အီဂျစ် သမ္မတ မူဘာရက် အာဏာ(မစွန့် ဘူးဟု ပြော)Latest ဆူလေမန် ကို အာဏာလွှဲပေး

အာရပ် – အစ္စရေး စစ်ပွဲ မှာ တင့်ကား တပ်တွေ ကို ဦးဆောင် ခဲ့တဲ့ ဗိုလ်ချုပ်ကြီး ဟာဆန် အယ်(လ)
ရူအီ နီ က ဆန္ဒပြ သူတွေ ကို လာရောက် တွေ့ ဆုံအားပေး စဉ်

ဆန္ဒပြ သူတွေ ကို ခင်ဗျား တို့ လိုချင် တာတွေ တကယ်ဖြစ်လာတော့မှာ ဟု ပြောကြားနေသည့်
အီဂျစ် ကာကွယ်ရေး ဦးစီးချုပ်

Must Read
အီဂျစ် နိုင်ငံတွင် အာဏာလွှဲပြောင်း ရေး ဖြစ်စဉ် အတွက် အမေရိကန် သမ္မတ က ဖြစ်နိုင်သမျှ နည်း

လမ်း ပေါင်းစုံ သုံးပြီး လုပ်မည် ဟု ပြော (PBS News Hour)
______________________________________________________

Possible in Next 24 hours
: စစ်တပ် က အာဏာသိမ်းပြီး မူဘာရက် နှင့် ဆူလေမန် ကို
ဖယ်ရှား ကာ ယာယီ ကြားဖြတ် အစိုးရ ကို အရပ်သား များ နှင့် ဖွဲ့ စည်းဖွယ်ရှိ

Impossible in Next 24 hours: မူဘာရက် အနေဖြင့် ဆန္ဒပြ သူများ ကို အင်အားသုံးပြီးနှိပ်
ကွပ် နိုင်စွမ်း မရှိ
Across the Countries : အစိုးရ အုပ်ချုပ်ရေး ယန္တယားများ ၊ သယ်ယူပို့ ဆောင် ရေး နှင့်
ဘဏ်ငွေကြေး လွှဲပြောင်းမှု စနစ် ရပ်ဆိုင်း

Armed Force : Watchdog Role, Moral Support Protest, May be Coup D’tat

_____________________________________________________
ဖေဖော်ဝါရီလ ၁၁ ရက်နေ့  အီဂျစ် စံတော်ချိန် နံနက် ၁း၃၅ အချိန်မှာ ထပ်မံ သိရတဲ့ သတင်း
တွေ အရာတော့ နိုင်ငံအာဏာ ကို နှစ် ၃၀ ကြာအုပ်ချုပ် လာတဲ့ ဟိုစနီ မူဘာရက် ဟာ
အီဂျစ် သမ္မတ ရာထူးမှာ ပဲ ဆက်လက် ရှိနေ မှဖြစ်ပေမယ့် ဒုသမ္မတ ဆူလေမန် အာဏာ နဲ့ 
လုပ်ပိုင် ခွင့် တွေ လွှဲပြောင်း ပေး မှာ ဖြစ်တယ် လို့ ထုတ်ဖော်ပြောကြား ပါတယ်။
_____________________________________________________________
အတိုက် အခံ ခေါင်းဆောင် မိုဟာမက် အယ်(လ)ဘာရာဒိုင်းကတော့ စစ်တပ် အနေ နဲ့  နိုင်ငံ
ကို အမြန်ဆုံး ကယ်တင်ပြီး အာဏာရှင် သမ္မတ ကို ဖယ်ရှားပေးဖို့ ပြောထားပါတယ်။
_____________________________________________________________
အီဂျစ် သမ္မတ မူဘာရက် ဟာ ယနေ့ ညနေ အီဂျစ် စံတော် ချိန် ညနေ ၅ နာရီလောက်မှာ
နှုတ်ထွက် မယ်လို့ ကြေငြာခဲ့ပြီး နောက် ဆယ့်ငါး မိနစ် လောက် အကြာမှာ ပြန်ကြား
ရေးဝန်ကြီး ဌာန ၀န်ကြီးက မူဘာရက် နှုတ် ထွက် မှာ မဟုတ် ဘူး လို့ ပြောပါတယ်။
ယနေ့ ည ရုပ်မြင် သံကြား က နေ သူက တိုင်း ပြည်ကို မိန့် ခွန်းပြောကြားရာမှာတော့
သူဟာ နှုတ်ထွက် မှာ မဟုတ် ဘူး လို့ ပြောပါတယ်။ ဒါ့အပြင် တစ်ချိန် က သူ့ ရဲ့ 
မိတ်ဆွေ ဖြစ်တဲ့ အမေရိကန် သမ္မတ ကို ရည်ညွှန်း ပြီး သွယ်ဝိုက် ပြောတဲ့ အနေနဲ့ 
သူဟာ ဘယ်ပြည် ပ နိုင်ငံတွေ ရဲ့ ဖိအား ကို မှ လက်ခံမှာ မဟုတ် ဘူးလို့ ဆိုပါတယ်။

