တူနီးရှား နိုင်ငံ၏ လူထု အုံကြွမှု အပိုင်း (၂)

Updated
တင်ကျော်ကျော်စိုး

တူနီးရှား နိုင်ငံ၏ သမိုင်းကြောင်း

နိုင်ငံကာ တွင် နာမည် သိပ်မကြီး လှသော်လည်း ကမ္ဘာကျော် Star Wars ရုပ်ရှင် ဇာတ်ကားများ၊ English Patient၊ Sahara စသည့် ဇာတ်ကားများ မှာ တူနီးရှား နိုင်ငံတွင် ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

အာဖရိက နှင့် အာရပ်ကမ္ဘာ မှ လွဲ၍ အခြား နိုင်ငံများ တွင် မူ တူနီးရှား နိုင်ငံ သည် လူသိများခြင်း သိပ်မရှိသည့်မြောက်အာဖရိက နိုင်ငံတစ်ခု ဖြစ်သည်။ ကာသေ့ ယဉ်ကျေးမှု ၏ ဘူမိနက်သန် နေရာ ဖြစ်သောကြောင့်ယခုတိုင် ကာသေ့မြို့ ပြ နိုင်ငံ ၏ ယဉ်ကျေးမှု အမွေ အနှစ် များ ကို ယူနက် စကို ၏ စောင့်ရှောက်မှု ဖြင့်တွေ့ ရှိနိုင်သည်။ နိုင်ငံသာ ငယ်သော်လည်း ကာသေ့ မြို့ ပြ ယဉ်ကျေးမှု အမွေ အနှစ် များ ကို ရှုမျှော်မဆုံးတွေ့ နိုင်သည်။

ဘီစီ ၁၁၀၀ တွင် ဖိုနီးရှန်း  လူမျိုး တို့  အာဖရိက မြောက် ပိုင်း တွင် အခြေချ ခဲ့ရာမှ ကာသေ့ မြို့ ပြ နိုင်ငံ
များ ပေါ်ပေါက် လာခြင်း ဖြစ်သည်။ ဘီစီ ၁၄၆ တွင် ရောမ တို့ ကျူးကျော်ခံရပြီး နောက် နာမည် ကျော်
တတိယ ပြူးနစ် စစ်ပွဲ (Battle of Carthage ၁၄၉ ဘီစီ ) ဖြစ်ပွားပြီးနောက် ကာသေ့ တို့ ၏ အဆောက်အဦများယဉ်ကျေးမှု များ မှာ ရောမ အင်ပါယာ လက်အောက် ကျရောက် ကာ ဖျက်ဆီးခြင်း ခံခဲ့ရသည်။

ရောမခောတ် မတိုင်မှီက နိုင်းမြစ်ဝှမ်း နှင့် မြေထဲပင် လယ်အကြား နေထိုင်ပြီး အာဖရိက မြောက် ပိုင်း
တွင် ကျင်လည်ကျက်စားသည့် ဘာဘာလူမျိုး တို့ သည် ယခု တူနီရှန်း တို့ ၏ ဘိုးဘေးဘီဘင်များ ဖြစ်
သည်။ (ပြင်သစ်ဘောလုံးသမား ဇီဒန်း သည် ဘာဘာ လူမျိုး ဖြစ်သည်)

ခရစ် သက္ကရာဇ် ၆၀၀ တွင် အာရပ် တို့  တူနီးရှား ကို သိမ်းသွင်း ပြီး နောက် ဘာဘာ တို့ ကစဉ့် ကလျှား
ဖြစ်သွား ခဲ့ရပြန် သည်။ ၁၆၀၀ တွင် အော်တိုမန် အင်ပါယာ လက်အောက် သို့ ကျရောက်သွား ခဲ့သည်။

၁၈၈၃ ခုနှစ် တွင် ပြင်သစ် တို့ က တူနီရှား နိုင်ငံ ကို သိမ်း ပိုက် ခဲ့သည်။ ၁၉၃၄ ခုနှစ် တွင် ဟာဘစ် ဘိုဂီ
ဘာက နီယို ဒေါ်စတာ ပါတီ ကို တည်ထောင်ပြီး တူနီးရှား နိုင်ငံ အား ပြင်သစ် လက်အောက်မှ လွတ်မြောက်ရန် ကြိုးပမ်းခဲ့သည်။

