ရွေးကောက်ပွဲပြီး လျှင် ၀န်ကြီးချုပ် နှုတ်ထွက်မည်

လူငယ်ရေးရာ ၀န်ကြီး အဖြစ် ရွေးချယ် ခံရသည့် နိုင်ငံရေး အကျဉ်းသား ဘလောက်ဂါ

တူနီရှား နိုင်ငံ၏ လက်ရှိ ၀န်ကြီးချုပ်က ရွေးကောက်ပွဲ ကျင်းပပြီးလျှင် ၀န်ကြီးချုပ် အဖြစ်မှ နှုတ်

ထွက်မည် ဟု ယနေ့ တူနီရှား ရုပ်သံမှ ကြေငြာ သွားခဲ့သည်။ အာဏာရှင် သမ္မတဟောင်း ဘင်
အလီ လက်ထက် က ဖမ်းဆီးထားခဲ့သည့် နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော် ကို ယနေ့ အကျဉ်း
ထောင် အသီးသီးမှ ပြန်လွှတ်ပြီး ချိန် တွင် ယခု ကဲ့ သို့ ကြေငြာ သွားခဲ့ခြင်း ဖြစ်သည်။

အသစ် ဖွဲ့ စည်း သည့် အစိုးရ အဖွဲ့ သစ်တွင် ယခင် အစိုးရ အဖွဲ့ ဟောင်းမှ ဘင်အလီ ၏ လူ
ဟောင်း များ ပါဝင်သော်လည်း ၀န်ကြီးချုပ် မိုဟာမက် ဂူနော့ ချီက ရွေးကောက် ပြီး ကျင်းပပြီး
လျှင် အားလုံးနှုတ်ထွက် မည် ဟု ထပ်လောင်း ကတိပေးခဲ့သည်။

တူနီရှား နိုင်ငံတွင် ဆက်လက် ဆန္ဒပြမှုများ လည်း ရှိနေပြီး ပြည်ထဲရေး အနီး တွင် ယနေ့ 
ပြည်သူများက ဆက်လက် ဆန္ဒပြခဲ့ကြသည်။

တူနီရှား အစိုးရ က ဘင်အလီ ၏ မိသားစု ၀င် များ နှုင့် လာဘ် စားမှု သူတတွင် ပါဝင်သည့်
ဆွေ မျိုး ၃၃ ဦးကို  ဖမ်းဆီထားပြီး စစ်ဆေးမေးမြန်းမှု များ ပြုလုပ်နေသည်။

တူနီရှား တော်လှန် ရေး ကို ဖြစ်ပွား စေခဲ့သည့် ဆီဒီ ဘူဇီ မြို့ ရှိ သစ်သီးရောင်းသည့်
တက္ကသိုလ် ကျောင်း
သား မိုဟာမက် ဘူဇာဇီ မီးရှို့ ဆန္ဒပြ ခဲ့သည့် နေ ရာ တွင် လည်း
အထိမ်းအမှတ် ကျောက်
တိုင် ကို စိုက်ထူရန် ခွင့်ပြု ခဲ့သည်။

ဆန္ဒပြစဉ် က ပြည်သူကို ပစ်မိန့် ပေးခဲ့သူ များ ကို စတင်ဖမ်းဆီး ထားနေပြီ ဟု ပြည်
ထဲရေး ဌာန က ယနေ့ ကြေငြာသည်။

အစိုးရသစ် တွင် ၀န်ကြီးဟောင်းများ ဆက်လက် ပါဝင် နေမှု အတွက် ၀န်ကြီးချုပ် ဂူ
နော့ချီက အသွင်ကူးပြောင်းရေး အစိုးရသစ် အတွက် အတွေ့ အကြုံရှိသည့် နိုင်ငံရေး
သမား များ လို အပ်မည် ဖြစ်သည် ဟု ဆိုသည်။

တူနီးရှား ဆန္ဒပြမှု ကို ဦးဆောင် ခဲ့သည့် General Tunisian Workers’ Union
(UGTT) ကမူ အစိုးရသစ် သည့် သန့် ရှင်းသော လက်များ ဖြင့် ဖွဲ့ စည်းထား သူ
များ ဖြစ်ဖို့ လိုအပ်ပြီး အာဏာရှင် အစိုးရ တွင် ပါဝင်သူများ ကို ဖယ်ရှားရန် တောင်း
ဆိုခဲ့သည်။