Border Town Bomb Explosive Kill Two Children
ထိုင်း-မြန်မာ နယ်စပ် က မြန်မာ နိုင်ငံဘက်ခြမ်း မြ၀တီ မြို့ က ချစ်ကြည်ရေး တံတား အနီးမှာ ယနေ့ 
ညနေ ငါးနားရီ ခန် က ဗုံးပေါက်ကွဲမှု ကြောင့်နှစ်ဦး သေဆုံး ခဲ့သည် ဟု သတင်းရရှိသည်။ဗုံးပေါက်ကွဲမှု ကြောင့် အခြား လူငါးဦး ခန့် လည်း ထိခိုက် ဒဏ်ရာရရှိ သွား သည် ဟု သတင်းရရှိသည်။
မြ၀တီ နယ်စပ် ချစ်ကြည် ရေး တံတား နှင့် ကပ်လျှက် တည်ရှိ သည့် 7 Star ထမင်းဆိုင် တွင် ပေါက်
ကွဲခြင်း ဖြစ်သည်။
ဗုံး ပေါက်ကွဲ ပြီးနောက် နယ်စပ် မြ၀တီ မြို့ တွင် သေနတ် ပစ်ခတ် မှု များ ရှိ ပြီး ယခု သတင်း
ရေး နေချိန် ည ၁၀ နာရီတွင် စစ်ကား များ နှင့် BGF နယ်ခြား စောင့် တပ်များ မှ နေအိမ် အချို့ 
ကို လိုက်လံ စစ်ဆေး ရှာဖွေ လျှက် ရှိ သည် ဟု သတင်းရရှိသည်။
ပြီးခဲ့သည့် နှစ် နိုဝင်ဘာ လ ၈ ရက်နေ့ မှ ၁၀ ရက်နေ့ ထိ မြ၀တီ မြို့ ကို DKBA တပ်မှုး တစ်ဦး ဖြစ်
သူ ဗိုလ်မှုး ကြီးစောလာပွယ် က သိမ်းပိုက် ထားပြီး နောက် တွင် မြန်မာ စစ်တပ် က နယ်စပ် မြ၀တီ
မြို့ တွင် လုံခြုံရေး အင်အား တိုးမြှင့် ချထားသည်။
ဇန်န၀ါရီလ အတွင်းက နယ်ခြား စောင့် တပ်မှ ရဲဘော်တစ်ဦး သည် ထိုင်းနိုင် ငံ မဲဆောက် မြို့ ရှိ
ကုလသမဂ္ဂ ဒုက္ခသည် များ ဆိုင်ရာ မဟာမင်းကြီး ရုံးရှေ့ တွင် လက်ပစ် ဗုံး ကိုင် ကာ ဆန္ဒပြ ခဲ့
ဖူးသည်။
ယခု ပေါက်ကွဲသည့် ဗုံးမှာ ချိန် ကိုက် ဗုံး ဖြစ်ပြီး မပေါက် ကွဲ ခင် တစ်နာ ရီ ခန့် အလို ကတည်းက
အဆိုပါ ချိန် ကိုက် ဗုံး ထည့် ထား သည့် အထုပ်မှာ ဆိုင်တွင် ရောက်ရှိ နေသည် ဟု မြ၀တီ ရဲစခန်း
မှ တာဝန် ရှိ သူ တစ်ဦး က FNG သို့ ပြောသည်။
ဗုံးပေါက်ကွဲ မှု ကြောင့် ဆယ်နှစ် အရွယ် ကလေး နှစ်ဦး သေဆုံး ပြီး လေးဦးဒဏ်ရာ ပြင်းထန်စွာ
ရရှိသည်။

အရင်တုန်းကတော့ ဒီလို ဗုံးထောင်တာ၊ ရထားလမ်းမိုင်းခွဲတာ၊ ရွာတွေကိုဝင်ပြီး လူသတ်မီးရှို့တာတွေဟာ သောင်းကျန်းသူ ဆိုတဲ့ အဖွဲ့တွေကပဲ လုပ်တာဖြစ်မယ် ဆိုပြီး ယုံကြည်ခဲ့မိတယ်။ ဒါပေမယ့် တကယ်လက်တွေ့မှာတော့ ဒီလို စက်ဆုပ်ရွံရှာဖွယ် အလုပ်တွေကို နိုင်ငံရေး အရသော်လည်းကောင်း၊ စိတ်ဓာတ်စစ်ဆင်ရေး အရသော်လည်းကောင်း စစ်အစိုးရက လုပ်နိုင်တယ်လို့ မြင်လာတယ်။ ကိုယ်သိခဲ့ရတဲ့ သတင်းတွေတောင် သူတို့စစ်အစိုးရက လိမ်လည်လှည့်ဖြားပြီး သတင်းထုတ်ပြန်ခဲ့တာဆိုတော့ အခုဒါတွေ ဘယ်သူ၊ ဘယ်ဝါလုပ်ပါတယ်လို့ ပြောလာတဲ့အခါ မယုံတော့ဘူးဗျာ။
