တင်ကျော်ကျော်စိုး၊ ၊ဆေးခြောက်မှု ဖြင့် ဖမ်းဆီးထား သည် ဟု သတင်းထွက်ပေါ် နေ
သော် လည်း ယခင်က မြန်မာ တိုင်းသတင်းစာတွင် အစုရှယ်ယာ အများ ဆုံး ပါဝင် ထားသည့်
ထိပ်တန်း ထောက်လှမ်းရေး အရာရှိ တစ်ဦး ၏ သမီးမှ ည ကလပ် တစ်ခု တွင် တွင် CD-ROM ဖြင့် သိမ်းမှတ်ထား သည့် စစ်ထောက်လှမ်းရေးအရာ ရှိ ဟောင်း ဗိုလ်ချုပ် ခင်ညွန့် အား အင်းစိန်ထောင်
ရွှေ့ ပြောင်းမှု ဗီဒီယို မှတ်တမ်း အား လူမှု ကွန်ယက်အင်တာနက် စာမျက် နှာ တစ်ခု ဖြစ်သည့် Facebook
တွင် Stoneage အမည်ဖြင့် ဖြန့် ချိမှု ကြောင့် Myanmar Time သတင်းစာ ၏ အယ်ဒီတာ ချုပ် ဖြစ်သူ
ရောစ် ဒန်ကလေ ကို ဖမ်းဆီး လိုက်သည်ဟု Freedom News Group မှ သတင်းရရှိသည်။
အခြားသော သတင်း များ အရ ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ ၏ ဇနီး ဖြစ် သူ တရုတ် ပြည် ဘဏ်များ
တွင် ငွေကြေး လွှဲပြောင်း အပ် နှံ ရန် သွား သည့် သတင်း နှင့် သမက်ဖြစ်သူ သံအမတ်ကြီး ၏ သတင်း
ကို ပြည်ပ မီဒီယာ အချို့ ကို လက်တို့ မှုဖြင့် ဖမ်းဆီး သည် ဟု ယုံကြည်ကြသည်။
ရောစ် ဒန်ကလေ သည် ဒေါ်ကြိုင်ကြိုင် တရုတ် ပြည်ရောက်သည့် သတင်း ကို တရုတ် ဂျာနယ်
လစ် အချို့ မှ ရရှိခဲ့ခြင်း ဖြစ်ပြီး တရုတ် အစိုးရ ကိုယ်တိုင် က လည်း မီဒီယာ များ တွင် မြန်မာ
နိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး အသစ် ၏ ဒေါ်လာ ကိုးသောင်း ကျော် ကုန် ကျသည့်
ဧည့် ခံပွဲ နှင့် ညစာ စားပွဲ နှင့် ပတ်သက် ၍ ဖော်ပြခြင်းမရှိချေ။
ရောစ် ဒန်ကလေ အား ၎င်း နေထိုင်သည့် အင်းလျှား လမ်း ရှိ Governor Residents တွင် သတင်း
တပ်ဖွဲ့  ညွှန်ကြားရေးမှုး အသစ် ဗိုလ်မှုး ကြီး တင်စိုး ၏ အမိန့် ဖြင့် ယမန် နေ့ ညက ဖမ်းဆီး ခဲ့ခြင်းဖြစ်
သည်။
မြန်မာ တိုင်း သတင်းစာကို ၂၀၀၀ ပြည့်နှစ် တွင် ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်မှုးချူပ် သိန်းဆွေ ၏ ချွေးမ ဖြစ်သူ ယခင်မြန်မာ တိုင်း ဂျာနယ် ပူးတွဲ ပိုင်ရှင် ဟောင်း ကိုမြတ်ဆွေ ဆန်နီဆွေ(ယခု ထောင်ဒဏ်ကျခံနေရသူ) နှင့် မယမင်းတို့  က Phnom Penh Post အယ်ဒီတာ ဖြစ်သူ သြစ
တေးလျှ နိုင်ငံသား ရောစ်ဒန်ကလေ က ငှားရမ်း ၍ တည်ထောင်ခြင်း ဖြစ်သည်။
မြန်မာ တိုင်း သတင်းစာ ကို လမ်းမတော် မြို့ နယ်တွင် စတင်တည်ထောင်စဉ်
ကတည်းကပါဝင်ခဲ့သည့် လေတပ် ထောက်ရေး အရာရှိ ဗိုလ်မှုးချူပ် သိန်းဆွေ မှာ
စစ်ထောက်လှမ်းရေးကို၂၀၀၄ ခုနှစ်က ဖယ်ရှားစဉ်က ပထမ ဦးဆုံး ရန်ကုန်တွင်
ဖမ်းဆီးခံရသောသူဖြစ်ပြီး ထောင်ဒဏ်၅၄ နှစ်အပြစ်ပေးခံထားရသည်။
ရောစ် အား ပြည်တွင်း စာနယ် ဇင်းသမား များက မြန်မာ့ ဒီမို ကရေစီ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် အား အပုပ်ချ(ဝေဖန်မှု မဟုတ်သည့် ) ရေးသားမှု ကြောင့်
ရွံ့မုန်းကြသည်။

hello
ဆရာတို့ရယ် မြန်မာစာ အသုံးအနူန်းလေး လည်း တစ်ချက် စစ်ဆေးပါအုန်း။ အစအပိုဒ် မှာ ‘ရောစ် ဒန်ကလေ က ဖမ်းဆီး လိုက်သည်’ ဆိုတော ရောစ် ဒန်ကလေ က ဘယ်သူကို ဖမ်းတာလဲလို့ အပြူးအပြဲ လိုက် ရှာရတယ်။နောက် အပိုဒ်ေ၇ာက်မှ ရောစ် ကိုဖမ်းတာလို့သိရတယ်။ဝေဖန်တာမဟုတ်ပါဘူး။ freedom newsgroup ကို ပို မျှော်လင့်ထားလို့ပါ။
ဘဲကြီးက စတန့်အထွင်လွန်သွားတာ။ ဟိုဖက်လိုက်သလိုလို ဒီဖက်လိုက်သလိုလိုနဲ့ နောက်ဆုံးတော့ သူလည်း အဖိုးကြီး လက်စာကို မိသွားတာပါပဲ။ အရေးဟယ် အကြောင်းဟယ်ဆိုတော့ သူ့နောက်မှာ ဘယ်သူ ရှိသတုံး။
န၀ရတ် က ဆေးမှု ကိစ္စပြီးနေတည်းက နအဖ စပိုင် ဖြစ်နေတာ ကျွှန်တော် မသိတာ မှားတယ်
န၀ရတ် ကို ပြီးခဲ့တဲ့ တစ်ပတ်က တင်ခေါ်ချသေးတယ် ကြားတယ်
ဒန်ကလေ က Chess စကား နဲ့ ပြောရရင် အတ်ကွက် မိသွားတာ