
ငြိမ်းချမ်းငြိမ်း nyeinchennyein@facebook.com
လက်ဆောင် ပစ္စည်း ရောင်း သည့် ဆိုင် ကို ဖြတ်ပြီး ထွက် ပါ( Exit Through The Gift Shop) ဆိုသည့် ရုပ်ရှင် ဇာတ်ကား သည် ဖေဖော်ဝါရီ လ ၂၇ ရက်နေ့ တွင် ကျင်းပမည့် အော်စကာ ဆုပေးပွဲဉ် အကောင်းဆုံးမှတ်တမ်းရုပ်ရှင် ကားဆု အတွက် လျှာထားခံသည်။ ယခင်နှစ်က Burma VJ ဇာတ်ကားမှာလည်း မှတ်တမ်းရုပ်ရှင် ဆု အတွက် လျှာထားခံရသည်။
ယခုနှစ် တွင် Exit Through The Gift Shop, Gas Land, Inside Job, Waste Land နှင့် Restrepo တို့ မှာအကောင်းဆုံး မှတ် တမ်း ရုပ်ရှင်ကား ဆု အတွက် လျှာထားခံရသည်။
—In feature films the director is God; in documentary films God is the director.
ထိုသို့ လျှာထားခံရသည့်ဇာတ်ကားများ အနက် Exit through the Gift Shop ဆိုသည့် ဇာတ်ကားမှာ ရုပ်ရှင်နယ်ပယ်ထဲမှ ဒါရိုက်တာ တစ်ဦးဦး ဖန်တီးထားသည့် ဇာတ်ကားမဟုတ်ဘဲ နံရံပေါ်မှာ စိတ်ကူး ပုံဖော်သည့် ဂရပ်ဖတီ ပညာရှင် နှင့် နိုင်ငံရေး လှုပ်ရှား သူ တစ်ဦး က ရိုက် ကူးထားခြင်း ဖြစ်သည်။ E T T G S မှတ်တမ်းဇာတ်ကား တွင် အမေရိကန် လောဇင်းဂျလိစ် မြို့ တွင် ပြောင်းရွှေ့ နေထိုင်သည့် အမေရိကန် ဂရဖ်ဖတီ ပညာရှင်သီယာရီ ဟင် နီရီ အကြောင်း ကို အင်္ဂလန် နိုင်ငံသား ဘန်ဆီ က ရိုက်ကူးထား ခြင်း ဖြစ်သည်။ ဘန်ဆီ (Banksy) သည် ၎င်း ၏ နာမည် ရင်း မဟုတ် ပါ။ ၎င်း ၏ နာမည် ရင်း ကို မည်သူမျှ မသိကြသကဲ့သို့ သူ့ ကို မည် သည့် ခုနှစ် တွင် မွေးဖွား ခဲ့သည် ဟု လည်း မည် သူမျှ မသိပါ။ မည်သည့်
နေရာတွင် နေသည် ကို လည်းမည် သူမျှ မသိ။
ဘန်ဆီ သည် ခောတ်ပြိုင် ဂရပ်ဖတီ အနုပညာ တစ်မျိုး ဖြစ်သည့် နံရံ ပေါ်တွင် ပန်းချီရေး ဆွဲရာဉ် အလွန်ကြော်ကြားသူ တစ်ဦး ဖြစ်သည်။ ဘန်ဆီ သည် လန်ဒန်လမ်းမများ ရှိ အဆောက် အဦးများ ၊ ဘာကင်ဟမ် နန်းတော်၊အစ္စရေး တို့ တည်ဆောက် နေ သည့် ပါလက်စတိုင်းမှ တံတိုင်းကြီး ၊အမေရိကန် မြို့ ကြီး များ နှင့် ဥရောပ တစ်လွှား တွင် လက်စွမ်းပြပြီး သွားပြီ ဖြစ်သည်။
Exit through the Gift Shop ဇာတ်ကားတွင် Mr . Brain Wash အဖြင့် နာမည် ရ သူမှာ Pop Art လှုပ်ရှားမှု ကိုဦးဆောင်သည့် သီယာရီ ဟင်နရီ ဖြစ်သည်။ ဘန်ဆီ နှင့် သီယာရီ တို့  နှစ်ဦးစလုံး သည် ခောတ်သစ်Pop Art လှုပ်ရှားမှု ကို ဦးဆောင် သူများ ဖြစ်သည်။ ဘန်ဆီ သည် ခောတ်သစ် အင်ဒီ ၀ါးဟိုး ဖြစ်သည်။
Exit through the Gift Shop ဇာတ်ကားတွင် သီယာရီ ဟင်နရီ က ဒီဇိုင်းဆန်း အကျီ်ရောင်း သူ တစ်ဦး အဖြစ်အသက်မွေး ၀မ်းကျောင်း ပြုပြီး သွားလေရာတွင် ဗီဒီယို ကင်မရ တစ်လုံး ကိုင်ကာ ရိုက်ကူး တတ်
သူ တစ်ဦး ဖြစ်သည်။
တစ်နေ့ ပြင်သစ် မှ သူ၏ တူ ဖြစ်သူ Street Artist တစ်ဦး ဖြစ်သူ Invader နှင့် ၎င်း၏ သူငယ်ချင်းများ
