မူဘာရက်ခ် အခြေအနေမကောင်း သဖြင့် ထွက်ပြေးရန် ကြံစည်နေ
လူဆာတွင် အာဏာရပါတီ ဌာနချုပ် မီးရှို့ ဖျက်ဆီးခံရ
အယ်ဂျာဇီးယား ရုပ်သံဌာန မှ တိုက်ရိုက်တင်ဆက်မှု
အီဂျစ်ဆန္ဒပြပွဲ အား နယူးယောက်တိုင်း သတင်းစာတွင် ဖော်ပြထားသည့် ဓာတ်ပုံများ ကို ကြည့်ရန်
အီဂျစ် နှင့် တူနီရှား တွင် အာဏာပိုင်များက ဆန္ဒပြသူများ ဖြိုခွဲရန် အသုံးပြုခဲ့သည့် မျက်ရည်ယို ဗုံးများ သည် လောလောလတ်လတ် အမေရိကန် လုပ်များ ဖြစ်နေ
အီဂျစ် တွင် ဆန္ဒပြသူများ က ညမထွက် ရ အမိန့် ကို ဒုတိယနေ့ အဖြစ် အံတုပြီး ဆက်လက်
ဆန္ဒပြ
ယခင် အစိုးရ ထိန်းချုပ် ထား သည့် ရုပ်သံများ မှ ဆန္ဒပြမှု သတင်းများ ကို တိုက်ရိုက်
ထုတ်လွှင့်နေ
မြို့ တော် ကိုင်ရို တွင် လည်း ရဲတပ်ဖွဲ့ ဝင်များ ထွက်ပြေးနေ
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်၊ ပြင်သစ် သမ္မတ နီကိုလပ် ဆာကို ဇီ တို့ နှင့် မူဘာရက်
တယ်လီ ဖုန်းဆက် စကားပြောခဲ့သည်။
ထောက်လှမ်းရေး အကြီးအကဲကို ကို ဒုသမ္မတ အဖြစ်ခန့် ၊ကာကွယ်ရေး ဦးစီးချုပ် ဟောင်း ကို
ဝန်ကြီးချုပ် အဖြစ် မူဘာရက် ခန့် အပ်
အီဂျစ်နိုင်ငံ မြို့ ငယ်များ တွင် ရဲတပ်ဖွဲ့ ဝင်များ က ၎င်း တို့ ၏ စခန်း ကို စွန့် ခွာထွက်ပြေး





နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် မိုဟာမက် အယ်(လ)ဘရာဒီ တိုင်းပြည် သို့ ပြန်လာပြီး ဦးဆောင်
မှု ဖြင့် အီဂျစ် ပြည်သူများ သည် စိတ်အားတက်ကြွကာ မူဘာရက် ဆန့် ကျင်ရေး ဆန္ဒပြ ပွဲ များ
ကိုဆက်လက်ပြုလုပ်သဖြင့် အီဂျစ် တော်လှန်ရေး မှာ လျှင်မြန်စွာ ခရီးရောက်သည့် အီဂျစ်
ဆန္ဒပြသူများ ၏ Facebook စာမျက် နှာ ဖြစ်သည့် Day of Revolt တွင် ဖော်ပြထားသည်။
အီဂျစ် အစိုးရ ၏ ညမထွက်ရ အမိန့် ကို တစ်နိုင်ငံလုံး က အန်တုဆန္ဒပြမှု များ ဖြစ်ပေါ်ပြီး နောက်
အီဂျစ် သမ္မတ မူဘာရက်ခ် က အစိုးရ အဖွဲ့ ကို ဖျက်သိမ်းပေး မည် ဟု တိုင်းပြည် သို့ ရုပ်သံမှကြေငြာ
ခဲ့သည်။
ယမန့် နေ့ ညက ကာဖျူး အမိန့် ကို ဆန့် ကျင်ပြီး မြို့ တော် ကိုင်ရို နှင့် နိုင်ငံတ၀ှမ်းဉ် ဆန္ဒပြကြရာတွင်
ပြည်သူများ က အာဏာရ ပါတီ ဌာနချုပ် (National Democratic Party) ဌာနချုပ် နှင့် မြို့ တော်
ကိုင်ရို၊ဆူအက်(ဇ) နှင့် အလက်ဇန္ဒြီးယား ရှိ အခြား ပါတီ ဌာန ချုပ် များ ကို မီးတင် ရှို့ ခဲ့ကြသည်။
နိုင်ငံတကာ အဏုမြူ စွမ်းရည် ဧဂျင်စီ ဥက္ကဌ ဟောင်း အရပ်ဝတ် ရဲတပ် ဖွဲ့ ဝင် အချို့ က ဆန္ဒပြမှု
အတွင်း ဖမ်းဆီးရန် ကြိုးစားသော် လည်း မအောင်မြင် ဟု သိရသည်။
အယ်(လ)ဘရာဒီ သည် ဆန္ဒပြမှု ကို ဦးဆောင် သဖြင့် မီးသတ် ပိုက် နှင့် ထိုးခြင်း၊အီးနံ (မစင်နံ့ )
ထွက်သည့် ဗုံးများ ဖြင့် ပြစ်ပေါက် ခြင်း ခံရသည်။
ဆန္ဒပြမှု များ အတွင်း အီဂျစ် နိုင်ငံ ၏ အကြီး ဆုံးသော အတိုက်အခံ နိုင်ငံရေး အဖွဲ့ အစည်းများ
ကလည်း ပြည်သူ ကို ဦးဆောင်မှု ပေးခဲ့သည်။
ယနေ့ တွင် သမ္မတ ရာထူးမှား နှုတ်မထွက် ချင်သည့် မူဘာရက် ကလည်း အစိုးရ အဖွဲ့ သစ်
