အောင်မြင်၊ ၊ဒုတိယကမ္ဘာစစ်မြန်မာနိုင်ငံစစ်မြေပြင်မှာ အမိအင်္ဂလန်နိုင်ငံအတွက် တိုက်ပွဲဝင်နေစဉ်ကာလအတွင်းမှတော့ စစ်သားကြီး ဖရန့်ခ်လက်ဒင်တန် တယောက်ရဲ့အတွေး
မှာတော့ ချစ်ဇနီးနဲ့သမီးကို ဘယ်လိုမှပြန်လည်ဆုံတွေ့နိုင်မယ်မထင်ဘူးလို့ တွေးခဲ့မိပါတယ်။
ဒီနေ့ဖေဖေါ်ဝါရီ ၈ရက်မှာတော့ အသက်၉၂နှစ် ရှိပြီဖြစ်တဲ့ဖရန့်ဟာ နှစ်ပေါင်း၇၀တိုင်အောင် ရွှေလက်ခိုင်ခိုင်မြဲမြဲတွဲပြီး မခွဲမခွာတွဲလက်ခိုင်မြဲတဲ့ အသက်၉၀နှစ်အရွယ် ချစ်ဇနီး ဂျုန်းနဲ့ ပလက်တီနမ်ရတုမင်္ဂလာပွဲကို ဘရော့မိုး(ဘရီလေးတောင်တန်း) ကနေအိမ်မှာကျင်းပခဲ့ပါတယ်။ ဆယ်စုနှစ်၇စု ပြည့်မင်္ဂလာပွဲကိုကျင်းပရတာကို တစိမ့်စိမ့်တွေးပြီးဝမ်းသာကြည်နူးနေရ
ကြောင်းကို ပြောပြပါတယ်။
ဖရန့်ခ်တို့ဇနီးမောင်နှံ ၂ယောက်ဟာ ယနေ့အထိတယောက်နဲ့တယောက် ကတောက်ကဆကလေးတောင်မဖြစ်ခဲ့ဘဲ ချစ်မေတ္တာအပြည့်နဲ့ချစ်ခဲ့ကြပေမယ့် ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ တော်ဝင်ဝေးလ်တပ်ရင်းမှအမှုထမ်းရင်း အမိမြေအတွက်တိုက်ပွဲဝင်ဖို့ မြန်မာပြည်စစ်မြေပြင်မှာ ကံကြမ္မာကြောင့် ၅နှစ်ကြာခွဲခွာခဲ့ရပါတယ်။
သူတို့ဇနီးမောင်နှံဟာဘယ်လိုအကြောင်းနဲ့မှ သဘောထားကွဲလွဲမှုမရှိဘဲ သားသမီး ၂ယောက်၊ မြေး၅ယောက်၊ မြစ်၁၂ယောက်ရှိပြီး ပျော်ရွှင်ဖွယ်အတိနဲ့နေထိုင်နေကြပါတယ်။
သူတို့၂ဦးဟာ၁၉၃၆ခုနှစ် ဘရီလေးတောင်းတန်းရဲ့လမ်းမှာ တွေဆုံပြီး ချစ်ကျွမ်းဝင်သမီးရည်းစားဖြစ်ခဲ့ကြပါတယ်။ စေ့စပ်ပြီး၅နှစ်အကြာမှာ ၀က်စလေ ဘုရား
ကျောင်းတွင် ဖေဖေါ်ဝါရီ ၈ရက်၊ ၁၉၃၆နှစ်မှာလက်ထပ်ခဲ့ကြပါတယ်။ လက်ထပ်ပြီး၁နှစ် အကြာမှာဖရန်ခ်တယောက် မြန်မာပြည်စစ်မြေပြင်ကို ချစ်လို့မ၀ခင် ချစ်ဇနီးခွဲခဲ့ရပါတော့တယ်။
ဖရန့်ခ်တို့ဇနီးမောင်နှံရဲ့ ပထမသမီးလေး ဗယ်လာရီမွေးပြီးပြီးချင်းခွဲခွာခဲ့ရတော့ သူပြန်
ရောက်တဲ့အချိန်မှာ အသက် ၅နှစ်အရွယ်ရောက်နေပါပြီ။ “ ချစ်စရာကောင်းတဲ့ သမီး
လေးဟာ သူစစ်မြေပြင်ကပြန်လာတဲ့အချိန်မှာ ပြေးလာပြီး ဖေဖေဟာ ကျွန်မရဲ့ဖေဖေပါဘဲ”လို့ပြောသံကြားခဲ့ရတာဟာ ၀မ်းသာကြည်နူးမှုတခုပါဘဲလို့ ပြော
ပြပါတယ်။
စစ်တပ်ကနေထွက်ပြီး ၇နှစ်လောက်ကြာအောင်ဇနီး မောင်နှံနှစ်ယောက်ဘဝအတွက် လက်တွဲပြီး
ရုံးကန်ခဲ့ကြရပါသေးတယ်။ ဖရန့်ခ် ဝါသနာပါတဲ့ ခိုချ စ်သူများအသင်း ( ရှေးယ္ခင်ကစာပို့လုပ်ငန်း )
ဝင်ပြီး Brockmoor Foundry ကုမ္မဏီမှာ ဂဟော်ဆော်လုပ်သား အဖြစ်လုပ်ကိုင်ခဲ့ရသလို ဇနီးဖြစ် သူဂျုန်းကလည်း Stuart Crystal ကုမ္မဏီမှာ အမှတ်တရဖန်ထည်ပစ္စည်းတွေ အရောင်တောင်အောင်လုပ်ရတဲ့အလုပ်သမအဖြစ်လုပ်ကိုင်ခဲ့ရပါတယ်။
သူတို့ဇနီးမောင်နှံဟာ လက်ထပ်ပြီးချိန်မှစပြီး ယနေ့ပလက်တီနမ်ရတုတိုင် မြတ်နိုးကြင်နာစွာအချစ်မလျော့ဘဲချစ်နေကြကြောင်းပြောပြပါတယ်။ ကျွန်မတို့ဟာ တယောက်မျက်နှာကိုတယောက်အမြဲကြည့်ပြီး တယောက်ရဲ့ လိုအင်ကိုဖြည့်စည်းပေး
နေကြပါလို့ မစ္စဂျူုံးက ဆက်လက်ပြောပြပါတယ်။
St. Valentines

As the old soldier-Frank,I thought that I never meet my sweet-Aye while my political prisoner’s life for 20.yrs at Insein prison,Rangoon,Burma in 1989 but Sayar-Min TheinKha predicted me that I with my family can arrive to foreign in my age-over 50.yrs but I didn’t believe in it but now,we could hold our sweet 28th,wedding day in U.S.A.