This page will update every hour. Updated news are see under thin red line of
the bottom of this post
သီရိထက်၊ ၊အီဂျစ် နိုင်ငံ မှာ ဒီနေ့ ဇန်န၀ါရီလ ၂၆ ရက်နေ့ နှစ်ရက် မြောက် နိုင်ငံ
တ၀ှမ်း က ပြည်သူလူထုတွေ အုံကြွှမှု အတွင်းမှာ အာဏာရှင် ဟူစနီ မူဘာရက်ခ်
အစိုးရ က လူပေါင်း ၇၀၀ ကျော်လောက် ဖမ်းဆီးထားတယ်လို့ ယနေ့ မနက် ထုတ်
ဂါးဒီးယန်း သတင်းစာ ကြီးမှာဖော်ပြထားပါတယ်။
အီဂျစ် နိုင်ငံ ရဲ့ လူထု အုံကြွမှု ကို နိုင်ငံတကာ က အစိုးရ လည်း မဟုတ် ပွပေါက်ရှာ
NGO များလည်း မဟုတ် တဲ့ အဖွဲ့ အစည်း တွေက ကူညီ လို့ တော်တော်ပဲ ခရီးရောက် တယ်
လို့  Operation Egypt က မူစတာ အလီ အဂျဖ် က Freedom News Group ကို ပြောပါတယ်။
ဝီကီလိခ် တည်ထောင်သူ ဂျူလီယန် အဆန်း ကို လန်ဒန် ရဲတပ်ဖွဲ့  က ဖမ်းဆီး ထောင်ချထားပြီး
အမေရိကန် ကုမ္ပဏီတွေက ၀ီကီလိခ် ပိုင်ငွေ တွေ ကို အပိုင်စီး ဖို့ ကြိုးစားစဉ် က အမာဇုန်၊ပေးပါလ်
စတဲ့ e-commerce ၀ဘ်ဆိုတ် တွေ ကို တိုက်ခိုက်ခဲ့တဲ့ အမည်မသိ အဖွဲ့ က ဒီနေ့ မှာ Operation
Egypt, Operation Giza ( နာမည်ကျော် အီဂျစ် ပိရမစ် အမည်) ၊Operation Firestorm
(တူနီရှား အတွက်) စတဲ့ နာမည် တွေ နဲ့ တိုက် ခိုက် ခဲ့လို့  တူနီရှား သမ္မတ ၀ဘ်ဆိုတ် အပါအ၀င်
အစိုးရ အာဘော် သတင်း ၀ဘ်ဆိုတ်၊ ဆူးအက် တပ် ၀ဘ်ဆိုတ် နဲ့ ပြည်ထဲရေး ၀န်ကြီးဌာန ၀ဘ်
ဆိုတ် တွေ လည်း တိုက် ခိုက် ခံခဲ့ရပါတယ်။

ဆန္ဒပြမှု တွေ ကို မူဘာရက်ခ် အစိုးရ က ရက်ရက် စက်စက် ဖြိုခွဲပေမယ့် နှစ်ရက် မြောက်နေ့ မှာ
အီဂျစ် တစ်နိုင်ငံ လုံးပျံ့ နှံ့ သွားပြီး ကမ္ဘာ့  ကုန် သွယ်ရေး မှာ အရေး ပါတဲ့ ဆူးအက် တူးမြောင်း
တောင် ပိတ်ထား ရတော့ မယ့် အခြေအနေ တွေ နဲ့  ကြုံနေ ရပါတယ်။
ဥရောပ နဲ့  အမေရိကန် ကမ္ဘာ လှည့် ခရီး သည်တွေ ကတော့ အီဂျစ် နိုင်ငံ ကို သွားရောက် လည်
ပတ်ဖို့ စီစဉ် ထားတာတွေ ကို ဖျက်သိမ်း လိုက်တာကြောင့် ကမ္ဘာ လှည့် ခရီးသွား ၀င်ငွေ နဲ့ ကျား
ကန် နေရတယ့် အီဂျစ် စီးပွားရေး လည်း အထိနာနေရပါတယ်။
နှစ်ရက် မြောက် နေ့ မှာတော့ ဆန္ဒပြသူတွေ ဟာ လက်နက် ကိုင် လုံခြုံရေး အဖွဲ့ တွေ ကို
ပြန်လည် ခုခံ ပြီး ဆူးအက် နဲ့  အလက်ဇန္ဒြီးယား မှာတော့ အစိုးရ ရုံး အချို့ ကို မီးတင် ရှို့ 
ခဲ့ တယ် လို့ သိရပါတယ်။
အီဂျစ် အစိုးက လည်းနိုင် ငံ ရဲ့ အကြီး ဆုံး သတင်းစာကြီး နှစ်စောင်ဖြစ်တဲ့
Al-Dustour and El-Badil ကို ရပ် ဖို့ အမိန့် ပေးထားပါတယ်။
တူနီရှား ပြည်သူတွေ ဟာ ဆန္ဒပြပွဲ က မူဘာရက် နှုတ်ထွက်ပေး ဖို့ ၊လွတ်လပ်ခွင့် နဲ့ 
နိုင်ငံမှာ ဒီမိုကရေစီ ရရှိ ဖို့ ကို တောင်းဆို ကြပါတယ်။
အစိုးရ ရဲ့ မတရားမှု ၊အကျင့် ပျက် ချစားမှု နဲ့ ၊ ကုန်ဈေးနှုန်း ကြီးမြင့် လာမှု ကြောင့်
ပြည်သူတွေဟာ Facebook နဲ့  တွစ်တာ မှာ လူစုပြီး တဲ့နောက် ဆန္ဒပြ မှု ကို စတင်
ခဲ့ခြင်း ဖြစ်ပါတယ်။
အီဂျစ် အစိုး ရကတော့ အခု ဆိုရှယ် မီဒီယာ ဆိုတ် တွေ ကို ပိတ်ထားပါတယ်။
အီဂျစ် နိုင်ငံတ၀ှမ်းမှာ မြန်မာ နိုင်ငံသား ခြောက်ရာ ကျော်ခန့် ရှိတယ် လို့  အစ္စရေး
နိုင်ငံ တယ်(လ) အဗစ် မြို့ က မြန်မာ လူမျိုး ကိုလှထွန်းအောင် က Freedom News
Group ကိုပြောပါတယ်။
_______________________________________________________