၁၉၅၆ ခုနှစ် မတ်လ ၂၀ ရက်နေ့ တွင် တူနီရှား နိုင်ငံ လွတ်လပ်ရေး ရရှိ ခဲ့သည်။ လွှတ်လပ်ရေး ကြိုးပမ်းမှု၏ ခေါင်းဆောင် ဟာဘစ် ဘိုဂီ ဘာ က ၀န်ကြီးချုပ် အဖြစ် တာဝန် ယူသည် ။ နောက် တစ်နှစ် တွင် ဘုရင် စနစ်ကို ဖျက်သိမ်း ပြီးနောက် ဘိုဂီဘာ သမ္မတ ဖြစ်လာသည်။]

၁၉၈၀ ပြည့်လွန် နှစ် များ တွင် PLO အပါအ၀င် ပါလက် စတိုင်း လွတ်မြောက်ရေး အဖွဲ့ အစည်းများကို
ပါလက်စတိုင်း တွင် အခြေစိုက် ခွင့်ပေးသည်။ ပါလက်စတိုင်း ခေါင်းဆောင် ယာဇာ အာရဖတ် သည် သည်
တူနီးရှား တွင် နှစ်အတန်ကြာနေထိုင် ခဲ့သည်။

၁၉၈၅ တွင် အစ္စရေး ကွန်မန် ဒို များက မြို့ တော် တူနစ် ရှိ ပါလက်စတိုင်း လွတ်မြောက်ရေး အဖွဲ့ (PLO) ဌာနချုပ် ကို ၀င်ရောက် စီးနင်းရာ လူခြောက်ဆယ် ကျော် သေဆုံး ခဲ့သည်။

၁၉၈၇ ခုနှစ်တွင် ၀န်ကြီး ချုပ် ဘင်အလီ က သမ္မတ ဖြစ် သူ ဟာဘစ် ဘိုဂါဘီ သည် နိုင်ငံ ကို အုပ်ချုပ် နိုင်စွမ်းမရှိတော့ ဟု အကြောင်းပြကာ အာဏာသိမ်းယူခဲ့သည်။

၂၀၀၀ ပြည့်နှစ် နောက် ပိုင်း တွင် အမေရိကန် ၏ အကြမ်းဖက် တိုက်ဖျက်ရေး စစ်ပွဲဉ် အမေရိကန် လေယာဉ်များ ဆင်းသက်ခွင့် ကို တူနီရှား နိုင်ငံတွင် ခွင့်ပြုထားပြီး အမေရိကန် နှင့် ဆက်ဆံရေးကောင်း
ခဲ့သည်။

တူနီရှား အစိုးရသည် သတင်းစာ ဆရာ တော်ဖစ် ဘန် ဘရခ် အပါအ၀င် သတင်းစာဆရာ ရှစ်ဦး ခန့် ကို
ထောင်သွင်း အကျဉ်းချထား ခဲ့သည်။ တူနီရှား အစိုးရ ၏ လူ့ အခွင့်အရေး ချိုးဖောက်မှု များ နှင့် အစိုးရက အကျင့် ပျက် ချစားခြင်း ကို အမေရိကန်က လစ်လျူရှုထားသည် ဟု ဝေဖန် မှု များ ရှိခဲ့သည်။

၂၀၀၉ ခုနှစ် တွင် ဘင်အလီ သည် ငါးကြိမ်မြောက် သမ္မတ အဖြစ် အရွေးခံရပြီးနောက် ပြည်သူတို့ မကျေနပ်မှုများ စတင်ခဲ့သည်။

