ဒေါ်ကြိုင်ကြိုင် နဲ့ မိသားစု တရုတ်ပြည်ရောက်၊ အာဏာလက်မဲ့များ အကျယ်ချုပ်ချထား

Updates:သားမက် ဖြစ်သူ သံအမတ်ကြီး ၏ ညစာစားပွဲ သို့ ဒေါ်ကြိုင်ကြိုင် တက်ရောက်

တင်ကျော်ကျော်စိုး၊             ၊ကာကွယ်ရေး ဦးစီးချုပ် အဖြစ် လျှာထားခြင်း ခံခဲ့ရသည့်
ဒုဗိုလ်ချုပ်ကြီး သူရ မြင့်အောင် ၊ ဒုတိယ
ဗိုလ်ချုပ်ကြီးသာအေး နှင့် စက်မှု ၁ ၀န်ကြီး
ဦးအောင်သောင်း တို့ အား အမိန့် မနာခံမှုဖြင့်
နေအိမ် အကျယ်ချုပ် ချထားလိုက်သည် ဟု
သတင်းရရှိသည်။

ဒုတိယ ဗိုလ်ချုပ်ကြီးသူရ မြင့်အောင် သည် ၎င်းအား ပေးအပ် သည့် ကာကွယ်ရေး ၀န်ကြီး
ရာထူးနေရာ အတွက် ဗိုလ်ချုပ်မှုးကြီး ထံသို့ သွားရောက် ပြီး စောဒက တက်သည့် အတွက်
လက်ရှိ ရာထူးများ မှ ရပ် နားကာ နေအိမ် အကျယ်ချုပ် ချထားခြင်း ဖြစ်သည်။

ဒုတိယ ဗိုလ်ချုပ်သည် ပြီးခဲ့သည့် နှစ်က ကာကွယ်ရေး ဦးစီးချုပ် ဖြစ်မည် ဟု စစ်တပ် ထဲတွင်
သတင်းထွက် ပေါ် နေခဲ့ပြီး ဗိုလ်ချုပ်မှုးကြီး သန်းရွေ ကိုယ်တိုင် လဲ အရေးပေးခြင်းခံရသည်။

ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ ဇနီး ဖြစ်သူ ဒေါ်ကြိုင်ကြိုင်နှင့် မိသားစု ၀င် အချို့ သည် တရုတ်
ပြည်ရောက်ရှိနေပြီး တရုတ်ပြည်ရှိ ၎င်း တို့ ဝယ်ယူထားသည့် အိမ် ကို သွားရောက် စစ်ဆေး
ကြည့် ရှု သည် ဟု သတင်းရရှိသည်။

နေပြည်တော် စစ်တပ် အရာရှိ များ နှင့် နီးစပ် သည့် အသိုင်း အ၀ိုင်းမှ တစ်ဆင့်ကြားရသည်
များ မှာ ဒေါ်ကြိုကြိုင် သည် နေပြည်တော် တွင် အသွင် ကူးပြောင်းရေး အတွင်း မငြိမ်မသက်
မှု များ ဖြစ်လာနိုင်သည် ကို ရှောင် ရှားရန် ဖြစ်ပြီး သူမ နှင့် အတူ စိန် ၊ကျောက် မျက် ရတနာ
များ နှင့် အမေရိကန် ဒေါ်လာ သိန်း ရာချီ ပါရှိ သွား သည် ဟု သတင်းရရှိသည်။

တရုတ် ပြည် ကူမင်း မြို့ တွင် ဒေါ်မကြိုင်ကြိုင်  ၏ သားမက် ဖြစ်သူ ဗိုလ်မှုး ဇော်ဖြိုးဝင် သည်
ယခင် ကူမင်း မြို့ တွင် ကောင်စစ်ဝန် အဖြစ် တာဝန် ထမ်းဆောင်ရာမှ လက်ရှိသံ အမတ်ကြီး
ဗိုလ်မှုးချုပ်  ဦးတင်ဦး အား မြောက်ကိုရီးယား သံအမတ် အဖြစ် ခန့် ထားရာမှ ဗိုလ်မှုး ဇော်ဖြိုး
ဝင်း သည် သံအမတ် အဖြစ် တာဝန် တိုးမြှင့် ပေး အပ် ခံရခြင်း ဖြစ်သည်။

