မြန်မာ လူငယ် တို့  စစ်အာဏာရှင် စနစ် ဖယ်ရှားရန် စတင်ပြီ

“Every generation needs a new revolution.” Thomas Jefferson

မြန်မာ့ လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ ဉ် စစ်အာဏာရှင် ဖြတ်ချမည့် လူငယ် အုပ်စု တစ်ခု အား ရန်ကုန် မြို့ ဉ် လှို့ ဝှက် ဖွဲ့ စည်း ခဲ့သည်။

မြန်မာ နိုင်ငံတွင် စစ်အာဏာရှင် စနစ် အမြစ်ဖြုတ်ရေး အတွက် ပါဝင်လိုသူများ အတွက် ဖေ့ဘွတ်စာမျက်နှာ

FNG၊             ၊ရွှေဝါရောင်တော်လှန်ရေး တွင် ပါဝင်ခဲ့သည့် လူငယ် ၁၆ ဦးခန့် နှင့် မျိုးဆက် သစ်
လူငယ် ၂၀ ဦးခန့် သည် ယနေ့ ရန်ကုန် မြို့ တွင် တွေ့ ဆုံပြီး စစ်အစိုးရ အား အမြန် ဆုံးဖယ်ရှား
နိုင်ရန် အတွက် လူထု တိုက် ပွဲ ပုံဖော်ခြင်း လမ်း ကြောင်းများ ကိုဆွေးနွေး ခဲ့ကြောင်း သတင်း
ရရှိသည်။

၎င်း တို့ အဖွဲ့  ကို သီးခြား အမည် ပေးထားခြင်း မရှိပဲ လှို့ ဝှက် အမည် Just Do It ဟု သာ
အမည် ပေးထား သည် ဟု Freedom News Group မှ သတင်းရရှိသည်။ Just Do It
အဖွဲ့ သည် ယနေ့   မြန်မာ့ လွတ်လပ် ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း ၏ မွေးနေ့ တွင်
ရန်ကုန် မြို့  မြောက် ဥက္ကလာ ပ မြို့ နယ် ဉ် တွေ့ ဆုံ ခဲ့ခြင်း ဖြစ်ပြီး စစ်အာဏာရှင် အစိုးရ အား
ဖယ်ရှား မည့် ကနဦး လမ်းစဉ် သုံးရပ် ကို တညီတညွတ် တည်း ချမှတ် နိုင်ခဲ့သည် ဟု သတင်း
ရရှိသည်။

လှို့ ဝှက် နာမည် Just Do It အဖွဲ့ မှ တာဝန်ရှိ သူ တစ်ဦး ဖြစ်သည့် ကို ခိုင်မြဲအောင် က ၎င်းတို့ 
လက်ရှိ Core Member အုပ်စု တွင် လတ်တလော အမျိုး သား ဒီမို ကရေ စီအဖွဲ့ ချုပ်မှ ဦးဆောင်
ဖွဲ့ စည်း သည့် ကွန်ယက် လူငယ် တစ်ဦးမှ မပါဘဲ နိုင်ငံရေး အကျဉ်းသား ဟောင်း တစ်ဦး ၊
သတင်းထောက် တစ်ဦး၊ ကွန်ပြူတာ ကျွမ်းကျင် သူ ၁၆ ဦး နှင့် အခြား ကျွမ်း ကျင် သူများ ပါဝင်
သည် ” ဟု FNG သို့ ပြောသည်။

ပြည်တွင်း၊ပြည်ပ မည် သည့် နိုင်ငံရေး အုပ်စု နှင့် မှ မဆက်စပ်သည့် ထို အဖွဲ့  အီဂျစ်
နှင့် တူနီးရှား နိုင်ငံများ ဉ် ဒီမိုကရေစီ ရေး ပြည်သူ လူထု အုံကြွမှု ပေါ်ပေါက် ချိန် ဉ် ၁၀
ရက်ခန့်  လွှင့် တင် ထား သည့် ဖေ့ဘွတ် စာမျက် နှာ တစ်ခု ဉ် အပြောင်းအလဲ လိုလား
သူ အခြား အယောက် နှစ် ဆယ်ခန့် ကို စည်းရုံး နိုင်ခဲ့ခြင်း ဖြစ်သည်။

