Myanmar court rejects Opposition party appeal
Kခိုင် အမျိုးသား ဒီမို ကရေစီ အဖွဲ့ ချုပ် တရားဝင် ရပ်တည်ခွင့် ရရေး အတွက် နေပြည်တော် တရားရုံးချုပ်
အထူးအယူခံ ဌာန မှ တင်ထားတဲ့ ပါတီ ဆက်လက် ရပ် တည် အမှု ကို ဒီနေ့ တရား ရုံးချုပ် က ပယ်
ချလိုက်တယ် လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ရဲ့  NLD ပါတီဟာ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲ မှာ ၀င်ရောက်
ယှဉ်ပြိုင်ခြင်း မပြုခဲ့တဲ့ အတွက် တရားဝင် ပါတီ အဖြစ် ဆက်လက် မရပ်တည် တော့ဘူး လို့ စစ်အစိုး
ရ ရဲ့  ရွေးကောက် ပွဲ ဥပဒေမှာ ဖော်ပြထားပါတယ်။
အဲဒီ အတွက် စစ်အစိုးရ ဆီမှာ ပါတီ တရားဝင် ရပ်တည် ခွင့်ရရေး အတွက် ၁၉၉၀ ပြည့် နှစ်
ရွေးကောက်ပွဲ အနိုင်ရ ပါတီ ကြီးက လျှောက်ထားရခြင်းဖြစ်ပါတယ်။
YANGON, Myanmar – Myanmar’s highest court has declined to hear a case filed by pro-democracy leader Aung San Suu Kyi, who was seeking to overturn the government’s dissolution of her political party.
Her lawyer Nyan Win says the Supreme Court rejected hearing the party’s appeal Friday. He says the court ruled there was no legal basis for it.
Suu Kyi’s National League for Democracy party lost its legal status last year after it failed to reregister in order to take part in general elections, complaining conditions set by the junta were unfair and undemocratic.
Suu Kyi’s lawyers claimed the move was unlawful because the new Election Commission has no right to dissolve parties that were registered under a different Election Commission in 1990.
AP News

ဝန်ထမ်းအားလုံးမဟုတ်ပါဘူး။ ၀န်ထမ်းအားလုံးကလည်း သူတို့ဘက်ကပါဆိုပြီး စိတ်ပျက်စရာမလိုပါဘူး။
ဝန်ထမ်းတွေလည်း တိုက်ပွဲခေါ်သံစောင့်နေတာပါ
ဒီစကားကြားရတာ အားရစရာဖြစ်ပါတယ်…. အားလုံးမျှော်လင့်နေတဲ့တိုက်ပွဲခေါ်သံကတော့ နီးကပ်သထက်နီးကပ်လာပြီလို့ ယူဆရပါတယ်…
အမိမြန်မာနိုင်ငံသူ/နိုင်ငံသားအားလုံး စစ်အစိုးရနှင့်နောက်လိုက်များကို အမြန်ဆုံးဖြုတ်ချနိုင်ပါစေ….
နဂိုကတည်းက ပယ်ချဖို့ ဆုံးဖြတ်ထားတာလေ
”အမျိုးသား ဒီမို ကရေစီ အဖွဲ့ ချုပ် တရားဝင် ရပ်တည်ခွင့် ရရေး အတွက် နေပြည်တော် တရားရုံးချုပ်
အထူးအယူခံ ဌာန မှ တင်ထားတဲ့ ပါတီ ဆက်လက် ရပ် တည် အမှု ကို ဒီနေ့ တရား ရုံးချုပ် က ပယ်
ချလိုက်တယ် လို့ သိရပါတယ်။”
= စစ်အစိုးရက ဘာကောင်မို့လို့ တရားဝင်ရပ်တည်ခွင့်တောင်းနေရတာပါလည်း…..
ဒီသူတောင်းစားစစ်အစိုးရဆီမှာ တောင်းတော့ သူ့ကို တင်မြှောက်ထားသလိုလည်းဖြစ်နေပါတယ်…
= စစ်အစိုးရဆိုတဲ့အကောင်က ဘာကိုများပိုင်ဆိုင်ထားလို့ ဒီအကောင့်ဆီမှာ ခွင့်တောင်းနေရတာပါလည်း….
စစ်အစိုးရက မတရားလိုချင်လို့ အဓမ္မသိမ်းပိုက်ထားတဲ့အရာတွေကို ကောင်းမွန်စွာတောင်းဆိုလို့ မရဘူးဆိုတာကို မသိလို့များလား….မသိချင်ယောင်ဆောင်တာလား….
