Photo : Annie Leibovitz
ဆူဇန်၊ ၊ခောတ်သစ် ကြော်ငာ ဓာတ်ပုံများ တွင် ဟု Sexiest ဟု ခေါ်သည့် လိင်ဆွဲဆောင်မှု ရှိ သည့် အများကြိုက် ပုံစံ ကို အသားပေး ရိုက်ကူးကြရာတွင် ၁. ကိုယ်ဟန် အနေအထား မျက်နှာ သွင်ပြင် မျိုး (Pose and Gesture) အချို့ က ကြော်ငြာ၏ ကြွေးကြော်သံ ဆောင်ပုဒ် (Slogan) ၊ ၀တ်စားဆင်ယဉ်မှု (Costume) စသည် တို့ ဖြင့် ဖော်ကျူးကြ ပြီး ထင်ရှားသော ဓာတ်ပုံဆရာများ က မူသင်္ကေတ၊နမိတ်ပုံ( Symbolism and Metaphor) များ ဖြင့် ဖော်ကျူးကြသည်။ ပုံ တွင် တွေ့ ရသည့် ကြော်ငြာမှာ အဆိုတော် Beyonce Knowles က American Express ခရက်ဒစ် ကဒ် အတွက် ရိုက်ကူးပေးထားသည့် ကြော်ငြာ ဖြစ်သည်။ပုံ တွင် ဘီယွန် နိုလ် အား မည် သည် ထူးခြား သော အဖော်အချွတ် များမှမပါဘဲ တွေ့ မြင် နိုင်သည်။ ယခု ဆောင်းပါးတွင် ဓာတ်ပုံပညာ ဖြစ်သည့် အလင်းအမှောင် နှင့် ချိန်ညှိခြင်း သဘောများ ကို ပြောမည် မဟုတ် ပဲ ဓာတ်ပုံ ပညာတွင် သင်္ကေတ နိမိတ် ပုံ နှင့် တွဲ သုံးခြင်းကို သာ ပြောမည် ဖြစ်ပါသည်။
၁. ပထမ ဦး ဆုံး အနေ ဖြင့် ဓာတ်ပုံ ၏ အပေါ် ဘက်မှ စတင်ကြည့် ပါမည်။ ဓာတ်ပုံ ဆရာ သည် ဘယ်
ဘယ်ခြမ်း တွင် ရှိ နေသည့် ဘီယွန် နိုလ် ၏ ပုံ ကို အား ဖြည့်ရန် အပေါင်း လက္ခဏာဆောင်နေ သည့် လေယာဉ် တောင် ပံ နှင့် ဟန် ချက်ညီ ကနဦး ထည့် လိုက်သည်။ ဓာတ်ပုံ ၏ အား ကို Eye Level ၏ အနည်းငယ် အမြင့် တွင် ပေါ်စေလို ၍ ဖြစ်သည်။ ထိုအပေါင်း လက္ခဏာ မြင်ရသည့် လေယာဉ်တောင်ပံ သည် ဘီယွန်နိုလ် ၏ နှာတံ၊ မျက် လုံး လည် တိုင် များ နှင့် Compare ဖြစ်နေကာ
စာ ပေ သို့  မဟုတ် သီချင်း၊ ရုပ်ရှင် တို့ အနေဖြင့် ပြောရလျှင် Intro ဖြစ်သည်။ ဆက်ကြည့်ပါအုံးစို့ ။
ဘီယွန် ၏ ရင်သား နှစ်မြွာ သည် လေယာဉ် ဂျက် အင်ဂျင် ပန်ကာ အုံ ဖြစ်ပြီး၊ ခုံးနေသော လေယာဉ်
ကိုယ်ထည် တစ်ဘက် စီ သည် သူမ ၏ မို့ မောက်နေ သော ရင်သား ဖြစ်သည်။ သူမ ၏ တင်သား အလှ ကို ပိုမို ပေါ်လွင် အောင် ကား တံခါး ဖြင့် ထပ်မံပံ့ပိုးထားသည်။
ခရက်ဒစ် ကဒ် ကုမ္ပဏီ ဖြစ်သည့် အတွက် ကြွယ်ဝ ချမ်းသာမှု ကို ပြရန် ကိုယ်ပိုင် ဂျက်လေယာဉ်၊ နှစ်