တူနီးရှား နိုင်ငံ၏ ယဉ်ကျေးမှု

အနောက်ယဉ်ကျေးမှု ကို နိုင်ငံတွင်း ခွင့်ပြုထား သည် တစ်ခုတည်းသော အရပ်နိုင်ငံဖြစ်သည့် တူနီရှားတွင်အမျိုးသမီးများ မှ အစ္စလာမ် ဘာသာဝင်တို့ ၏ ဓလေ့ဖြစ်သည့် ဘာကာ ခေါ် မျက်နှာဖုံးများ တပ်ဆင်ရခြင်းမရှိပါ။ မြေထဲပင်လယ် ကမ်းခြေ အာဖရိက နိုင်ငံငယ်လေးသည် ဥရောပ နိုင်ငံများ နှင့် မခြား လူမှု ရေး လွတ်လပ်မှု ရှိသည်။ ပြင်သစ် ဘောလုံး အကျော်အမော် ဘားသက်ဇ် ၊ ဖက်ရှင် အကျော်အမော် ဒိုနာတယ်လာဗက်ဆက်ချီ တို့  ၏ ဇိမ်ခံ အိမ် အကောင်းစားများ လည်း တူနီရှားတွင်ရှိသည်။

သို့ သော် …….နိုင်ငံရေး၊စီးပွားရေး များ ကတော့ လွတ်လပ်မှုမရှိ ၊ နိုင်ငံအာဏာကို ၁၉၈၇ ခုနှစ် ကတည်းကအာဏာသိမ်းပြီး ရယူလာသည့် သမ္မတ ဇင်အယ် အဘီဒင်း ဘင်အလီ က အုပ်ချုပ်သည်။ ဘင်အလီ သည်တူနီရှား နိုင်ငံကို ပြင်သစ် ကိုလိုနီ လက်အောက်မှ လွတ်မြောက်အောင် တိုက်ပွဲဝင်ခဲ့သူ သမ္မတ ဟာဘစ်ဘော်ဂီဘာ ကို ဖြုတ်ချပြီး အာဏာသိမ်း ခဲ့သူ ဖြစ်သည်။ အာဏာရပြီးနောက် တွင် ၎င်း၏ အာဏာကို တည်မြဲ အောင် လုပ်ပြီး အတိုက်အခံများ ကို ဖမ်းဆီးထောင်ချခြင်း များ ပြုလုပ်သည်။ နောက်ပိုင်းတွင် သတင်းစာဆရာများ ၊ဘလောက်ဂါများ၊ ပညာရှင်များ ကိုပါ ဖမ်းဆီး ထောင်ချခဲ့သည်။

၂၀၀၉  ခုနှစ် နောက်ပိုင်းတွင် နိုင်ငံတွင်း လွတ်လပ်စွာပြောဆိုခွင့်များ ကို ပိုမို ချုပ်ချယ်ကန့် သတ်လာသည်။ဘလောက်ဂါ များ ကို ဖမ်းဆီးထောင် ချခဲ့ပြီး နှိပ်စက် ညှင်းပန်း မှု များ ပြုလာခဲ့သည်။ တူနီရှား အစိုးရ အဖွဲ့ သည် လာဘ်စားမှု များ မှ ပိုမိုဆိုးရွားလာပြီး ၂၀၀၉ ခုနှစ်တွင် ဘင်အလီ ၏ ဇနီးဖြစ်သူ လိုင်လာ ဘင်အလီက ဆွစ်ဘဏ် နှင့် ဂျာမဏီ ဘဏ် တို့ တွင် ဒေါ်လာ သိန်း  ၈၀၀ ကျော်
အပ်နှံ ခဲ့သည် ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