ဒေါ်ကြိုင်ကြိုင်သည် သားမက် ဖြစ်သူ သံအမတ် ကြီး၏ ညစာစား ပွဲ ကို တက်ရောက် ချီးမြှင့်
အားပေး ခြင်း ဖြစ်ပြီး နေရွှေသွေးအောင် လည်း ပါရှိ သွား သည် ဟု သတင်းရရှိသည်။

စက်မှု ၁ ၀န်ကြီး ဦးအောင် သောင်း နှင့် အခြား စစ်တပ် အရာရှိ ၁၇ ဦး ခန့် ကို လည်း နေပြည်
တော်တွင် ဖမ်းဆီးထား ပြီး ချုပ် နှောင် ထား သည်။အဆိုပါ စစ်တပ် အရာရှိ များ ကို ဖမ်းဆီး
ထားခြင်းမှာ အာဏာလက်မဲ့ စစ် ဗိုလ်ချုပ် များ ၏ ကိုယ်ရေး အရာ ရှိများ နှင့် ဒုတိယ ဗိုလ်ချုပ်
ကြီး သူရ မြင့်အောင် ၏ တပည့်များ ကို ထပ်မံ ဖမ်းဆီးထားသည် ဟု သိရှိရသည်။

မြန်မာ နိုင်ငံ ၏ အင်တာနက် မြန်နှုန်း နှေးကွေး နေခြင်းကြောင့် ယခု သတင်း အပြည့် အစုံ အား
ယနေ့ ည
တွင် မှ တင်ဆက် နိုင်မည် ဖြစ်၍ စောင့်မျှော် ဖတ်ရှုပါရန် Freedom News Group
၏ စာဖတ် ပရိသတ်
အား အနူး အညွှတ်တောင်းပန် အပ်ပါသည်။

19 thoughts on “ဒေါ်ကြိုင်ကြိုင် နဲ့ မိသားစု တရုတ်ပြည်ရောက်၊ အာဏာလက်မဲ့များ အကျယ်ချုပ်ချထား

  1. ကျုပ်တို့တွေလဲ online မှာပဲဒီစစ်အစိုးရကိုလေနဲ့သတ်ယုံပဲတတ်နှိင်တယ်
    ဒင်းတို့ လုပ်ချင်တာတွေလုပ်..ဖြစ်ချင်တိုင်းတွေဖြစ်နေတာ..ကြည့်နေရတယ် မြင်နေရတယ်
    ဘာမှလဲမတတ်နှိင်ဘူး..
    လွှတ်တော်တဲ့..အစိုးရအသစ်တဲ့…ဒီမိုကရေစီတဲ့..ဒင်းတို့ဗျောင်ကြီးဗျာ လိမ်နေကြတာ..
    ဘာမှလဲမလုပ်နှိင်ဘူး…
    တောက်…..ရင်နာလိုက်တာကွာ..

  2. simple အကောင်ရေ မင်းမှ နား မျက်စီ ကန်နေတာသေချာပါတယ် မင်းတိုရဲဆေးရုံးမှသေချာကုပြီးမှ လာခဲပါ
    ဒါမှ မင်းလဲပြည်သူတွေ ဘယ်လို ခံစားရတာသိမယ် စောက်ရူးစိတ်တွေတွေကို စောစောပြင်လိုက်ပါ နောက်ဆုံးမှာ အားလုံးဟာသေမှာပဲဒါကို မင်းအဖေ၊သန်းရွှေနဲဗိုလ်ချုပ်ပြုတ်တွေက တရားသဘောမသိကြဘူး ထင်တိုင်ကြဲနေတယ်
    ဒါကို မင်းက မှန်တယ်ဆိုတော simple အကောင်ရေ မင်းကလေ စောက်ရူးကြီးသား စောက်ALLကန်းဖြစ်နေတယ်
    ဆေးမှန်မှန်သောက် ဟ ဟာ ဟား………

  3. komyo(support u 1000times)
    simple အကောင်ရေ မင်းကိုပိုင်နံပတ် မှင်တောင်မခြောက်သေးပါဘူးကွာ။ဘာမှမသိသေးရင်အမြီးကုပ်ပြီးငြိမ်နေလိုက်တာကောင်းမယ်ထင်တယ်။

