ရန်ကုန်၊ဖေဖေါ်ဝါရီ ၇ရက် (ရိုက်တာ)
စစ်အစိုးရ ၏ ကိုယ်ကျိုးစီးပွားကို တိုက်ရိုက်ထိခိုက်အောင် အရေးယူနိုင်ခဲ့သည့် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်အရေးယူမှု ကိုဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ဦးဆောင်သောအမျိုးသား ဒီမိုကရေစီမှ လှိုက်လှိုက်လဲလဲ ထောက်ခံကြောင်း ကြေညာခဲ့သည်။
ယ္ခုလိုစီးပွားရေးပိတ်ဆို့ဒါဏ်ခတ်အရေးယူမှုမှာ နအဖစစ်အာဏာရှင်တို့အကျိုးစီးပွားအပေါ်ကို
သာသက်ရောက်မှုရှိပြီး ပြည်သူတွေအတွက် ထိခိုက်မှုမရှိကြောင်းဖေါ်ပြထားသည်။
အနောက်နိုင်ငံများ၏စီးပွားရေးဒါဏ်ခတ်အရေးယူမှုသည် စစ်အာဏာရှင်ဗိုလ်ချုပ်များရဲ့မိသား
စုများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နေကြသော စီးပွားရေးသမားအချို့ကိုသာ ထိရောက်စွာ အရေးနိုင်မှုဖြစ်ပြီး မြန်မာပြည်သူတို့ကို မထိုက်ကြောင်း၊ ထို့အတွက် စီးပွားရေးပိတ်ဆို့ဒါဏ်
ခတ်အရေးမှုကို မရုတ်သိမ်းဘဲဆက်လက်ဆောင်ရွက်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
တရားဝင် ယနေ့သဘောထားကြေညာချက်ထုတ်ပြန်လိုက်ကြောင်း ပါတီဒုဥက္ကဌ ဦးတင်ဦးက
ယနေ့  ရိုက်တာသတင်းဌာနသို့ပြောကြားခဲ့သည်။

Completely Right
Mg Mg…
sanction ရှိသင့် တာ ပေါ့ ဒီထက် အရှိန်မြှင့် သင့်တယ်.. လူထုဘဲထိခိုက်တယ်ဆိုတာ စစ်ဗိုချုပ် နှင့်အပေါင်းအပါများထိခိုက်နေလို့အော် နေတာပါ..ပြည်သူလူထုထိခိုက်တယ်ဆိုတာ sanction ကြောင့်မဟုတ်ပါဘူး..လုပ်စားခွင့်မရလောက်အောင် ဦးပိုင်နဲ့ တေဇက လုပ်ငန်းအားလုံးလက်ဝါးကြီးထားခြင်း ..ယင်းတို့ အခွန်ကိုကျသင့်သလောက် မဆောင်ဘဲ လူထုဆီကသာနည်းမျိုးစုံသုံးကောက်ခြင်း ..ဦးနေဝင်း လက်ထက်က တဦးးတည်းသာ ဝါးပြီး အခု ဗိုလ်အုပ်များ နှင့် ပေါင်စား များ ဝိုင်း ယါးခြင်း..ခြုံပြေရ၇င် စီးပွားရေး ကို လူထုမတွက် လုံးဝမစဉ်းစားခြင်း(နာဂစ်ပစ္စည်းတွေတောင် ခိုးရက်ခြင်း) ကြောင့်သာ..
စီးပွားရေးပိတ်တို့လို ဘာဖြစ်လို့ စစ်ဗိုလ်ချုပ် နှင့် မိသားစုများ ငတက်ဇျားဘီလျံနာတွေဖြစ်ကုန်ရတာလဲ..