တူနီရှား နိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ရောဘတ် ဂိုဒက် က တူနီရှား သမ္မတ ဘင်အလီ ၏ ဆွေမျိုးမိသား စု ကို “ကွေဇိုင်း မာဖီးယား” ဟုခေါ်ဆို ခဲ့သည်။ ဘင်အလီ ၏ ပထမ အိမ်ထောင် မှ သားသမီး များ သည်တူနီရှား နိုင်ငံ၏ ပင်လယ်ကမ်းခြေ များ တွင် ဟိုတယ် နှင့် ရီဆော့ များ ကို ပိုင်ဆိုင်သည်။ ၎င်း ၏ ယောက်ဖ ဆခ်ခါ မာတာရီ သည် ဇိုင်တိုနာ ရေဒီ ယို နှင့် ရုပ်သံ ကို ပိုင်သည်။ ဘင်အလီ ၏ ဆွေ မျိုး များ သည် တူနီးရှားနိုင်ငံ တွင် အဖိုးတန် အိမ်များ အလုံး ၁၀၀ ထက်မနည်း ပိုင်ဆိုင်ပြီး နိုင်ငံ၏ အိမ်ခြံမြေ လုပ်ငန်း ကို လက်ဝယ်ကြီး လုပ်ထား သည်။ မြို့ တော် တူနစ် ရှိ ကာသေ့ နိုင်ငံတကာ ကျောင်း ကို ဘယ်(လ)ဂျီယန် ကုမ္ပဏီ တစ်ခုသို့  ဒေါ်လာ တစ်သန်း ခွဲ ဖြင့်ရောင်း ချသည်။

ဘင်အလီ၏ ယောက်ဖ တစ်ဦး သည် ဗဟိုဘဏ် ၏ ရှယ်ယာ အများစု ကို ပိုင်ဆိုင်ပြီး ကိုယ်ပိုင်
ဘဏ် တစ်ခု ရှိကာ ဆွစ်ဇာလန် နိုင်ငံ ရိုဒူဟွန် တွင် ဒေါ်လာ လေးသန်းကျော်တန် အိမ် နှင့်
ကိုယ်ပိုင် ပြင်သစ် လုပ် Falcon 9000 Jet လေယာဉ် တစ်စီးရှိသည်။

တူနီရှား ပြည်သူများ မှာ ၂၀၀၈ ခုနှစ် အမေရိကန် စီးပွားပျက်ကပ် ဂယက်ကြောင့် အလုပ်အကိုင် များ ရှားပါးလာပြီး ပို၍ ဆင်းရဲ တွင်း နက်လာကြသည်။  တိုင်းသူ ပြည်သား များ မှာ ဆင်းရဲ တွင်း နက်သော်
လည်း ဘင်အလီ နှင့် မိသားစုက အနောက်တိုင်း သံတမန် များ ကို ပြင်သစ် နိုင်ငံ မှ မှာ ယူထား သည့်
ဝိုင် အကောင်းစား များ ဖြင့် တည်ခင်း ဧည့်ခံသည်။ သံအမတ် များ က လည်း အလွန် သဘောကျသည်
ပြင်သစ် နိုင်ငံခြား ရေး ၀န်ထမ်း များ ဆို လျှင် တူနီရှား နိုင်ငံတွင် သံဝန်ထမ်း အဖြစ် စေလွှတ်ခြင်း ခံရ
လျှင် အလွန် သဘောကျသည်။

အုံကြွှမှု ၏ နိဒါန်း

၂၀၁၀ ခုနှစ် ဒီဇင်ဘာ လ ၁၇ ရက်နေ့ တွင် အသက် ၂၆ နှစ် အရွယ် မိုဟာမက် ဘူဇာဇီ မိမိကိုယ်
ကို မီးရှို့ ဆန္ဒပြ သည့် ပြည်သူ တို့ ၏ ဒေါသ သည် ဘူဇာဇီ ၏ ကိုယ်ပေါ်မှ မီးတောက် ကဲ့ သို့ ဟုန်း
ကနဲ တောက်လောင်သည်။

ထိုနေ့ တွင် ပင် ဘူဇာဇီ မီးရှို့ ဆန္ဒပြသည့် ဓာတ်ပုံများ ၊ ဗီဒီယို များ အား တူနီရှန်း ဘလောက်များ တွင်
ဖော်ပြထားသောကြောင့် အခြား မြို့ များ တွင် လည်း ပြည်သူများ က မော်တော်ကား တာယာများ ကို
မီးရှို့ ပြီး ဆန္ဒပြကြသည်။