အီဂျစ်၊ဂျော်ဒန်၊တူနီးရှား တော်လှန်ရေး အောင်မြင်မှုများ ကလည်း မြန်မာ လူငယ်များ ကိုစိတ်ဓာတ် တက်ကြွဖွယ်ရာ ဖြစ်

Just Do It အဖွဲ့ သည့် မြန်မာ စစ်အစိုးရ အား ဖယ်ရှား နိုင် ရေး အတွက် ခြောက်
လအတွင်း လူထု အုံကြွ မှု တစ်ခု ပေါ်ပေါက်ရန် ယနေ့ မှ စ၍ လှုပ်ရှား မှု စတင်သည်
ဟု သိရသည်။

ထိုအဖွဲ့ တွင် အသက် ၁၇ နှစ် အရွယ် အသက် အငယ်ဆုံး အဖွဲ့ ဝင် တစ်ဦး ဖြစ်သူ
ကို တွစ်တာ က ” ကျွန်တော် ရုပ်သံကနေ အီဂျစ် နဲ့ တူနီးရှား မှာ ဖြစ်တာတွေ နေ့ 
တိုင်းကြည့် ဖြစ်တယ်။ သေချာတာ ကျွန်တော်တို့  ကိုယ်တိုင် လုပ်မှ ဆိုတဲ့ အဖြေ
ထွက်လာတယ်” ” စစ်အာဏာရှင် ပြုတ်ကျ ဖို့ အတွက် ဆိုရင် ကျွန်တော် တို့ ဟာ
ခောတ်သစ် ရဲဘော် သုံးကျိပ် ဖြစ်ရမယ်” ဟု ပြောသည်။

အာရပ် နိုင်ငံ များ ၏ ဒီမိုကရေစီ ရေး အုံကြွမှု များ နှင့် အောင်မြင်မှု များ သည် မြန်မာ
လူငယ်များ အပေါ် များစွာ ရိုက်ခတ်မှု ရှိပြီး မတရား သော အစိုးရ များ ၊ ခေါင်းဆောင်
များကို အောင်မြင် စွာ ဖြုတ်ချ နိုင်ပုံ ကို မြန်မာ လူငယ်များ က အားကျကြသည်။

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့ ဉ် နိုင်ငံ ၏ အာဏာ ကို သိမ်း ပိုက် ခဲ့သည့်
စစ်တပ် ၏ စစ်အာဏာရှင် စနစ်ကို ပြည်တွင်း၊ ပြည်ပ နှစ်ဌာန ရှိ မည် သည့် နိုင်ငံရေး
အဖွဲ့ မှ စွမ်းဆောင် နိုင်ခဲ့ခြင်း မရှိသေးချေ၊

61 thoughts on “မြန်မာ လူငယ် တို့  စစ်အာဏာရှင် စနစ် ဖယ်ရှားရန် စတင်ပြီ

  1. X-ing :

    ကျော်စိုးခေါ် လှထွန်း မင်းစကားအရ မင်းဟာ အနှစ်၂၀ ကျော်အချောင်စောင့်နေတဲ့ အချောင်သ္မားပဲကွ။

