တူနီရှား လူထု အုံကြွမှု အပိုင်း (၃) အင်တာနက်၊ ဒီမိုကရေစီ နှင့် အီဂျစ်

Social Media Shakes Arab World

တူနီရှား လူထု အုံကြွှမှု အခန်း ဆက် ဆောင်းပါးများ ကို Freedom News အယ်ဒီတာ အဖွဲ့ 
မှစီစဉ် သည်။ လွတ်လပ် စွာ ပုံနှိပ်၊ကူးယူ ဖြန့် ချိနိုင်သည်။ 

တူနီရှား နိုင်ငံ မှ ကျောင်းသား၊ပြည်သူများ ဦးဆောင်ဆန္ဒပြ၍ အာဏာရှင် သမ္မတ ဘင်အလီ
ကို ဖြုတ်ချ နိုင် ခဲ့ခြင်းသည် အာရပ် ကမ္ဘာရှိ အာဏာရှင် လက် အောင်မှ ပြည်သူများ သာ မက
မြန်မာ နိုင်ငံ မြောက် ပိုင်း ကချင်ပြည်နယ် မြစ်ကြီး နား မြို့ မှ တက္ကသိုလ် ကျောင်း သား အထိ
ရိုက်ခတ်သည်။

တူနီရှား နိုင်ငံ၏ လူထုတော်လှန် ရေးသည် တွစ်တာ နှင့် ဖေ့ဘွတ် တွင် စတင်ခဲ့ခြင်းကြောင့်
Twitter Revolution သို့ မဟုတ် စံပယ်ငုံ တော်လှန်ရေး ဟု လည်း ခေါ်သည်။ တူနီရှား
တွင် အာဏာရှင် ဘင်အလီ နိုင်ငံမှ ခွေးပြေးဝက်ပြေး ထွက် ခွာသွားပြီးနောက် အာဏာရှင် နှင့်
ပုလင်းတူဗူး ဆို့  ၀န်ကြီး ချုပ် မိုဟာမက် ဂူနော့ချီက ဦးဆောင်ပြီး ကြားဖြတ် အစိုးရ အဖွဲ့ ကို
ဖွဲ့ သည်။ နိုင်ငံရေး အကူအပြောင်း တွင် အတွေ့ အကြုံရှိရန် ဟု ဆိုကာ ယခင်အစိုးရ အဖွဲ့ 
ဟောင်းမှ နိုင်ငံရေး စားဖားကြီး များ ကို အစိုးရ အဖွဲ့ ထဲတွင် ပြန် လည် ထည့်သည်။

အတိုက် အခံ လေးယောက် လောက် ကို အရေးမပါသည့် ၀န်ကြီး ရာထူးနေရာများပေးသည်။
၂၄ နာရီ မပြည့် မှီပင် ထိုဝန်ကြီး လေးယောက် လည်း ရာထူးမှ နှုတ် ထွက်သည်။ ပြည်သူများ
က လူစု ၍ “လွတ်မြောက်ရေး လှည်း တပ်တော်စု” ဆိုပြီး မြို့ တော် တူနစ် သို့ နေ့ ရော ညပါ
ချီတက်သည်။

နိုင်ငံ၏ ဆန္ဒပြမှု သတင်း ကို အချိန် နှင့် တပြေးညီ ထုတ် လွှင့်ပေးသည့် ဟန်နီဘော ရုပ်
သံကို ကြားဖြတ် အစိုးရ က ပိတ်ပြီး ၊ ရုပ်သံ ပိုင်ရှင် ကို ဖမ်းလိုက်သည်။ တူနီရှား ပြည်
သူ တို့ ၏ ဆန္ဒပြမှု ကိ ပိုမို ကြီးထွားလာသည်။

ဆန္ဒပြ သူများ ဘက်က ရဲ အရာ ရှိ များ၊ မီးသတ် အရာရှိများ နှင့် ယခင် သမ္မတ အစောင့်
တပ်များ ပူးပေါင်း ခဲ့သည်။

