ဖေ့ဘွတ် မှာ ပြောကြတာတွေ

အေ့. (လေချင်တက်ပြီး အရက်နာ ကျကာ ပျို့ သော အသံဖြင့်) ဟေ့..ဟေ့ ကောင်လွဏ်းဆွေရေ ……….မင်းကတော့ ငါ့သိမှာ မဟုတ် ဘူးနဲ့  တူပါတယ်။ဒါပေမယ့် အရေးမကြီးဘူး။အေ့….အေ့ (ခဏ လေချင်တက်သည်) ဒါပေမယ့် မင်း ငါ အေ့ ငါဘယ်သူလဲ ဆိုတာ သိအောင်တော့ ပြောဖို့ လိုတယ်။
ငါက တခြား လူတော့ မဟုတ် ပါဘူး။ သာမန် ဆူရှီ လိပ် ပြီး မိန်းမ နဲ့ နှပ်နေတာ ပါ။ ကြုံတုန်းလေး
ကပ်ကြွားရရင် ငါက ဗိုလ်ချုပ်မှုးကြီး အိုမာ ဆူလေမန် ရဲ့ တပ် နဲ့  အတူ ဖက်ဆစ် ဂျပန် ကို ရွပ်ရွပ်
ချွံချွံ တိုက် ခိုက်ခဲ့ တယ်။အေ့ ……အခုလည်း အီဂျစ် တို့  တူနီး ရှား တို့ မှာ တော်လှန်ရေး
ဖြစ်တာလည်း ငါလက်ချက်ပဲသူတို့ က ငါ့ ကို ခေါင်းဆောင် ဖို့ သိုးဆောင်း လို ရေးပြီး ဖိတ်တယ်။
ငါ က မဖတ် တတ်
တာ ရော ခရက်ဒစ် ခဏခဏ ပျက်တော့ လေယာဉ် ဖိုး လည်း မရှိ တာနဲ့ 
အမေရိကန် မှာ ပဲ ဆူရှိလိပ်ရင်း လေနဲ့ အားပေး ခဲ့တယ်။ …(ဤ နေရာတွင် လေချင်
တစ်
ချက် တက် ပြန်သည်) အေ့ ……..

မင်းကိုယ် တိုင်ရော မြန်မာ ပြည်မှာ ဘာတွေ လုပ်ခဲ့ ဖူးလို့ လဲ။ ငါကြား တာ အေ့  (Play Boy) ထုတ်
တယ်ကြားတယ်။ (အေး ဒီစာအုပ် ငါလဲ အတော် ကြိုက်တယ်)ဒါပေမယ့် ငါမဖတ်  ဖူးဘူး သူများပြောတာ
ကြားတာ ကို ပြန်ရွှီးတဲ့ အဆင့်လောက်ပဲ။ ဘာပဲပြောပြော ဒီစာအုပ် ကို မဲ ဆောက် မှ
ထပ်ထုတ် အုံး၊ မဲဆောက်
မှာ ဒီဈေးကွက် တော်တော်  ကြီးမယ် ထင်တယ်။

အေ့ …ငါဘာ ဖြစ်လို့ ဝေဖန် ရသလဲ ဆိုတော့ အခုလို ရှာလကာရည် အရမ်း နာမည် ကြီး
နေတုန်း အချိန်မှာဝင်မနွှဲ ရင် ငါ အတော် မိုက်မဲ ရာ ကြမယ် ..အေ့ ဒါကြောင့်
ကြော်ငြာဝင်ထိုး ….ထိုး…ရတာပဲထိုး…အေ့……..(စကားလဲနဲနဲထစ်သည်၊လေချင်လည်းတက်သည်)

မင်းကိုယ်တိုင် လဲ ရှာလကာရည် ဖြစ်ချင် ဖြစ်မယ် ၊ ဒါမှမဟုတ် မင်းက ရှာလကာရည်ကို သဘော
ကျနေ လို့ လဲ ဖြစ်ချင်ဖြစ်မယ်။ နောက်တစ်ခါ ရှာလကာရည် ကို သဘောကျရင် ငါနဲ့ တွေ့ မယ်။
ဘာ ဖြစ်လို့ လဲ ဆိုတော့ ရှလကာရည် က ဆူရှီလိပ် ရင် အရမ်း အသုံးဝင် လို့ ငါဝင်ပါရတာပဲ…..
ငါ အခု အလုပ်ပြုတ် တုန်း နယ်လှည့် ဆူရှိ လိပ် သမား လုပ်နေရတော့ ရှလကာ ရည်ရဲ့ အသုံးဝင်
ပုံ ကို သိတယ်။

အေးငါလဲမင်း လိုပဲအရက်သမားပဲ။ အခု အသောက်များ လို့ စာကောင်းကောင်း မရေး နိုင် ဘဲ
လက်တုန် ခြေတုန် မို့ အသံသွင်းပြီး ပဲ ပြော နိုင်တော့တယ်။ နောက် စာက လဲ ကောင်းကောင်း
မရေးတတ်တော့ .ဒီလိုပဲ အသံ သွင်းပြီး လိုက်ဖြန့် တဲ့ အလုပ် ပဲ တတ်တယ်။