    နောက် ၄ လ ကျန်သေးတယ်.. X-ing ရေ..။

  2. ကျွန်တော့်ရင်ထဲမှာရှိတာကတော့ဗျာ… ရှင်းရှင်းပဲ … တတိုင်းပြည်လုံး ထွက်တိုက် … ထွက်ဆန္ဒပြ သေချင်သေပါစေ… အားလုံး နောက်မတွန့်ကြနဲ့… ကျွန်တော်တို့ ရှေ့ကနေ ထွက်ချမယ်ဗျာ… နောက်မျိုးဆက်ကောင်းဖို့ ရင်းသင့်ရင် ရင်းရမှာပဲ… တယောက်မှ အချောင်မလိုက်ကြနဲ့… တကယ့်စိတ်ရင်းတွေနဲ့ ချစေချင်တယ်… အပြောင်းအလဲ အတွက်ကတော့ တောင်းယူလို့ရမှာမဟုတ်ဘူး… တိုက်ယူမှ ရမှာ… ပါးစပ်ကတောင်းနေလို့ကတော့ လေပဲကုန်မယ်… ကျွန်တော်တို့ခေတ်မှာ ဘယ်လောက်တောင် ဒီစစ်အစိုးရကြောင့် ပြည်သူတွေမှာ ခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေ သူများအနှိမ်ခံတွေ ဘယ်လောက်တောင် ဖြစ်နေရသလဲကတော့ဗျာ ပြောပြမရအောင် ရင်နာတယ်… တိုင်းပြည်ရဲ့ တကယ့်အဖိုးတန်တဲ့ သယံဇာတတွေ အရင်းအမြစ်တွေ ဆုံးရှုံးနေရတာဗျာ… ကျွန်တော်တို့ နောင်လာနောက်သားလက်ထက်ထိ ခံပါ့မလား… ဒီစစ်အစိုးရလဲ ပြုတ် တိုင်းပြည်လဲ ငုတ်တုတ် ဆိုသလို အခွံဟောင်းလောင်းနဲ့ မြန်မာပြည်ကြီးကျန်ခဲ့ရင်တော့လားဗျာ… ဘယ်လောက်ရင်နာစရာ ကောင်းလိုက်သလဲ… ဒီပုံစံအတိုင်းသာသွား ကြာရင် ကုန်တော့မှာပါပဲ…

  3. ဟာ. ကိုချိန်တန်ပြီ ခင်ဗျာပြောတာ ကျနော်သဘောမတူးဘူး ကျနော်ငရဲကျမှာမကြောက်ဘူမပြောချင်ပါဘူး ဒါပေမဲ့ ငရဲထက်စါရင်းဝါးစိမ်း (၀ါိးစမ်း) နဲ့ဆော်ခံထိမှာ ထောင်ထဲရောက်မှာ တစ်ဆွေလုံးတစ်မျိုလုံးဒုက္ခရောက်မှာကိုပိုကြောက်တာဗျ။