အီဂျစ် နိုင်ငံ တ၀ှမ်းမှာ ဆန္ဒပြမှု တွေ အားကောင်းလာနေပါတယ်။ဆန္ဒပြမှု တွေဟာ သတင်းသုံး
ပတ် ထဲ ကို ရောက်ရှိနေချိန်မှာ အီဂျစ် စစ်တပ် ခေါင်းဆောင် ပိုင်းက လည်း ဆန္ဒပြသူ တွေ ကို
ဒီနေ့ မနက် အစောပိုင်းမှာ အီဂျစ် စစ်တပ် က ခေါင်းဆောင် တွေ နဲ့ မူဘာရက် ရဲ့ ပါတီ က ထိပ်
တန်း တာဝန် ရှိ သူတွေ က သူ့ ကို နှုတ်ထွက် ဖို့ ဖိအားပေး ခဲ့တာ ဖြစ်ပါတယ်။

သမ္မတ နန်းတော် ကနေ အစိုးရက တိုက်ရိုက် ထိန်းချုပ် ထား တဲ့ ရုပ်မြင်သံကြား ဌာန မှ သတင်း
ပြော မယ်လို့ ကြေငြာစဉ်က ဆန္ဒပြသူတွေ ဟာ သူနှုတ်ထွက်ပြီ လို့ ပျော်ရွှင် နေခဲ့ပေမယ့် မိန့် ခွန်း
ပြောတဲ့ အခါမှာတော့ စက်တင်ဘာလ အထိ သူဟာ သမ္မတ ရာထူးမှာ ရှိနေမယ်လို့ ဆိုပါတယ်။

ဆန္ဒပြသူတွေ ကတော့ တိုက်ပွဲ ကို အရှိန် မြှင့် ဖို့ ရည်ရွယ်ထားပါတယ်။

________________________________________________________
Three Decades hold power Egyptian president Mubarak Step Out

Myanmar Time 12:01 AM
The First Burmese News Agency  Putting World Breaking News First.
ယမန် နေ့ ဆန္ဒပြ မှု များ ဉ် အလုပ်သမားသမဂ္ဂ များ က ပူးပေါင်းပြီး ပိုမို အားကောင်းလာသည်တွင်
အီဂျစ် စစ်တပ် ကာကွယ်ရေး ၀န်ကြီး၊စစ်ဦးစီးချုပ် နှင့် မူဘာရက် ၏ အာဏာရ ပါတီ ဖြစ်သည့် National
Democratic Party မှ ခေါင်းဆောင် များ ကိုယ် တိုင် မူဘာရက် ကို ဖိအားပေး ၍ မူဘာရက် သည်
ယနေ့  နှုတ်ထွက် မည် ဟု ရုပ်သံ မှ တစ်ဆင်း ကြေငြာပြီး ယနေ့  ည သူ ၏ နောက်ဆုံး မိန့် ခွန်း ကို
လည်း ပြည်သူ ကို ပြောကြားမည် ဟု Freedom News Group မှ သတင်းရရှိသည်။

