နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် မိုဟာမက် အယ်(လ)ဘရာဒီ က ဆန္ဒပြ သူများ ကို မိန့် ခွန်းပြော
အီဂျစ် နိုင်ငံ တွင် ညမထွက် ရ အမိန့် ကို နေ့ လည် ၃ နာရီ မှ မနက် ၈ နာရီ ထိ တိုးမြှင့်
မှုကြောင့် နေ့ ရောညပါ မထွက်ရ အမိန့် ဖြစ်


အစိုးရ အဖွဲ့ အပြောင်းအလဲ မှာ ပြည်သူများ အလိုကျမဟုတ် အမေရိကန် အလိုကျသာဖြစ်
Moment of Truth for U.S. (Wall Street Journal)
အီဂျစ် နိုင်ငံတ၀ှမ်း ဆန္ဒပြမှု တွေ စတင်တဲ့ ခြောက်ရက်မြောက် နေ့ နဲ့ အထွေထွေ သပိတ်ရဲ့ သုံး
ရက် မြောက် နေ့ မှာတော့ နှစ်ပေါင်း ၃၀ ကြာ အာဏာကို ထိန်းချုပ် လာတဲ့ အီဂျစ် သမ္မတ ဟိုစနီ
မူဘာရက် ဟာ သူ့ ရဲ့ သမ္မတ ရာထူးနေရာ နဲ့ တိုင်း ပြည်ခေါင်းဆောင် နေရာ တွေ ကို ဆက်ပြီး
ထိမ်းထား ဖို့ မလွယ်ကူတော့ ကြောင့် အီဂျစ် နိုင်ငံ မှာ ရောက် နေတဲ့  နိုင်ငံတကာ သတင်းထောက်
တွေ က သုံးသပ်ကြပါတယ်။
မြို့ တော် ကိုင်ရို မှာတော့ ဆန္ဒပြ သူတွေ ဟာ အရင်နေ့ တွေ ကထက် ပိုများ လာပြီး ရဲစခန်း
တွေ ကို ၀င်ရောက် စီးနင်းမှု တွေ ကြောင့် ရဲတပ်ဖွဲ့ ဝင်တွေ လည်း စခန်း ကို စွန့် ခွာ ထွက်ပြေး
ခဲ့ရပါတယ်။
စီးပွားရေးလုပ်ငန်း ရှင် တွေ နဲ့ ချမ်းသာ ကြွယ်ဝ သူတွေ ကလည်း အီဂျစ် နိုင်ငံ ကို စွန့် ခွာ
ထွက်ပြေးကြရာမှာ ဒူဘိုင်း၊ ကာတာ စတဲ့ နိုင်ငံ တွေ ကို ၎င်း တို့ ရဲ့ ကိုယ်ပိုင် လေယာဉ်တွေ
နဲ့ စွန့် ခွာထွက်ပြေး ကြတယ် လို့ ဆိုပါတယ်။
ဒီနေ့ ညမှာတော့ ဆန္ဒပြသူတွေ ဟာ ကိုင်ရို မြို့ လယ်က နိုင်းမြစ်ဝှမ်း တစ်လျှောက် ချီတက်
ဆန္ဒပြ ကြပြီး အုပ်ချုပ်ရေး ယန္တရား တွေ ရပ်တန့် သွား အောင် အစိုးရ ရုံး အချို့ ကို လည်း
မီးရှို ခဲ့ကြပါတယ်။
နိုင်ငံရဲ့ ဒုတိယ မြို့ တော် ဖြစ်တဲ့ အလက်ဇန္ဒြီးယား မြို့ မှာ တော့ စစ်သား တွေ ဟာ ဆန္ဒပြ
သူတွေ ကို ပစ်ခတ် လိုကြစိတ် မရှိ ဘဲ အရေးကြီး တဲ့ နေရာ တွေ မှာ အသင့်အနေအထား
နဲ့ သာ ရှိနေကြပါတယ်။
ဆန္ဒပြမှု တွေ အတွင်းမှာ ၈၀ ကျော် သေဆုံး ခဲ့ပြီး ၁၀၀၀ ကျော်ဒဏ်ရာ ရရှိခဲ့ပေမယ့် အာ
ဏာရှင် မူဘာရက်ကတော့ အာဏာစွန့် မယ့် ပုံ မပေါ်သေးပါဘူး။
နိုင်ငံတကာမှာ ရှိ တဲ့ အီဂျစ် သံရုံး တွေ အရှေ့ မှာ လည်း မူဘာရက် ကို ဆန့် ကျင် ဆန္ဒပြနေ
ကြပါတယ်။
Who is the Omar Suleiman
Spy Chiefs as Vice President
