နိုဘဲလ်ဆုရှင် ဦးဆောင် တဲ့ အီဂျစ် အထွေထွေ သပိတ် (Live Updates)

Latest News are Appear at Top of the Post

U.S. must choose sides in Egypt အာဏာရှင် များ ကို ကျားကန် ပေးလို့ ကောင်းတဲ့ အမေရိကန်ကို ဒီနေ ရာတွင် ဖတ်ပါ ။ အောက်မှ Comment များ ကို လည်းကြည့်ပါ

မိုဟာမက် အယ်(လ)ဘာရာဒီ ကို ဖမ်းဆီး ( FNG EXCLUSIVE)

၁၆း၀၀ နာရီ တွင် အလက်ဇန္ဒြီးယားရဲစခန်း မီးတင်ရှို့ ခံရ

အချို့  နေရာများ တွင် စစ်တပ်က ဆန္ဒပြသူများ နှင့် ပူးပေါင်း
အီဂျစ် ပြည်သူများ ကာဖျူး ကို အံတု ပြီး ဆက်လက် ဆန္ဒပြ

အီဂျစ် နိုင်ငံ ကိုင်ရို ၊ အလက်န္ဒြီးယား ၊ဆူအက်(ဇ) မြို့ များ တွင် ညမထွက်ရ အမိန့် ထုတ်
CNN သတင်းထောက်၏ ကင်မရာ ကို အီဂျစ် လုံခြုံရေး အဖွဲ့ များ က သိမ်း

ကိုင်ရို ၊ အလက်န္ဒြီးယား ၊ဆူအက်(ဇ) တွင် မြို့ လုံးကျွန် စတင် ချီတက် လမ်းလျှောက်
အီဂျစ် အထွေထွေ သပိတ် ဂါဒီယန်း သတင်းစာ မှ တိုက်ရိုက် တင်ဆက်မှု

နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် မိုဟာမက် အယ်(လ)ဘရာဒီ ပြည်သူများ နှင့် အတူ ဆန္ဒပြနေစဉ် ဓာတ်ပုံ- အယ်(လ)ဂျာဇီးယား

အသက် ၈၃ နှစ် ထိ နိုင်ငံ ကို နိုင်ငံ ကို နှစ်ပေါင်း ၃၀ ကျော်ကြာ အုပ်ချုပ် လာသည့် မူဘာရက် ကို
ကန် သမ္မတ ဂျိုးဘီဒင် က အာဏာရှင် မဟုတ် ဟု ပြောကြား
အကျယ် ကို PBS မှာ ရှု


လူဦးရေ အများ ဆုံး ပင်လယ်ကွေ့ အာရပ်နိုင်ငံ အီဂျစ် ၏ ဆန္ဒပြမှု ကို နိုဘဲလ် ငြိမ်းချမ်းရေး
ဆုရှင် မိုဟာမက် အယ်(လ) ဘရာဒီ နှင့် အတိုက်အခံ ပါတီ ကြီးများ က ပြည်သူကို ဦးဆောင်

ဆူးအက်(ဇ) ရဲ မင်းကြီး ကို ဆန္ဒပြ သူ များ ကို ကိုယ်တုံး လုံး ချွတ်ပြီး တူးမြောင်းတလျှောက်
ပြေးခိုင်း
ဆူးအက်(ဇ) ရဲစခန်း ကို မီးတင်ရှို့ ပြီး ဖမ်းဆီးထား သူ များ ကို ဆန္ဒပြ သူ များက ကယ်တင်

ဆူးအက်ဇ် ရထား ဘူတာရုံကြီး ကို မီးတင်ရှို့ 

အီဂျစ် အစိုးရက အတိုက်အခံ အဖွဲ့ ဖြစ်သည့် Brother Hood of Muslim မှခေါင်းဆောင် များ ကို
ဖမ်းဆီး၊ အင်တာနက် ဆယ်သွယ်ရေး နှင့် တယ်လီဖုန်း မက်ဆေ့ခ်ျ များ ကို ဖြတ်တောက်