ယနေ့ နံနက် အစောပိုင်း က ဆန္ဒပြမှု များ ကို စစ်တပ်က ဖြိုခွဲမည် ဟု အီဂျစ် ကြံ့ဖွတ် များ က သတင်းဖြန့် 
ခဲ့သော် လည်း အီဂျစ် စစ်ဦး စီး ချုပ် က ဆန္ဒပြ သူများ အား အောက်ပါအတိုင်း ပြောခဲ့သည် ကို
အယ်(လ) ဂျာဇီးယား သတင်း ဌာန မှ ဖော်ပြထား သည့် အတိုင်း တစ်ဆင့်ပြန် လည် ဖော်ပြလိုက်သည်။

Earlier, Hassan al-Roweni, an Egyptian army commander, told protesters in the square that “everything you want will be realized”.( ခင်ဗျား တို့ လိုချင်တာ
တွေ လက်တွေ့  ပဲဖြစ်လာ လိမ့်မယ်)
အီဂျစ် တော် လှန် ရေး ဖြစ်ပွားရန် Facebook တွင် We all Khalid ဆိုသည့် အာဏာဖီဆန်
ရေး လှုံဆော် သည့် ကွန်မြူ နတီ စာမျက် နှာ ကို ဖန် တီး ခဲ့သည့် အီဂျစ် နိုင်ငံသား ဌာနေ ဂူဂဲလ်
အင်ဂျင် နီယာချုပ် ၀ါလ်ရီ  ဂိုနင် နှင့် ၎င်း ၏ မိတ်ဆွေ များ Cyber-Disobedience ပြုလုပ် ပုံ
အဆင့်ဆင့် ကို မနက် ဖြန် တွင် ဖတ် ရှုပါ။

3 thoughts on “အီဂျစ် သမ္မတ မူဘာရက် အာဏာ(မစွန့် ဘူးဟု ပြော)Latest ဆူလေမန် ကို အာဏာလွှဲပေး

  1. မနေ့ညက မူဘာရက် မိန့်ခွန်းပြောသွားတဲ့ ပုံက ဗိုလ်နေ၀င်း ၈၈ က ပြောသွားသလိုပဲဗျာ။ စစ်တပ်က ၀င်မပေါသေးပေမယ့် အီဂျစ် စစ်တပ်က မူဘာရတ် သစ္စာခံပါပဲ။ အီဂျစ်ပြည်သူတွေရေ စေတနာနဲ့ သတိပေးလိုပက်မယ်။ ယောင်လို့များ စစ်တပ်ကို ဦးဆောင်ဖို့ မတွေးလိုက်ပါနဲ့။ ကျုပ်တို့ တိုင်းပြည်လို စစ်ကျွန်ဘ၀ ပြားပြားမှောက်သွားမယ်။

    “Egypt, say no to army. You don’t want to be the second Burma”

  2. ဒါပေါ့ mr yeah right ရယ်.. အဲဒီငတုံးနှစ်ကောင်နဲ့ငရွှေတို့အုပ်စုလည်း တို့ပြည်သူတွေညီရင်ညီသလို ပြုတ်ရတော့မှာပါ.

  3. ပြုတ်ပြီပေါ့ Egypt စစ်တပ်မှာ simple နဲ့ joker လိုသန်းရွှေချီးကောက်စားခိုင်းရင်ကောက်စား။ ပြည်သူကိုသတ်ခိုင်းရင်သတ်တဲ့ခတ်တုန်းတုန်းကောင်တွေမှသိပ်မရှိတာ

Comments are closed.