နောက် တစ်နေ့ တွင် တူနီးရှား စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရစ်ချဒ် အာမာ ကိုယ်တိုင် စစ်တပ်သည်
ပြည်သူတို့ ၏ တော်လှန် ရေး ကို အကာအကွယ်ပေးကြောင်း ပြောကြား ခဲ့သည်။ ဆန္ဒပြမှု များ
အတွင်း ကျဆုံးခဲ့သူများ ကို အလေးပြုပြီး ပြည်သူများ က ဆက် လက် ဆန္ဒပြနေမှု အား
ရပ် တည်ထောက် ခံ ရုံသာ မက လက်ကိုင် စကား ပြောစက် ဖြင့် မိန့် ခွန်းပါ ပြောကြား ခဲ့သည်။

အာဏာရှင် ဘင်အလီ ၏ အပေါင်းအပါ များ အစိုးရ အဖွဲ့ အတွင်း ဆက်လက် တည်ရှိ နေမှု ကို
စစ်တပ် က ဗြောင် ဆန့် ကျင်ပြီး ပြည်သူများ ဘက်မှ ရပ်ခံခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ ထိပ်တန်း အာဏာရှင် လစ်ဗျား ခေါင်းဆောင် ကဒါဖီ က ပင် တူနီရှား နိုင်ငံ၏ လူထု
တော်လှန်ရေး သည် ကြောက် စရာ ကောင်းသည် ဟု ပြောသည်။ တူနီရှား ရုပ်သံ နာဆမ်
နှင့် ပြောကြားရာတွင် ဘင်အလီ ကို သူ့ နိုင်ငံဉ် ခိုလှုံခွင့် အတွက် ငြင်းဆန် ခဲ့သည်။
“ကျုပ်က သည်သကောင့်သား ဘင်အလီ ကို ခိုလှုံ ခွင့်ပေးရင် တူနီရှား ပြည်သူတွေ အကျိုးကို
ဆန့် ကျင် သလို နေမှာပေါ့ ” ဟု ဆိုသည်။

တူနီရှား နိုင်ငံ၏ လူထု အုံကြွှမှု အစသည် အင်တာနက် လူမှု မီဒီယာ များ ဖြစ်သည့်
Face Book ၊ Twitter နှင့် Youtube တို့ ကြောင့်ဖြစ်သည်။ ဆိုရှယ် မီဒီယာများ သည်
တစ်ချိန်က မော်စီတုန်း ပြောခဲ့သည့် ” နိုင်ငံရေး အာဏာဆိုတာ သေနတ် ပြောင်းဝ က
လာတာ စကား ကို ချေဖျက် လိုက်ပြီ ဖြစ်သည်။

အီဂျစ် ပြည် သူ ထု အုံကြွှမှု ၂၀၁၁

အီဂျစ် နိုင်ငံ ၏ အာဏာရှင် ဟူစနီ မူဘာရက် ရာထူးမှ နှုတ်ထွက် ရန် အီဂျစ် ပြည်သူများ
က ဇန်န၀ါရီလ ၂၅ ရက်နေ့ မှ စ၍ မြို့ တော် ကိုင်ရို၊ အလက်ဇန္ဒီယား ၊ ဆူးအက်၊ဂီဇာ၊
တန်တာ နှင့် မိုနိုဖီယာ အပါအ၀င် မြို့ ပေါင်း နှစ်ဆယ်ကျော် မှာ စတင်ဆန္ဒပြ ခဲ့ကြသည်။

ဇန်န၀ါရီ လ ၆ ရက်နေ့ က ရဲတပ်ဖွဲ့ က နှိပ်စက်ညှင်းပန်းပြီး အသတ် ခံရ သည့်
အသက် ၂၈ နှစ် အရွယ် လူငယ် ခါလက် မိုဟာမက် ရှိခ်  ကို အကြောင်းပြုပြီးတော်လှန်
ရေး စတင် ခဲ့သည်။ တော်လှန် ရေး ကို လည်း Face Book ရှိ ခါလစ် ရှိတ် စာမျက်နှာ
တွင် ပင် လူစု ပြီး စတင် ခဲ့ခြင်း ဖြစ်သည်။

ဇန်န၀ါရီလ ၁၄ ရက်နေ့ တွင် လူငယ် ခြောက် ဦးက မြို့ တော် ကိုင်ရို နှင့် အလက်
ဇန္ဒြီယား တွင် မိမိ ကိုယ်ကို မီးရှို့ ပြီး ဆန္ဒပြ ခဲ့သေးသည်။