ဒါကြောင့် လူထုဆင်းရဲတာ ထိခိုက်တာ စစ်အုပ်ချုပ်ရေးစံနစ် ကြောင့် သာလျှင် ဖြစ်တာအထင်အရှား ဘဲ
စစ်အစိုးရနဲ့အပေါင်းအပါများအတွက် ဘာမျှထူးထူးခြားခြားဖြစ်မလာတဲ့ NLD ရဲု့လုပ်ရပ်တွေကိုတော့ ဒီအချိန်၊ ဒီခုနှစ် ဒီရက်စွဲကနေပြီးတော့ ဂ-ဃ-ဏ-န ဖြစ်စဉ်ကိုပြန်လည် စဉ်းစားပြီး… နည်းဗျူဟာပြောင်းလဲသင့်ပါတယ်… ဒါကအကြံပြုချက်ပါ…. နိုဘယ်လ်ဆုတည်မြဲဖို့အတွက်ကိုပဲအဓိကထားပြီး ငြိမ်းချမ်းရေး ဆိုတဲ့စကားနဲ့စစ်ခင်းတာထက်…. စစ်ခင်းပြီး ငြိမ်းချမ်းရေးယူတာက ပြည်သူတွေအတွက် ထွက်ပေါက်တွေမြောက်များစွာ ရရှိလာပါလိမ့်မယ်… အခုဆိုရင် DKBA ကရင်တိုင်းရင်းသားတပ်ဖွဲ့တွေ၊ KIA ကချင်တိုင်းရင်းသားတပ်ဖွဲ့တွေကလည်း စစ်အစိုးရကို ပြောင်မြောက်စွာတိုက်ပွဲဝင်နေကြပါပြီ… အခြားတိုင်းရင်းသားတွေလည်း အားကြိုးမာန်တက် စုပေါင်းပြီးတိုက်ခိုက်ကြဖို့ ဒီနေရာကနေ မျှော်လင့်စောင့်စားနေပါတယ်.. မြန်မာနဲ့တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကလည်း ၀ိုင်းဝန်းကူညီကြဖို့ တိုက်တွန်းချင်ပါတယ်…
ကျွန်တော့ဆန္ဒကတော့ ပြည်သူတစ်ရပ်လုံး ရရာလက်နက်စွဲကိုင်ပြီးတော်လှန်မှဖြစ်တော့မယ်… ခေါင်းဆောင်မလိုဘူး… အမိန့်တွေမလိုဘူး…. တစ်ဦးတစ်ယောက်ချင်းစီက မြန်မာနိုင်ငံနဲ့ပြည်သူအတွက် ကောင်းမယ်ထင်ရင် အခုချက်ချင်းထပြီးတော်လှန်လို့ရတယ်… ”ဆင်လီးခွေးမျှော်”သလိုမျိုးလည်း စောင့်မနေချင်ဘူး… ဘာကိုကြောက်နေကြတာလည်း သေတာနဲ့အခုနဲ့ ဘာများထူးနေလို့လည်း… တော်လှန်ရင်းသေတာကမှ မြတ်သေးတယ်… ခွေးမသားသန်းရွှေနဲ့အပေါင်းအပါများကို အပြတ်အသတ်ချေမှုန်းဖို့ ဘယ်နေ့လည်း… သူ့ဘာသာသူ သေသွားတာမျိုးမလိုချင်ဘူး…. ဒီမအေလိုးနဲ့အပေါင်းအပါတွေကို ပြည်သူတွေရဲ့လက်နဲ့သတ်ရမှ ကြေနပ်မယ်… တို့တွေ ကျကျနန စဉ်းစားဖို့အချိန်သိပ်မရှိဘူး….
အမှန်တရားဘက်တော်သား တင်ပြတဲ.အဖက်တွေကို သဘောတူပါတယ်…
ှScope ကို ကျယ်ကျယ်ကြည်.ပေးကြစေလိုပါတယ်…
Really Sanction ဖြစ်ဖို.တော.လိုပါတယ်…
Ausi, US က Sanction လုပ်ထားလို. အဲဒီနိုင်ငံတွေက ၀ယ်ရမယ်.အရာတွေကို
အပြင် Company တွေက(ကြားနိုင်ငံကနေ_eg. Singapore) ပွဲစားလုပ်ပြီး နာမည်ခံ ၀ယ်ပေးတာမျိုးနဲ.အလုပ်ဖြစ်နေမယ် ဆိုရင်တော. နိုင်ငံကို လှိုက်စားနေတဲ. စစ်အစိုးရကော စစ်အစိုးရနဲ.ပေါင်းရိုက်နေတဲ. စီးပွားရေးသမားတွေက ပါ ကြို ဆိုနေကြပါလိမ်.မယ်..