ကင်းဝန်မင်းကြီး ဦးကောင်း ပြင်သစ် သို့ သွားစဉ် က အရမ်းလှပ လွန်း ၍ "မိုးနတ်ကျွန်ယုံ " ဟူသည့် ကဗျာ ကို ပင် ရေးဖွဲ့ ခဲ့ရသည့် အီဂျစ် နိုင်ငံဆူအဇ် မြို့ တွင် ယနေ့ မနက် ရဲတပ်ဖွဲ့ ဝင်များ အရူးမီးဝိုင်း ဖြစ်နေပုံ
အာရပ် ပင်လယ်ကွေ့ နိုင်ငံ တစ်ခု ဖြစ်သည့် ယီမင် ပြည်သူများ ကလည်း အုံကြွတွန်းလှန် ကြရာ အထွေထွေ သပိတ် ကို မကြာခင် ဆင့် ခေါ် နိုင်ရန် ကြေငြာ မည် ဟု ဆာနာ တက္ကသိုလ် ပါမေက္ခ က အယ်အာရေးဗီးယား သတင်း ဌာန သို့ ပြောကြားခဲ့သည်

အသက် ၈၂ နှစ် အရွယ်ရှိ မူဘာရက် အား နိုင်ငံတ၀ှမ်း တွင် စတင် ဆန့် ကျင် အုံကြွ

မြို့ တော် ကိုင်ရို နှင့် ဆူအက်ဇ် တွင် ပြည်သူများ က မူဘာရက် နှုတ်ထွက်ရေး စတင်ဆန္ဒပြနေ

ဆွစ်ဇာလန် နိုင်ငံ ဒါဗိုစ် ကမ္ဘာ့ စီးပွားရေး ဖိုရမ် တွင် အီဂျစ် အရေးမှာ ဦးစားပေး ဆွေး နွေးစရာ ဖြစ်
နေသည်။

အီဂျစ် ပြည်သူများ ငြိမ်ငြိမ် သက်သက် ဆန္ဒပြ ကြရန် အမေရိကန် သမ္မတကြီး ဦး အိုဘားမား က အီဂျစ်
ပြည်သူများ အထွေထွေ သပိတ် ဆင်နွှဲ ရန် နာရီပိုင်း အလို တွင် ၀ါရှင်တန် မှ ပြောကြားလိုက်သည်။

အာဏာရှင် မူဘာရက် က ဆန္ဒပြသူများ သည် ဘင်လာဒင် သွေးထိုးပေးမှု ဟု စွပ်ဆွဲ ထားသောကြောင့်
အမေရိကန် ဝေခွဲမရ ဖြစ်နေ သည်။သို့ နှင့် တိုင် တော်လှန် ရေး သည် မူဘာရက် အစိုးရ ကို စတင်ယိမ်းယိုင်
နေ ပြီ ဖြစ်သည်။

အယ်လအာရေး ဗီးယား သတင်းဌာန မှ တိုက်ရိုက် ထုတ်လွှင့်မှု ကိုဤနေရာမှ ကြည့်ပါ

အမေရိကန် က ယခု ကဲ့ သို့ လက်ရှောင်နေ သောတော်လှန် ရေးများ သည် အရမ်းအောင်မြင် သည်။
ဥပမာ – ဖိလစ်ပိုင် (မားကို စ်) နှင့် ကီရ်ဂျက်စတန် နှင့် တူနီရှား

အီဂျစ် ပြည်သူများ ဘက် မှ ပူးပေါင်းရပ်တည် ၍ ဆန္ဒပြမှု ကို ဦးဆောင်မည် ကမ္ဘာ့ ပထမဦး ဆုံး တော်လှန်ရေး ခေါင်းဆောင် နိုဘဲလ် ဆုရှင် မိုဟာမက် အယ်ဘာရာဒေး ဓာတ်ပုံ- ရိုက်တာ သတင်းဌာန

2 thoughts on “နိုဘဲလ်ဆုရှင် ဦးဆောင် တဲ့ အီဂျစ် အထွေထွေ သပိတ် (Live Updates)

Comments are closed.