လက်ရှိအီဂျစ်နိုင်ငံတွင်ဖြစ်ပေါ်နေသောအကျင့်ပျက်ခြစားမှုများ၊
ပြည်သူကိုရက်စက် စွာစစ်ဆေးနှိပ်စက်မှုများ၊တိုးမြင့်လာနေသော အလုပ်
လက်မဲ့ပြသနာများကြောင့် လူထု အုံကြွှမှု စခဲ့ရသည်။

အင်တာနက်လှုမှုကွန်ယက်များ မှ တစ်ဆင့်တင်ပြခဲ့သောကြောင့်  အီဂျစ်ပြည်သူ ၉၀၀၀၀
ကျော် ဆန္ဒပြုလက်မှတ်ရေးထိုးကြပြီး အစိုးရဆန့် ကျင် သည့်  လမ်းပေါ်တက် ဆန္ဒပြမှု
ဖြစ်ပွား ခဲ့သည်။

အင်တာနက်လှုမှုကွန်ယက်များကို အသုံးပြုပြီး တက်ကြွသောအစိုးရဆန့်ကျင်
ဆန္ဒပြသူများကအသုံးပြုပြီး အဓိကကျသောကိုင်ရိုလမ်းမကြီးပေါ်တွင် စုရုံး
ဆန္ဒပြနိုင်ခဲ့ကြသည်။

အထူးရဲအမြောက်အများအမြောက်အများကိုအသုံးပြုပြီး  ဆန္ဒပြသူများကိုနှိမ်းနှင်းရန်
လက်ရှိအီဂျစ်အစိုးရကဆောင်ရွက်စီမံခဲ့သည်။ ယနေ့မနက်စောစောတွင် ကိုင်ရိုအထူးနှိမ်နှင်းရေးရဲတပ်ဖွဲ့၏  အကြမ်းဖက်နှိမ်နှင်းမှုကြောင့် ဆန္ဒပြသူ ၃ဦးသေဆုံးခဲ့ရပြီး၊ ဆန္ဒပြသူအချို့အဖမ်းခံခဲ့ရသည်။ ဆန္ဒပြသူများမှ အထူးရဲတပ်ဖွဲ့ဝင်များကို ခဲများ၊ပုလင်းခွံများဖြင့်ပစ်
ပေါက်ပြန်လည်တိုက်ခိုက်ခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင်အချို့ထိခိုက်ဒါဏ်ရာရရှိခဲ့သည်။

တူးနီးရှားမှစတင်ခဲ့သောတော်လှန်ဆန္ဒပြမှုမှသည် အလုပ်လက်မဲ့ပြသနာနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုဒါဏ်ခံနေကြသော အာရပ်နိုင်ငံများဖြစ်ကြသော အယ်ဂျီးရီးယား၊မော်ရိုကိုနှင့် ယီမင်နိုင်ငံများသို့ပါဆန္ဒပြမှုများကူးဆက်သွားခဲ့ရသည်။

လက်ရှိဆန္ဒပြမှုဖြစ်ပွားနေသောနိုင်ငံများ မှာ ကမ္ဘာ့အကျင့်ပျက်မှုအစိုးရများစာရင်းတွင် အဆိုးဆုံးပါရှိသော မြန်မာနိုင်ငံနိုင်ကဲ့သို့သော နိုင်ငံများဖြစ်နေကြသည်။

ယီမင်

ယီမင် နိုင်ငံတွင် လည်း  အခြား အာရပ် နိုင်များ ဖြစ်သည့် အယ်(လ)ဂျီးရီးယား၊ တူနီးရှား
အီဂျစ် တို့ နည်းတူ တက္ကသိုလ်ကျောင်းသား များ က ဦးဆောင်ပြီး ဆန္ဒပြ ခဲ့ကြသည်။


One thought on “တူနီရှား လူထု အုံကြွမှု အပိုင်း (၃) အင်တာနက်၊ ဒီမိုကရေစီ နှင့် အီဂျစ်

  1. When we start for our revolution ? We r really hope to it , coming soon or how many more we have to be wait for our country.

Comments are closed.