ဥပမာပေးရရင် စက်မှု (၁) ၀န်ကြီးဌာန က ဦးအောင်သောင်းနဲ. အပေါင်းအပါ စီးပွားရေးသမားများ အနွယ်တော်များ
အသစ်ဆောက်တဲ. ပြင်တဲ.စက်ရုံ တွေမှာ အဲဒါမျိုးတွေ အများကြီးပါ..
အကြောင်းသိ နီးစပ်ရာ မေးမြန်းစုံစမ်းနိုင်ပါတယ်….
စီးပွားရေးမူဝါဒတွေမှာ လွဲမှားနေတဲ့အတွက် Sanctionsကို ဖျက်သိမ်းလိုက်ရုံနဲ့ တိုင်းပြည်နဲ့ လူမျိုးတွေ၊ တိုင်းရင်းသားတွေအားလုံး အကျိုးရှိစေမယ့်၊ ကောင်းကျိုးဖြစ်စေမယ့် အလုပ်အကိုင် အခြေအနေတွေ ပေါ်ပေါက်လာမှာလားဆိုတာကို သေချာဝေဖန်သုံးသပ်ကြပါ။
မိမိရဲ့ ညံ့ဖျင်းတဲ့ အုပ်ချုပ်ရေးကို တော့မပြင်ဘဲ၊ ၀န်ခံခြင်း မလုပ်ဘဲ၊ မြန်မာနို်င်ငံရဲ့ စီးပွားရေး ကျဆင်းမှုနဲ့  ထွက်ပေါက်မရှိခြင်းသည် နိုင်ငံတကာက ပိတ်ဆို့ ထားသော စီးပွားရေး အရေးယူဒဏ်ခတ် ပိတ်ဆို့မှုတွေကြောင့်ဟု တွင်တွင်ပြောနေခြင်းက အမှန်တကယ်တော့ အဓိပ္ဗါယ်မရှိသော နိုင်ငံရေးနဲ့စီးပွားရေးဆိုင်ရာ VILLIANS တွေသာဖြစ်တယ်။
နိုင်ငံရေးနဲ့ စီးပွားရေးဟာ ခွဲခြားလို့ မရဘူး။ မှန်ကန်တဲ့ နိုင်ငံရေးလမ်းစဉ်ရှိမှ စီးပွားရေးတိုးတက်မယ်။ စီးပွားရေးလုပ်ငန်းစဉ်တွေ မှန်ကန်မှသာလျင် အများပြည်သူနဲ့ တိုင်းပြည်သာယာမယ်…
ပြည်ပက Sanctionsတွေထက် ပြည်တွင်းက စစ်အစိုးရရဲ့ မတရားဥပဒေတွေကြောင့် ခံစားနေရတဲ့ Sanctionsတွေ ပျောက်မှသာ တိုင်းပြည်နဲ့ပြည်သူတွေ ဆင်းရဲတွင်းကလွတ်မယ်ဆိုတာ အားလုံးသဘောပေါက်ဖို့ ကောင်းတယ်…
အဲဒိတော့ ပြည်ပ Sanctionsတွေကို စစ်အစိုးရကို ပိုထိခိုက်အောင်လုပ်ရင်း ပြည်တွင်းက စစ်အစိုးရက ပြည်သူတွေအပေါ်လုပ်ထားတဲ့ Sanctionsတွေကို ပပျောက်သွားအောင် အားလုံးကြိုးစားကြဖို့သာ အဓိကကျတယ်…
Sanctionsတွေ ဘာတွေကြီးကြီးကျယ်ကျယ် မပြောပါနဲ့အုံး…
စစ်အစိုးရကိုယ်တိုင်ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးလမ်းစဉ်တွေကိုမပြင်ဘဲ ဘာမှဆက်လုပ်လို့ မရဘူးဆိုတာ အောက်ပါ အလွယ်ပြဿနာလေးကို ကြည့်လိုက်အုံး…
ပြည်တွင်းမှာပဲ ခရီးတစ်ခုကို သွားနေတုန…်းမှာ ခရီး သည် တစ်ယောက် တစ်နိုင်တစ်ပိုင် ငရုတ်ကောင်း အိတ် ၁ အိတ်ကို ကားနှင့် သယ်လာခဲ့ပါတယ်..လမ်းရောက်တော့ စစ်ဆေးရေး ဂိတ်မှာ ငရုတ်ကောင်းကိုတွေ့တော့ သစ်တော ဥပဒေ နှင့် ညှိစွန်းတယ်ဆိုပြီး သိမ်းဆည်းထားခဲ့တယ်..သစ် ဆိုရင်တော့ တစ်မျိုးပေါ့..ပြည်တွင်းက ဆန်ရှင်နှင့် ပြည်ပက ဆန်ရှင်က သာမန်အလုပ်သမားတွေအတွက် ပိုထိခိုက်တယ်ဆိုတာ စဉ်းစားသာ ကြည့်လိုက်ပါတော့ဗျ..