    1. ကိုအောင်ရေ… ကျွန်တော်က နောက်ဆုံးအဆင့်အထိ ပြောပြတာပါ… ကိုအောင်တို့မှာ မိသားစုရှိတဲ့အတွက်လည်း စိုးရိမ်တယ်… နောက်ဆံတင်းတယ်ပေါ့ဗျာ… အဲဒီလို အခက်အခဲတွေရှိတာကို နားလည်ပါတယ်… အခုကိုအောင်ရဲ့ အခြေအနေလိုမျိုး မြန်မာနိုင်ငံထဲက လူတွေအားလုံးနီးပါးရဲ့ ရင်ထဲမှာ ရှိကြပါတယ်… အဲဒါကြောင့်လဲ စစ်အစိုးရက ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်လာရင် ကြောက်ကြတယ်… ထွက်ပြေးကြတာပေါ့… ကျွန်တော်တို့အားလုံးနီးပါးရဲ့ စိတ်ထဲမှာ အဲဒီကြောက်လန့်စိတ်ရှိတယ်ဆိုတာ စစ်အစိုးရက သိထားတာပေါ့ဗျာ… ဒါကြောင့်လဲ တမင်သက်သက် နှိပ်စက်ပြနေကြတာပေါ့… ပြောရရင် စိတ်ဓါတ်စစ်ဆင်ရေးပေါ့ဗျာ… ကြောက်တာကို အပြစ်သွားပြောရင်တော့ ပြောတဲ့သူ မှားမယ်မောင်…
      နောက်တချက်ရှိသေးတယ် ဗျို့… အဲဒါကတော့ တယောက်နဲ့ တယောက်မယုံကြတာပဲ… အဲဒါကလည်း တော်တော်ဆိုးသဗျို့… ဘာလဲဆိုတော့ ဆန္ဒပြမယ်လို့ တိုင်ပင်တယ်ဆိုပါစို့… ငါကတော့ ရှေ့ကိုထွက်ပါပြီ တခြားသူတွေနဲ့လဲ တီးလုံးကိုက်ထားတယ်ဆိုပါစို့… ငါထွက်လို့ တခြားသူတွေကော လိုက်ထွက်ပါ့မလား… ငါထွက်တဲ့အချိန် နောက်လူတွေ လိုက်မထွက်လာရင် ငါတော့ သေပြီဆရာ… အဲဒီလို မယုံကြည်တဲ့ အပိုင်းတွေလဲ တွေ့ရသဗျို့…အဲဒီလို မယုံကြည်လို့လဲ သူ့တွန်း ကိုယ့်တွန်းနဲ့ အခုအချိန်ထိ ဖြစ်နေကြတာပေါ့… အဲဒါကိုလည်း ကျွန်တော်တို့ ဖျောက်ဖျက်ပစ်ရမယ်… လုပ်မယ်ဆို အားလုံးဝိုင်းလုပ်ကြရမယ်… တယောက်မှ ရေသာမခိုကြနဲ့… အချောင်မလိုက်ကြနဲ့… မပါနိုင်ဘူးဆို ပွင့်ပွင့်လင်းလင်း အစောကတည်း မပါနိုင်ဘူးပြော… ဒါမှ ဘာလုပ်သင့်တယ် ဆိုတာ စဉ်းစားထားလို့ရမှာဗျ…
      ဂလိုပါပဲ ကျွန်တော်တို့တွေကလည်း အကြောက်တရားကနေ မကြောက်တရားဖြစ်လာအောင် တော်လှန်လိုစိတ်ရှိလာအောင်
      ဖန်တီးယူကြမယ်ဆိုရင် မဝေးတော့သော အနာဂါတ်တွေပေါ့ဗျာ…
      (မှတ်ချက် ။ ။ အပေါ်မှာ ကျွန်တော်ပေးထားခဲ့သည့် မှတ်ချက်တွင် အားလုံးကို မဆိုလိုပါ… လုပ်ရဲသည့်လူရှိသလို မလုပ်ရဲသည့်လူ ရှိသည် ဆိုသည့်သဘောနှင့် လက်တွေ့လုပ်သူများထက် ပါးစပ်ဖြင့်လုပ်ရဲသူများက ပိုမိုများပြားကြောင်း သိစေလိုခြင်းသာဖြစ်ပါသည်။)

  4. ကျရာနေရာက ပံ့ပိုးကူညီမယ် ။ စစ်အာဏာရှင်စနှစ်ကိုအဖြစ်ပါမကျန်တွန်းလှန်ပြစ်ရမယ် ။
    ရောက်တဲ့နေရာက စစ်အာဏာရှင်ဆန့်ကျင့်ရေးလုပ်နေတယ် ။
    ၈၈မျိုးဆက်ကျောင်းသားတဦး ဆိုတု.သူအသေခံဗုံးခွဲခိုင်းမယ် လုပ်မလား

    1. ကျရာနေရာက ပံ့ပိုးကူညီမယ် ။ စစ်အာဏာရှင်စနှစ်ကိုအဖြစ်ပါမကျန်တွန်းလှန်ပြစ်ရမယ် ။
      ရောက်တဲ့နေရာက စစ်အာဏာရှင်ဆန့်ကျင့်ရေးလုပ်နေတယ် ။
      ၈၈မျိုးဆက်ကျောင်းသားတဦးဆိုတဲ.လူ မင်းကိုအသေခံဗုံးခွဲခိုင်းမလို.ကွJust Do It အဖွဲ က
      ဘယ်လိုလဲ

