော့ အရာရာနောက်ကျကုန်ပြီပေါ့ စုပေါင်းပြီးတိုက်ကြပါတော့လို့ တိုင်းရင်းသားပြည်သူတရပ်လုံးကို ဆော်အောလိုက်ပါတယ်။
  17. ငါစကားနွားရ ပြောရမယ်ဆို မြန်မာတွေ ထိပ်ဆုံးကပါလား။ အခုအပေါ်မှာပြောတဲ့ သူတွေက မှားမှားမှန်မှန် ဘာမှမဖြစ်ဘူး ငါဘက်ကဖြစ်ပြီးရော ဆိုတဲ့သူတွေပဲ။ ရိုက်ထားတဲ့ ပုံက လက်မောင်းတံဆိပ်ကို ကြည့်ပါ။ တပ်မ ၆၆ က တံဆိပ်မှမဟုတ်တာ။ ပြီးတော့စစ်တပ်နဲ့  မရင်းနှီးတဲ့ သာမန်အရပ်သားတော်တော်များများတောင် ပဲခူမှာ ရှိတဲ့ တပ်မက ဘယ်တပ်မ၊ နောက် တပ်မ ၆၆ က ဘယ်မြို့ မှာဆိုတာ သိကြပါတယ်။ ပုံမှာပါတဲ့ လက်မောင်းတံဆိပ်က ရတခ တံဆိပ်နဲ့  ပြောတော့ကြ တပ်မ ၆၆ တဲ့။ ပြီးတော့ အခြေစိုက်တဲ့ မြို့ ကလဲ တလွဲ ။ ပြီးတော့ ပုံမှာပါတဲ့ ကလေးစစ်သားမပြောနဲ့  ခုခေတ် ကလေးတွေ ၅ နှစ်သားတွေတောင် ကိုယ်နေတဲ့ မြို့ တော့ မှန်အောင်ပြောနိုင်ပါတယ်ဗျာ။ ဒီလို ပုံနဲ့  သတင်းနဲ့  ထင်ထင်ရှားရှာ အကုန်လွှဲနေတာတောင် အမှန်အမှား မစီစစ်နိုင်ပဲ နအဖ မကောင်းကြောင်းပြောရမယ်ဆို လာထားဆိုတဲ့ လူတွေနဲ့ ကတော့ ဖြစ်လာမှာပါ ဒီမိုကရေစီနိုင်ငံကြီး။
    1. ဘာစည်းကမ်းမှ မရှိတော့ပဲ ခြစားနေတဲ့ မင်းတို့ နဝတ စစ်တပ်မှာ အောက်ခြေက တပ်သားတွေကို uniform တောင် အိင်္ကျီတစ်ထည်ပဲ ပေးနိုင်တယ် ဘောင်းဘီမပေနီုင်ဘူး။ အိင်္ကျီလည်း ရှိတာပေးလို့ ရတာဝတ်နေရတာ၊ နဝတ တပ်အောက်ခြေတပ်သားတွေ စုပ်ပြတ်နေတာ မင်းတို့အသိဆုံးပါ၊ ရူးချင်ယောင်ဆောင်မနေနဲ့။
      အဲဒီကလေးပြောနေတာ အမှန်ဆိုတာ ကလေးရဲ့မျက်နှာကို ကြည့်ရင်သိတယ်။
  18. လေးစားပါတယ် ကရင် မျိုးချစ်များ ခင်ဗျား
  19. စစ်အစိုးရ…အရမ်းစောက်ကျင်ယုတ်တယ်…..လောကမှာစောက်ကျင့်အယုတ်ဆုံးအစိုးရပဲ
  20. ဆက်လုပ်…ဗိုလ်မှူးဆန်းအောင်….အားပေးတယ်….အစိုးရစစ်တပ်ကကောင်တွေက
    သတ္တိရှိတဲ့ကောင်တွေမဟုတ်ဘူး..ရက်စက်ဖို့ပဲသိတဲ့ကောင်တွေ..မကောင်းတဲ့သူတွေဘယ်
    တော့မှဇတ်သိမ်းမလှကြပါဘူး…
  21. ထိုးစစ်ဆင်နေတဲ့ ခွေးတွေကိုခုခံရင်းတိုက်ပွဲဝင်နေသော DKBA အဖွဲ့ ကိုကျန်လက်နက်ကိုင်များမှပါဝင်ကူညီပေးကြရင်ကောင်းမယ်ဗျာ.