စစ်အစိုးရမပါဘဲလုပ်လို့ရလောက်တဲ့ ကိစ္စမဟုတ်လို့ ပြောနေရတာကိုတော့ နားမလည်နိုင်တာ အင်မတန် အလွယ်တွေးရရောက်လွန်းတယ်…
အဲဒိတော့ အဖြေက ဘယ်ပေါ်မှာ မူတည်လည်းဆိုတာ သိပ်ကို ရှင်းပါတယ်…
လက်ရှိ စစ်အစိုးရရဲ့ မှားယွင်းနေတဲ့ စီးပွားရေးလမ်းစဉ်ကြောင့် လူနည်းစုသာ အထူးအခွင့်အရေးနဲ့လုပ်ပိုင်ခွင့်တွေ ရနေအုံးမယ်ဆိုရင်…
စီးပွားရေးမူဝါဒတွေမှာ လွဲမှားနေတဲ့အတွက် Sanctionsကို ဖျက်သိမ်းလိုက်လို့ရှိရင်လည်း တိုင်းပြည်နဲ့ လူမျိုးတွေ၊ တိုင်းရင်းသားတွေအားလုံး အကျိုးရှိစေမယ့်၊ ကောင်းကျိုးဖြစ်စေမယ့် ရင်းနှီးမြုပ်နှံမှုတွေ၊ လုပ်နည်းကိုင်နည်းတွေ ဖြစ်လာမှာမဟုတ်တဲ့အတွက် ပြည်သူတွေကို တကယ်အကျိုးရှိစေမှာ မဟုတ်ဘူး။
အုပ်ချုပ်သူ အာဏာပိုင် စစ်တပ်အသိုင်းအဝိုင်းတွေ၊ ဆိုင်ရာပိုင်ရာ လူကြီးတွေဆီက အခွင့်အရေးနဲ့သာ လုံခြုံစိတ်ချရတဲ့ စီးပွားရေးလုပ်ငန်းတွေကို အကောင်အထည်ဖော်နိုင်တဲ့ စနစ်ကြီးအောက်မှာ မြန်မာပြည်မှာ စီးပွားရေးကို ဥပဒေဘောင်အတွင်းက လုပ်ကြည့်ကြပါအုံး…
ကိုယ့်အလုပ်ကိုယ် မလုပ်ရဘူး၊ ဟိုကြေး ဒီကြေး၊ ဟိုလူ့မျက်နှာလုပ် ဒီလူ့မျက်နှာလုပ်နဲ့ လုပ်ငန်း၁ခုလုပ်ရဖို့ ဘယ်လို အရှုပ်ထုပ်တွေကို ဖြေရှင်းနေရမယ်ဆိုတာ သိကြမှာပါ…
စစ်အစိုးရနဲ့ အုပ်ချုပ်သူတွေက အလိုမကျတိုင်း၊ သူတို့နဲ့ သဟဇာတမဖြစ်တိုင်း မတရားသဖြင့် သိမ်းပိုက်ခံလိုက်ရတဲ့ လုပ်ငန်းတွေ၊ ရပ်တန့်လိုက်ရတဲ့ လုပ်ငန်းတွေ၊
လုပ်ငန်းဆိုင်ရာ လိုအပ်ချက်တွေဖြစ်တဲ့ ရေ၊ မီး မလုံလောက်လို့ လုပ်ငန်းလည်ပတ်မှုလျော့ကျသွားလို့ ထွက်ကုန်တွေကျ၊
အလုပ်သမားတွေလျော့ချရတဲ့ မြန်မာပြည်စက်မှုဇုံက ပြည်တွင်းလုပ်ငန်းရှင်တွေကိုသာ မြင်အောင်ကြည့်ကြပါ…
စီးပွားရေးတိုးတက်ချင်ကြတာ တကယ်အမှန်ပဲလား…
အုပ်ချုပ်သူအစိုးရမပါဘဲ နိုင်ငံစီးပွားရေးနဲ့ ပြည်သူတွေ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါပေါများများ ပေါ်ပေါက်အောင် လုပ်နိုင်ကြမှာ မို့လား…
