လူသန်းချီ ဆန္ဒပြရန် တစ်ရက် အလို တွင် မူဘာရက် က အတိုက် အခံ တို့ နှင့် ဆွေးနွေးမည်ဟု ဆို

အီဂျစ် စစ်တပ် အရာ ရှိ များ သေနတ် ကို နိုင်း မြစ် ထဲ ပစ်ချ ၍ ဆန္ဒပြ သူများ နှင့် ပူးပေါင်း
အလက်ဇန္ဒြီးယား တွင် ဗိုလ်မှုးကြီး များက ပြည်သူကို ပစ်သတ် သည့် ရဲ အရာရှိ များ ကို ဖမ်းဆီး|
ညမထွက် ရ အမိန့် ကို ဆန့် ကျင်ပြီး တစ် နိုင်ငံ လုံးတွင် ဆက်လက် ဆန္ဒပြနေ

အီဂျစ် အတိုက်အခံ ခေါင်းဆောင် မိုဟာမက် အယ်(လ)ဘရာဒီက ယမန့် နေ့ ညက တီဟာရီ ရင်
ပြင် တွင် မိန့် ခွန်းပြောကြား ပြီး နောက် အင်္ဂါ နေ့ ဆန္ဒပြ ပွဲတွင် လူသန်း နှင့် ချီ ဆန္ဒပြ ရန် လည်း
တိုက် တွန်း နှိုးဆော် လိုက်သည်။

ပိုမိုကြီးထွား လာတဲ့ ဆန္ဒပြမှု တွေ ကြောင့် အတိုက်အခံတွေ နဲ့ ဆွေးနွေးမယ်လို့ လဲ မူဘာရက်
က ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။အယ်(လ)ဘာရာဒီ က အပြောင်းအလဲ သည် ရက်ပိုင်း အတွင်း ပေါ်ပေါက်တော့မှ ဖြစ်ပြီး ပြည်သူ
များ အနေ့ ဖြင့် မဆုတ်မနစ် တိုက် ပွဲ ၀င်သွားရန် လည်း ပြောကြားခဲ့သည်။

ဆန္ဒပြသူ များ စုဝေးရာ ကိုင် ရို မြို့ နှင့် အလက်ဇန္ဒြီးယား မြို့ များ ၏ ကောင်းကင်ယံ ဉ် စစ်တပ်ရ
ဟတ်ယာဉ်များ နှင့် အမေရိကန် လုပ် F 16 ရဟတ်ယာဉ် များ က ခပ်နိမ့်နိမ့် ၀ဲပျံ နေသော် လည်း
ဆန္ဒပြသူများ က ကြောက်ရွံ့  ခြင်း အလျှဉ်းဒ မရှိ ဟု အယ်(လ)ဂျဇီယား သတင်းဌာန က ဖော်ပြ
ထားသည်။

အီဂျစ် နိုင်ငံတ၀ှမ်း သို့ ဆန္ဒပြမှု များ ကူးစက် သွား ချိန်တွင် ရဲတပ် ဖွဲ့ ဝင်များ လည်း ထွက် ပြေး
ကြသဖြင့် အချို့ မြို့ များတွင် အစိုးရ အုပ်ချုပ် ယန္တယား များ ရပ်ဆိုင်း ကုန် သည်။ ပြည်သူများမှာ
လည်း ၎င်း တို့ ၏ လုံခြုံရေး အတွက် ပြည့်သူစစ် ငယ်များ ဖွဲ့ စည်းထားရသည်။

အီဂျစ် နိုင်ငံတွင် ဖြစ်ပွားနေ သည့် ဆန္ဒပြမှု များ အတွက် လည်း အမေရိကန် နိုင်ငံရှိ တက္ကသိုလ်
များ မှ အရှေ့  အလယ်ပိုင်းရေးရာ သုတေသီ များ ပါမောက္ခ များက အမေရိကန် သမ္မတ အိုဘားမားထံ
အရှေ့ အလယ်ပိုင်း ရေးရာကို ထိထိရောက် ရောက် ဖြေရှင်းပေးဖို့  အိပ်ဖွင့်ပေးစာ တစ်စောင်
ကို ပေးပို့ ခဲ့သည်။

အီဂျစ် နိုင်ငံမှာ ဆန္ဒပြ ပွဲ တွေ ဖြစ်ပွားနေတာ နဲ့ တစ်ပြိုင် နက်မှာ အမေရိကန် အစိုးရ ရဲ့ 
အီဂျစ် နိုင်ငံ အပေါ်ထား ရှိ သည့် မူဝါဒ သည် ပြစ်တင် ဝေဖန် ခံနေရသည်။

ဆန္ဒပြ အီဂျစ် ပြည်သူတွေ က အမေရိကန် အနေ နဲ့ အီဂျစ် အာဏာရှင် ဟိုစနီ မူဘာရက်
ပြုတ်ကျ သွားမှာ ကို မလိုလား ဘူး လို့  ထင်ကြကြောင်း Wall Street သတင်းစာမှာ ဖော်
ပြထားပါတယ်။

တစ်ချိန် တည်း မှာ ပဲ မူဘာရက် ရဲ့ ဆွေ မျိုးသားချင်းတွေဟာ အာရပ် ၊ဥရောပ နဲ့  အင်္ဂလန်
နိုင်ငံ တွေ ကို ထွက်ပြေး ခိုလှုံနေကြပြီ ဟု သတင်းရရှိသည်။

မြို့ တွင်း ကို ၀င်ရောက် လာတဲ့ သံချပ်ကာ တင့်ကားတွေ ကို လည်း ဆန္ဒပြ သူတွေ က ပိတ်
ဆို့ ထားတာကြောင့် မြို့ တွင်း ကို ၀င်မရ ဘူး ဖြစ်နေသည်။

ယခင် မူဘာရက် အစိုးရ အဖွဲ့ မှ အကြီးတန်း အရာ ရှိ ကြီးများ ၊စစ်တပ် အရာရှိ ဟောင်း
များ နဲ့  လွှတ်တော် အမတ် တွေ ဟာ ဆန္ဒပြ သူတွေ နဲ့ ပူးပေါင်း ခဲ့ သည် ဟု သတင်းရရှိ
သည်။

အီဂျစ် နိုင်ငံမှာ ဆန္ဒပြမှုတွေ ကြောင့် နိုင်ငံတာ စတော့ နှင့် ငွေကြေးဈေးကွက် များ အပြင်
ရေနံစိမ်း ဈေးကွက် များ ပါ မငြိမ် မသက် ဖြစ်နေသည်။