ဆူအက် မြို့ တွင် ဆန္ဒပြ သူများက အစိုးရ ရုံးများ ကို မီးတင် ရှို့ 
IAEA ဥက္ကဌ ဟောင်း မိုဟာမက် အယ်(လ)ဘရာဒီ ကို အီဂျစ် သမ္မတ အဖြစ်ခန့် အပ် ရန် အဆို ပြု
အီဂျစ် ဆန္ဒပြပွဲ ၃ ရက်နေမြောက် နေ့ တွင် ဆူအက် မြို့ ရှိ အစိုးရ အဆောက်အဦ များ ကို
ဆန္ဒပြသူများ က မီးတင်ရှို့ 
နောက်ဆုံးရ သတင်းတွေ အရ နိုင်ငံတ၀ှမ်း ဆန္ဒပြ ပွဲ တွေမှာ အီဂျစ် အစိုးရ က ရက်ရက်
စက်စက် ဖြို ခွဲ့ ခဲ့ လို့ လူခြောက် ဦး သေဆုံးပြီး ခဲ့ပါတယ်။
Related Articles
- Social Media, Facebook Help People Stand Up in Tunisia, Egypt (pbs.org)
- Egypt: U.S. Puppet Regime On Verge of Collapse (nwoandsecretsocieties.wordpress.com)
- Egyptian President Steps Down Amidst Groundbreaking Digital Revolution (mashable.com)
- Magda Abu-Fadil: Egyptian Media Defects Highlighted by Local Journalists (huffingtonpost.com)

အာဏာရှင်တို့ မည်သည်မှာ မတွန်ချလျှင် ဘယ်သောအခါမှ ဆင်းမည်မဟုတ်။ လွှတ်တော်တွင်းမှ ပြောင်းလဲမည်ဟုဆိုသူများ ခါတော်မှီ နိုင်ငံရေးသမား ရွှေမင်းသမီး ၃ယောက်နှင့်ပါတီထောင် နိုင်ငံရေးလုပ်စား စီပွါးရှာစားသူများ ၄င်တို့ကိုတိုင် လွတ်တော်ထဲဝင်ခွင့်မရ။ လူထုတော်လှန်ရေးသာလျှင် စစ်အုပ်စုကို ဖြုတ်ချနိုင်မည့် တခုတည်းသော နည်းလမ်းဖြစ်သည်။ အပြောင်းအလဲလိုချင်လျှင် ထိုက်တန်သော ပေးဆပ်မှု့၇ှိရမည်။ ထိုက်တန်သော ကျိုးစားအာထုပ်မှု့ ညီညွတ်မှု့ ဇွဲလုံးလ ပေးဆပ်မှု့မရှိသ၍ ဘယ်သောအခါမှ စစ်ကျွန်ဘ၀ကလွတ်မြောက်မည်မဟုတ်။
မြန်မာလဲ ကတီဘာတော်လှန်ရေး သွားနေတယ်လေ။။။ နဲနဲတော့ ကြာမှာပေါ့ မဟုတ်ဘူးလား လူနာမှာကြောက်တယ်လေ။ နောက်အနှစ် ၁၀၀ လောက်ဆို ကတီဘာတော်လှန်ရေးအောင်လိမ့်မယ်။ အသက်လေးတွေ ရှည်အောင်နေကြပေါ့
How about Myanmar?
We will keep quiet like this?
We shall welcome warmly Egypt’s democratic movement with global democratic forces and would like to request back global democratic forces to strongly sympathy on our Burma’s democratic movements under leading of NLD of Daw Aung Sann Suu Kyi and Burma’s democratic leaders.