
တူနီရှား နိုင်ငံ၏ ယာယီ သမ္မတ အဖြစ် တာဝန်ယူ
ထားသည့် ယခင် ၀န်ကြီးချုပ် ဟောင်း မိုဟာမက်
ဂါနုချီက ယနေ့ တူနီရှား နိုင်ငံ၏ အစိုးရ သစ်ကို
ဖွဲ့ စည်းလိုက်ပြီ ဖြစ်ကြောင်း ကြေငြာသည် ။
ခြောက်လ အတွင်း ရွေးကောက်ပွဲ ကျင်းပ နိုင် ရန်
အတွက် ယာယီ တာဝန် ယူထားသည့် အစိုးရသည်
ဒီမိုကရေ စီ သို့ ရှေးရှု မည် ဖြစ်ပြီး ပြည်သူများ အနေဖြင့်
ပွင့်လင်းမြင်သာမှု ၊ သတင်း နှင့် မီဒီယာ
လွတ်လပ်ခွင့်၊ လွတ်လပ်စွာထုတ်ဖော်ပြော ဆိုခွင့်
များ အပြင် လူ အခွင့် အရေး အခြေခံ အချက်များ
အား လုံး ရရှိမည် ဟု ကြေငြာခဲ့သည်။
အစိုးရ သစ် တွင် သမ္မတ အဖြစ် ယခင် ဘင်အလီ
အစိုးရ အဖွဲ့ မှ အောက်လွှတ်တော် ဥက္ကဌ အဖြစ်
တာဝန် ထမ်းဆောင် ခဲ့သူ ဖာအွတ် မီဘာဇာ က
တာဝန်ယူ မည် ဖြစ်သည်။ ထောင်သွင်း အကျဉ်း
ချခံထားရသည့် ထင်ရှားသော တူနီရှား ဘလောက်ဂါ
တစ်ဦး ဖြစ်သူ ဆလင် အာမာမောဝ် က လူငယ် နှင့်
အားကစားရေးရာ ၀န်ကြီးဌာန ၏ ၀န် ကြီး အဖြစ်
တာဝန် ယူမည် ဖြစ်သည်။ အစိုးရ အဖွဲ့ သစ် တွင် အများလေးစာ ခံရသည့် အတိုက်အခံ နိုင်ငံရေး သမား တစ်ဦး ဖြစ်သူ နာဂျစ်ချစ်ဘီ နှင့် အခြား သူဦး က ဖွံ့ ဖြိုးရေး ၀န်ကြီး၊ပညာရေး ၀န်ကြီးနှင့် ကျန်းမာရေးဝန်ကြီး များ အဖြစ် တာဝန်ယူမည် ဖြစ်သည်။
၂၀၁၀ ခုနှစ် ဒီဇင်ဘာ လ၁၇ ရက်နေ့ တွင် လမ်းဘေး ဉ် သစ်သီး ရောင်းသည့် တက္ကသိုလ် ဘွဲ့ ရ မိုဟာမက်
ဘွာဇီဇီ ၏ ဆိုင်ကို အာဏာပိုင် များ က ရောင်းချခွင့် မှတ်ပုံတင် မရှိ ဟု ဆိုက သိမ်းယူခဲ့ပြီးနောက်
ဘွာဇီဇီ က အစိုးရ ရုံးရှေ့ တွင် မိမိကိုယ်ကို မီးရှို့ ဆန္ဒပြရာမှ လူထု အုံကြွှ မှုများ ပေါ်ပေါက်ခြင်း ဖြစ်သည်။
မိုဟာမက် ဘွာဇီဇီ သည် ဇန်န၀ါရီ လ ၄ ရက်နေ့ တွင်ကွယ်လွန် သွားပြီ ဖြစ်သည်။
ဆန္ဒပြမှု များ အရှိန် အဟုန် မြင့်မား လာသည် တွင် အာဏာရှင် သမ္မတ ဘင်အလီ က ပြည်သူတို့ 
၏ ဆန္ဒကို လိုက်လျှော မည် ဟု ကြေငြာခဲ့သော်လည်း ဆန္ဒပြမှု အရှိန် အဟုန် ဆက်လက် အားကောင်းလာ သောကြောင့် တိုင်း ပြည်မှ ထွက်ပြေး ခဲ့ရသည်။
ယနေ့  ဖွဲ့ စည်း လိုက်သည့် အစိုးရသစ် သည် ဘင်အလီ လက်ထက်တွင် ဖမ်းဆီးထားသည့် နိုင်ငံ ရေး
အကျဉ်းသားများ ကို ပြန်လည် လွှတ်ပေးခဲ့သည်။
မြောက်အဖရိက နိုင်ငံများ တွင် ဖြစ်ပေါ်နေသည့် လူထုအုံကြွမှု များ မိမိကိုယ်ကို မီးရှို့ ဆန္ဒပြမှု များ
မိမိကိုယ်ကို မီးရှို့ ဆန္ဒပြခဲ့သူများ စာရင်း
TUNISIAN CABINET
- Mohammed Ghannouchi stays on as prime minister. A Ben Ali ally, he has been in the job since 1999, keeping post throughout unrest
- Interior Minister Ahmed Friaa, appointed by Mr Ben Ali to mollify demonstrators, retains post
- Foreign Minister Kamal Morjane retains post
- Najib Chebbi, founder of opposition Progressive Democratic Party, named as development minister
- Ahmed Ibrahim, leader of opposition Ettajdid party, named minister of higher education
- Mustafa ben Jaafar, leader of opposition Union of Freedom and Labour, named health minister
- Slim Amamou, prominent blogger who was arrested during protests, tweets that he is secretary of state for youth and sport
Source: BBC
