မူဘာရက် အား ရာထူးမှ ဖယ်ရှား ပြီ

သံချပ်ကာကား အတွင်း အိပ်ပျော်နေသည့် အီဂျစ် စစ်သား တစ်ဦး Photo-Egypt

တင်ကျော်ကျော်စိုး၊               ၊အီဂျစ် နိုင်ငံတွင် ၁၂ ရက်မြောက်နေ့ အဖြစ် ပြည်သူ တို့ ၏
ဆန္ဒပြပွဲ များ စတင်ချိန် တွင် ယနေ့ အီဂျစ် နိုင်ငံ ၏ အစိုးရ အဖွဲ့ ဝင် အရာရှိကြီးများ ၊
အမေရိကန် အစိုးရ အဖွဲ ၊အီဂျစ် ၀ါရင့် နိုင်ငံရေးသမားများ နှင့်  စစ်တပ် ဗိုလ်ချုပ်ကြီးများ
ဖြစ်သည် ဟု နယူးယောက်တိုင်း သတင်းစာတွင် ရေးသားထားသည်။

ဆန္ဒပြပွဲ များကြောင့် တစ် နေ့  ကို ဒေါ်လာ သန်း ၃၁၀ ခန့် အီဂျစ် နိုင်ငံ တွင် ဆုံးရှုံး နေရခြင်း
ကိုကာကွယ်ရန်အတွက် မူဘာရက် အား နှုတ်ထွက် ရန် ဆွေးနွေ ညှို နိုင်း ဖိအားပေး နေရ
သည်ဟု အီဂျစ် ထိပ်တန်း အစိုးရ အရာရှိ တစ်ဦးက နယူးယောက် တိုင်း သတင်းစာသို့ ပြောသည်။

အီဂျစ် နိုင်ငံ ကိုင်ရို မြို့ တွင် သာမက တစ်နိုင်ငံ လုံး တွင် ဆန္ဒပြမှု များ ဖြစ်ပွားနေသောကြာင့်
အီဂျစ် နိုင်ငံ၏ စီပွားရေး မှာ အထိနာနေရုံ သာမက ကမ္ဘာ့ ရေ နံစိမ်း ဈေးနှုန်း နှင့် ဆူးအက်
တူးမြောင်း ကို ဖြတ်ပြီးသယ်ရသည့် စားသောက်ကုန် ဈေးနှုန်းများ မှ လည်းတက်နေသည်။

မူဘာရက် ရာထူး စွန့် ပြီးနောက် အသစ် ဖွဲ့ စည်းမည့် အစိုးရ ကို ဒုသမ္မတ အိုမာ ဆူလေမန်
က ခေါင်းဆောင်မည် ဖြစ်သည်။

အိုမာ ဆူလေမန် နှင့် အစိုးရ အဖွဲ့ သည် အီဂျစ် နိုင်ငံရေး အတိုက် အခံများ ၊ဆန္ဒပြ
ခေါင်းဆောင်များ အပါအ၀င်အိုင်အေ အီးအေ အကြီးအကဲ ဟောင်း မိုဟာမက်
အယ်(လ)ဘာရာဒေး နှင့် ယနေ့ 
တွေ့ ဆုံမည် ဖြစ်သည်။

သမ္မတ မူဘာရက် ကလည်း ယနေ့  ဘဏ္ဍာရေးဝန်ကြီး နှင့် တွေ့ ဆုံကာ တိုင်း ပြည်စီးပွားရေး
ကို ပြန်လည်ထူမတ် နိုင်ရန် ဆွေးနွေးခဲ့သည်။ယနေ့ မနက် အစောပိုင်းကလည်း အီဂျစ်-အစ္စရေး
သွယ်တန်း ထားသည့်ဓာတ်ငွေ့ ပိုက်လိုင်း တစ်ခု ဆိုင်းနိုင်း ကျွန်းဆွယ်ဉ် ပေါက်ရာ အစိုးရက
အကြမ်းဖက် သမားများ ၏ လက်ချက်ဟု အပြစ်ဖို့ ထားသည်။

အီဂျစ် သမ္မတ အား သမ္မတ ရာထူးနေရာမှ  နှုတ်ထွက်ရန် အား နားချရန် အတွက် ကန် နှင့်
အီးယူ ကိုယ်စားလှယ်များ ကိုင်ရို သို့ ရောက်ရှိနေကြသည်။

ယနေ့ အီဂျစ် တွင် ဆန္ဒပြမှု များ ဆက်လက် ရှိနေပြီ မုန်တိုင်းငယ် မုန်တိုင်းကြီး အဖြစ် အသွင်
ပြောင်း သလိုတဖြည်းဖြည်း အားကောင်းလာသည်။

အီဂျစ် နိုင်ငံ ၏ နိုင်ငံရေး တွင် အရေးပါ အရာရောက်သူများက Committee of Wise ကိုဖွဲ့ စည်း
ပြီး အသွင်ကူးပြောင်းရေး အတွက် ဆောင်ရွက်မည် ဖြစ်သည်။ ထိုကော်မတီ တွင် တတ်သိ
ပညာရှင် များ နိုင်ငံရေး သမား များ၊ စာရေးဆရာများ၊ဂျာနယ်လစ်များ၊ တက္ကသိုလ်
ပါမောက္ခများ ပါဝင်သည်။

မူဘာရက် ၏ အမိန့် ဖြင့် ဆန္ဒပြ မှု အားမှတ်တမ်းတင် သည့် သတင်းထောက်များ အား
ဖမ်းဆီး ရိုက်နှက် ခဲ့ပြီး အယ်(လ)ဂျာဇီးယား သတင်းဌာ န ရုံးအား ပိတ်ပစ်က ပစ္စည်းများ
သိမ်းယူခဲ့သည်။

ဆန္ဒပြမှု များ အတွင်း အီဂျစ် သတင်းထောက် တစ်ဦး သေဆုံးခဲ့သည်။

အမေရိကန် သမ္မတ အိုဘားမား က ဆန္ဒပြသူများ ကို အီဂျစ် ပြည်သူ များ၏
ဆန္ဒကို လိုက်နာရန် အကြံပြုခဲ့သည်။ မူဘာရက် ကမူ အာဏာကို မစွန့် ချင် သော
ကြောင့် ပေကပ်ကပ် လုပ်နေသည်။

အီဂျစ် နိုင်ငံတွင် မြန်မာ လူမျိုး ၆၀၀ ကျော်နေပြီး လစ်ဗျား မှ နိုင်ငံမှ တစ်ဆင့် ပြောင်း
ရွှေ့ လာရောက် လုပ်ကိုင်သူ ကိုကျော်သောင်းမှ ယမန် နေ့ ကိ ကိုင်ရိုမြို့  မင်ယာ၊ဟဲလ်
ဝန် တွင်ရဲတပ်ဖွဲ့ ၏ ဖမ်းဆီး ခြင်း ကို ခံရပြီး ယနေ့  ပြန်လည် လွတ်မြောက်လာ
သည်။ ၎င်း သည် ကိုင်ရို မြို့ ရှိ Hilton Hotel တွင် Room Attendant လုပ်သူဖြစ်
သည်။

Journalist,Egypt, Quit, Step Out