= ပြည်သူအားလုံးထောက်ခံထားတဲ့ အမေစုနဲ့ NLD အဖွဲ့ကြီးဟာ ထာဝရရှင်သန်နေတယ်ဆိုတာ လူထုကသိပြီးသားပါ…. သန်းရွှေဆိုတဲ့ စစ်အစိုးရကို ဘာမှခွင့်တောင်းစရာမလိုဘူး…. ပုလ္လင်ပေါ်ကိုတက်နေတဲ့ မျောက်တစ်ကောင်ကို မောင်းချသလိုမျိုး မောင်းချဖို့အတွက်ကိုပဲ အမေစုနဲ့ NLD က ကြိုးစားရမှာလို့ပဲမြင်ပါတယ်….
အနှစ်(၂၀)ကျော်ကာလဟာ သန်းရွှေနဲ့ NLD, NLD နဲ့သန်းရွှေ အပြန်အလှန် လေသေနတ်ပစ်တာကိုပဲ နားထောင်နေရတော့ ဘာမှထူးခြားမလာတဲ့အပြင် ပြည်သူအားလုံး ဒုက္ခရောက်တာပဲ အဖတ်တင်ကျန်ခဲ့သလို.. နိုင်ငံတော်ရဲ့ သယံဇာတအရင်းအမြစ်တွေ ကုန်ဆုံးသွားတာပဲအဖတ်တင်ပါတယ်….
ပြည်သူတွေ နိုင်ငံရေးကို စိတ်မ၀င်စားတာလည်း ဘာမှမဆန်းပါဘူး…. တခဲနက်ပါဝင်အုံကြွသော်လည်းပဲ ရေသာခိုအချောင်လိုက်ပြီး အသားထဲကလောက်ထွက်နေတဲ့ မြန်မာအမျိုးသား/အမျိုးသမီးများက တစ်ပုံတစ်ပင်ကြီးပါပဲ… ဒီကြားထဲမှာ မြွေပူရာ ကင်မှောင့်ဆိုသလို နှစ်ဖက်ချွန်အသိုင်းအ၀ိုင်းကလည်း ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့ အကျင့်စရိုက်ဆိုးသွမ်းပြီး ငါးပါးသီလတောင် ဖြောင့်အောင်မရွတ်တတ်တဲ့ စစ်အစိုးရရဲ့ ၀န်ထမ်းအားလုံးက တပုံတပင်…. ဆိုတော့…. အနှစ်ချုပ်ပြောရရင် ဒီလမ်းအတိုင်းလိုက်လို့ကတော့ သမင်မွေးရင်းကျားစားရင်းဆိုသလိုမျိုးပါပဲ….
ပြည်သူအားလုံးဟာ နိုင်ငံနဲ့လူမျိုးကိုချစ်တယ်ဆိုရင် ဘယ်သူ့ကိုမှအားမကိုးပဲ စစ်အစိုးရရဲ့ အောက်ဆုံးအဆင့်ဝန်ထမ်းတွေကနေ သန်းရွှေအဆင့်အထိကို ပြည်သူလူထုကနေပြီး စုပေါင်းဆန့်ကျင်မှရမယ်ဆိုတာ လူထုအနေနဲ့ သိသင့်ပါတယ်…..
ဒါဟာ…. avoid4u ရဲ့ အာဘော်ပါ….
It’s just a worthless decision passed by a Kangaroo Court.
Just don’t bother. Go ahead NLD. We all are with you.
Junta dumped NLD ,
The People of Myanmar Dumped the Junta from their heart.
This is not the country of Junta but It is the country of the people of Myanmar.
When the people really come together and fight for what they hope and what they trying to achieve ,The NLD will reappear as Government.NLD will be back in the position at anytime ,finger cross….
်NLD ဆိုတာ လက်ရှိစစ်အစိုးရ တည်မြဲနေသ၍ အတိုက်အခံပါတီအဖြစ် ရပ်တည်နေရမှာလေ။ ဒါကြောင့် ဒင်းတို့ နည်းမျိုးစုံသုံးပြီး အနိုင်ကျင့်တာကို ခံရမှာပေါ့။ ကြောက်တာလည်းပါတာပေါ့နော်။ စိတ်ဓါတ်မကျပါနဲ့အမေ။ သားတို့ရင်ထဲမှာ အမေထိပ်ဆုံးကရှိပါတယ်။
စစ်အစိုး၇ကတော. ဒီလိုပဲ လုပ်မှာပဲ ..
အဓိက ပြည်သူတွေ၇ဲ. ၇င်ထဲမှာ ရှိနေဖို.ပဲ အေ၇းကြီးတာ ။။ တိုက်ပွဲဝင်ဖို. နီးလာပြီလို.ပဲ အောက်မေ.မိတယ်