သြစတေးလျှ ရောက် မြန်မာ တစ်ဦး မီးရှို့ ဆန္ဒပြ
သြစတေးလျှ နိုင်ငံ ဒါဝင် မြို့ က လူဝင်မှု ကြီးကြပ်ရေးဌာ န စစ်ဆေးရေး စခန်း မှာ ထိန်းသိမ်း
ခံထားရတဲ့ မြန်မာ လူမျိုး တစ်ဦးဟာ တနင်္လာနေ့  နံနက် ၂ နာရီ ခန့် က မိမိကိုယ်ကို မီးရှို့ ဆန္ဒ
ပြတာ ကြောင့် ဆေးရုံ ကို အချိန်မှီ တင်လိုက်ရတယ် လို့  ဆစ်ဒနီ နံနက် ခင်း သတင်းစာ မှာ
ဖော်ပြထားပါတယ်။
သူဟာ သြစတေးလျှ နိုင်ငံ မှာ ဒုက္ခသည် အဖြစ် ခိုလှုံခွင့် လျှောက် ထား နိုင်ရေး အတွက်
ဒီထိန်းသိမ်းရေး စခန်းမှာ ၁၀ လကျော် ရှိပေမယ့် သူ့ ရဲ့  ဒုက္ခသည် အဖြစ် လျှောက်ထား ချက်
ကို အကျိုးအကြောင်း မပြန် တဲ့ အတွက် အခု လို လုပ်ရတာ လို့ ဆိုပါတယ်။
သြစတေးလျှ နိုင်ငံ က နှစ် စဉ် မြန်မာ ဒုက္ခသည် ရှစ်ရာ ကျော်ကို နယ်စပ် ဒုက္ခသည် စခန်း
တွေကနေ ခေါ်ယူပြီး နိုင်ငံကူးလက်မှတ် နဲ့ ဝင်ရောက် လာတဲ့ ဒုက္ခသည် တွေ ကို လည်း နိုင်
ငံတွင်း မှာ ဒုက္ခသည် အဖြစ် လျှောက် ထားခွင့် ပြူထားပါတယ်။
သြစတေးလျှ နိုင်ငံ ကို နှစ်စဉ် ရေလမ်း ကနေ ခိုးဝင်ရောက် လာတဲ့ မြန်မာ ဒုက္ခသည်တွေ
လဲရှိပါတယ်။
လို့ ခေါ်တဲ့ ခိုလှုံခွင့်လျှောက် ထားသူများ အချက်အလက်ဌာန က ထုတ်ပြန်ခြင်း မပြုပါဘူး။
4 thoughts on “သြစတေးလျှ ရောက် မြန်မာ တစ်ဦး မီးရှို့ ဆန္ဒပြ
  1. အဲတာ သတ္တိကောင်းတယ်လို့ ခေါ်ဆိုနိုင်ပါသလားဗျာ … ကိုယ်ကောင်းစားဖို့ ကိုယ့်ကိုယ်ကိုတောင် နှိပ်စက်ရဲရင် တပါးသူကိုဆိုတာ …. ဟူး …. အတော်ခက်တဲ့ ကိစ္စပါတကား…..
  2. refugee မရလို့ ကိုယ့် ကိုယ် ကိုမီးရှို့တယ်ဆိုပဲ…။ မြန်မာပြည် က လူတွေ ကို လည်း ကိုယ်ချင်းစာပါဦး.. လင်းတ ရယ်..။
Comments are closed.