ဆယ်တန်းစာမေးပွဲ ဖြေဆိုချိန် တွင် အင်တာနက် ဆိုင်များ မဖွင့်ရ

အခြေခံ ပညာ အထက်တန်း ဆယ်တန်းစာမေးပွဲ( တက္ကသိုလ် ၀င်ခွင့်  ဖြေဆိုနေချိန်)
ကျောင်းသားများ ပညာရေးတွင် စူးစိုက်မှု အားလျှော့ နည်းသွားမည် ဆိုး၍  အင်တာနက်
ဆိုင်များ အချိန် အကန့် အသတ် ဖြင့်သာ ဖွင့်ရမည် ဖြစ်ပြီး ထိုအချိန် တွင် လူငယ်များ ကို
ဆိုင်တွင်း ပေးမ၀င်ရ ဟု သတင်းရရှိသည်။စာမေးပွဲ ဖြေဆိုချိန် တွင် အင်တာနက်ဆိုင် များ အကန့် အသတ် နှင့် ဖွင့်ခိုင်း ခြင်း နှင့် ပတ်
သက်ပြီး ရန်ကုန် မြို့ လမ်းမတော် ရှိ အင်တာ နက် ဆိုင် ပိုင်ရှင် တစ်ဦးက “အန်တီ တို့ အင်တာ
နက် ဆိုင်လေး ဆိုင် ဖွင့်ထားတယ်။ စမ်းချောင်း မှာ ဖွင့်ထား တဲ့ ဆိုင်က ကျောင်းနဲ့ နီးလို့ စာ
မေးပွဲ ဖြေဆို တဲ့ ရက် အတွင်း လုံးဝ ပိတ်ထားပေး ဖို့ ပြောတယ်။

နောက်တစ်ဆိုင်က ရန်ကင်းဘက်မှာ “ဒီဆိုင် ကို တော့ အခုလ ၁၅ ရက်နေ့ က စပြီး လူငယ်
တွေ ကို လက်မခံ ဖို့ ပြောထားတယ်၊ ကလေးတွေ စာမေးပွဲ ရှိလို့ တဲ့ ရယက က လိုက်ပြောတာ။
အဲဒီဆိုင်က စာမေးပွဲ ချိန် တော့ ပိတ်စရာ မလိုဘူး ” ” မြို့ ထဲက ဆိုင်ကတော့ ဘာမှ လာမပြော
ူး” ဟု Freedom News Group သို့ ပြောသည်။

မြန်မာ စစ်အစိုးရသည် ရှမ်းပြည်နယ် ရှိ အသစ်ဖွင့်လှစ် လိုက်သည့် စစ်ဌာနချုပ် ရှိ စစ်မှုထမ်း
သားသမီး များ အား ဆယ်တန်းစာမေးပွဲ ဖြေဆို မည့် ကျောင်းသားများ အပါအ၀င် အခြား
ကျောင်းသား များ ကို အတန်း တင်ပေး လိမ့်မည် ဟု သတင်းထွက်ပေါ် နေ သဖြင့် အခြား
ကျောင်းသား များ က မကျေမနပ် ဖြစ်နေကြသောကြောင့် အင်တာနက် ဆိုင်များ တွင် ကျောင်း
သားများ အသုံးပြုခြင်း အား ကန့် သတ် ထားခြင်း ဖြစ် နိုင်ကြောင်း ရန် ကုန် မြို့ ရှိ ကျူရှင် ဆရာ
တစ်ဦးက ပြောသည်။