မဲဆောက် ရောက် မြန်မာ များ ကို ထိုင်းက တင်းကျပ်

မဲဆောက် မြို့ တွင် တွေ့ ရသည့် မြန်မာ သံဃာတော် တစ်ပါး

Updated မြန်မာ နိုင်ငံဘက်ကမ်းမှ နေ ထိုင်း နိုင်ငံ မဲဆောက် မြို့ တွင် လာရောက် အလှု
ခံသည့် သံဃာတော်များ နှင့် သီလရှင် များ ကို ထိုင်း အာဏာပိုင် များ က ဖမ်းဆီးပြီး မြန်မာ
နိုင်ငံသို့ ပြန်လည် ပို့ ဆောင် မှု များ ကို ပြုလုပ် ခဲသည်။ယမန် နေ့ ကလည်း ထိုင်း စစ်တပ် ပါဝင်သည့်
ထိုင်းအာဏာ ပိုင်များ အဖွဲ့ က မဲဆောက် မြို့ ရှိ မြန်မာ အတိုက်အခံ ရုံးခန်း များ ကို ၀င်ရောက်
ရှာဖွေသည် ဟု သတင်းရရှိသည်။

ထိုင်း နိုင်ငံ မဲဆောက် မြို့ တွင် မြန်မာ နိုင်ငံရေး နှင့် လူမှု ရေး အဖွဲ့ အစည်းများ ၏ ရုံးများ
၁၀၀ ကျော်ရှိပြီး ထိုင်း အာဏာပိုင် များ က ထို ရုံးများ ကို စာရင်း ကောက် ယူမှု ပြူမည်
ဟု သိရသည်။

ထိုင်း အာဏာပိုင် အဖွဲ့ ၏ ဖမ်းဆီးမှု ကို ခံရသည့် သံဃာတော် အချို့ မှာ သာသနာ့
ဝန်ထမ်း လက်မှတ် မပြ နိုင်သဖြင့် လူဝတ်လဲ ခံရပြီး မြန်မာ နိုင်ငံ မြ၀တီ ဘက်ခြမ်း
သို့ ပြန်ပို့ ခံရသည်။

အချို့ လူဝတ်လဲခံရသသည့် သံဃာတော်များ မှာ မဲဆောက် မြို့ တွင် ဆွမ်းခံထွက်
သူများ နှင့် မဲဆောက် ဒကာများ ၏ ပင့်ဖိတ်ချက်ကြောင့် လာသူများ ဖြစ်သည် ဟု
သိရသည်။

ထိုင်းအာဏာပိုင် များက မြန်မာ သံဃာတော်များ အား ထိုကဲ့ သို့ အတင်းအကျပ်
ပြူမူခြင်းသည် အမျိုး၊ဘာသာ၊သာသနာ ကို စော်ကားမှု ဖြစ်သည် ဟု သုံးသပ်
မှု များလည်း ပေါ်ထွက် နေသလို ထိုင်း လူမျိုး အချို့ က ပင် သောမော ခေါ် ထိုင်း
လ၀က ၏ ယခု ကဲ့ သို့ လုပ်ဆောင်မှု မျိုး ကို မနှစ် မြို့ ဟု သိရသည်။

ဘီဘီစီ မြန်မာ ပိုင်း အစီအစဉ် ၏ ထုတ်လွှင့် ချက် တွင် ကျောင်သင်္ခမ်း ဖြင့် မနေသည့်
သာသနာ့ ၀န်ထမ်း များ နှင့် နေအိမ် များ တွင် ငှားရမ်း နေထိုင်သူများ ကို အရေးယူ သွား
မည် ဟု ဆိုသည်။

ထိုင်း အစိုးရ က မြန်မာ စစ်အစိုးရ နှင့် ဆက်ဆံရေး အပြင်စေရန် ထိုင်းအာဏာပိုင် များ
မှ တစ်ဆင့် မဲဆောက် ရှိ မြန်မာ အတိုက် အခံ များ ကို ဖိအပ် ပေးရန် အစီအစဉ် ရှိသည်
ဟု သိရသည်။

2 thoughts on “မဲဆောက် ရောက် မြန်မာ များ ကို ထိုင်းက တင်းကျပ်

  1. အာဏါရူးတွေကြောင့် ငါတို့မျိုးဘာသာသာသနာပါ စော်ခါးခဲနေရပြီ ရင်နာတယ် သန်းရွေအုပ်စုကို သသက်မကြေဘူး

  2. သူများနိုင်ငံမှာနေရတာဆိုတော့ သူတို့ လုပ်တဲ့အတိုင်းပါဘဲ ဘာတတ်နိုင်မှာလဲ ဖြစ်လာသလိုလုပ်ရုံဘဲရှိတယ်။

Comments are closed.