လုပ်ငန်းတွေအတွက် စီးပွားရေးအရ လုံခြုံမှု ဥပဒေတွေအတွက် အစိုးရ ကိုယ်တိုင် ပါဝင်မှရမှာ…
သူတို့က မပြောင်းလဲဘဲ မတရားဥပဒေတွေနဲ့ ကလိမ်ကျနေမြဲဆိုရင် ဘယ်လုပ်ငန်းကြီးမှ လာမြုပ်နှံမှာ မဟုတ်ဘူး…
အောက်ပါသတင်းကလည်း “မှန်ကန်တဲ့ နိုင်ငံရေးလမ်းစဉ်ရှိမှ စီးပွားရေးတိုးတက်မယ်”ဆိုတာကို ထပ်လောင်း ထောက်ခံပြောဆိုနေပါသေးတယ်…
(ဖတ်ခဲ့တဲ့နေရာက မူရင်းလင့်ခ်ကို မဖော်ပြထားဘူး)
ဖတ်ကြည့်ပါအုံး…
…ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလွတ်လပ်မှု စောင့်ကြည့်ရေး Global Economic Freedom အဖွဲ့က ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံပေါင်း ၁၇၉ နိုင်ငံရဲ့ စီးပွားရေး လွတ်လပ်မှုဆိုင်ရာ အချက်အလက်တွေကို စာရင်းပြုစု ထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံကို စီးပွားရေးလွတ်လပ်မှု ဆဋ္ဌမမြောက် အနိမ့်ဆုံးနိုင်ငံအဖြစ် အမှတ်စဉ် ၁၇၄ မှာ ဖော်ပြထားကြောင်း သိရပါတယ်။
အခုလို မြန်မာနိုင်ငံမှာ စီးပွားရေးလွတ်လပ်မှုတွေ ဆိပ်သုဉ်းနေရတဲ့ အခြေခံ အကြောင်းတရားတွေနဲ့ ပတ်သက်ပြီး သြစတြေလျ အခြေစိုက် မြန်မာ့ စီးပွားရေးပညာရှင် ဒေါက်တာမျိုးညွန့်က အခုလို သုံးသပ်ပါတယ်။
“အကြောင်းရင်းကတော့ အများပြည်သူကို ကိုယ်စားပြုတဲ့ အစီအစဉ်လုပ်ရပ်တွေကို စစ်အာဏာရှင် အစိုးရအနေနဲ့ အကောင်အထည် မဖော်ခဲ့လို့ပေါ့။ အဲဒါက အဓိကပဲ။ နောက်တခုက အများပြည်သူရဲ့ ဘဝရပ်တည်ရေး လုပ်ငန်းတွေကို အကျိုးမပြုဘဲနဲ့ စစ်တပ်နဲ့ ပြည်တွင်း လုပ်ငန်းရှင်တွေရဲ့ အကျိုးကို ကိုယ်စားပြုတဲ့ စီးပွားရေး မူဝါဒတွေ အစီအစဉ်တွေကို ချမှတ်ခဲ့တာ။ နောက်တခုကတော့ စစ်အာဏာရှင်အစိုးရ အနေနဲ့ ဒီနေ့တမျိုး နက်ဖြန်တမျိုး ချမှတ်တဲ့ စီးပွားရေးမူဝါဒတွေ။ အဲဒါကြောင့် ကျနော်တို့ဟာ တဖြည်းဖြည်း ဆင်းရဲတဲ့နိုင်ငံ၊ တခါတည်း ချောက်တွင်းထဲမှာကျနေတယ်”