ဇန်န၀ါရီလ ၂၈ ရက်နေ့ မှာ တော့ မူဘာရက် က ထောက်လှမ်းရေး အကြီးအကဲ အိုမာ
ဆူလေမန် ကို ဒုသမ္မတ အဖြစ်ခန့် အပ်ခဲ့ပါတယ်။ အိုမာ ဆူလေမန် ကို သူ့ နေရာ
ဆက်ခံမယ့် ဒုသမ္မတ အဖြစ် ခန့် အပ်ခြင်းဟာ ဆန္ဒပြသူတွေ နဲ့ အဆင်ပြေစေဖို့ ထက်
အမေရိကန် ကို မျက်နှာလို မျက်နှာရ လုပ်လိုက် ခြင်းသာ ဖြစ်တယ်လို့ နိုင်ငံ တကာ
အကျပ်အတည်း လေ့လာရေး ဌာန က သတင်း ထုတ်ပြန်ပါတယ်။
အိုမာ ဆူလေမန် ဟာ ၁၉၉၃ ခုနှစ် က စပြီး အခုအချိန် ထိ အီဂျစ် ထောက်လှမ်းရေး ဌာန
ရဲ့ အကြီးအကဲ အဖြစ်တာဝန် ထမ်းဆောင်ခဲ့ပြီး အယ်ကာယီဒါ အကြမ်းဖက် အဖွဲ့ ရဲ့ ထိပ်
တန်း ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ ဒေါက်တာ အေဇမန် အယ်(လ)ဇ၀ါဟီရိ ရဲ့ အီဂျစ် အယ်
(လ)ကာယီဒါ ကွန်ယက် ကို ဖြိုဖျက် နိုင် အောင် စွမ်းဆောင် နိုင်ခဲ့သူ တစ်ဦး ဖြစ်ပါတယ်။
အိုမာ ဆူလေမန် ဟာ အီဂျစ် နိုင်ငံမှာ သာမက အရှေ့ အလယ်ပိုင်းမှာပါ အရေးပါတဲ့ ထောက်
လှမ်းရေး အကြီး အကဲ ဟောင်း ဖြစ်ပြီး အမေရိကန် အရာရှိ တွေ နဲ့ ဆက်ဆံ ရေး ကောင်းသူ
တစ်ယောက် လည်း ဖြစ်ပါတယ်။
သူ့ ကို ၁၉၃၆ ခုနှစ် ဇူ
လိုင်လ မှာ မွေး ဖွား ခဲ့ပြီး ယခင် ဆိုဗီယက် ပြည်ထောင်စုမှာ စစ်ပညာ
သင်ကြားခဲ့ကာ ကိုင်ရို မြို့ က အင်ရှန် တက္ကသိုလ် က နေ နိုင်ငံရေး သိပ္ပံ နဲ့ ဘွဲ့ ရရှိခဲ့ပါတယ်။
၁၉၈၂ ခု နှစ် မှာတော့ အီဂျစ် စစ်တပ် ကနေ ဗိုလ်မှုးချုပ်ရာ ထူးနဲ့  ထောက်လှမ်းရေးဌာန
ကို ပြောင်းရွှေ့ ခဲ့ပါတယ်။
မူဘာရက် ရဲ့ ညာလက်ရုံး အဖြစ် အနှစ် နှစ်ဆယ်ခန့်  တိုင်းပြည်တွင်းက ဒီမိုကရေစီ လှုပ်ရှား
သူတွေ ကို နှိပ် ကွပ် ခဲ့သူ ဖြစ်ပေမယ် အမေရိကန် အစိုးရ က သဘောကျ ခဲ့သူ ဖြစ်ပါတယ်။
ယခင်လေတပ် ၀န်ကြီး ဟောင်း ကို တော့ မူဘာရက် က ၀န်ကြီးချုပ် အဖြစ်တာဝန် ပေး
ခဲ့ပါတယ်။
အတိုက် အခံတွေ သဘောမကျ
လက်ရှိ အီဂျစ် နိုင်ငံမှာ ဖြစ်ပျက်နေတာ နဲ့ ပတ် သက်ပြီး အမေရိကန် ရဲ့ ပြုမူ ပုံ တွေ ကို အား
မရ ကြောင်း နဲ့ စိတ်ပျက်မိကြောင်း ကို အိုင်အေအကြီး အကဲ က ပြောပါတယ်။ အီဂျစ် နိုင်ငံ
နဲ့ ပတ်သက်ပြီး အမေရိကန် ရဲ့ ပြုမူ ပုံတွေ ကို အမေရိကန် မီဒီယာ တွေ ကပါဝေဖန် နေကြ
ပါတယ်။

how to make democracy in Burma road map
by Ray San on Sunday, January 30, 2011 at 9:43pm