မီးရှို့ ဆန္ဒပြမှု ဖြစ်ပေါ်ပြီးနောက် ဆစ်ဒီ ဘိုဇီ မြို့ ငယ်လေး တွင် လူ ၄၀ ကျော်မှ စတင်ကာ လမ်းပေါ်ထွက်
ဆန္ဒပြမှု စတင်ပြီး နောက် အခြား မြို့ များ သို့ ကူးစက် သွားခဲ့သည်။

ပြည်သူ တို့ ၏ တောင်းဆိုမှု မှာ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေး ဖြစ်သည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့ တွင် အစိုးရ အဖွဲ့ မှ ဖွံ့ ဖြိုးရေးဝန်ကြီး က ဆစ်ဒီ ဘိုဇီ မြို့ ငယ် သို့ သွားရောက်၍ အလုပ်အကိုင် နေရာများ အတွက် ဒေါ်လာ ၁၀ သန်း အကုန် အကျခံကာဖန်တီးပေးမည် ဟု စီစဉ် ခဲ့သော်
လည်း ဆန္ဒပြမှု များ မှာ အခြား တူနီးရှား မြို့ များ ဆီ သို့ ကူးစက် သွားသည်။

ဒီဇင်ဘာ လ ၂၁ ရက်နေ့ တွင် အသက် ၂၂ အရွယ်ရှိ လူငယ် တစ်ဦးက မိမိ ကိုယ်ကို သတ်သေ ဆန္ဒပြမှု ထပ်မံ ပေါ်ပေါက် ခဲ့ပြီးနောက် တွင် တူနီးရှား တောင်ပိုင်း မြို့ များ သို့ ပါ ဆန္ဒပြမှု  စတင် ကူးစက်သည်။

နိုင်ငံအလယ် ပိုင်း ရှိ မြို့ တစ် ခု ဖြစ်သော  မန်ဇယ် ဘိုဇီယန်း တွင် အသက် ၁၈ နှစ် အရွယ် ဆန္ဒပြသူ မိုဟာ
မက် အာမာရီ ကို ရဲတပ်ဖွဲ့ က ပစ်သတ် ခဲ့ပြီး အသက် ၄၄ နှစ် အရွယ်ရှိ ချောကီ အယ်ဟာဇီ ကို လည်း ပစ်
သတ် ခဲ့သည်။

အစိုးရ ၊လုံခြုံရေး အဖွဲ့ များ နှင့် ဒေသခံ အာဏာပိုင် များက ဆန္ဒပြသူများ သည် တိုင်းပြည် စီးပွားရေး ကို
အထိနာ အောင် လုပ်သူများ ဖြစ်သောကြောင့် ဖြို ခွဲ မှု များ ပြုလုပ် မည် ဟု သတိပေးကာ ပစ်ခတ်မှုများ
ပြုလုပ် သော်လည်း ကျောင်းသား များ ၊ ရှေ့ နေ များ နှင့်  အတိုက် အခံ ခေါင်းဆောင် များ က ဦးဆောင်ပြီး
ဆန္ဒပြ သောကြောင့် ပြည်သူများ ပါဝင်လာရာ လူထု အုံကြွှမှု အသွင် ဆောင်လာခဲ့သည်။

ခရစ္စမတ် နေ့ တွင် တူနီးရှား နိုင်ငံ၏ အကြီးဆုံးသောအတိုက် အခံပါတီ ဖြစ်သည့် Progressive DemocraticParty မှ ခေါင်းဆောင် များ က ဦးဆောင်ပြီး လမ်းပေါ်ထွက် ပြီး ဆန္ဒပြကြရာ ပြည်သူများ က အားတက်လာပြီးဆစ်ဖစ် မြို့ တွင် ဆန္ဒပြသူများက ရဲများ  ၏ သေနတ်များ ကို ၀င်ရောက်လုကြသည်။

အခြား မြို့ ငယ်များ တွင် မူ စစ်တပ် နှင့် လုံခြုံရေး အဖွဲ့ များ ကို ပြန်လည် ပစ်ခတ်ကြရာ လက်နက်ကိုင် အဖွဲ့ များက ပြန်လည် ပစ်ခတ်သော် လည်း ဆန္ဒပြမှု များ က နေ့ ရော ညပါ အားကောင်းလာသည်။

