အီဂျစ် ပြည်သူများက အာဏာရှင် ဟိုစနီ မူဘာရက် အားအောင်မြင်စွာ ဖြုတ်ချနိုင်

Latest: မူဘာရက် သစ္စာ ခံ ဗိုလ်မှုးကြီး တစ်ဦး(ဆန္ဒပြ သူများ ကို အကြမ်းဖက်သည့် အဖွဲ့ ခေါင်း
ဆောင်) ကို တင့်ကား တပ်မှ ဖမ်းဆီး ၊ မူဘာရက် နှုတ် ထွက်ပြီး နောက် ရေနံစိမ်းများ ကျဆင်း
_________________________________________________________
“အခု …..နှုတ်ထွက် မယ်…တော်ကြာ…နှုတ်ထွက်မယ်…နောက်မှ နှုတ် ထွက် မယ်မလုပ် နဲ

တော့ ….ခင်ဗျားကြောင့် တိုင်း ပြည်လဲ သွက် ချာ ပါဒ လိုက်နေ ပြီ ..အခု တစ်ခါတည်း သာ
နှုတ်ထွက် စာ မှာ လက် မှတ် ထိုးပြီး အိုမာ ဆူလေမန် ကို ပေးခဲ့”

အီဂျစ် ကာကွယ်ရေး ဦးစီးချုပ် က အီဂျစ် စံတော်ချိန် ညနေ ၄ နာရီ ခန့် က အာဏာရှင် သမ္မတ
နှင့် တွေ့ ဆုံရာ တွင် ပြောကြား သည့် စကား
_______________________________________________________________
Updates: နောက်ဆုံးရရှိသည့် သတင်းများ အရ မူဘာရက် သည် Cairo မြို့ မှာ ထွက်ခွာသွားပြီ ဟု
သတင်းရရှိသည်။သူ၏ မိသားစု က မူ အီဂျစ် နိုင်ငံမှ ထွက် ခွာ သွားပြီ ဖြစ်သည်။
အီဂျစ် စစ်တပ် သည် အာဏာကို ခေတ္တမျှ သာထိန်းသိမ်း ထားမည် ဖြစ်ပြီး

လူငယ် များ နှင့် အတိုက်အခံ များ ပါသည့် ယာယီ ကြားဖြတ် အစိုးရ က ကို ဖွဲ့ စည်းပြီး နောက်
တရားမျှ တ၍ လွတ်လပ် သည့် ရွေးကောက်ပွဲ ကို မကြာခင် ကျင်းပပေးမည် ဟု အယ်အာရေး
ဘီးယား သတင်းဌာန သို့ ပြောသည်။Video 21:19 minutes


အီဂျစ် အာဏာရှင် ဟိုစနီ မူဘာရက် ဖြုတ်ချခံရခြင်း နှင့် ပတ်သက်၍ မြန်မာ နိုင်ငံမှာထင်ရှား ကျော်
ကြားသော သတင်းစာဆရာကြီး တစ်ဦးက “ကျွန်တော် နေ့ တိုင်း အီဂျစ် သတင်းကို နားထောင်
တယ်။ဒီ အာဏာရှင် ကို ပြည်သူနဲ့  အတိုက် အခံ တွေ က စုပေါင်း ပြီး ဖြုတ်ချ နိုင်တာ ကို မြန်မာ
လူငယ်တွေ အားကျမယ်ထင်တယ်။ ၁၉၉၈ မှ ဆူဟာတို ပြုတ်တော့ မြန်မာ ကျောင်းသားတွေ
ဆန္ဒပြ သလို မျိုး ၊ အခု အီဂျစ် မှ ဖြစ်တာ ကို ကျွန်တော့် အနေနဲ့ အားမနာတမ်း ပြောချင်ပါတယ်။
အဲဒါ….မြန်မာ စစ်တပ် နဲ့  မြန်မာ အတိုက်အခံ ခေါင်းဆောင် တွေ အတု ယူစေချင်တယ်။အတိုက်
အခံ က ပြည်သူ ကို ဘယ်လို ဦးဆောင်တယ်။ စစ်တပ် က ပြည်သူကို ဘယ်လို ကာကွယ်ပေးတယ်၊
ညမိုးချုပ်
နေလို့ …….ကျွန်တော်ပြောချင်တာ ဒီလောက်ပါပဲ။

