ဗိုလ်ချုပ်အောင်ဆန်း ဈေး မီးလန့် မှု ဖြစ်

နိုဝင်ဘာလ ၃၀ ရက်နေ့ က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် သူမ၏ သားငယ်အား ၎င်း၏ ဖခင် နာမည် အားအစွဲပြုမှည့် ခေါ်ထားသည့် ဈေးတွင် တွေ့ ရစဉ် (AP Photo/Khin Maung Win)

Kခိုင် ရန်ကုန် မြို့  ၊ ပန်းဘဲတန်း မြို့ နယ် ဗိုလ်ချုပ် အောင်ဆန်းလမ်းရှိ ဗိုလ်ချုပ်ဈေး တွင် ယနေ့ မီးလန့် 
မှု ဖြစ်ပွား ခဲ့ပြီး မီးစတင် လောင်ခဲ့သည့် နေရာမှ လွဲပြီး အခြား နေရာများ သို့ ကျယ်ကျယ်ပြန့် ပြန့် 
ကူးစက်ခြင်း မရှိ ဟု သိရသည်။

မီးလန့် မှု သည် ယနေ့ ညနေ ၄ နာရီ ခန့် က အရှေ့ ဘက်ခြမ်း အေရုံရှိ  ဦးလေးကြီး ဂါဝန် ဆိုင်မှာ စတင် ခဲ့ခြင်း ဖြစ်သည် ဟုသတင်းရှိသည်။

ဗိုလ်ချုပ် အောင်ဆန်းဈေးတွင် လွန် ခဲ့သည့် နိုဝင်ဘာလ နှောင်းပိုင်းက အစမ်း မီးသတ် လေ့ကျင့်မှု
ပြုလုပ် ခဲ့ပြီး ယမန် နှစ် ဒီဇင်ဘာ လက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့်
၎င်း ၏ သားငယ် တို့ သွားရောက် လည်ပတ် ခဲ့ရာ ဈေးသူ ဈေးသားများ က သောင်းသောင်းဖျဖျ
ကြို ဆို ခဲ့သည်။

ရန်ကုန် မြို့ ဗိုလ်ချုပ် ဈေးသည် အမေရိကန် နှင့် နိုင်ငံခြားငွေ ပေါက်ကြေး အားမြန်မာ ငွေနှင့်
လဲလှယ် ရာတွင် နေ့ စဉ် ပေါက်ဈေး အတွက် အဆုံး အဖြတ်ပေးသောနေရာ လည်းဖြစ်သည်။

ယနေ့ ဇန်န၀ါရီ ၂၇ ရက်နေ့ နောက် ဆုံးရ သတင်းများ အရ ယမန် နေ့ က မီးလန့် မှု ဖြစ်ပြီး
နောက် ဗိုလ်ချုပ်ဈေး နိုင်ငံခြားမှောင် ခို ဈေးကွယ်တွင် အထင်ကရ ရောင်းဝယ် သူများ ကို
လတ်တလောတွင် မတွေ့ ရ ဟု သိရသည်။

2 thoughts on “ဗိုလ်ချုပ်အောင်ဆန်း ဈေး မီးလန့် မှု ဖြစ်

  1. ဈေးတွေမီးရှုဖို့စနေပြီ၊ အထင်ကရဈေးတွေပေါ့။ ဗိုလ်ချုပ်ဈေးမီးလောင်ရင် ဗိုလ်ချုပ်တွေဝယ်ထားတဲ့ဆိုင်တွေကတော့ပြန်ရမှာ။ ဗိုလ်ချုပ်ဈေးဆိုတာ လွတ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းကိုဂုဏ်ပြုအမှတ်ညာပေးပြီးမှည့်ခေါ်ထားတာ။ ဒီနေ့ ခေတ်တော့ ဗိုလ်ချုပ်ဈေးဆိုတာဗိုလ်ချုပ်ကတော်တွေ ရွှေရတနာဆိုင်ဖွင့်နေကြတာမို့ ခေတ်လူငယ်တွေက ဗိုလ်ချုပ်ဈေးလို့ခေါ်တယ်ထင်နေကြတယ်။
    လောင်ပါစေဗျာ။အားလုံးလောင်ပါစေ။ ရွှေမန်းတင်မောင်သီချင်းလို…………..လောင်ပါစေ….ဗိုလ်ချုပ်ဈေးနဲ့တကွ…မင်းမနိုင်မကျန်ပေ…လောင်ပါစေ….ဒိထက်မကကူးပြီး တရုပ်သံသံရုံး…ရုရှားသံရုံးမကျန်ပေ…..လောင်ပါစေ…..ထပ်ဆင့်ပြီးတရုပ်တန်း…မောင်ဂိုမာရီလမ်းမကျန်လောင်ပါစေ………..

Comments are closed.