Global Economic Freedom အဖွဲ့ရဲ့ ညွှန်းကိန်းတွေအရ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှု လွတ်လပ်ခွင့် သုံည ရာခိုင်နှုန်း၊ ငွေရေးကြေးရေး လွတ်လပ်မှု ၁ဝ ရာခိုင်နှုန်း၊ ပိုင်ဆိုင်မှုလွတ်လပ်ခွင့် ၅ ရာခိုင်နှုန်း၊ အလုပ်သမား လွတ်လပ်ခွင့် ၂ဝ ရာခိုင်နှုန်း၊ ငွေကြေး ထိန်းချုပ်နိုင်မှု လွတ်လပ်ခွင့် ၅၆ ရာခိုင်နှုန်း၊ ကုန်သွယ်မှု လွတ်လပ်ခွင့် ၇၂ ရာခိုင်နှုန်း နဲ့ အစိုးရက အသုံးစရိတ် လွတ်လပ်ခွင့်ရတာ ၉၈ ရာခိုင်နှုန်း ရှိကြောင်း ဖော်ပြထားပါတယ်။
ဟားဟား … ရယ်ရတယ်ဗျာ ။
တစ်ကယ်ပါပဲ … ဒီမိုကရေစီခေါင်းဆောင်ကြီးရေ … အဲဒီပိတ်ဆို့မှုက ပြည်သူတွေကိုဘယ်လောက်ထိခိုက်ခဲ့သလဲ ။
တကယ်ပဲမသိတာလား။ မသိချင်ယောင်ဆောင်နေတာလား ။ ပြည်သူတွေမှာတော့ စိတ်လဲဆင်းရဲ ။ စားဝတ်နေရေးအတွက် ရှာရတာ လူပဲဆင်းရဲ ။ ကျန်တာဆိုလို့ ဘာမှမရှိတော့ပါလားဗျာ ။ တစ်ခုတော့ကျန်ပါသေးတယ် ။ မုန်းတီးစိတ်ပဲဗျို့ ။
ဒါတောင် အနောက်နိုင်ငံတွေကို စီးပွားရေးပိတ်ဆို့လို့ မုန်းတီး ရမလား ၊ စစ်အစိုးရကိုပဲ မုန်းတီးရမလား။
……. အမှန်တကယ် အနစ်နာခံတတ်တဲ့ ခေါင်းဆောင်နဲ့ သစ္စာရှိတဲ့ နောက်လိုက်ကောင်းတွေ လိုလာပါပြီ ….
တို့တိုင်းပြည်ကို တကယ်ချစ်ပြီး တကယ်ကောင်းအောင်လုပ်ပေးမယ့် ခေါင်းဆောင်သစ်တစ်ယောက် လိုနေပြီ။
ဒေါ်စုနဲ့ တပ်နဲ့ အဆင်မပြေဖြစ်အောင် ထိက်တိုက်ရင်ဆိုင်ရေးလမ်းကြောင်းပေါ်ကိုတင်ခဲ့တယ်
၂၀၁၀ ရွေကောက်ပွဲကို သပိတ်မှောက်ပြီး ရွေးကောက်ပွဲမှာ ဒီမိုကရေစီ အင်အားစုတွေ အရေးနိမ့်အောင်
မဲမပေးရေးလှုပ်ရှားမှုလမ်းကြောင်ကို ဖော်ခဲ့တယ်
ဒေါ်စု လွတ်လာပြန်လဲ ဒုတိယ ပင်လုံ ဇာတ်လမ်းခင်းပြန်တယ်
ယခုလွှတ်တော်ထဲမှာ ဒီမိုကရေစီအင်အားစု တွေနည်းနေရတဲ့ အဓိကတရားခံ
လွှတ်တော်ထဲမှာ ဒီမိုကရေစီအင်းအားစု တွေက section ကိုရုပ်သိမ်းပေးဖို့ အဆိုတင်သွင်းမယ်ဆိုတော့
NLD က မရုပ်သိမ်းရဘူး လုပ်ပြန်ပြီ ကိုယ့်တိုင်းပြည်မှာဘာတွေ ဖြစ်နေသလဲ ဆိုတာ လွန်ခဲ့တဲ့ ၂၂ နှစ်က တပ်ထားတဲ့
