အမျိုးသမီး ထူးချွန်ဆုများ အတွက် ဆိုင်ရာ က စဉ်းစားပေး စေလို

 

မိုးည အိပ်မက်မြူဇာတ်ကားတွင် အငြိမ်မင်းသမီးလေး ချစ်သက်နွယ် အဖြစ် သရုပ်ဆောင် ခဲ့သည့် အလှဘုရင်မ လေး သင်ဇာဝင့်ကျော်

Kခိုင်၊     ၊၂၀၁၂ ခုနှစ် တွင် ကျင်းပမည့် ၅၉ ကြိမ်မြောက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီ ဆု ပေးပွဲမှ
စတင်ကာ အမျိုးသမီး ထူးချွန်ဆု များ ကို ကျကျနန ပေးသင့်ရန် ယခု ကျင်းပနေ သည့် လွှတ်တော်တွင်
အဆို တင်သွင်း သင့်ကြောင်း အကယ်ဒမီ ဆုရှင် သရုပ်ဆောင် မင်းသမီး နှစ်ဦး နှင့် အခြားရုပ်ရှင်ဒါရိုက်
တာ သုံးဦးခန့် က ကြံ့ဖွတ် လွှတ်တော် အမတ် သုံးဦး အပါအ၀င် ၊အခြား လွှတ်တော် အမတ်သုံးဦး နှင့်
သီးသန့် စီဆွေးနွေး ခဲ့ကြောင်း သတင်းရရှိသည်။

ထိုဆွေးနွေး ပွဲ ကို ဦးဆောင် သည့် အကယ်ဒမီ မင်းသမီး ဟောင်း တစ်ဦး က “ကျွန်မတို့ မြန်မာနိုင်
ငံ ရုပ်ရှင် အစည်း အရုံး ကို အကြိမ်ပြောပြီး ပြီ ၅၆ ကြိမ်မြောက် အကယ်ဒမီ ဆုပေးပွဲမှာ “အကောင်း
ဆုံးအမျိုးသမီး ဇာတ်ဆောင်ဆု” မပါကတည်းက တာဝန်ရှိ သူတွေ က ဘာပြောသလဲ ဆိုတော့
ဆုကို သူတို့ ရွေးတာ မဟုတ်ဘူးတဲ့ “နိုင်ငံတော်က အကုန်အကျခံပြီး ကမကထ လုပ်တဲ့ ပွဲ မို့ နိုင်ငံ
တော်ကို သွားပြောလို့ အကြောင်း ပြန်တယ် ..အခု လွှတ်တော် ပေါ်ပြီဆိုတော့ ဒီဆု ကို ပြန်စဉ်းစား
ပေးဖို့  အမတ်တွေ ကို ကျွန်မ တို့ လောဘီလုပ် ရတာ “ဟု Freedom News သို့ ပြောသည်။

ယခုနှစ် အကယ်ဒမီ ဆုပေး တွင် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ ဆု အတွက် မိုးညအိပ်မက်မြူ
ဇာတ်ကား ဖြင့် စိုးပြည့် သဇင် ရရှိခဲ့သော် လည်း အကောင်းဆုံး ဒါရိုက်တာ ဆုရရန် လျှာထား ခံရသည့်
မိုးည အိပ်မက်မြူ ဇာတ်ကား ၏ ဒါရိုက်တာ ကြည်ဖြူသျှင် နှင့် ထိုဇာတ်ကား တွင် အငြိမ့်မင်းသမီး
လေး ချစ်သက်နွယ် အဖြစ် သရုပ်ဆောင် ခဲ့သည့် သင်ဇာဝင့်ကျော် နှင့် ဒေါက်တာ မသက်ရီအဖြစ်
သရုပ်ဆောင်သည့် မိုးဟေကို ၊ ကြိုးကြာတောင်ပံခတ်သံ ဇာတ်ကားမှ အိန္ဒြိာကျော်ဇင် တို့  အနက်
တစ်ဦး ရရှိ သင့်သော် လည် ပြန်ကြားရေးဝန်ကြီးဌာန မှ မည်သူ့ ကို မှ ဆုပေး အပ်ခြင်းမရှိခဲ့ချေ။

အမျိုးသမီး ထူးချွန်ဆု များ ချန် လှပ်ထား ခြင်း နှင့် ပတ်သက်၍ ထင်ရှားသော အမျိုးသမီး သရုပ်
ဆောင် တစ်ဦးက လည်း ဒါအမျိုးသမီး တွေ ကို ခွဲခြား ဆက်ဆံ တာပဲ မိန်းကလေးတစ်ယောက်
ရဲ့  အားထုတ်မှုဆိုတာ အသင့် အတင့် ထဲက မှ ကြည်ဖြူသျှင် တို့ သင်ဇာဝင့်ကျော် တို့ က အ
ကောင်းဆုံး လုပ်ပြ နိုင်တယ်။မနှစ် က အော်စကာ ဆုပေး ပွဲမှာ ဆိုရင် မိန်းကလေး ဒါရိုက်တာ
ကတ်သရင်း ဘီဂျယ်လို ရဲ့ The Hurt Locker ထက်ကောင်းတဲ့ ကားတွေ အများကြီး ပါတယ်။
ဆုရွေးချယ်ရေး အဖွဲ့ က မိန်းကလေး တစ်ယောက် ရဲ့ အားထုတ်မှု ကို အသိအမှတ် ပြုလို့ ဒီဆု
ကို အကောင်းဆုံး ဒါရိုက်တာ အနေနဲ့ ပေးလိုက်တာပဲ ဟု ဆိုသည်။