နာမည် စာရင်း ကို ကြေငြာမည် ဟု ဆိုသော် လည်း ပြည်သူများက ဆက်လက် ဆန္ဒပြကြ အုံး
မည် ဟု သတင်းရရှိသည်။
အသက် ၈၃ နှစ် အရွယ်ရှိပြီ ဖြစ်သည့် မူဘာရက်သည် နိုင်ငံအာဏာကိုနှစ် ၃၀ ကျော်ချုပ်
ကိုင်ထားသည်။

ဟုတ်ပါတယ်.. (ချိန်တန်ပြီ)ပြောတာသဘာဝကျလွန်းလို့ပြည်း2ဝ2ထောက်ခံပါတယ်… အမှန်တွေကြီးပြောသွားတဲ့ဆရာချိန်တန်ပြီကို လေးစားပါတယ်ဗျာ…….
ချိန်တန်ပြီ…..
အလွန်ကောင်းတဲ့ comment လေးပါ။ လေးစားပါတယ်။
right ! absolutely right !
The Protest Movement in Egypt: “Dictators” do not Dictate, They Obey Orders
http://globalresearch.ca/index.php?context=va&aid=22993
The Protest Movement in Egypt: “Dictators” do not Dictate, They Obey Orders
http://globalresearch.ca/index.php?context=va&aid=22993
no,that is a Spirit who arouse people mind so i hope may the Spirit who arouse in Egypt would arouse in Burma people Mind also, so spread a new there has no prison where can keep 20000 people and there has no solider who dare to shoot 10000 people who has no Gun and if solider shoot people then United nation will come sure for help so spread such a idea to a youth people who live in Burma and tell them they are really hero of Burma
၈၈၈၈ ဟာ အောင်ဆန်းစုကြည် နဲ့  NLD က ဦးဆောင်ခဲ့တာ မဟုတ်။ ဒါကြောင့် သူတို့ ကို မျှော်လင့်မနေကြနဲ့ ။
NLD က မရှိသင့်တာကြာပြီ။
ဒီလို အဖြစ်မျိုးကို မြန်မာပြည်ကိုလဲ ကူးစက်စေချင်ပါတယ် နာမည်ကြီးတွေက ဦးဆောင်ရင်ဖြစ်နိင်လိမ့်မယ် ထင်တာပါတယ်။။။ လုပ်ရင်တော့ ဖြစ်မှာမယ် မလုပ်ရင်တော့ နောက် အနှစ် ၂၀ ဆယ်ပေါ့။။။။
what is she doing now?
Now,its time to change the myanmar.
we are ready to pay our soul for our nation.
Is she waiting for talk only peace.?
It’s wrong idea Daw Su.
we have a lot of history they never change their mind.
Sadam Hussein,Mubarek, U Nay Win ,Than Shwey…they are always same.
they are waiting the day the public fire them.
Now,everybody can understand why Mubarek will out.
How is Myanmar?
What are we doing?
ya, you are right , there has no prison which can keep 200000 people, soldier wont dare to shoot 10000 people who has no Gun because they still have human mind,if you know how to drive fear from people then democracy will come but i dont think so people will arise because they done nothing when monk demonstration and soldier beat monk whom is burma religion, i mean even solider destroy your religion,you have still fear, done nothing so what can people can expect to begin to riot?