ယောက်စီး ပြိုင်ကား၊ ကျားသစ် အရေခွံ့ အင်္ကျီ တို့ ဖြင့် သင်္ကေတာ ပြုသည်။ သူမ၏ စွဲမက်ဖွယ်ရာ အလှ ကို မိန်းမချင်း ပင် ငေးယူရ လောက်အောင် Metaphor လုပ်ထားသည်။ ဆက်ကြည့် ပါအုံး
စို့ ၊ဘီယွန် နိုလ် ၏ ပေါင်တံ နှင့် မိန်းမအင်္ဂါ အနီး တွင် အကျီကြယ်သီး ရောက်နေ ပုံ ကို ကျားသစ်
ခေါင်း နှင့် မျက် လုံးရောက်နေ သယောင် ရိုက်ကူးထားသည်။
Sexiest အဖြစ် ဆုံး ကြော်ငြာများ ထဲမှ တစ်ခု ကို ရွေးထုတ် တင်ဆက် ထားခြင်း ဖြစ်ပါသည်။
ထိုဓာတ်ပုံ ကို ရိုက်ကူးသည့် အသက် ၆၀ ကျော် အရွယ် ဓာတ်ပုံ ဆရာမ အန်နီ လီဗိုဗစ် ဖြစ်သည်။
၁၉၈၀ ခုနှစ် တွင် သူရိုက်ကူးခဲ့သည့် ယိုကိုအိုနိုနှင့် ဂျွန်လင်နို တို့ နှစ်ဦး ဗီယက်နမ် စစ်ဆန့် ကျင် သည့် လုံးတီး ပုံ ကို Rolling Stone မျက်နှာဖုံး ကာဗာ တွင် ဖော်ပြခဲ့သည်။
Vogue, Vanity Fair, Rolling Stone, မဂ္ဂဇင်းများ ၏ ဓာတ်ပုံဆရာမ ဖြစ်သည်။ နာမည် ကျော် ကုန် အမှတ် တံဆိပ်၏ ကြော်ငြာများ အတွက် လည်း ဓာတ်ပုံ ရိုက်ကူးပေသည်။ နာမည်ကျော် များ
၏ ၀တ္ထု နှင့် ကိုယ်ရေး မှတ်တမ်းစာအုပ် မျက်နှာဖုံး ပုံ များ အတွက် ဓာတ်ပုံ ရိုက်ကူးခဲ့ပြီး သူမ၏
ဓာတ်ပုံများ မှာ အမေရိကန် နှင့် အင်္ဂလန် ပြတိုက်များ တွင် မှတ်တမ်း တင်ခံရသည်။
အန်နီ လီနိုဗစ် ရိုက်ကူးသည့် ဓာတ်ပုံ အချို့ မှာ လိင်ဆွဲဆောင်မှု အတွက် နိမိတ်ပုံများ သင်္ကေတ
များ ကို ဖော်ကျူး ခဲ့သည်။
အန်နီ လီနိုဗစ် ၏ ဓာတ်ပုံများ
The Sopranos
Lennon and Ono Against the War
Vanity Fair

Related Articles
- Annie Leibovitz: Still life (thepunch.com.au)
- Beyoncé Knowles Makes a Stylish Appearance For a Meeting (popsugar.com)
- Famous Female Photographers (brighthub.com)
- Annie Leibovitz: Artist or Deadbeat? [The Impoverished Rich] (gawker.com)
- OMG! New R-Patz Vanity Fair Spread On The Way? (perezhilton.com)
- Annie Leibovitz Finds Another Sucker [Grifters] (gawker.com)