ငါလဲ အသောက် များ လို့  ပြုတ်လိုက် တဲ့ အလုပ် တွေက ခဏခဏ ပဲ။ ဘာပဲ ပြောပြော အခု အလုပ်
ပြုတ် လို့ အလုပ်လက်မဲ့ ဖြစ်နေ ချိန်မှာ အခုလို ၀င် နွှဲ ရတာ ပျော်ဖို့ ကောင်းတယ်။

ဒီလောက်ပဲ ပြောချင်တယ် ကျန်တာတွေ သိပ်မပြောတော့ဘူး ၊ဘာလို့ လဲ ဆိုတော့ အေ့ ငါလဲ တော်တော်မူးနေတော့ ……အေ့  ….ငါပြောချင်တာ ဒါပဲ ….အေ့ (လေချင်တက်သံ)

အေးနောက် ဆုံး ငါပြောချင်တာက ငါက တိုင်း ပြည်နဲ့ လူမျိုး အတွက် ရပ်တဲ့ နေရာ မှာ
ပြတ်ပြတ် ရပ်တယ်။ အမေရိကန် က လွဲ ပြီး
တခြား သေပန်း ပွင့် မယ့် ဘယ် နိုင်ငံ မှ ရွေး
မရပ် ဘူး။ …..ဒါပဲ ….အေ့ …
.

အင်တာနက် လူမှု ကွန်ယက် တစ်ခု ဖြစ်သည့် ဖေ့ဘွတ် တွင် ပြောဆို ကြသည် ကို ပြန်လည် တင်
ဆက် ပေး ခြင်း ဖြစ် သည်။ မည်သူမှ သာစေ နာစေ လို ခြင်း မရှိပါ။

မည်သူက စတင် တင်ဆက် သည် ကို တော့ စုံစမ်း ၍ မရ ပါ။

Face book, Satire

4 thoughts on “ဖေ့ဘွတ် မှာ ပြောကြတာတွေ

  1. အေး မင်းလုပ်တာ ငါတို့ အမေရိကန် က လူတွေ အကုန်လုံး လဲ သိက္ခာကျပြီ မူးမူး နဲ့ လျှောက်မပြောနေ
    နဲ့  မင်းအသံဖိုင် ကို မင်းပြည်နယ် အစိုးရဆီ ပြန်ပို့ လိုက်မှ ခြိမ်းခြောက်မှု နဲ့  ဒုက္ခရောက် နေအုံးမယ်
    စိတ်လျှော့….ခောတ်ကြီး က အရမ်းပြောင်းလဲ သွားပြီ အောက်ကြေး နဲ့ လျှောက် ရိုက်မနေ နဲ့ …
    ပြည်တွင်းမှာ အာဏာလက်မဲ့…. ပြည်ပမာ မီဒီယာ လက်မဲ့ အရမ်း သိက္ခာ ကျတယ် ကွာ။
    သူများ မျက်နှာ ကြည့်ပြီး နေရတယ်။

  2. ထင်ကျော်ထက် နောက်ဆို မြို့ နာ မည် ထည့်မပြောပါနဲ့ ကွာ မင်းလုပ်တာနဲ့ ပေါက်ခေါင်း လဲ တော်တော်
    သိက္ခာ ကျပြီ။ နောက် ဆို မင်းမနေ နိုင်လို့ ပြောချင်ရင် လဲ နေပြည်တော် တို့ ကြပ်ပြေးတို့ ပြော

  3. ဘယ်သူရေးတာလဲ ဗျာ ကောင်းလိုက်တာ၊ ကျွန်တော်လဲ အမေရိကန် ဟူစတန် မှာ နေပါတယ်။ အမေရိကန် ရောက် မြန်မာ တွေ ရဲ့ ဘ၀ ကို မျက်စေ့ထဲ မှာ မြင်သွား အောင် ဖော်ပြ နိုင်တယ်။ သရော်တာထက် ….Illustrate လုပ်ပြထားတာ ကို ကြိုက်တယ်

  4. ဒါလေးဆက်ရေး :)
    တစ်သက် လုံး အမေရိကန် ရောက်ပြီး ကတည်းက အရက်ဖိုးတွေ၊Payment တွေနဲ့ နပန်းလုံးနေရ လို့ 
    ရေဒီယို တောင် နားမထောင် ဖြစ်ဘူး ၊ အခု လူတတ်ကြီး ၀င်လုပ် ရတာ ရော၊ အချောင်နာမည်ကြီး
    အောင် ၀င်လုပ်ရတာရော၊ ရန်ကုန် ကျန်နေတဲ့ ဆွေမျိုး တွေ ရော အမေရိကန် လွယ်လွယ်နဲ့ လာလို့ 
    ရအောင် ၀င်ပြောရတာပဲ….အေ့….. အမှန် တော့ အချိန့် ပြည့် မူးလိုက်…သောင်းကျန်းလိုက်…
    အချုပ်ထဲ ရောက်လိုက် နဲ့  jဖြစ်နေတာ …..ဒေါ်စု ဘယ်တုန်း က လွတ်လာ မှန်းတောင် သေချာ မသိဘူး အေ့….
    ဒါပဲ ……အေ့

Comments are closed.