Aung San Suu Kyi Walks in Cyberspace
မြန်မာ့ ဒီမိုကရေ စီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အင်တာနက် စတင်သုံးစွဲပြီ ဟု
အမေရိကန် နိုင်ငံ National Public Radio မှ ယနေ့ ကြေငြာ သွားသည်။ ၂၀၀၃ ခုနှစ်
မေလ တွင် နေအိမ် အကျယ်ချုပ် ထပ်မံချမှတ် ခံရပြီး ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ 
တွင် ပြန်လည် လွတ်မြောက် လာခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် အား စစ်အစိုးရ ၏ ဆက်
သွယ်ရေး ၀န်ကြီးဌာန မှ နေအိမ် တွင် အင်တာနက် အသုံးပြုရန် အတွက် ဇန်န၀ါရီလ ၂၀
ရက်နေ့ တွင် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
အာရှတိုက် ၏ ပထမ ဦးဆုံး သော အမျိုး သမီး နိုဘဲလ်ဆုရှင် ဖြစ်သည့် ဒေါ်အောင်ဆန်းစု
ကြည်သည် နေအိမ် အကျယ်ချုပ် ဘ၀ ၏ နောက်ဆုံးနေ့ များ တွင် လှုမှု ကွန်ယက် အင်တာ
နက် စာမျက် နှာ တစ်ခု ဖြစ်သည့် တွစ်တာ ကို သုံးစွဲချင် သည် ဟု ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် အင်တာနက် သုံးစွဲခြင်း သည် အလွန်ကောင်းကြောင်း ဒီမိုကရေစီ
မဟုတ်သော နိုင်ငံမှ ပြည်သူများသည် အင်တာနက် ပေါ်တွင် ရင်ဖွင့်ကျ၍ အင်တာနက် ကို သုံးစွဲ သင့်ကြောင်း ဂျော့တောင်းတက္ကသိုလ် မှ နိုင်ငံတကာလေ့လာရေးဌာန က Freedom News
Group သို့ ပြောသည်။
ဒီမိုကရေစီ လှုပ်ရှား သူများ အင်တာနက် သုံးစွဲ ခြင်းသည် တိုင်းပြည် ၏ ကံကြမ္မာ ကို အပြောင်း
အလဲ ပြုလုပ်နိုင် သည့် အင်အား စု များ နှင့် တွေ့ ဆုံ နိုင်သည် ဟု Foreign Affairs မဂ္ဂဇင်းတွင်
နယူးယောက် တက္ကသိုလ် မီဒီယာ သစ် ဌာန မှ ပါမောက္ခ ကလေး ရှာကီ က သူ၏ ဆောင်းပါး
ဖြစ်သည့် The Political Power and Social Media တွင် ရေးသားထားသည်။(ထိုဆောင်းပါး
တွင်မြန်မာ နိုင်ငံအကြောင်း လည်း ဖော်ပြထားသည်)
မြန်မာ နိုင်ငံတွင် အင်တာနက် သုံးစွဲမှု ကို စစ်အစိုးရ က ချုပ်ကိုင် ထားပြီး နိုင်ငံရေး သတင်းနှင့်
သုံးသပ်ချက် အင်တာနက် စာမျာ နှာ များ အား ပြည်သူများကြည့်ရှု ခွင့် ကို ပိတ်ပင်ထားသည်။
ဒေါ်အောင်ဆန်းစုကြည် အင်တာနက် သုံးစွဲခြင်း နှင့် ပတ်သက်ပြီး အင်တာနက် သုံးစွဲသူ
မြန်မာ လူငယ်များ ဖိုရမ် မှာ ကိုအောင်မြတ်က ” ဒေါ်အောင်ဆန်း စုကြည် အင်တာ နက်သုံး
ပြီ ဆိုတော့ သူ့ ကို ဘာက မှ တားဆီး ပိတ်လို့ မရတော့ ဘူး” ဟု ပြောသည်။

ဒီအကြောင်းရာနဲ့တော့မဆိုင်ပါဘူး စစ်ရန်နိင်ဆိုတဲ့ဆိုကောင် ရေးတဲ့ကွန်မန့်တိုင်းမှာ မြန်မာတွေကို အသလွတ်ဆဲနေတာတွေ့ရတယ် ဒီကောင်ဘာအောင်လဲ ???????
FB နဲ့ Twitter တို့ အား Ban ရန် ပြင်ဆင်နေ ခြင်း ကို အတည်ပြုလိုက်သည်။