ယနေ့  နံနက် အစောပိုင်း က ၀ီကီလိခ် ၀ဘ်ဆိုတ် က ထပ်မံ ဖွင့် ချသည့် ဖိုင် ငါးခု တွင် ၂၀၀၇ ခုနှစ်
စက်တင်ဘာ လ ရွှေဝါရောင် တော်လှန် ရေး တွင် ဘုန်းတော်ကြီး များ နှင့် ကျောင်းသား များ ကို
ဖြိုခွဲ ရန် အတွက် ရန်ကုန် တိုင်း စစ်ဌာနချုပ်မှ အမိန့် တောင်းရာ တွင် လူစု မကွဲ ပါက ဘုန်းကြီး လဲ
ပစ်သတ် ရန် ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ ကိုယ်တိုင် အမိန့် ပေးခဲ့သူ ဟု ပါရှိသည်။ထိုသို့ ပစ်သတ် ရာတွင် အသေပစ်သတ် ရန် အမိန့် ပေးခဲ့သည် ဟု ကြေးနန်း တွင်ဖော်ပြထား
သည်။
ဒုတိယ တစ်ခု တွင် မူ အတိုက် အခံ များ နှင့် တွေ့ ဆုံ ဆွေးနွေး ဖို့ နအဖ စဉ်းစားတော့ မည်မဟုတ်
ဟု ပါရှိပြီး အခြေအနေအရပ် ရပ် ကို လည်း သံအမတ် ကြီး က ၀ါရှင် တန် ရှိ ကွန်ဒိုလီဇာ ရိုက်ထံ
အစီရင် ခံထားသည်။
နောက် တစ် ခုတွင်မူ ၂၀၀၈ ခုနှစ် မေလ က နာဂစ် မုန်တိုင်း တိုက်ခတ် စဉ် အခြေအနေ ပြည်ပ
NGO နှင့် စေတနာ့ ၀န်ထမ်း အဖွဲ့ များ အား ပြည်ဝင်ခွင့် ဗီဇာ ထုတ်မပေး ခြင်း နှင့် ပတ် သက်
၍ သံရုံးမှ ပေးပို့ သည့် ကြေးနန်း ကို ဖော်ပြထားသည်။
အာရပ် နိုင်ငံများတွင် ဖြစ်ပွားနေသည့် တော်လှန်ရေး တွင် ၀ီကီ လိခ် သည အဓိက အခန်းကဏ္ဍ မှ
နေ၍ ပါဝင်ခဲ့သည်။
ဝီကီလိခ် အင်တာနက် စာမျက် နှာကို ဤနေရာ တွင် ကလစ် နှိပ် ၍ ကြည့်ရှု နိုင်သည်။

တွေ့ဆုံဆွေးနွေးရေး အလုပ်မဖြစ်တာ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက စဉ်းစားဆင်ခြင်ပြီး သိသင့်ပါတယ်…
အဲဒါ အမှန်ဘဲလေ..အုပ်ချုပ်သူရော တိုင်းသူပြည်သူသားတွေပါ ကံကြီးတွေထိုက်ပြီး..သီလတွေ ကျိုးပျက်နေကြလို့…
ဒယ်အိုးဆရာတော်ဦးသုမင်ဂလာပြောသလိုပေါ့၊ကျုပ်တို့နိုင်ငံကပြင်စာနန်ဒိယကံငါးပါးထိုက်နေလို့မချမ်းသာဘူးဆိုတာ
သံဃာကိုသတ်တာရယ်၊သံဃာသင်းခွဲတာရယ်…..