
ဟိန်းခိုင်ထွန်း၊ ၊၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံ ဥပဒေ အရ ၂၀၁၀ ခုနှစ် မှာ နိုဝင်ဘာလ မှာ ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး ဇန်န၀ါရီ လ ၃၁ ရက်နေ့ တနင်္လာနေ့ မှာတော့ မြန်မာ စစ်အစိုးရ က
နေရာ အများ စု ကိုထိန်းချုပ်ထားတဲ့ လွှတ်တော် ကို စတင်ခဲ့ပြီး အဲဒီလွှတ်တော် ကို တက်ရောက်
ဖို့ ဖိတ်ကြားခံရတဲ့အမျိုးသား ဒီမို ကရေစီ အင်အားစု (NDF) က ကိုယ်စားလှယ် တစ်ဦးက
Freedom News Groupကိုပြောသည်။
လွှတ်တော် တက်ရောက် ဖို့ ဖိတ်ကြားခံရတဲ့ NDF ကိုယ်စားလှယ်က ” ဒီနေ့  တော့ ဘာတွေ စဆွေး
နွေးမယ် ဆိုတဲ့ အာဂျင်ဒါ က အထဲ ရောက်မှာသိရမယ်၊ ဖုန်းတွေ၊ကင်မရာတွေ အကုန် ထားခဲ့ရတယ်။
သမ္မတ နဲ့ ဒုသမ္မတ အဖြစ် ဘယ့်သူ့ ကို ရွေးမလဲ ဆိုတာတော့ ဒီအပတ်တွင်းလောက် သိရမယ်ထင်
တယ်ဟု ပြောသည်။
ယနေ့ မနက် မှာတော့ ကိုယ်ပိုင် မော်တော်ယာဉ် ဖြင့်လာသည့် လွှတ်တော်ကိုယ်စားလှယ်များ ကိုပင်
ဗိုလ်မှုးကြီး တစ်ဦး ဦးဆောင် သည့် လွှတ်တော် ရုံးအဖွဲ့ မှ ကုန်းလမ်းပို့ ဆောင်ရေး ပိုင် ခရီးသည် တင်
ကားများ ဖြင့် လာရောက် ခေါ်ဆောင်သွားသည် ဟု သတင်းရရှိသည်။
ယနေ့ တွင် ကြံ့ဖွတ် ပါတီ ကိုယ်စား ပြုပြီး ၀င်ရောက် ယှဉ်ပြိုင်သည့် ဗိုလ်ချုပ် ဌေးဦး၊ မြို့ တော်ဝန် ဦး
အောင်သိန်းလင်း စသည့် ကိုယ်စားလှယ် များ လည်း လွှတ်တော်တက်ရောက် ရန် ရောက်ရှိနေပြီး
နေပြည်တော်မှ ၀င်ရောက် ယှဉ်ပြိုင် သည့် ဦးသူရ ရွှေမန်း၊ ဦးသီဟသူရ တင်အောင်မြင့်ဦး၊ အရပ်
ဝတ်လဲ စစ်ဘက် ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ် များ လည်း ရောက်ရှိ နေသည် ဟု
သိရသည်။
၁၉၉၀ ပြည့် နှစ်တွင် စစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပခဲ့သော် လည်း အတိုက်အခံ နိုင်ငံရေး
ပါတီ ဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် အနိုင်ရရှိ ခဲ့သဖြင့် လွှတ်တော် ခေါ်ယူပေး ခဲ့ခြင်း
မရှိပဲ အနိုင်ရပါတီ အား အာဏာလွှဲပြောင်း ပေး ခဲ့ခြင်း လည်း မရှိချေ။

မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ အာဏာလက်လွှတ် ဖြစ်ရ ပြီး နောက် ပထမ ဦး ဆုံး အကြိမ်ပေါ်
ပေါက်လာသည့် လွှတ်တော် ကို အကောင်းမြင် သူများ ရှိသကဲ့ သို့  နိုဝင်ဘာလ ရွေးကောက် ပွဲ
တွင် ၀င်ရောက်ယှဉ် ပြိုင် သော် လည်း ကြံ့ဖွတ် ကိုယ်စားပြု ၀င်ရောက် ယှဉ်ပြိုင် သည့် လွတ်တော်
အမတ် လောင်း ၏ မတရား မှု ကြောင့် ရှုံး နိမ့်ခဲ့ရသည့် ကိုယ်စား လှယ် တစ်ဦးက “ဒီလွှတ်တော်
ကနေ နိုင်ငံရေး အကျဉ်းသားတွေ ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဆုံးဖြတ်နိုင်ဖို့ က အဓိက နိုင်ငံ
တစ်နိုင်ငံမှာ လွှတ်တော် လည်း ရှိ နိုင်ငံရေး အကျဉ်းသား တွေ လဲ ရှိနေတယ် ဆိုတာ မဖြစ်သင့်
ဘူး “ဟု Freedom News Group သို့ ပြောသည်။
စစ်အစိုး ရ ၏ လွှတ်တော် အား မြန်မာပြည်သူ လူထု က စိတ်ဝင်စားမှု လည်း နည်းသည် ဟု
ရန်ကုန် မြို့ မှာ အထက်တန်း ပြ ကျူရှင် ဆရာ တစ်ဦး က ပြောသည်။ “ဒီနေ့  ကျောင်းသား
တွေ ကို မြန်မာ လွှတ်တော် ဘယ်နေ့ စမှာလဲ မေးတာတစ်ယောက် မှာ မပြောနိုင်ဘူး ဟု “
ဆိုသည်။
ရန်ကုန် မြို့ ညောင်ပင်လေး ဈေးမှ ဈေးသူ တစ်ဦး ကလည်း ” လွှတ်တော်တွေ ဘာတွေ မသိ
ပါဘူးရှင် ဈေး မီးမလောင် ခံရရင် ပဲ တော် ပါပြီ ” ဟု ပြောသည်။
လွှတ်တော် ကျင်းပရာ နေပြည် တော်တွင် လုံခြုံရေး များ ထူထပ် စွာချထားသည်။

စစ်အစိုးရ လွှတ်တော် စတင် ကျင်းပချိန် သည် အရှေ့ အလယ်ပိုင်း နိုင်ငံများ ဉ် အာ
ဏာရှင် များ အား ပြည်သူ လူထု က အုံကြွ ဆန္ဒပြ မှု နှင့် ရင် ဆိုင် နေရ ချိန် ဖြစ်သည်။

တဘို့ တည်းကြည့်သောနွားများ စုဝေးသော နေရာ = လွှတ်တော်
အင်း … ဦးဦးဇာဂနာ ပျက်တဲ့ ပျက်လုံးလေးသွားသတိယမိတယ် …..
…. “လွှတ်တော် … လိမ်တယ်ကွာ … လွှတ်တော် … လိမ်တယ်ကွာ´´ …. တဲ့