မူဘာရက် နှုတ်ထွက် ပြီးနောက် အီဂျစ် ပြည်သူများ တီဟီရာ ရင်ပြင် ဉ် အောင်ပွဲ ခံနေစဉ်

9 thoughts on “အီဂျစ် ပြည်သူများက အာဏာရှင် ဟိုစနီ မူဘာရက် အားအောင်မြင်စွာ ဖြုတ်ချနိုင်

  1. ပြည်သူကို ကာကွယ်ပေးတဲ့ အီဂျစ် စစ်တပ်နဲ့ အာဏာရှင် ကို စုပေါင်း ပြီးသတ္တိရှိရှိ ဖြုတ်ချ နိုင်ခဲ့တဲ့ အီဂျစ် ပြည်သူနဲ့  အတိုက် အခံ တွေ ကို အရမ်းလေးစား အားကျတယ်ဗျာ။ မြန်မာ့တပ်မတော်ကြီးက ရော ပြည်သူကို ကာကွယ်ပေးတဲ့ ပြည်သူ့တပ်မတော် လုပ်မှာလား၊ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရဲ့ အမိန့်ကို တသဝေမတိမ်း လိုက်နာတဲ့၊ ပြည်သူကို နှိပ်စက်တဲ့ ခပ်ညံ့ညံ့စစ်တပ် ပဲလုပ်မှာလား။ မြန်မာပြည်သူနဲ့  အတိုက် အခံ တွေလည်းအီဂျစ်ကို အားကျအတုယူစေချင်တယ်ဗျာ။သတ္တိရှိစေချင်တယ်။ဟစ်တလာပြောခဲ့သလို အနိုင်ကျင့်သူနဲ့ အနိုင်ကျင့်ခံရသူ တွင် အနိုင်ကျင့်ခံရသူမှာပိုပြီး တာဝန်ရှိတယ်။ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိတယ်။နောက်ထပ်ပြီး အနိုင်ကျင့်မခံရအောင် ၊ဒီ အာဏာရှင်စနစ်ပြုတ်ကျရအောင် ကျွန်တော်တို့ဒီထက်ပိုပြီးသတ္တိရှိကြရပါမယ်။

    1. Please, don’t say that – people tatmadaw- This is than shwe tatmadaw( it means brainless tatmadaw) , They are never become to like this.

  2. ၀မ်းသားတယ်ဗျာ အီဂျစ် ပြည်သူတွေအစာ အားလဲ အားကျတယ်
    ဗမာပြည်က ခွေးလောက်မှစောက်သုံးမကျတဲ့ဗိုလ်ချုပ်မှူးကြီးဆိုတဲ့ သန်းရွှေ ကြားနိုင်မယ် ဆိုရင် စကားလေးတခွန်းပြောလိုက်ချင်တယ်ဗျာ…
    ကမ္ဘာက အာဏာရှင်တွေ တယောက်ပြီးတယောက် လစ်ကုန်ကြပြီ
    အာဏာရှင်ရဲ့နောက်ဆုံးသွားရာလမ်းက အားလုံးသိတဲ့အတိုင်းဘဲ
    ခင်ဗျားကြီးအလှည့်လဲ မကြာခင်လာတော့မယ် အလှည့်ကျမနွဲ့စမ်းပေါ့ဗျာ
    ထမင်းဝအောင်စားထား ခင်းဗျားကြီးသေရင်တောင်ကောင်းကောင်းသေးရမယ်မထင်နဲ့ ……….
    ဘုရားသားတော်တွေကိုသက်တဲ့ ခင်ဗျားကြီး အရှင်လက်လက်မြေမျို ခံရမှာကို
    မကြာခင် ဗမာပြည်သူတွေတွေ့ရတော့မှာပါ…..

