နှစ်ရှည်ထောင်ဒဏ် အပြစ်ပေးခံရသည့် ဟာသပညာရှင် အကြောင်း ရုပ်ရှင်ကူး

ကိုဦး၊               ၊ယနေ့ညပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်များအသင်းတွင်  ကိုဇာဂနာ့အကြောင်း မှတ်တမ်း ရုပ်ရှင် ကား ဖြစ်သည့် This Prison Where I Live ကို ပြသခဲ့သည်။

ထိုပွဲသို့ ရုပ်ရှင်ဒါရိုက်တာ(REX BLOOMSTEIN)နှင့် လူ့အခွင့်အရေးကာကွယ်စောင့်ကြည့် ရေး(အာရှ)သုတေသနအရာရှိ (DAVIT MATHIESON) တို့က ဦးဆောင်ပြုလုပ်ခဲ့ကြကာ
ဖိတ်ကြားထား သည့် ပရိသတ် များလည်း တက်ရောက်ခဲ့ကြသည်။

ထိုဇာတ်ကား အဖွင့်တွင် ကိုဇာဂနာရဲ့ ၀ါးပတ္တလား လက်သံဖြင့်အဖွင့်တီးလုံးတစ်ပိုဒ် နအဖ ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၏ ဟာသ ဖြစ်စရာ  ပြကွက်များ ဖြင့် တစ်ပုဒ်စီတင်
ဆက်ပြသခဲ့သည်။

ကိုဇာဂနာသည် ပြည်သူချစ်ဟာသလူရွှင်တော်အဖြစ် ရောက်ရှိခဲ့ပုံ၊ ရှစ်လေးလုံးအရေး တော်ပုံတွင်ပါခဲ့ပုံ၊ (၂၀၀၇) ရွှေဝါရောင် တော်လှန်ရေး( Saffron Revolution) တွင်ပါဝင်ခဲ့ပုံ၊ နာဂစ်(Nargis)
မုန်တိုင်းကြောင့် ဒုက္ခ ရောက်နေသူများကို ကူညီခဲ့ခြင်းများကို နောက်ခံထည့်သွင်းပြခဲ့သည်။

ကိုဇာဂနာရဲ့ နာမည်ကျော် သူတောင်းစားညီလာခံနှင့် အငြိမ့်ခန်းများ သူပါဝင်သရုပ်ဆောင်ခဲ့ သော ဇာတ်ကားများထဲမှအပိုင်းများဖြင့်ဝေေ၀ဆာဆာရှိလှကြောင်းကို သိရသည်။

ကိုဇာဂနာ၏ ပြက်လုံးများကို အင်္ဂလိပ်စာတမ်းထိုးဖြင့် တင်ဆက်ရာ ပရိသတ်များမှာ အလွန်နှစ်ခြိုက်မှုများဖြင့် ငြီးငွေ့ဖွယ်မဖြစ်အောင်တင်ဆက်ပြသထားသည်။ သူ၏မိခင်ဒေါ်ကြည်ဦး ဖခင်စာရေးဆရာ နန်းညွန့်ဆွေတို့၏ ဈာပနကို တက်ရောက်ခွင့်မရခဲ့ခြင်းများကိုပါ ထည့်သွင်း ပြသထားသည်။

အာရှလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှအရာရှိ ဒေဗစ်မက်သီဆွန်းက “မြန်မာနိုင်ငံသား
တွေအားလုံးဟာ အစိုးရအသစ်တက်လာသော်လည်း မူလလူ့အခွင့်အရေးများကိုခံစားရဘို့
အလွန် ဘဲ စိုးရိမ်မိကြောင်း” ပြောခဲ့သလို ရုပ်ရှင်ဒါရိုက်တာ ရဲ့စ်ဘလူးမ်စတန်းက “ ကိုဇာဂနာ
အတွက် အလွန်ဝမ်းနဲမိကြောင်း၊ အမြန်ဆုံးပြန်လည်လွတ်မြောက်ပြီး သူ့ပရိသတ်နှင့်အမြန်ဆုံး ပြန်တွေ့စေလိုကြောင်း”ပြောကြားခဲ့ပါတယ်။

ယခုလက်ရှိ ဇနီးနှင့်သားသမီးတို့မှာ အမေရိကန်နိုင်ငံတွင်နေထိုင်လျှက်ရှိကြသည်။  ဗိုလ်ချုပ် အောင်ဆန်းအကြောင်းကိုရုပ်ရှင်ရိုက်ကူးရန် အစီအစဉ်ရှိကာ မြစ်ကြီးနားထောင်တွင် ထောင်ဒဏ် (၃၅)နှစ်နှင့် ထောင်ဝင်စာအပိတ်ခံထားရသည်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ ဘ၀ မှတ်တမ်း ရုပ်ရှင် ဇာတ်ကား
ကို နာမည်ကျော် ပြင်သစ် ဒါရိုက်တာ Luc Besson က ဂျိမ်း(စ)ဘွန်း စုံထောက် ဇာတ်ကားတွင်
သရုပ်ဆောင် ခဲ့သည့် မလေးရှား မင်းသမီး Michelle Yeoh  ဖြင့် ရိုက်ကူးကာ The Lady ဟူ သော
ဇာတ်ကားနာမည် ဖြင့် ယခု နှစ် ကုန် ပိုင်း တွင် နိုင်ငံ တကာ သို့ ဖြန့် မည် ဟု သတင်းရရှိသည်။

3 thoughts on “နှစ်ရှည်ထောင်ဒဏ် အပြစ်ပေးခံရသည့် ဟာသပညာရှင် အကြောင်း ရုပ်ရှင်ကူး

  1. အမြန်ဆုံး ကြည့်ချင်လှပြီဗျ…

  2. Every global changes used to become and so,at that moments,our Burma’s democratic changes need to become on time but if we can’t do it,shall have to wait for two decades.

Comments are closed.