နာမည်ကျော် တူနီးရှား ရှေ့ နေ Abderrahman Ayedi ကို ရဲတပ်ဖွဲ့ က ဖမ်းဆီး ပြီး နှိပ်စက် ညှင်းပန်း
သည့် သတင်း ထွက်လာသည့် အခါ ပြည်သူများ ကို ရဲစခန်း ကို ၀ိုင်းပြီး အေဒီ ကို ကယ်ဆယ်ခဲ့သည်။

အယ်(လ) ဂျီးယား နှင့် နယ်စပ်ခြင်း ကပ်နေ သည့် မြို့ တော် တာလာ တွင် ဆန္ဒပြမှု ဖြစ်ပွားပြီး နောက်တွင်
ရဲတပ် ဖွဲ့ က သက်ကြီးရွယ် အို အမျိုးသမီး နှစ်ဦး ကို ပစ်သတ် သည့် အခါ အုံကြွှမှု မှာ မြို့ တော်
တူနစ် သို့ ပါ ကူးစက် သွားသည်။

ဇန်န၀ါရီ လ ၄ ရက်နေ့ တွင် တူနီးရှား ရှေ့ နေ များ ကောင်စီ၊ အတိုက်အခံ ပါတီ နှင့် ကျောင်းသား
များ က အထွေထွေ သပိတ် တိုက် ပွဲ ဆင်နွှဲရန် ကြေငြာပြီး နောက် မြို့ တော် တူနစ် တွင် ပြည်
သူများက လမ်းပေါ် ထွက် ၍ ဆန္ဒပြကြသည်။

တူနစ် အပါအ၀င် တူနီရှား နိုင်ငံ တစ်ခု လုံး ဘင်အလီ ကို အုံကြွှ တွန်းလှန် ရာ တွင် စီးပွားရေး
လုပ်ငန်းရှင် များက ထောက်ပံ့ကူညီမှု များ ပြုလုပ်ခဲ့သည်။

၂၀၁၁ ခုနှစ် နှစ်သစ်ကူးနေ့ ဇန်န၀ါရီလ ၁ရက်နေ့ အထိ ဆန္ဒပြသူ ၅၀ ကျော်ခန့် အသက်ဆုံးရှုံး
ခဲ့ပြီး လူ ၂၀၀ ကျော်ကို ဖမ်းဆီးထားသည်။ ဆန္ဒပြသူများ ကို စစ်တပ် နှင့် ရဲတပ်ဖွဲ့ များ က ပစ်
ခတ်ခဲ့သော် လည်းမြို့ တော် တူနီးရှား တွင် နေ့ ရော ညပါ ဆက်လက် ဆန္ဒပြခဲ့ကြသည်။

ဇန်န၀ါရီလ ၄ ရက်နေ့ တွင် တူနီရှား ကွန်ပြုတာ ကျွမ်းကျင်သူများက အစိုးရ ၀ဘ်ဆိုတ် များ
ကို တိုက်ခိုက်မှု များ စတင် ပြုလုပ် ခဲ့သဖြင့် အစိုးရ ၀ဘ်ဆိုတ် လေးဆယ်ကျော် ပိတ်လိုက်ရ
သည်။

တူနီးရှား ပုဂ္ဂလိက ရုပ်သံ Nessma TV က အစိုးရ အမိန့် ကို ငြင်းဆန်ပြီး ပြည်သူများ ၏
ဆန္ဒပြမှု များ ကို အချိန် ပြည့် ထုတ်လွှင့် ခဲ့ရာ ဆန္ဒပြမှု မှာပိုမို အားကောင်းလာပြီး ကမ္ဘာ က
သိလာခဲ့သည်။


ကိုးကား၊ အယ်(လ)ဂျာဇီးယား၊ ဘီဘီစီ၊ ဂါဒီးယန်း၊ ၀ီကီပီဒီးယား ၊ ၀ီကီလိခ် ၊ အာရပ်
နှင့် တူနီးရှား ဘလောက်များ