ရှေ့ နှစ် တွင် ကျင်းပမည့် အကယ်ဒမီ ရုပ်ရှင်ထူးချွန် တွင် ယခုနှစ် ကဲ့သို့ ပင် အမျိုးသမီး ထူးချွန်
ဆုများ ခန်လျှပ် ထား ခဲ့ပါက အမျိုးသမီး သရုပ်ဆောင် များ က ဆန္ဒထုတ်ဖော်သွားရန် စီစဉ်
ထားသည် ဟု သတင်းရရှိသည်။

10 thoughts on “အမျိုးသမီး ထူးချွန်ဆုများ အတွက် ဆိုင်ရာ က စဉ်းစားပေး စေလို

  1. green ဆိုတဲ့သူလေးရေ … ပြည်သူတွေကတော့ ထမင်းတောင်နပ်မမှန်လို့ မင်းတို့ဇာတ်ကားတွေ မကြည့်နိုင်တော့ဘူးဗျ … အရေးထဲ အကယ်ဒမီလာတောင်းနေတယ် ။ ။

  2. ဒီဝက်ဆိုဒ်မှာ ကျက်သရေတုန်းအောင် အမြဲပြောနေသူက simple ဆိုတဲ့ကောင်ဘဲ..ဒီဝက်ဆိုဒ်ကို မဖတ်ဘဲနဲ့လည်းမနေနိုင်..ပြီးရင် သူ့ပထွေးတွေ အလိုကျ အရှက်မရှိပြော…ဖတ်တဲ့သူတွေအတွက် စိတ်အနှောင့်အယှက် ဖြစ်စရာဘဲ…အနုပညာရှင်လည်း ပြောသင့်တဲ့ အခွင့်အရေးရှိရင်ပြောမှာဘဲ..ပေးတာမပေးတာ သူတို့အကန့်ဘဲ..ဗမာပြည်သူတွေကလည်း ဆိုင်ရာ အရေးတွေပြောကြမှာဘဲ..အထက်ကိုတင်တာ အောက်ကိုချတာတွေ ပြောနေစရာ မလိုဘူး..လူတိုင်း ကိုယ့်ခံစားချက်ကို ကိုယ် ပြောပိုင်ခွင့်ရှိတာဘဲ..

  3. လွှတ်တော်မှာ တင်ပြမယ်တဲ့လား……တစ်ခုပဲပြောလိုက်မယ်ဗျာ……………..စောက်ရူးတွေ..(ရိုင်းသွားရင် ခွင့်လွှတ်ပါခင်ဗျာ)

  4. ဒင်းတို့ကလဲ တမှောင့် … ပြည်သူတွေ ထမင်းနပ်မှန်အောင် မနည်းရှာကြံရှာဖွေစားသောက်နေရတာ… ဒီသရုပ်ဆောင်တွေက အခွင့်အရေးရရင် အကုန်လုပ်မယ့်ဟာမျိုးတွေ … သတ္တိရှိလို့ အထက်ကိုတင်ရဲရင် တင်ကြည့်လိုက် … တခါတည်း ကန့်လန့်တိုက်ကုန်မယ်… အေးအေးဆေးဆေး သရုပ်ဆောင်လုပ်မစားချင်တော့ဘူး ထင်တယ်… ဒင်းတို့ကလဲ တမှောင့်…

  5. စောက်ရေးထဲ …သူတို့ ကတမျိုး…..နင်တို့ ထူးချွန်ဆုက မြန်မာပြည်သူတွေ..ထမင်းဝမဲ့ အရေးမဟုတ်ဘူး…ကြောင်တောင်တောင်နဲ့ …

  6. ဘာမှကိုမဆိုင်ဘူး… လွတ်တော်နဲ့အလုပ်လုပ်လုပ်စရာမလိုတဲ့အရာတွေ.. personal တွေ.. ဒီသတင်းမှန်ခဲ့ရင် သူနဲ့ဆိုင်တဲ့အဖွဲ့စည်းကနေပဲရှင်းပြရင်ကိုရနေပြီ.. မပေးတာအဆင့်မရှိလို့မပေးတာပဲ.. ဒီမိုကရေဆီဆိုတာနဲ့ ထင်ရာမြင်ရာတောင်းဆိုတာတွေကစပြီး.. ဒီလိုဆင့်တန်းလောက်ပဲရှိနေသေးတယ် လူအဖွဲစည်းစစ်အစိုးရအုပ်ချုပ်ခံရတာလည်းမပြောနဲ့တော့..ပြညိသူနဲ့ထိုက်တန်တဲ့အစိုးရ တန်ရာတန်ရာပဲရမယ်

    1. { တာဝန်ရှိ သူတွေ က ဘာပြောသလဲ ဆိုတော့ ဆုကို သူတို့ ရွေးတာ မဟုတ်ဘူးတဲ့ “နိုင်ငံတော်က အကုန်အကျခံပြီး ကမကထ လုပ်တဲ့ ပွဲ မို့ နိုင်ငံတော်ကို သွားပြောလို့ အကြောင်း ပြန်တယ် }

  7. လူကြီးတွေကိုကန်လန်နေပြန်ပြီး တသက်လုံးရုပ်ရှင်မရိုက်ရဘဲနေအုန်းမယ်

  8. ဆူဆူ ပူပူ မလုပ်နဲ့ ရုပ်ရှင်မရိုက်ရဘဲ မျိုးကန်းသွားအုံးမယ်

Comments are closed.