စစ်အစိုးရ လူဟောင်းများ ၀န်ကြီးနေရာများ ကိုဆက်လက်ရယူ

စစ်အစိုးရ က ကိုယ်စားလှယ် များ က အမတ်နေရာ အများစု ထိန်းချုပ် ထားသည့် လွှတ်တော်
မှ ပြီးခဲ့သည့် သီတင်းပတ် အတွင်း သမ္မတ နှင့် ဒုတိယ သမ္မတ နေရာ များ ကို ထိန်းချုပ် ခဲ့ပြီး နောက်
ယနေ့ သမ္မတ က အစိုး ရ အဖွဲ့ သစ် ၏ ၀န်ကြီးများ ကို အတည် ပြုခဲ့သည်။

ဝန်ကြီးဌာန ၃၄ ခုရှိပြီး ၀န်ကြီး အယောက် ၃၀ ရှိကာ ၉၂ ရာခိုင်နှုန်း ၀န်ကြီးများ မှာ မြန်မာ စစ်
အစိုး ရ ၏ နအဖ ၀န်ကြီး ဟောင်းများ ဖြစ်ကာ အရေးပါသည့် ၀န်ကြီးဌာန များ ကို ထိန်းချုပ်ထား
သည်။

အစိုးရ အဖွဲ့ သစ် တွင် ကြံ့ဖွတ် ပါတီ ၀င်မဟုတ် သည့် အရပ်သား လေးဦး သာပါရှိသည်။ရန်ကုန်
မြို့ တော်ဝန် ဦး အောင်သိန်း လင်း နှင့် ယခင် ရန်ကုန် တိုင်း စစ်ဌာနချုပ် တိုင်းမှုး ဟောင်း ဒုတိယ
ဗိုလ်ချုပ်ကြီး မြင့်ဆွေ တို့ မှာ လွှတ်တော် အစည်းအဝေး မကျင်းပခင်က ၀န်ကြီး ဌာန များ ၏ အကြီး
အကဲ ဖြစ်မည် ဟု ရေပန်းစား သော်လည်း ယနေ့ ထွက်ပေါ်လာသည့် သတင်းများ အရ ဗိုလ်ချုပ်မှုး
ကြီး သန်းရွှေ က ချန်လှပ် ထား ခဲ့ သည်။
1. ဒုတိယဗိုလ်ချုပ်ကြီး ကိုကို (ကာကွယ်ရေးဝန်ကြီး)
2. ဗိုလ်ချုပ်လှမင်း (ပြည်ထဲရေးဝန်ကြီး)
3. ဦးဝဏ္ဏမောင်လွင် (နိုင်ငံခြားရေးဝန်ကြီး)
4. ဒေါက်တာမြအေး (ပညာရေးဝန်ကြီး)
5. ဦးအောင်မင်း (ရထားပို့ဆောင်ရေးဝန်ကြီး)
6. ဦးကျော်ဆန်း (ပြန်ကြားရေးဝန်ကြီး)
7. ဦးသိန်းဌေး (နယ်စပ်ရေးရာဝန်ကြီး)
8. ဦးကျော်စွာခိုင် (စက်မှု (၁) ဝန်ကြီး)
9. ဦးစိုးသိမ်း (စက်မှု (၂) ဝန်ကြီး)
10. ဦးဖေသက်ခင် (ကျန်းမာရေးဝန်ကြီး)
11. ဦးဝင်းမြင့် (မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုးရေးဝန်ကြီး)
12. ဦးသန်းဌေး (စွမ်းအင်ဝန်ကြီး)
13. ဦးဉာဏ်ထွန်းအောင် (ပို့ဆောင်ရေးဝန်ကြီး)
14. ဦးသိန်းထွန်း (ဆက်သွယ်ရေးနှင့်စာတိုက်ဝန်ကြီး)
15. ဦးဇော်မင်း (လျှပ်စစ်(၁) ဝန်ကြီး)
16. ဦးခင်မောင်စိုး (လျှပ်စစ်(၂) ဝန်ကြီး)
17. ဦးလှထွန်း (ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး)
18. သူရဦးမြင့်မောင် (သာသနာရေးဝန်ကြီး)
19. ဦးတင်နိုင်သိန်း (စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး)
20. ဦးဝင်းထွန်း (သစ်တောဝန်ကြီး)
21. ဦးခင်မောင်မြင့် (လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး)
22. ဦးခင်ရီ (လူဝင်မှုကြီးကြပ်ရေးဝန်ကြီး)
23. ဦးအောင်ကြည် (အလုပ်သမားရေးဝန်ကြီး)
24. ဦးမြင့်လှိုင် (လယ်/ဆည် ဝန်ကြီး)
25. ဦးအေးမြင့်(သိပ္ပံနှင့်နည်းပညာဝန်ကြီး)
26. ဦးသိန်းထိုက် (ဝန်ကြီးဌာန မသိသေး)
27. ဦးစိုးမောင်(။)
28. ဦးသိမ်းညွန့်(။)
29. ဦးအုန်းမြင့်(။)
30. ဦးတင့်ဆန်း(။)

ဝန်ကြီးဌာနအရေအတွက်သည် ၃၄ ခု၊ ၀န်ကြီးအပါး ၃၀ ဖြစ်သည့်အတွက် အချို့ ၀န်ကြီးများသည် ၀န်ကြီးဌာန နှစ်ခုကို တွဲဖက်ကိုင်သွားမည့်ပုံဖြစ်သည်။