လာရောက် လည်ပတ် ရာမှ တစ် ဆင့် OBEY (အိုဘားမား နှင့် ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံများ ကို
ဂရပ်ဖတီ ပြန်လည် ဆွဲခဲ့သူ) နှင့် ၎င်း ၏ တူမှ တစ်ဆင့် ရင်းနှီးခဲ့သည်။ Shepard Fairey (Obey) ၏အနု
ပညာ ဖန်တီးမှု များ ကို ၎င်း က ဗီဒီယို မှတ်တမ်း ရိုက်ကူးခဲ့သည်။
သီယာရီ ကိုယ်တိုင်လည်း နောက် ပိုင်း တွင် Street Art လှုပ်ရှားမှု များ ကို လိုက်လံရိုက်ကူးမှတ်တမ်းတင်ရင်းထိုလှုပ်ရှားမှု များတွင် ပါဝင်လာသည်။
Exit through the Gift Shop ဇာတ်ကားတွင် Thierry Guetta, Banksy , Shepard Fairey, Invader, André တို့ ပါဝင် သရုပ်ဆောင် ထားသည်။ ဘန်စီ သည် နှင့် သီယာရီ ဂတ်တာ သည်
နိုင်ငံရေး သရော်ချက်များ ကို လည်း နံရံပေါ်တွင် အရုပ်ရေးပြီး လှောင်ပြောင်ခဲ့သည်။ ဘန်စီ ၏
လက်ရာ အများစု မှာ နိုင်ငံရေးသလျှော် ချက်များ ဖြစ်သည်။
ထိုဇာတ်ကားသည် ခောတ်ပြိုင် လူငယ်များ ၏ နိုင်ငံရေး အံတုမှု နှင့် စိတ်အချဉ်ပေါက်မှု များ ကို
သရုပ်ဖော်ထားသည်။
Street Art လှုပ်ရှားမှု များ ကို ပထမ ဦးဆုံးအကြိမ် သရုပ်ဖော် မှတ်တမ်းတင်ထားသော ဇာတ်ကားဖြစ်သည်။
ဘန်ဆီ သည် ၎င်း ၏ အနုပညာ အတွက် ထောင်နှုတ်ခမ်း နင်း၍ ဖန်တီးနေရသူ တစ်ဦး ဖြစ်သည်။ သူ၏ အနုပညာ ကိုလူငယ်များ က နှစ်ခြိုက်ကြပြီး လူကြီးများ က ကန့် ကွက် ကြသည်။ ဝေဖန် ခံရမှု နှင့် ရှုံချခံရမှု များဒွန်တွဲ နေသူ တစ်ဦး ဖြစ်ပြီး လှုမှု ပတ်ဝန်းကျင်၏ လှောင်ရယ်စရာ ဖြစ်ရပ် များ ကို ထေ့ငေါ့တတ်သူ တစ်ဦးဖြစ်သည်။
Exit through the Gift Shop ဇာတ်ကားကို Banksy က ရိုက်ကူးပြီး နိုင်ငံတကာ Street Art လှုပ်ရှားမှုများ ကြောင့် လူကြိုက်များနေသည်။
ဘန်ဆီ သည် နံရံ တွင် အရုပ်ရေးဆွဲ ရုံသာမက တပ်ဆင်မှု နှင့် စမ်းသပ်မှု အနုပညာ များ ကို
လည်း ဖန်တီး သူ ဖြစ်သည်။ အချိုး ဖျက် အနု ပညာ ကို လည်း အထင်ကရ နေရာများ တွင် ဖန်
တီး ပြီး ခောတ်ကို စိမ်ခေါ်သည်။ ဟောင်းနွမ်း ပုပ် သိုး ဆွေးမြေ့ နေ သည့် လူ့ အဖွဲ့ကို ဗြောင်ဆန့် 
ကျင် သည်။
ဘန်ဆီ ၏ အနုပညာ သည် အာဏာပိုင် နှင့် အချိုးမကျ သော လူ မှု အဆောက် အဦးများ ကို
ရယ်သွေးဖွယ့် သောကြောင့် ရုန်းကန် မျှော်လင့်ရမှု နှင့် အပြောင်းအလဲ ကို
အမှန် တကယ် လို လား သူများ က နှစ် သက်ကြသည်။
Sundance ရုပ်ရှင် ပွဲတော် တွင် လည်းဆု ရခဲ့သည့် Exit Through The Gift Shop ဇာတ်ကား
မှာ သမရိုးကျ လမ်း ကို ဖောက်ထွက် သော တီထွင်ဖန်တီးမှု နှင့် ဖီဆန် ပုန် ကန် မှုများ ကို ကိုယ်
စားပြသည်။
အဆိုပါ ဇာတ်ကားတွင် Mr.Brainwash အဖြစ်သရုပ်ဆောင် ခဲ့သည့် သီယာရီ ဟင်နရီ မှာ
မက်ဒေါနား ၊ မစ်ဂျက်ဂါ စသည့် အဆိုတော် များ ၏ တေး အယ်(လ)ဘမ် တွင် ကာဗာ ဒီဇိုင်း
များ ဆွဲပေး သူ တစ်ယောက် ဖြစ်သည်။
C O M I N G S O O N