  22. အ၇မ်းလေးစားပါတယ်…ဗိုလ်မူးဆန်းအောင်..အသက်၇ာကျော်၇ှည်ပီးတိုင်းပြည် လူမျိုး မျိုးအကြိုးဒီထက်ထမ်းဆောင်နိုင်ပါစေ..DAKBတစ်ဖွဲ.လုံးကို လေးစားလျှက်…
    1.်FOOL…U ALL..ဆိုတာဘယ်သူတွေကိုပြောတာလဲ…မင်းမင်း…အခု common တွေ
      ပေးနေတဲ့သူတွေက…အရူးတွေလား…သူတို့တွေအားလုံးမှာတူညီတဲ့ခံစားချက်တွေနဲ့
      မှန်တဲ့ဘက်မှာရှိတယ်ကွ..မင်းကသာဂေါက်သီး
  23. တိုင်းရင်းသား မြန်မာများကမျိုးချစ်စိတ်ပြည့်ဝပြီးတော့ တို့ဗမာတွေက ရေသာခိုအချောင်လိုက်တဲ့စိတ်တွေကိုဖျောက်ပြီး ပူးပေါင်းတိုက်ခိုက်ဖို့အချိန်တန်နေပါပြီ… တိုင်း/ပြည်နယ်/မြို့/ရွာအလိုက် နေရာအနှံ့အပြားမှာ ရယက၊ မယက၊ ကြံ့ခိုင်ရေး စသည့်အဖွဲ့အစည်းများကိုလည်း အမြစ်ကနေစပြီးတော့ တပြိုင်နက်တည်းချေမှုန်းကြမယ်… ဆန့်ကျင်ကြမယ်ဆိုရင် သန်းရွှေ ဘာခံနိုင်မှာလည်း…. တို့ဗမာနဲ့ တိုင်းရင်းသားတွေစည်းလုံးကြဖို့ နိုးဆော်လိုက်ပါတယ်… တိုင်းရင်းသားနဲ့ ဗမာအမျိုးအနွယ်မပျောက်ချင်ရင် တိုက်ခိုက်ကြလော့ဗမာတို့….. စည်းလုံးကြလော့ဗမာတို့….
  24. ခွေးသခိုး နအဖ တွေကို မြန်မာနိုင်ငံရှိ လက်နက်ကိုင်များအား တိုက်ပွဲဝင် ဖို့ အချိန်ရောက်ပါပြီ ဒီတိုင်းနေရင် အားလုံးဆက်ပြီးအခက် တွေ့ ဖို့ပဲ ရှိတယ် ခွေးမ သား နအဖကောင် တွေကို ဘယ်တော့မှ အ ယုံ မရှိပါ။ယခုလည်း ဒီကောင် တွေ ဘာ အ ကြံရှိပြီး.. ပြည်သူတွေကို ဘယ် လိုဆက်နိပ်ံ့ဆက်မှာလဲ..မသိ..နေ့စဉ် နှင့်အမျှ ခွေးတွေ..တပ်ပြောင်းလဲမှု ရှိမေ တာ ရှမိးပြည်အနံ မှာ..ခွေးတခိုးတွေကို အမြန်တိုက်ကြပါ။။
  25. စစ်သား ဆိုတာ တကယ်တော့  ဝရမ်းပြေးနဲ့  ပြည်တန်ဆာ တို့  ပေါင်းဖက်ပြီး ရလာတဲ့  မျိုး မစစ် စစ်သား တွေ့ ပ့ါ—–တကယ်တော့  မျိုးချစ်တပ်မတော် မဟုတ်ဘူး မျိုးမစစ်တပ်မတော်ပါ—— အညာသားမစစ် ဗိုလ်ချူပ်မဖြစ်တဲ့ —- သန်းရွေး ကိုယ်တိုင်က ကျောက်ဆည်သား
  26. ဒီလိုမျိုးစိတ်ဓာတ်ရှိနေသရွေ့ ဘယ်တော့မှ မရှုံးဘူး၊ ဒါမှသူရဲကောင်းစိတ်ဓာတ်ဗျ၊ ဒီပုံကိုကြည့်ရင် သိသာပါတယ်၊
    လူမျိုးရေးမခွဲခြားပဲ တန်းတူဆက်ဆံပြီး ကိုယ်ကျိုးမကြည့်ဘဲ တိုက်ပွဲဝင်နေတဲ့ ကိုဆန်းအောင်တို့လို လူမျိုးတွေကို သိပ်လေးစားတယ်၊
    ဘယ်အချိန်မဆို အမိမြန်မာပြည်က ခင်ဗျားတို့အတွက်အမြဲတမ်း ဂုဏ်ယူပြီးသားပါ. အမြဲတမ်းအားပေးလျက်။
    အောင်ဆန်း
  27. ငြိမ်းချမ်းရေးအတွက် တိုက်ပွဲရှိရမယ် …..နီတဲ့သွေး…ရဲရင်လို့….ရန်သူမင်း ရှေ့ကို …………ကျော်ဖြတ်ခဲ့ပြီ။ မိုးမခပင်တွေ…..ဒို့သက်သေတည်…………………………………………..
    ရေတမာပင်တွေ………ထနောင်းပင်တွေ………ကန့်ကော်ပင်တွေ……….ပင်ဓနိတွေ….ထင်ရှုးပင်………အိုအို…အာအားလုံးထကြွကြလော့…………..မျိုးဆကိသစ်တွေ ပင်ရိပ်တွေ………နမိတ်တွေကို..ဖွငိ့အံ့ကြတာ….နှစ်၂၂
  28. အလှည့်ဆိုတာ ရှိစမြဲပါ။ ရက်စက်ယုတ်မာတဲ့ စစ်ခွေးတွေ ဘယ်တစ်ယောက်မှ ဇာတ်သိမ်းမကောင်းခဲ့ကြပါဘူး။ ဒင်းတို့အလှည့်လည်း မကြာတော့ပါဘူး။ ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်နေသော သူရဲကောင်းစိတ်ဓါတ်ကိုလေးစားလျှက်။
Comments are closed.