မြန်မာသတင်းများကွန်ယက်

11 thoughts on “စစ်အစိုးရ လူဟောင်းများ ၀န်ကြီးနေရာများ ကိုဆက်လက်ရယူ

  1. စနစ်တကျဖွဲ့စည်းထားတဲ့ ၀န်ကြီးတွေပါဗျ … လွှတ်တော်မှာ အဆိုတင်သွင်း ပြီး အတည်ပြုပေးထားတဲ့ ၀န်ကြီးတွေပါ။ ဘာကြောင့် ကောင်းချီးမပေးကြဘဲ မနာလိုဖြစ်နေကြတာလဲဗျာ။ တယ်လဲ ခက်ပါလား မောင်တို့။ ။

  2. ဖွတ် စာရင်းပါဗျာ…..လာသမျှ ဖွတ်တွေချည်းပဲ……ကိုယ်အိပ်ထဲ ကိုယ်ထည့် မဲ့ သူတွေ…အရင်လူဟောင်းတွေပြန်ပါလာတာက…သူတို့ စားလို့ မဝသေးလို့ ပါတဲ့ ….ဟိုခွေးကြီးအောင်သောင်းတစ်ယောက်လဲ မတွေ့ ပါလားဗျ….

  3. ဘယ်ကလာ နွားစားရင်လဲဗျ ။ အဲလောက်အမြှောက်ပါနဲ့ ။ ၀ံကြီးတွေလေ … လူဝံကြီးတွေပေါ့ ။
    ဂုတ်ခွစီးပြီး လည်စိအစ် ၊ တွေ့သမျှလေလံပစ်၊ ငွေပေး ရန်မလိုတွေလေ ……. ဟားဟား
    …………. လူဝံကြီးများစာရင်းထွက်လာပါပြီခင်ဗျာ …….

  4. ၀န်ကြီးဌာနက ယခင်(၃၄)ခုကနေ ယခု(၂၅)ဖြစ်တာမဟုတ်ဘူးလား။ ၀န်ကြီးတွေကသာ စုစုပေါင်း(၃၀)ယောက်ပဲ ရှိတာ။
    အဲ့လို မဟုတ်ဘူးလား။

    1. ဝန်ကြီးဌာနက (၃၄)ခုလို့ အဆိုတင်သွင်းထားတာပါ၊ (၂၅)ခုမဟုတ်ပါဘူး ဗျာ။ ဒီနေ့ 10-Feb-11 ရက်နေ့ ထုတ်သတင်းစာထဲမှာတော့ ဝန်ကြီးဌာနက (၃၄)ဌာန၊ ဝန်ကြီးအယောက်က (၃၀)ယောက် ၊ တစ်ချို့ဝန်ကြီးတွေက ဌာနတွေ တွဲကိုင်မယ့် ပုံစံရေးထာတာကို တွေ့ရတယ်။ မဲဆန္ခနယ် အမှတ်(၄) က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဥာဏစိုးက ဌာန (၂၅)ခုပဲ လုပ်ဖို့ အဆိုတင်သွင်းပေမယ့် နိုင်ငံတော် သမ္မတဦးသိန်းစိန်က ဝန်ကြီးဌာနတွေကို ပုံသေ သဘောမျိုးတော့ မဟုတ်ပေမယ့် အခုအချိန်မှာတော့ လိုအပ်ချက်အရ (၃၄)ဌာနပဲ ဖွဲ့မယ်ဆိုပြီး ရေးထားတယ်…..။

    2. သိပ်အမေးအမြန်းမထူနဲ့ဗျ၊ရေးထာတဲ့အတိုင်းဖတ်။အဆဲခံနေရဦးမယ်။ဒီ web site ကသူတွေက မြို့တော်ဝန်အောင်လင်းထွန်းထက် မိုက်ရိုင်းတယ်၊လူမိုက်။နွားမိုက်။ခွေးမိုက်တပ်ထွက်။ထောင်ထွက်၊DSAဆင်း၊ရုရှာပြန်တွေအကုန်မွေးထားတာ ဝိုင်းဆဲ။ဝိုင်းခွေ့။ဝိုင်းဟောင်။ဝိုင်းကိုက်ကြလိမ့်မယ်၊မဆဲတတ်ရင်ဝေးဝေးနေမှ။

  5. အစကတော့ နည်းနည်းမျှော်လင့်ချင်သေးတယ်……။ တစ်ခုခုများ ပြောင်းလဲလာမလားလို့ပါ။
    အခုတောာ့ ဒီပုတ်ထဲက ဒီပဲ တွေပါပဲလေ။ လူသာသေသွားမယ် ဥာဉ်က ပျောက်မယ့်လူစားတွေ မဟုတ်ဘူး။

  6. အရင်ဝန်ကြီးတွေကိုဘာတာဝန်ပေးပြီးဘာခိုင်းထားမလဲမသိ၊ဒီကောင်တွေကလူလည်တွေ။ချမ်းငြီမ်းမပါတာပညာရေးအတွက်
    တော်တော်ကံကောင်းတယ်။

  7. third generation ပေါ့။ တိုင်းပြည်နဲ့ ပြည်သူတွေကတော့ သူတို့ပြုသမျှ ခံရဦးမှာပေါ့လေ။

  8. သူတို့ မွေးထားတဲ့ တကယ့် လက်ရွေးစင်တွေ ထွက်လာပြီ ။ပြောရမယ် ဆိုရင် ခိုင်းလို့ ကောင်းတဲ့ ဟာတွေပေါ့ ။

Comments are closed.