ကြားဖြတ် အစိုးရဖြုတ်ချရေးလှုပ်ရှား မှု တွင် လက်နက်ကိုင် အဖွဲ့ များ ပူးပေါင်းဆန္ဒပြ

အာဏာရှင် သမ္မတဟောင်း ဘင်အလီ မိသားစု ကိုယ်ကျိုးရှာမှု နှင့် ပိုင်ဆိုင်မှုများ

အာဏာရှင် သမ္မတ ဟောင်း ဘင်အလီ လက်ထက် က အစိုးရ အဖွဲ့ ဝင်ဝန်ကြီး တွေ ကြားဖြတ် အစိုးရ
အဖွဲ့ သစ်မှာ ပါဝင်တယ် ဆိုတယ့် အချက်ကြောင့် မကျေနပ် ကျတဲ့ ကျောင်းသား တွေ ပြည်သူတွေ
ဟာ ဒီနေ့ မနက် အစောပိုင်းက တည်းက မြို့ တော် တူနစ်က  ၀န်ကြီးချုပ် ရုံး အရှေ့ နဲ့ နေရာ အတော်
များများ မှာ ဆက်လက် ဆန္ဒပြနေကြပါတယ်။

ဒီနေ့ ဆန္ဒပြမှု မှာ လက်နက် ကိုင် အဖွဲ့ အစည်း တွေ ဖြစ်တဲ့ စစ်သားတွေ ၊ရဲအရာရှိ တွေ၊ ယခင်
သမ္မတ ကိုယ်ရံတော် တပ်ဖွဲ့ က ရဲ အရာရှိ တွေ ပါဝင် ဆန္ဒပြခဲ့ကြပါတယ်။

ဒီဆန္ဒပြ ပွဲ မှာ ပါဝင်ခဲ့တဲ့ တူနစ် မြို့ က ရဲအရာ ရှိ တစ်ဦးက “ကျွန်တော် တို့ ဟာလည်း တော်လှန်
ရေး ရဲ့ အစိတ်ပိုင်း တစ်ရပ် အဖြစ် ပါဝင်ချင်ပြီး ၊ ပြည်သူတွေ နဲ့ ပူးပေါင်း တွန်းလှန်ချင်တယ်။
ကျွန်တော်တို့ ကို လာပြီး တော့ ပြည်သူတွေ ကို လာမသတ် ခိုင်ူ နဲ့ တော့ ကျွန်တော်တို့ ကို လူ
သတ်သမား အဖြစ် နဲ့ လည်းမစွပ် ဆွဲနဲ့ တော့ ” လို့ အယ်(လ)ဂျာဇီးယား သတင်းဌာန ကို ပြော
ခဲ့ပါတယ်။

အာရပ် နိုင်ငံများတွင် အာဏာရှင်များ အာဏာသိမ်းပိုက် ရယူထားမှု

ပင်လယ်ကွေ့ နိုင်ငံ တစ်ခု ဖြစ်တဲ့ ယီမင် နိုင်ငံ မှာ လည်း ၃၂ နှစ်ကြာ နိုင်ငံ အာဏာကို သိမ်းပိုက်
ထားပြီး အမေရိကန် နဲ့ ဆက်ဆံရေး ကောင်းတဲ့ အလီ အဘူဒါ ဆာလား ကို ယီမင် တက္ကသိုလ်
ကျောင်းသားတွေ က ဆာနား တက္ကသိုလ် ထဲမှာ စတင် ဆန္ဒပြနေကြပြီ ဖြစ်ပါတယ်။

တူနီရှား ရဲ့  အိမ်နီးချင်း နိုင်ငံ အယ်(လ)ဂျီးရီယား မှာ လည်း ပြည်သူများ က အစိုးရ ကို
ဖျက်သိမ်းပေး ဖို့ စတင် ဆန္ဒပြနေကြပါပြီ။

ဆန္ဒပြ ပွဲတွင် ရဲတပ်ဖွဲ့ ဝင်များ ပါဝင်ဆန္ဒပြနေစဉ်

One thought on “ကြားဖြတ် အစိုးရဖြုတ်ချရေးလှုပ်ရှား မှု တွင် လက်နက်ကိုင် အဖွဲ့ များ ပူးပေါင်းဆန္ဒပြ

  1. မြန်မာနိုင်ငံ မှာလည်း ရဲတွေ စစ်သားတွေ ပြည်သူ နဲ့ ပူးပေါင်း လာ လိမ်မယ် လို့ မျှော်လင့်ပါတယ်။

Comments are closed.