FNG သို့ .. လွပ်လပ်သော ဘက်မလိုက် သတင်းအုပ်စု အစစ်အမှန် ဖြစ်ပါစေ…
မာဖီးယားသမားတွေဟာ ဘယ်လိုဘဲ မင်းသားခေါင်းစွပ်စွပ် နောက်ဆုံး အခက်အခဲ အကြပ်အတည်းကြုံလာတဲ့အခါ မာဖီးယား လမ်းစဉ်အတိုင်း ပြန်သွားကြစမြဲဘဲ.. ဒီလိုရွံရှာဖွယ် လုပ်ရပ်တွေ မကြောက်မရွံ့ လုပ်နေတာကို ထောက်ခံအားပေးနေသူတွေ ကိုလည်း အံ့သြမိပါရဲ့ … သေဆုံးဒဏ်ရာ ရသွားကြတဲ့ အပြစ်မဲ့ပြည်သူတွေဖက်ကနေ ခံစားပေးကြည့်ပါအုံး …
တော်လှန်ရေးသမား ပီသစေချင်ရင်တော့ (Target) မမှားဖို့  အရေးကြီးပါတယ်..
ကြီး ကြီး ကျယ်ကျယ် ပြော နေ တဲ့ kids lover ရေ ခင်ဗျား က ဘာတွေသိလို့ လျှောက်ပြောနေတာလဲ။
ရုပ်ရှင် တွေကလို နုတ်ခမ်းမွေး နဲ့ မျက်မှန် နက်ကြီး တပ်ပြီး လောင်းကုဒ် ၀တ်ထားတဲ့ လူဆိုးကြီး ဆတ်ကြေးတောင်း နေတာ ကြည့်ပြီး စိတ်ကူးယဉ်နေတယ် ထင်ပါတယ်။
ဟုတ်ပါ့ဗျာ..ဘကြီးအောင်ရာ…အဲ့ဒီဗုံးကို DKBAလက်ချက်လို့များမှတ်နေလားမသိဘူးဗျာ
အစကတော့ ဟုတ်သလိုလိုနဲ့  … လူထုအတွက်လို့  အော်နေပြီ.. လုပ်ရပ်တွေက တဖြည်းဖြည်းနဲ့  အော့ကြော့လန်စရာ ကောင်းလာနေပြီ … အာဏာပိုင် နဲ့  ကုန်သည်ကြီးတွေဆီက ဆက်ကြေးတောင်းမရတာနဲ့  ခြိမ်းခြောက်သလိုမျိုး လူထုအသက်အိုးအိမ်ကို မငဲ့ဘဲ ခုလို မိုက်ရှူးရဲဆန်ဆန် လုပ်တာမျိုးတော့ မဖြစ်သင့်ပါဘူး.. ကိုယ်ယုံကြည်ချက်အတိုင်း မှန်မှန်ကန်ကန် လျောက်လှမ်းကြပါ .. ဒါမှလူထုထောက်ခံမှု အမှန်တကယ် ရမှာပါ … ကျားမြီးဆွဲမိပြီးမှ ဆင်းရဲဒုက္ခဒဏ် မခံနိုင်ရင် အစကတည်းက အေးဆေးနေတာ အကောင်းဆုံးပါ..
အဲလိုဗုံးထောင်တဲ့ကောင်တွေဟာ န အ ဖ ဘက်ကပါ။ ပြည်သူတွေကို ထိခိုက်အောင် ဘယ်အဖွဲ့အစည်းကမှမလုပ်ပါဘူး။
ဗုံးထောင်တဲ့ ကောင်တွေ…..ဘယ်ကောင်ဖြစ်ဖြစ်သောက်အထင်မကြီးဘူး…..သောက်ရူးတွေရဲ့ လုပ်ရပ်ဘဲ
ဘယ်သူရဲကောင်းမှဒီလိုမကျင့် ဘူး……တချို့ နိုင်ငံတွေမှာရှိသေးတယ် …ခွဲပီးမှ..သားတို့ လုပ်တာပါ ဘာညာနဲ့ 
ကျက်သရေယုတ်တဲ့ဟာတွေ……ထွီ