  4. ကိုsimpleအစိုးရကိုဘာလို့ဒီလောက်သည်းသည်းလုပ်နေလဲဆိုတာ….မစဉ်းစားနိုင်ဘူးဗျာ…..
    လက်ရှိအခြေအနေကိုမြင်တတ်တဲ့အမြင်မရှိဘူးထင်တယ်…..မွေးရာပါကန်းလာတဲ့သူထင်တယ်………
    ခင်ဗျားကတွေ့ကရာအဖေခေါ်နေတဲ့…..ချာတိတ်တစ်ယောက်ပဲဗျ….သနားလို့မဆုံးဘူး…….။။။။။

  5. ကောဠဟလ ပါ။ ဟုတ်ရင်ကျော်၊ ပုပ်ရင်ပေါ် မှာပေါ့၊

  6. komyo :

    simple အကောင်ရေ မင်းကိုယ်ပိုင်နံပတ် မှင်တောင်မခြောက်သေးပါဘူးကွာ။ဘာမှမသိသေးရင်အမြီးကုပ်ပြီးငြိမ်နေလိုက်တာကောင်းမယ်ထင်တယ်။

  7. simple အကောင်ရေ မင်းကိုပိုင်နံပတ် မှင်တောင်မခြောက်သေးပါဘူးကွာ။ဘာမှမသိသေးရင်အမြီးကုပ်ပြီးငြိမ်နေလိုက်တာကောင်းမယ်ထင်တယ်။

  8. ဆင်ငပဲ…မင်းက ထောက်ခံကြ ဆိုလို့  ထောက်ခံလိုက်ကြတာ…အများကြီးပဲ…ဟားဟားဟား….မင်း post မင်းပြန်ကြည့် လိုက်အုံး…ဟားဟားဟား

  9. အာဏာရူးတွေကြားမှာ ပြည်သူတွေ မြေဇာပင်ဖြစ်ရရှာလေတယ် …
    မြန်မာ့သမိုင်းတွင်လေသတည်း ………………………………

  10. သူတို့ အချင်းချင်းပဲဗျာ လုပ်ကြစမ်းပါစေ…….အကျယ်ချုပ်မကလို့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပြစ်ပဲသတ်သတ် ပြည်သူလူထုအတွက်တော့ သေလည်းမထူး ပါဘူး၊ ရှင်နေမှ ဒုက္ခပေးမယ့် လူတွေကြီးပဲလေ။ ကိုယ်လုပ်နိုင်တာကို နိုင်ငံအတွက် ဘာလုပ်ပေးမယ် မစဉ်းစားဘူး၊ ငါ့ကိုလည်း နေရာပေးဆိုပြီး စားခွက်လုနေကြတာ……။ မြန်မာနိုင်ငံကတော့ အခုထက်ထိ အရိုးလည်းမပြောင်း၊ အရည်လည်းမပြောင်း….မူလည်း မပြောင်း၊ လူလည်းမပြောင်းနဲ့ ဘာမှထူးမှာ မဟုတ်သေးပါဘူး။

  11. simple…ငနွား..မင်းအသက်ရယ်…မင်းဖြတ်သန်းလာရတာ…ဗမာပြည်မယ်..နေခဲ့တာလား..အများယိုတဲ့…စစ်ခွေးတွေ
    အလိုကျ..postတင်ပေးနေတာလား..သတ္တိရှိတယ်ဆိုရင်..g -talk ….pls
    kokot704@g mail တက်စမ်း…i already simple..hahaha

  12. ကိုဂျိုကာကြီးလဲမတွေ့ပါလား.. သူလဲဘယ်လိုပြောမလဲမသိဘူးနော် …..

  13. ခင်ဗျားတို့ ကလဲ အလန့် ထညက်နဲ့ ။ကလေး ကျောင်းသွား အပ်တာပါဗျာ။ာပြန်လာတော့မယ် ။
    တစ်ရက် နှစ် ရက်ပဲ ။

