မြန်မာ စစ်အစိုးရ နိုင်ငံခြားရေး ၀န်ကြီးဌာန တွင် သံတမန် ရေးရာညွှန်ကြားမှု ဦးစီးဌာန၊သံတမန်
ရေးရာ ကျွမ်းကျင်မှု သင်တန်း ၊အဆီယံ ရေးရာ ဌာန မှ ညွှန်မှုး နှင့် အကြီးတန်း အရာရှိ များ အပြင်
ဗြိတိသျှ နှင့် စင်္ကာပူ နိုင်ငံ ဆိုင်ရာ သံအမတ် ကြီးများ ပါ ပြောင်းလဲ ခန့် ထားလိုက်သည် ဟု သတင်းရရှိသည်။ဗြိတိသျှ နှင့် မြောက်အိုင်ယာ လန် နိုင်ငံ အတွက် လက်ရှိ ဦးနေ၀င်း၏ နေရာတွင် ဦးကျော်မျိုးထွဋ် အား တာဝန်ပေးခန့် အပ်ပြီး စင်္ကာပူ အတွက် ဦးတင်ဦးလွင် နှင့် ပါကစ္စတန် အတွက် ဦးစံမြင့်ဦး တို့ အား
ပြောင်းလဲ ခန့် ထားလိုက်သည်။
လက်ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ် ကြီး ဦးအောင်သိန်းအား ဂျပန် သံအမတ်ကြီး အဖြစ်
၎င်း၊ ဂျပန် နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး အား အမေရိကန် နိုင်ငံ သို့ ပြောင်းလဲ ခန့် ထား
မည် ဖြစ်ပြီး အမေရိကန် သံအမတ် ကြီး ကို မူ မြန်မာ နိုင်ငံ သို့ ပြန်ခေါ်မည် ဟု သတင်းများ ထွက်
ပေါ်နေကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန ၀န်ထမ်း တစ်ဦးက Freedom News သို့ ပြောသည်။
ဗြိတိသျှ သံအမတ်ကြီး အဖြစ် တာဝန် ထမ်းဆောင် ခြင်း ခံရသည့် ဦးကျော်မျိုးထွဋ် သည် မြန်မာ
စစ်တပ် တွင် ဗိုလ်မှုးကြီး ရာထူးတာဝန် ကို ထမ်းဆောင် ခဲ့ဖူး သူ ဖြစ်သည်။ ယခင် နိုင်ငံခြားရေး
ဝန်ကြီး ဟောင်း ဦးဝင်းအောင် သည် ဗြိတိသျှ သံအမတ် ကြီး အဖြစ် ၀န်ကြီး မဖြစ်ခင် တာဝန်
ထမ်းဆောင် ခဲ့ဖူးသည်။
၂၀၀၄ ခုနှစ် တွင် ဦးဝင်းအောင် အား ရာထူးမှ ဖယ်ရှားပြီး ထောင်သွင်း အကျဉ်းချထား ခဲ့ရာ
ယမန် နှစ်က ထောင်ထဲတွင် ပင် ကွယ်လွန် သွားခဲ့သည်။
နိုင်ငံရပ်ခြား တွင် သံအမတ် ကြီး အဖြစ် တာဝန် ထမ်းဆောင်း ရသူများ မှာ မြန်မာ စစ်ခေါင်း
ဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ ယုံကြည် စိတ်ချ ခံရသူများ ဖြစ်သည်။