1. share this information with those who are your friend and tell your friend also to pass this road map to their friend so this will spread like a fire in the forest
2.tell to your friends and yourself that you are hero of Burma so that you can change a Burma (i know it ,you are ready for this)
3. Drive your fear and your friend by explain this “there has no prison where can keep 20000 people and there has no solider who dare to shoot 10000 people who has no Gun and if solider shoot people then United nation will come sure for help so spread such a idea to a youth people who live in Burma and tell them they are really hero of Burma”
4.disscuss about demoracy with your friend “to example ” what is democracy ?what can be different without democracy and with democracy? who can lead democcracy moment? and how will do if leader has been capture? the solution is you all are leader, one fall two will arise , two fall 4 will arise ,the unity of people
5.find the target one of the General and caputre him or pursue him and use his army to against Than Shwe army ( this can really happen if all people support him and make him hero of Burma)
6.pray to God whom your worship so that may the spirit will arouse all people mine like in egypt
7. Connect with all who are fighting for justice and right such as KIO,KIA, KDA,DKBA;KNU, all party
8.Tell to all “All men are born free and equal in dignity and rights” even tell to milatary and appoint a time with your friend and start begin
9.Here is your victory come
right baby SOS
တင့်ကားပေါ်တက်ပြီးဆန္ဒပြတဲ့ ပုံ နဲ့ ဒီပြင့် ပုံတွေ ရှာထည့်ပေးတာ ၊ အမေရိကန် ရဲ့ ကမ္မာဌာန်း ရုပ်ကို
လှစ်ပြ လိုက်တာတွေ ၊ စုံစုံလင်လင် တင်ပေးတာတွေ ဟာ တကယ်ကို မီဒီယာ တာဝန် ကျေပါပေတယ်
ဗျာ… FNG is CNN of Burma
