မြန်မာ့ အရေး ဓာတ်ပုံ ဆရာ တစ်ဦး ကို ထိုင်းက နေရပ် ပြန်ပို့ ရန် စီစဉ်
ဓာတ်ပုံပညာရှင် ပါစကယ် ရှတ်မန်း နှင့် ဟာသ ပညာရှင် နှုတ်ခမ်းမွှေး ညီအကို အား အတူတွေ့ ရစဉ်
မြန်မာ့ ဒီမိုကရေစီရေး နဲ့  တိုင်းရင်းသား လူမျိုးများ လွတ်မြောက်ရေး ကြိုးပမ်းမှု များ ကို မှတ်တမ်း
ဓာတ်ပုံများ ရိုက်ကူးသည့် ဘယ်(လ)ဂျီယံ နိုင်ငံသား ပါစကယ် ရှတ်မန်း နဲ့ မြန်မာ နိုင်ငံ ကူးလက်
ရာ နိုင်ငံတွေ ပြန်ပို့ ဖို့ စီစဉ်နေ တယ် လို့ Freedom News Group က သတင်းရရှိပါတယ်။
ပါစကယ်ရှတ်မန်း ဟာ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန် ရေး ကာလမှ မြန်မာ နိုင်ငံတွင်း ၀င်
ရောက် သတင်းယူခဲ့ဖူးပြီး အဲဒီနှစ် ဒီဇင်ဘာလ မှာပဲ မြန်မာ စစ်အစိုးရ ကနေ တိုင်းပြည်တွင်း
ကနှင်ထုတ်ခြင်း ခံရသူ တစ်ဦးဖြစ်ပါတယ်။
ပါစကယ် ရှတ်မန်း ကိုတော့ နေရပ် ဘယ်(လ)ဂျီယံ နိုင်ငံ ကို ပြန် ပို့ မှာဖြစ်ပြီး ကို ဂျွန်စံလင်း ကို
တော့ မြန်မာ နိုင်ငံ ဘက်ခြမ်း ကို ပြန်ပို့ ဖို့ စီစဉ် နေတယ် လို့ သိရပါတယ်။
နယ်စပ် ဖြတ်ကျော် ၀င်ရောက်မှု အတွက် နှစ်ဦး စလုံး ကို ထိုင်း လူဝင်မှု ကြီးကြပ် ရေး က
ဒဏ်ငွေ ရိုက်ထားပြီး သတင်းထောက် များ ကာကွယ် စောင့်ရှောက် မှု ကော်မတီ CPJ
ကတော့ မြန်မာ နိုင်ငံ ကို ပြန်လွှဲ မယ် ဆိုရင် ကိုဂျွန်စံလင်း အတွက် အန္တရယ် ရှိတာ မို့ 
လွှဲပြောင်း ပေးခြင်း မလုပ်ဖို့ တိုက်တွန်း ဆော်သြ နေပါတယ်။
ရန်ကုန် မြို့ ရွှေ တိဂုံစေတီ တော်အား ပါစကယ်ရှတ် မန်း ရိုက်ကူးထားသည့် ဓာတ်ပုံ