  14. အေး…ဆင်ငပဲ ငါတို့ ကြားတာက မင်းအဖေ ဖင်မနိုင်ဘဲ ပဲကြီး ဟင်းသောက်လို့ ရွာလယ်နေတယ်ကြား
    တာ သူ့ မိန်းမတောင် အခြေအနေမကောင်းရင် အသတ် ခံရမှာ ဆိုးလို့  ၊တရုတ် လက်ထဲ ထိုးအပ်
    ထားရတယ်။ဘယ်လေယာဉ် ကွင်း က ထွက်သွားတာရောသိချင်လား …အေး..မင်းအဖေရဲ့ အဆင့်
    က သူ့ မိန်း မ ကို နေပြည်တော် လေယာဉ်ကွင်းက တောင် မထွက်ခိုင်းရဲ ဘူး၊
    မင်းလဲ မင်း အဖေ ကို သွား စောင့်ရှောက်ပေး လိုက်ပေါ့ ကွာ ဟိုမှာဗိုလ်ချုပ်ပြုတ် တွေ က ဒီတစ်
    ခါ ငါတို့ နာမည် မပါရင် ကြည့် မနေ ဘူးတဲ့ …အေးဒီလောက်ဆို မင်းလဲ သဘောပေါက်။ မင်းလဲ
    ပြေး ပေါက်ရှာထား

  15. နေပြည်တော်၊ကြပ်ပြေး ဟုတ်လား အဖေ ကို သတိရ လို့ မဆုံး ဘူး လား၊ဒီသတင်းက အမှားချဉ်း
    ဗိုလ်ချုပ်မှုးကြီး က လက်ရှိ ရာထူးနေရာတွေ နဲ့ သင့်တော် တာ ရွေးပေးတာ။ ဗိုလ်ချုပ်မှုးကြီးက
    အခု အကုန် ခေါ်တွေ့ နေတယ် ။ NLD ထက် ဒီမို ကရေစီ ကို အမြန် ဆုံးဖော်ဆောင်ပေးမယ့်
    အစိုးရ ကို ထောက်ခံကြ ။

    1. မင်းအဖေက သန်းရွှေက သင့်တော်တယ် မသင့်တော်ဘူး ဆုံးဖြတ်ရအောင် ဦးနှောက်ဘယ်လောက် ရှိလို့လဲ။ ဒီမှာဟေ့ နိုင်ငံတော် အာဏာဆိုတာ ပြည်သူတွေက ပိုင်တယ်။ ပြည်သူတွေ ကျေနပ်လို့ လုပ်ပိုင်ခွင့်ပေးမှ နိုင်ငံ့ခေါင်းဆောင်လုပ်လို့ ရတာကွ။ မသေမချင်းမှတ်ထား။ ဖွတ်ဦးနှောက်နဲ့ ကောင်။

    2. ခွေးမသား…simple..မင်းက…လူလား….ခွေးလား…သောက်သုံးမကျတဲ့..သေနာကောင်

    3. ဒီမိုကရေစီက မင်းအဖေသန်းရွှေလက်ထဲမှာရှိတာမဟုတ်ဘူး ပြည်သူတွေလက်ထဲမှာကွ….. မင်းအဖေသန်းရွှေဖော်ဆောင်မယ်ဆိုတာက ဖာနိုင်ငံနဲ့… ဖွတ်မင်းအုပ်ချုပ်နေတဲ့စနစ်လေကွာ….

    4. @simple
      နာမယ်လေးကတော့ simple တဲ့ …အမှန်တော့ လောင်းရိပ်မိနေတဲ့ ကိုယ်ပိုင်စဉ်းစားညဏ်မရှိသေးသောလူ လို့ပြောချင်ပါတယ်…
      ကြည့်ရတာ မီဒီယာကို တန်ပြန်ထိုးနှက်ဖို့ တာဝန်ပေးခံရတဲ့ သူတစ်ယောက်ဆိုတာ သိပါတယ်….
      အတွင်းသတင်းတွေသိနေပုံဘဲ……ဒါပေမဲ့ ဒီလို ကိုယ်ပိုင်ဦးနှောက်တွေနဲ့ ပြောဆိုဝေဖန်စမ်းစစ်နေကြတဲ့ အဖိုးတန်နေရာလေးမှာ နောင်ကို ဝင်မပါစေဖို့ မျှော်လင့်ပါတယ်….သူများတွေကို အကုသိုလ်မပေးခြင်းဟာလဲ ..ကုသိုလ်လုပ်ခြင်း တစ်မျိုးပါဘဲနော်…..ကုသိုလ်ယူလိုက်ပါနော် …သံသရာအတွက်အထောက်အပံ့လေးဖြစ်စေချင်လို့ပါ..(အားနည်းချက်ထောက်ပြလိုသူ)

Comments are closed.