ဝေဖန်ရေးလုပ်တာတော့ မဟုတ်ပါဘူး။ စိတ်ထဲမှာရှိတာ ရေးလိုက်တာပါ။ နိုင်ငံတကာမှာ ပြောင်းလဲမှုတွေကတော့ တခုပြီးတခု ဖြစ်နေတာကြာပါပြီ။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ အခြေအနေကဒီအတိုင်းပါပဲ။ မပြောင်းလဲသော တည်မြဲခြင်းမျိုးနဲ့ တည်ရှိနေတဲ့ စစ်အစိုးရဖြစ်ပါပြီ။ သူတို့တွေကို အတိုက်အခံလုပ်တဲ့ အဖွဲ့အစည်းတွေကလည်း တဖြည်းဖြည်းနဲ့ လုံးပါးပါးလိုက်လာပါပြီ။ မကြာခင်ပျောက်တော့မှာပါ။ တိုင်းပြည်အပြောင်းလဲဖြစ်အောင် စွမ်းဆောင်နိုင်တဲ့သူတွေလည်း မရှိတော့ပါဘူး။ နောက်ပြီးတော့ တိုင်းပြည်အပြောင်းအလဲ ဖြစ်အောင် တဦးတယောက်တည်းကိုပဲ အားမကိုးသင့်ပါဘူး။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းပြီး အားကိုးတာမျိုးမဖြစ်သင့်ပါဘူး။ သူ့ရဲ့လမ်းစဉ်အရဆိုရင် အေးအေးဆေးဆေးနဲ့ စစ်အစိုးရက အာဏာကိုယူပါဆိုမှ ယူမယ့်သဘောထားမျိုးဖြစ်နေတယ်။ ဒီလိုစစ်အစိုးရမျိုးနဲ့ဆိုရင် နောင်ဆယ်သက်လဲရမှာမဟုတ်ပါဘူး။ လူတစ်ဦး မူတစ်မျိုးပါ။ ဝေဖန်စရာတော့ မလိုပါဘူး။
ဒါပေမယ့် လုပ်သင့်လုပ်ထိုက်တာကို ကျန်တဲ့သူတွေက လုပ်ရမှာပါ။ ကျွန်တော်တို့ မြန်မာပြည်သူတွေ ဘယ်သူ့ကိုမှ အားကိုးလို့မရပါဘူး။ ဘယ်ပါတီမှ ဘယ်အဖွဲ့အစည်း ဘယ်နိုင်ငံမှ အားမကိုးတာအကောင်းဆုံးပါ။ ဒါတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀) အတွင်းမှာဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကိုကြည့်ရင် သူတို့တွေက သက်သေခံနေကြပါတယ်။ NLD လိုအဖွဲ့အစည်းမျိုးလဲ အားမကိုးကြပါနဲ့။ တကယ်အရေးကြုံရင် ပြည်သူတွေဘက်မှာ ရဲရဲဝံ့ဝံ့မရှိပါဘူး။ ဘာကြောင့်လဲဆိုတာတော့ သူတို့အကြောင်းနဲ့ သူတို့ရှိမှာပါ။ ဒါတွေကို ကျွန်တော်တို့ လေ့လာနေစရာမလိုပါဘူး။ အရေးကြီးတာက ကျွန်တော်တို့သိထားဖို့ပါပဲ။
နောက်တခုက ပြည်ပရောက် မြန်မာတွေပါပဲ။ အင်တာနက်တို့ အွန်လိုင်းတို့မှာ ဘာလုပ်ပစ်၊ ညာလုပ်ပစ်၊ ချသာချ ဆိုပြီးတော့ ဘေးတီးပေးနေကြတာပါပဲ။ ပြည်တွင်းက တကယ်လုပ်နေတဲ့ပြည်သူတွေ ဘယ်လောက်ဒုက္ခရောက်တယ်ဆိုတာ သူတို့လဲ အသိသားပါပဲ။ ပြည်ပရောက်မြန်မာပြည်သူ၊ပြည်သားတော်တော်များများ ကြောက်တတ်ကြပါတယ်။ အားလုံးနီးပါးပါ။ ရာခိုင်နှုန်းတော်တော်များများပါဝင်ပါတယ်။ အဲဒီပြည်ပရောက်သူတွေကလည်း ပြည်တွင်းကလူတွေလုပ်ရင်ဘေးတီးမယ်။ အနာခံဖို့ဆိုရင်တော့ ဝေလာဝေးပါပဲ။ ပါးစပ်အပြောပဲရှိပါတယ်။ ပြည်တွင်းက တကယ်လုပ်နေတဲ့သူတွေ ဘယ်လောက်ဖွတ်ဖွတ်ညက်ညက်ကြေနေတာကို သူတို့ မသိဘူးဆိုတာတော့ မဖြစ်နိုင်ပါဘူး။ သူတို့လဲ ဒီနိုင်ငံရဲ့ အခြေအနေကို သိလို့နိုင်ငံခြားကို ထွက်ပြေးသွားကြတာပဲ။
အဲဒီလို ပါးစပ်က ဘေးတီးပြီးတော့ လုပ်နေတဲ့သူတွေ၊ အရေးကြုံရင် လက်ရှောင်နေတဲ့ ပြည်သူက အားကိုးတကြီးထားတဲ့ အဖွဲ့အစည်းတွေက လက်ရှောင်နေကြတာတွေကြောင့်လဲ မြန်မာ့နိုင်ငံအရေးအပြောင်းအလဲ ဆိုတာ ဖြစ်မလာတာပါ။ ဒီပုံစံမျိုးအတိုင်းဆိုရင် အပြောင်းအလဲဆိုတာကတော့ ဝေးတသက်သက်ပါပဲ။ ဘာသာရေးအရပြောရမယ်ဆိုရင် ၀ဋ်ရှိလို့ခံကြတာပေါ့။ ၀ဋ်ကုန်ရင် သူ့အလိုလိုအပြောင်းအလဲဖြစ်လာပါလိမ့်မယ်။ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး ဇာဂနာက ပီနန်ဆရာတော်ကြီးကို လျှောက်ထားခဲ့ဖူးပါတယ်။ သိချင်ရင် နောက်တော့ပြောပြပါမယ်။ စာရှည်မှာဆိုးလို့ပါ။
အခုကျွန်တော်တို့လုပ်ရမှာက ဒီစစ်အစိုးရကို မကြိုက်ဘူးဆိုရင် လူတိုင်းလူတိုင်း အသေခံပြီး ဆန္ဒပြသင့်ရင်ပြကြရပါမယ်။ ဒီစစ်အစိုးရရဲ့ စနစ်တွေကို မကြိုက်သူတွေ သေရင်သေ၊ စစ်အစိုးရပြုတ်။ ဒါမှ အဆင်ပြေမှာပါ။ စစ်အစိုးရကို မကြိုက်တဲ့သူတွေ အကုန်မရှိတော့ရင် ကြိုက်တဲ့သူတွေနဲ့ စစ်အစိုးရဆိုရင် အဆင်ပြေသွားမှာပါ။
ဒါကြောင့် အခုအချိန်မှာ ကျွန်တော်တို့တွေ ဘာဆက်လုပ်ကြမလဲဆိုတာပဲရှိပါတော့တယ်။ ဒီကိစ္စမျိုးဆိုတာ တဦးတယောက်နဲ့ မဖြစ်နိုင်ပါဘူး။ တဦးတယောက်အနေနဲ့ လုပ်ရင်တော့ မြန်မာနိုင်ငံထောင်တွေရဲ့ အရသာကို မြည်းစမ်းရမယ့် အရသာပဲဖြစ်လာမှာပါ။ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ ဘုရားတည်ရင် အုတ်တစ်ချပ်နဲ့ တည်လို့မရသလိုမျိုးပါ။ ဒါကြောင့် လူတိုင်းလူတိုင်း ကိုယ့်အသိစိတ်ဓါတ်နဲ့ကိုယ် ၀ိုင်းဝန်းလုပ်ဆောင်ကြရင် ဘယ်လောက်ပြင်းထန်တဲ့ အတားအဆီးမျိုးပဲဖြစ်ဖြစ် ထွင်းဖောက်အောင်မြင်နိုင်မှာပါ။ လူတိုင်း လူတိုင်း မခိုမကပ် စိတ်ဓါတ်ရှိဖို့ကတော့ အရေးကြီးပါတယ်။
မြန်မာ့နိုင်ငံရေးမှာ သူသေရင်သေ မဟုတ်ရင် ကိုယ်သေမှ ပွဲပြီးမှာပါ။ သူတောင်းစားလိုတောင်းရင်တော့ သူတောင်းစား စားသလောက်ပဲ စားရမှာပါ။