မျက်မှန် အနီကြီး ကိုဲဖြုတ်ပြီး တချက်လောက် ကြည့်ပါဦ NLDရဲ့အသက်ကလည်း ခင်ဗျားကြီးလက်ချက်နဲ့ ဖုတ်လိုက် ဖုတ်လိုက်ဖြစ်နေပြီ အခုထက်ထိ တပ်ရဲ့သဘောထားအမှန်လည်းမသိဘူး ပြည်သူရဲ့သဘောထားအမှန်လည်းမသိဘူး
ဦးဝင်းတင်ရှိနေတဲ့ အချိန်းမှာ NLD ဟာအမြဲတမ်း အတွေးအခေါ်ဆင်းရဲနေကျ ပါ ပြည်သူတွေရဲ့ ဆန္ဒနဲ့ အိပ်မက်တွေကို
အမြဲတမ်းရိုက်ချိုး တဲ့ ဒီလူကြီးကြောင့် NLD ကမြန်မာ့သမိုင်းအမှိုက်ပုံထဲကို ကျသွားဖို့ လမ်းကတော့် တဖြည်းဖြည်းနဲ့
နီးနေပါပြီ
သြော် မယ်တို့ မောင်တို့ တတွေလဲ..ကိုထင်ရာကိုလုပ်နေကြပါလား……………
ပြည်သူဆိုတာ..အုပ်ချုပ်သူတွေ နိုင်ငံရေးသမားတွေရဲ့ မှန်ဘဲ
ကောင်းရင်ကောင်းတယ်…မကောင်းရင်မကောင်းဘူး…..ပြန်ပြောကြမှာဘဲ….
အဲ့ တော့ အုပ်ချုပ်သူတွေ နိုင်ငံရေးသမားတွေ…ခင်ဗျားတို့ လုပ်ရပ်မှန်မမှန်…မှန်ဖြစ်တဲ့ ပြည် သူ့ မျက်နှာကြည့် ပြီးမှ
လုပ်ကြပါ……စာနာကြပါ…ထင်ရာမလုပ်ကြပါနဲ့ …..ဆင်းရဲသားတွေ ဟာ ခင်ဗျားတို့ တတွေကို အလုပ်အကျွေးပြုနေတာ…နားလည်ကြပါ….ခင်ဗျားတို့ အယူအဆတွေကို..လက်ခံနေကြရတာတွေကို…နားလည်ကြပါဗျ…
နင်းပျားတွေကို…ညှာတာကြပါ….စာနာကြပါ…..ဗျ
ကျွန်မကလဲ ပြည်သူတွေကို ချစ်ပါတယ် ဆိုတဲ့စကား .. ဒီတစ်ခါတော့ တက်တက်စင်အောင် လွဲခဲ့လေပြီ..
စစ်အစိုးရ မမွဲပါ…..ပြည်သူများသာ ဖြူခါပြာခါ ကျနေပါပြီ။ NLD မသိရင်တော့လဲ မပြောတတ်တော့ပါ…. :(
အီဂျစ်ကျောင်းသား တွေ မဆိုး ဘူး
သတင်းထောက်- ခင်ဗျားတို့ လှုပ်ရှားမှုမှာ ခေါင်းဆောင်မရှိသေးဘူုး ။ ဘယ်သူကိုတင်မလဲ ။
အီဂျစ်ကျောင်းသား – ဘယ်သူကိုမှမတင်ဘူး။ လောလောဆယ် မူဘာရပ်ပြုတ်သွားဖို့ လိုတယ်။ မူဘာရပ်ပြုတ်သွားမှဘယ်သူကိုခေါင်းဆောင်တင်မလဲဆိုတာစဉ်းစားမယ်။
To -NLD Uncles
စစ်အစိုးရ က သီ ချင်း တောင် ဆို တာ တောင် မ ပြတ် ပါ၊”””စီးပွားရေးပိတ်ဆို့ တာ ဒို မ မူ ပါ၊၊ ဒဲ ဒဲ ။။””၁၀ စု နစ် သာ ကျော် သွား ပါ ပြီ၊၊ ဘာ မ ထိ ထိ ရောက် ရောက် မ ဖြစ် လာ ပါ ၊ ပြည် သူ လူ ထု သာ ပို ပြီး အထိနာ သာ ပါ၊၊ဒီ နည်း နဲအ စိုး ရ ကို ဖြုတ် ဖို့ ကြံ ရင် တော့ ..NLD ရေ …………….huu huu..