  3. အားကျမနေကြမနေကြပါနဲ့ … ကျွန်တော်တို့ဆီမှာလည်း နောက်ထပ် နှစ်ပေါင်း (၄၀) (၅၀) လောက်ဆိုရင် ဖြစ်ချင်ဖြစ်လာကြမှာပါ …

  4. နေကြပါဦး လွှတ်တော်က နေ ပြောင်းယူမယ်လို့ ပြောထားတယ် ဖြည်းဖြည်းချင်းစောင့်ပါ

  5. အားကျတယ်ဗျာ
    သူများနိုင်ငံက ပြည်သူတွေကို
    မြန်မာနိုင်ငံလည်း အဲ့လို မဟုတ်မခံစိတ်လေးနည်းနည်းလောက်ရှိရင် သိပ်ကောင်းမှာပဲ
    ခုတော့ စစ်ကျွန်ဘ၀နဲ့ နစ်နေတာ
    သွက်ချာပါဒတင်မဟုတ်ဘူး သွက်သွက်ခါအောင်တောင် ရူးလို့ရနေပီ
    ပြည်သူတွေ တကယ်စိတ်မကောင်းဘူးဗျာ

  6. သတင်းကောင်းလေး ဗျာ…..။ သူတို့ နိုင်ငံသားတွေတော့ ဘယ်လောက်ပျော်နေမလဲ မသိဘူး……။ လူတိုင်း ဒီတိုက်ပွဲကြီးမှာ ပါဝင်ခဲ့ပြီးတော့ ပြည်သူတွေရဲ့ ဆန္ဒဟာ လက်တွေ့မှာ အကောင်အထည်ပေါ်လာတဲ့ အခါ ဘယ်လောက်ဂုဏ်ယူဖို့ကောင်းလဲ…..။ ဒါမျိုးကို ကိုယ့်နိုင်ငံမှာလည်း ကိုယ်ကိုတိုင် ပါဝင်ခံစားချင်တဲ့ စိတ်တွေ ပေါ်မိတယ်။ အတိုက်အခံရယ် ၊ ပြည်သူရယ် ၊ စစ်တပ်ရယ်ပေါင်းလိုက်မှ အာဏာရှင် စနစ်ဆိုးကို တော်လှန်ဖို့ အောင်မြင်မှာ…….။ တစ်ဘက်ဘက်က အားလျော့နေရင်၊ မပါဝင်လာဘူးဆိုရင်တော့ ဘယ်တော့မှ ဖြစ်လာမယ် မထင်မိကြောင်း…….။

  7. အားကျလိုက်တာအီဂျစ်ပြည်သူတွေရယ်.. ဒို့များဆီမှာတော့ဘယ်တော့မှခင်ဗျားတို့လိုပျော်ရွှင်နိုင်ရမလဲ? တို့များအသက်တွေကောမှီပါ့မလားစိုးရိမ်မိပါတယ်.. ဘယ်လိုပဲဖြစ်ဖြစ်လေ နောင်လာနောင်သားတွေလက်ထက်မှာမှ အပြောင်းအလဲဖြစ်လာမယ်ဆိုရင်လဲတို့များဘယ်တတ်နိုင်မှာလဲကွယ်… ဝမ်းသာရမှာပေါ့နော်… အင်းးးးးးး

  8. ကျွန်မ ကွန်ယက်တွေ ဖွဲ့ နေပါတယ် ၊မကြာခင် အဲဒီကွန်ယက်က ကလေးတွေ ပညာတောင် သင် နိုင်ငံခြား သွားပြီး ပြန်လာရင်
    တော်လှန်ရေး အောင်မြင်မှာပါ။ ခေတ္တ သီးခံပြီး စောင့်ပေးပါ…

Comments are closed.