ထိုင်း က မြန်မာ စစ်တပ် ဒဏ်ရာ ရရှိသူများ ကို ထိုင်းမြေမှ ဖြတ်သန်း သယ်ဆောင်ရန် ခွင့်ပြု
အောင်မြင်၊ ၊ယနေ့မနက် ၈နာရီ၃၀ ခန့်  အချိန် မြ၀တီမြို့  ပြင် သင်္ကန်းညီနောင်စစ်ဆေး
ရေးဂိတ်အနီး မိုင်တိုင်ယနေ့မနက် ၈နာရီ၃၀ခန့်အချိန် မြ၀တီမြို့ပြင် သင်္ကန်းညီနောင်စစ်ဆေးရေး
ဂိတ်အနီး မိုင်တိုင်အမှတ် (၈၈/၇)တွင် နအဖစစ်တပ်မှချောဆွဲလာသော အရပ်သားပိုင် Four Wheelယာဉ်တစီး မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ပေ၃၀အနက် ချောက်ထဲထိုးကျသွားကြောင်း မျက်မြင်ကြုံတွေ့ခဲ့ရသူ အငှားဆိုင်ကယ်ယာဉ်မောင်းတဦးက FNG သို့ပြောပြသည်။
ထိုယာဉ်ပေါ်တွင် လိုက်ပါလာကြသော ဗိုလ်ကြီးခင်မောင်ဝင်းနှင့် တပ်ကြပ်ကြီးတဦး၊တပ်ကြပ်တဦး၊
ရဲဘော်၃ဦး ဒါဏ်ရာအပြင်းအထန်ရရှိသွားကြောင်းသတင်းရရှိသည်။ ယာဉ်မောင်း ဦးထွန်းမြင့်နှင် ယာဉ်နောက်လိုက်ဦးစိုးရီ တို့ဒါဏ်ရာရှိသွားသည်။
ယမန်နေ့ နေ့လည်ပိုင်းအချိန်တွင် ဝေါ်လေဒေသရှိ နအဖဗျူဟာကုန်းအား DKBA တပ်ဖွဲ့ဝင်များမှ ထိုးစစ်ဆင်တိုက်ခိုက်ရာ ဗိုလ်မှုးအဆင်ရှိသူတဦးအပြင်းအထန်ဒါဏ်ရာရရှိပြီး မျက်စိကို ထိသွားကြောင်း
DKBA တာဝန်ရှိ သူ တစ်ဦး က ပြောသည်။
DKBA တာဝန်ရှိ သူ တစ်ဦး က ပြောသည်။
ယနေ့ မ နက်တွင် နအဖ စစ်တပ်မှ ဗိုလ်မှုးအဆင့်ရှိသူ တစ်ဦး အပါအ၀င် ဒဏ်ရာသူ၆ဦးအား ထိုင်းနိုင်ငံမြေမှဖြတ်သန်းပြီး မြ၀တီသို့သယ်ဆောင်သွားကြောင်း မြတီမြို့ခံတဦးကပြောပြပါသည်။
ယနေ့မနက်ပိုင်းတွင် DKBA ဗျူဟာတပ်ဆွဲထားသောချောင့်ခက် တောင်ကုန်းအား နအဖစစ်တပ်မှ အင်အားဖြင့် တက်ရောက်သိမ်းပိုင်ရန် ထိုးစစ်ဆင်လာခဲ့ရာ DKBA ဘက်မှ ခုခံတိုက်ခိုက်သောကြောင့် နအဖတပ်ဖွဲ့ဝင်များသည် ဒဏ်ရာရသူ၁၀ဦးအား ထမ်းပြီး ပြီး ပြန်ဆုတ်သွားကြောင်း သိရသည်။
နိုဝင်္ဘာလ ရွေးကောက်ပွဲအပြီး တိုက်ပွဲများစချိန်မှစပြီး ယနေ့ထိ နအဖစစ်တပ်မှာ ၃၀၀နီးပါးကျဆုံးပြီး ဒဏ်ရာရသူအများအပြားရှိနေကြောင်းသတင်းရရှိသည်။
ဒဏ်ရာရှိသူများကို မြ၀တီဆေးရုံသို့ပို့ဆောင်ပြီး ဒဏ်ရာပြင်းသူများကို ဘားအံသို့ပို့ဆောင်ကြောင်း
သိရသည်။ ဒဏ်ရရှိသူများကိုတိုက်ပွဲဖြစ်ပွား ရာနေရာမှ နောက်တန်းပြန်ရန် ကြိုးပမ်းစဉ် DKBA နှင့်တော်လှန်ရေးအင်အားစုတို့၏ ခြုံခိုတိုက်ခိုက်မှုကြောင့် နအဖစစ်သည်များအခက်အခဲများရင်ဆိုင်
စိတ်ဓါတ်ကျနေကြကြောင်း ထွက်ပြေးလာသော အနဖစစ်သည်တဦးထံမှသိရှိရသည်။