NLD လဲ လုပ်လိုက်ရင် တလွဲပါလားနော်… ဘာလို့ မြန်မာပြည်သူတွေ မထိခိုက်ရမှာလဲ… အခုစားဝတ်နေရေး ဘယ်လောက်ခက်လဲ မသိကြဘူးလား… စစ်တပ်နဲ့ ဆက်နွယ်တဲ့ သူတွေအားလုံး နိုင်ငံခြားတွေမှာ တခြားနာမည်တွေနဲ့ ကုမ္ပဏီတွေဖွင့်ပြီး လုပ်နေကြတာ … ဘယ်သူမှ သွားမပြောကြဘူး… အဲဒီအထဲမှာ အမေရိကန်လဲပါတယ်… အမေရိကန်က သူ့အကျိုးစီးပွားအတွက်ဆို ဘာမဆိုလုပ်မယ့်သူမျိုး… မင်သားခေါင်းဆောင်နောက်က ဘီလူးရုပ်ကြီး…
စီးပွားရေးပိတ်ဆို့ရင် တိုင်းပြည်မှာရှိတဲ့ ကုန်ပစ္စည်းတွေ ဈေးကြီးပြီး စားဝတ်နေရေးစရိတ်တွေပိုပိုမြင့်လာတယ်… မ၀ယ်မနေရပစ္စည်းမျိုး ဥပမာ- ဆန်တို့တွေကနေတဆင့် စီးပွားရေးလုပ်ငန်းရှင်တွေဆီရောက်ပြီး သူတို့က အမြတ်တွေရပြီး ချမ်းသာပြီးရင်း ချမ်းသာရင်းပဲ… မ၀ယ်မဖြစ်ပစ္စည်းမျိုးတွေကို ရောင်းဝယ်ခွင့်ကလဲ သူတို့စစ်တပ်အသိုင်းအ၀ိုင်းထဲကလူတွေ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေပဲရကြတာ… သာမန်ပြည်သူတွေက ဘာအခွင့်အရေးမှရှိတာမဟုတ်ဘူး… အဲဒီအတွက် တကယ်တမ်းထိခိုက်တာက သာမန်ပြည်သူတွေပါပဲ… အဲဒါကို NLD ကောင်းကောင်းကြီး သဘောပေါက်ဖို့လိုတယ်… ကိုယ်လိုချင်တာ ကိုယ်မပြောပါနဲ့ NLD…
တိုင်းပြည်စီးပွားရေးကျပ်တည်းပြီး သာမန်ပြည်သူတွေ မခံမရပ်နိုင်ဖြစ်လို့ တိုင်းပြည်ဆူဆူပူပူဖြစ်လာရမယ်ဆိုတဲ့ နည်းဗျူဟာတွေ သုံးမယ်ဆိုရင် ပြည်သူတွေပဲ ထိခိုက်ပါလိမ့်မယ်… ဘာကြောင့်လဲဆိုတော့ ဘာသာရေးကြောင့်ပါပဲ… ဒီနေရာမှာ ဘာသာရေးကြောင့် မြန်မာနိုင်ငံကြီး မပြောင်းလဲတာလဲ ပါပါတယ်… အဲဒါကြောင့် တခြားတိုင်းပြည်တွေနဲ့ လိုက်ပြီး မနှိုင်းယှဉ်ပါနဲ့… မြန်မာပြည်ပြောင်းလဲဖို့ တကယ်တမ်းလိုလားတယ် သတ္တိရှိတယ်ဆိုရင် အခုပဲ ပြည်သူတွေကို မားမားမတ်မတ် ရှေ့ကဦးဆောင်ပြီးတော့ လှုပ်ရှားကြည့်လိုက်ပါလား… ဘာအကျိုးဆက်တွေဖြစ်လာမလဲဆိုတာ…
စစ်အစိုးရ ၊ စစ်အစိုးရနှင့်ပတ်သက်သော စီးပွားရေးလုပ်ငန်းရှင်များတွင် စီးပွားရေးပိတ်ဆို့မှုကို ရှောင်ရှားရန် နည်းလမ်းပေါင်းမြောက်များစွာ ရှိပါသည်။ Sanction သည် သာမာန်ပြည်သူကိုသာ ထိခိုက်ပါသည်ဟု ထင်မြင်ပါသည်။