FNG၊ ၊အမေရိကန် အစိုး ရ နိုင်ငံခြားရေး ၀န်ကြီးဌာန ၏ ကမ္ဘာတစ်လွှား မှ သံတမန် များ
၏ အစီရင်ခံစာများ နှင့် အီရတ် စစ်ပွဲ တွင် အမေရိကန် ၏ ဖုံးဖိထား သည့် လူမဆန်မှု များ ကို အုတ်အော်
သောင်းနင်း ဖော်ထုတ် ခဲ့သည့် ၀ီကီလိခ် အင်တာ နက် ၀ဘ်ဆိုတ် ကို ၂၀၁၁ ခုနှစ် ငြိမ်းချမ်းရေး
နိုဘဲလ် ဆု ပေးရန် အတွက် နော်ဝေ ဥပဒေ ပြု အမတ် က အဆိုတင်သွင်း သည် Time မဂ္ဂဇင်း
တွင် ဖော်ပြထားသည်။
နိုဘဲ ဆု ပေးအပ် ချီးမြင့် သည့် ကော်မတီ သည့် ၎င်းတို့ ၏ ပဏာမ ရွေးချယ်မှု စာရင်း အား
နှစ် ၅၀ ကျော် သက်တမ်းတွင် အမြဲပင် လျှို့ ဝှက် ထား ခဲ့ရာ ယနေ့  ၀ကီလိခ် သတင်းမှ
ပေါက် ထွက် လာခြင်း ဖြစ်သည်။
ဝီကီလိခ် ကို နိုဘဲလ် ဆုရွေးချယ် ပေးအပ် ရန် အတွက် အဆို ပြုသူမှာ အသက် ၂၆ နှစ် အရွယ်
ရှိ ဂီတပညာရှင် ၊ ဒီဂျေ နှင့် စန္ဒယား ဆရာ အဖြစ် အသက် မွေးဝမ်းကျောင်း ပြုခဲ့ဖူးသည့် လွှတ်
တော် အမတ် စနိုရီ ဗယ်လန်ဖြစ်သည်။
ထို ဆု အတွက် အဆို တင်သွင်းရာဉ် ဗယ်လန် က Wikileaks သည် “ကမ္ဘာ့ ငြိမ်းချမ်းရေး အတွက်
လှုံဆော်ကြိုပမ်း ခဲ့ခြင်း ဖြစ်သည့်ပြင်၊ အစိုးရ များ အား ပွင်းလင်းမှု ရှိရန် လည်း စွမ်းဆောင်
လှုံဆော် နိုင်ခဲ့ သဖြင့် အဆို တင်သွင်း ရခြင်း ဟု ဆိုသည်။
ဗယ်လင် သည် ၎င်း၏ အင်တာနက် စာမျက်နှာ ဉ် ၀ီကီလိခ် သည် လူ့ အခွင့်အရေး၊ဒီမိုကရေစီ
နှင့် လွတ်လပ်စွာ ပြောဆိုမှုများ ပိုမိုရှိလာ ရန် တိုက်ပွဲ ၀င်ခဲ့ ခြင်းသည် ယမန် နှစ် က ဆုရရှိခဲ့သည့်
တရုတ် အတိုက် အခံ လျှုရှောင် ဘို နှင့် တူသည် “ဟု သဘောထားပေးထားသည်။
ဝီကီလိခ် ဟု ယခု လူသိများ နေသည့် အင်တာနက် ၀ဘ်ဆိုတ် အတွက် ကနဦး ကုန်ကြမ်း
များ ကို ရှာပေးခဲ့သူ အမေရိကန် စစ်မှုထမ်း နှင့် ယခု ဖမ်းဆီး ခံထားရ သူ ဘရက်ဒလေ မန်း
နင်း ကို လည်း ဥရောပ အခြေစိုက် အဖွဲ့ များ က ယခုနှစ် ထဲ တွင် ဆုများ ဖောဖောသီသီ
ပေးရန် စီစဉ် ထားသည်။
နိုဘဲဆု ကော်မတီ သည် နှစ် စဉ် ကမ္ဘာတစ်လွှား မှ လူပုဂ္ဂိုလ် နှင့် အဖွဲ့ အစည်း နှစ်
ရာ ကျော် အား ဆုပေးရန် အတွက် အဆို တင်သွင်းလေ့ရှိသည်။
Related Articles
- ‘Hurt Locker’ Writer May Script Wikileaks Movie (screenrant.com)
- FDL Book Salon Welcomes Greg Mitchell, The Age of WikiLeaks (fdlbooksalon.com)
- Vancouver Startup helps WikiLeaks founder Julian Assange pay legal expenses (techvibes.com)
- New WikiLeak: State Department Asked YouTube To Reinstate Egyptian Blogger’s Videos (buzzfeed.com)
- Maher Arar on WikiLeaks (theglobeandmail.com)