သိရသည်။ ဒဏ်ရရှိသူများကိုတိုက်ပွဲဖြစ်ပွား ရာနေရာမှ နောက်တန်းပြန်ရန် ကြိုးပမ်းစဉ် DKBA နှင့်တော်လှန်ရေးအင်အားစုတို့၏ ခြုံခိုတိုက်ခိုက်မှုကြောင့် နအဖစစ်သည်များအခက်အခဲများရင်ဆိုင်
စိတ်ဓါတ်ကျနေကြကြောင်း ထွက်ပြေးလာသော အနဖစစ်သည်တဦးထံမှသိရှိရသည်။
ယနေ့နံနက်တွင် ထိုင်းအာဏာပိုင်တို့ မှ ထိုင်းနယ်မြေကို ဖြတ်သန်း၍ နအဖ စစ်တပ်မှ ဒဏ်ရာရသူများ
ကို မြန်နိုင်ငံသို့  ဖြတ်သန်း သယ်ဆောင်ရန်ဖြတ်သန်းခွင့်ပြုခဲ့သည်။
ကို မြန်နိုင်ငံသို့  ဖြတ်သန်း သယ်ဆောင်ရန်ဖြတ်သန်းခွင့်ပြုခဲ့သည်။

pt.eye ပြောတာမှန်ပါတယ်။ဒါပေမယ့်သေမှာကိုသိနေတာပဲလေအထက်အမိန့် ကိုမလွန်ဆန်နိုင်မှတော့သေပေါ့။သေမယ့်အတူတူကောင်းတဲ့ ဘက်ကရပ်တည်ပြီးသေရတာကပိုမြင့်မြတ်ပါတယ်ဗျာ။
ပြည့်သူ့တပ်မတော်သားတွေကျဆုံးတာ … လှောင်စရာလားဗျာ … တစ်ကယ်တော့ တပ်မတော်သားတိုင်းမကောင်းတာမဟုတ်ပါဘူး … ကောင်းတဲ့သူတွေလဲဒုနဲ့ဒေးပါပဲ … အထက်အိမ့်ကိုမလွန်ဆန်ချင်လို့သာ ခုလိုထိုးစစ်ဆင်ရတာပါ … ဘာပဲဖြစ်ဖြစ်ငြိမ်းချမ်းလေပိုကောင်းလေပါပဲ … နှစ်ဖက်အမြန်ငြိမ်းချမ်းဖို့ပဲဆုတောင်းပါတယ် …
၃၀၀ မဟုတ်ပါဘူး ၁၀၀၀၀ လောက်ရှိပြီး ကျတာ အခိုင်အမာသတင်းပါ… စစ်တပ်ကပဲ အရမ်းကျတာ ကျွန်တော်တို့ DKBA က တစ်ယောက်မှ မကျဘူး… ဆေးစားထားတာ မသေဆေးလေ… ဒီဆိုဒ်က သတင်းတွေက အရမ်းကောင်းတယ်… အားပေးပါတယ် စစ်တပ်မကောင်းကြောင်းပဲ ရေးသာရေး… မကောင်းတာလုပ်ရတာ လွယ်တယ်… ကောင်းတာလုပ်ဖို့သာ ခက်တာ… ဖိုက်တင်..
အဲဗျ..နအဖတွေပဲသေနေပါလား………….DKBA တွေက ရွှေဘတွေထင်တယ်..ရန်သူရှုံးတာကောင်းပါတယ်..ဒါပေသိ ကိုယ်ပဲ အမြဲနိုင်နေရင်ပြီး တယောက်မှ သေတာ ဒါဏ်ရာရတာ တောင်မရှိဘူးဆိုရင်တော့ ရုပ်ရှင်နဲ့တူနေတယ်နော်
ရုပ်တိမရှိဘူးလို့ဆိုလိုချင်တာလား…အဲ့ဒီနယ်မြေက…ဒီကေဘီအေတွေအတွက်မျက်စိမှိတ်ပြီး
လျှောက်သွားလို့ရတဲ့နယ်မြေဆိုတာကိုလည်းမမေ့နဲ့လေ…နအဖ တပ်တွေအတွက် နေရာသစ်
ဖြစ်နေကတည်းကသူ့တို့အတွက်တစ်ပန်းရှုံးသွားပြီ။ ဥပမာ..ခင်ဗျားရဲ့အိမ်ထဲမှာညသန်းခေါင်လောက်
မီးမှိတ်ပြီးစောင့်နေလိုက်။ အပြင်ကဝင်လာတဲ့လူ လေငါးယောက်လောက်ကိုတစ်ယောက်ချင်း
အမည့်ခြွေ ခြွေလို့ရတယ်ဆိုတာကိုသဘောက်ပေါက်ရင်…အခုဘာကြောင့်ဒီကေဘီအေနဲ့
နအဖတပ်တွေရဲ့ကျဆုံးမှု..ထိခိုက်မှုပမာဏမတူတာကို..သံသယကင်းကင်းယုံကြည်နိုင်ပါလိမ့်
မယ်…ကိုကို အညာသားခင်ဗျား…ဟုတ်ပြီလား…
အရမ်းအားရစရာကောင်းတဲ့ သတင်းတစ်ခုလို့ပြောချင်ပါတယ်…. နအဖစစ်အစိုးရရဲ့ လက်ကိုင်တုတ်တွေနဲ့အတူ စစ်အစိုးရကို အမြန်ဆုံးနည်းနဲ့ ရှင်းလင်းသုတ်သင်နိုင်ပါစေ DKBA ရေ….