အမေရိကန်အစိုးရဟာ သူ့ ရဲ့ အမျိုးသားအကျိုးစီးပွား ကိုသာအဓိကထားလေ့ရှိပါတယ်။လူကြားကောင်းအောင်တော့ ဒီမိုကရေစီ ၊ လူ့ အခွင့်အရေး စတာတွေ အော်ဟစ်ပြလေ့ ရှိပါတယ်။ ကွန်မြူနစ် စနစ် ကို ရော ၊ ဖက်ဆစ် စနစ် ကိုရော ၊ ဘယ်အာဏာရှင်မျိုး ကိုမှ ၊ အဲ့ဒီစနစ်မျိုးအောက်က ပြည်သူလူထု ဖက် တကယ်ရပ်ပြီး ၊ ထိထိရောက်ရောက်
ကူညီတွန်းလှန်တာမျိုး မရှိ ပဲ ၊ မိမိအကျိုးစီးပွား နဲ့ တိုက်ရိုက်ပတ်သက်မှသာ ၊ ၀င်ပါလေ့ရှိတတ်တာဖြစ်တယ်။ သူကိုယ်တိုင် အားပေးထားတဲ့ အာဏာရှင်နိုင်ငံတွေ အများကြီး ဆိုတာ ငြင်းမရပါဘူး။
ဒါကို မြန်မာတွေ ကောင်းကောင်းကြိုသဘောပေါက်ထားကြဖို့ လိုပါတယ်။
စိတ်ကူးမယဉ်မိကြဖို့  နဲ့  အသုံးချခံသက်သက်ဘ၀ မရောက်ရအောင် သတိထားကြဖို့ လိုပါတယ်။
အမေရိကန်အစိုးရ ရဲ့  နိုင်ငံခြားရေးဝါဒ ဆိုတာ မြန်မာပြည် နဲ့ ပတ်သက်လို့ တိတိပပ စလို့  ပေါ်တာ
မနေ့ တနေ့ ကမှပါ။
အဲ့ဒီ အမေရိကန်အစိုးရ ရဲ့  နိုင်ငံခြားရေးဝါဒ ကိုလဲ ၊ ဘယ်ဖက်ကရပ်ရပ် ၊ ကောင်းစွာနားလည်သဘောပေါက်အောင်
ကြိုးစားထားနှင့်ကြဘို့ လိုအပ်ပါတယ်။
ိတိုင်းပြည်က ခပ်နဲ့ နဲ့ ရယ်ပါ။
ခေါင်းဆောင်ဆိုသူတွေကလဲ ခပ်ယဲ့ယဲ့တွေပါ။
တိုင်းတပါးသား က ဒီအခွင့်ဒီအခါ စောင့်နေတာပဲ ဆိုတာကိုလဲကြိုမြင်တတ်ကြဖို့ လိုပါတယ်။
အတိတ်သမိုင်းကို နိုင်ငံတကာအမြင် နဲ့ ယှဉ်ပြီး ချိန်ဆတတ်ကြပါစေ။
မှန်ပါတယ်….အမေရိကန်ကိုအားကိုးလို့မရပါဘူး…သူလဲသူ့အတွက်ပဲသူကြည့်တာပါ။
နားထောင်ကောင်းအောင်လုပ်ပြနေတာပါ။ မြန်မာပြည်ကောင်းအောင်လို့မြန်မာတိုင်းရင်း
သားတွေစည်းစည်းလုံးလုံးနဲ့လက်တွဲညီညီကြိုးစားကြဖို့ပဲလိုတာပါ။ ပြည်တွင်းစစ်တွေမ
ဖြစ်ခဲ့ဘဲစည်းစည်းလုံးလုံးသာရှိခဲ့မယ်ဆိုရင်..သြော်.ခုလောက်ဆိုမြန်မာပြည်ဟာ..
တစ်ကယ်တော့မည်သူမပြုမိမိမှုဗျ။ မြန်မာတိုင်းရင်းသားတွေတစ်ယောက်တစ်ပေါက်
ဖြစ်ခဲ့ကြလို့ခုလို..ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအာဏာရှင်အစိုးရအောက်ကို
နှစ်ပေါင်းများစွာရောက်ခဲ့ကြရတာ။ တစ်ကယ်တော့သူ့အပြစ်မဟုတ်ဘူးဗျ။ ကျုပ်
တို့အပြစ်တွေပဲ။ ဒါကြောင့်..ဒါတွေကိုသင်ခန်းစာယူပြီးနောင်လာနောက်သားတွေ
ကောင်းစားအောင်လို့…ဒီအချိန်ကနေစပြီးတတ်နိုင်သမျှတိုင်းရင်းသားထုတစ်ရပ်
လုံးစည်းစည်းလုံးလုံးချစ်ချစ်ခင်ခင်နေသွားဖို့နဲ့..မြန်မာနိုင်ငံကြီးတစ်ချိန်ကလိုပြန်
ပြီးအာရှမှာနာမည်တစ်လုံးရလာအောင်လို့ကြိုးစားကြပါစို့လို့အားလုံးကိုအကြံပေးပါ
ရစေဗျာ…နော…