  5. အခု ဒီအငြင်းအခုံကို မြင်တော့ ကျွန်တော် အစည်းအဝေးတခုကအကြောင်းကို သတိရမိတယ်… အစည်းအဝေးတခုဆိုပါစို့ … အဲဒီအစည်းအဝေးက မြန်မာပြည်အပြောင်းအလဲ အကြောင်း စည်းဝေးကြတယ်… တိုင်ပင်ကြတယ်ပေါ့… အဲဒီအစည်းအဝေးမှာ ဘယ်လိုလုပ်ရမယ် ဘယ်လိုချရမယ်… ဘယ်လို တိုက်ကွက်ဖေါ်ရမယ်ပေါ့… ဆွေးနွေးကြတယ်… အဲဒီလို လုပ်လာရင်းနဲ့ နောက်ဆုံးတော့ အဖြေက တိုက်မှရမယ်… အသေခံဗုံးကွဲရမယ် ဖြစ်ကုန်ရောဗျာ… အဲဒီအထိ ဟုတ်နေတုန်းပဲ… အဖြေကတော့ ရပြီ… လုပ်ဖို့ပဲကျန်တော့တယ်… အဲဒီလို အသေခံဗုံးကွဲဘို့အတွက် အဲဒီအစည်းအဝေးမှာပဲ ပါမယ်ဆိုတဲ့သူ စာရင်းပေးပါဆိုပြီး လုပ်ရော… အဲဒီအချိန်အကျတော့ လူပေါင်း (၈၀) လောက်မှာ (၁၀) ယောက်လား မသိဘူး… အဲဒီ (၁၀) ယောက်လောက်က ခုနက တိုက်ရမယ် လုပ်ရမယ် အသေခံဗုံးခွဲရမယ်ဆိုပြီး အကြံပြု အဆိုတင်ဆွေးနွေးခဲ့တဲ့သူတွေတယောက်မှ စာရင်းပေးတဲ့ အထဲမှာ မပါဘူး… အဲဒါနဲ့ပဲ အဲဒီအစည်းအဝေးက မဖြစ်မြောက်ပဲ အီလည်လည်နဲ့ ပြီးသွားပါတယ်…
    အဲဒီအဖြစ်အပျက်မျိုးက ဖြစ်နေကျလိုမျိုး ဖြစ်နေတာတွေ့ရပါတယ်… ကျွန်တော့်အမြင်ပြောရရင်တော့ ဘယ်လိုလုပ်ရမယ်ဆိုတာတော့ လူတိုင်းနီးပါး သဘောပေါက်နားလည်တယ်ဆိုတဲ့ အဆင့်မှာရှိပါတယ်… ဒါပေမယ့် အဲဒီလို လုပ်ဖို့ အရင်းအနှီးကို မစိုက်ရဲဘူး မရင်းရဲဘူး ဆိုတဲ့ အခြေအနေမျိုးပါ…
    အဲဒီလို မရင်းရဲလို့လဲ အပြစ်တင်ဘို့ မဝေဖန်မိဖို့ လိုတယ်လို့ ထင်ပါတယ်… အရင်းအနှီးက ကြီးပါတယ်… ဒီနေရာမှာ ဘာသာတရားက ကျွန်တော်တို့ကို ချုပ်ကိုင်ထားပါတယ်… ဘာကြောင့်ချုပ်ကိုင်ထားသလဲ ဆိုရင်တော့ ကျွန်တော်တို့တွေဟာ ဗုဒ္ဓဘာသာဝင်တွေပါ… ဗုဒ္ဓဘာသာရဲ့ အယူအရ တမလွန်ရဲ့ ဟိုဘက်မှာ (၃၂) ဘုံဆိုတာ ရှိတယ်… ဘယ်ဘုံကိုရောက်မယ်.. ဘာဖြစ်မယ် ဘယ်လိုမှ မသိနိုင်ဘူးဗျာ… ကုန်ကုန်ပြောရမယ်ဆိုရင် မတော်တဆ ငရဲရောက်သွားရင် ဘယ်လို ဒုက္ခခံရမယ်က အစပေါ့… အများကြီးပေါ့ဗျာ.. ပြောရရင်… အဲဒါတွေကို ကြောက်ကြတယ်ဗျ… ပါးစပ်က မကြောက်ဘူးပြောရင်ပြောမယ်… ရင်ထဲမှာတော့ ကြောက်ကြတယ်ဗျ… တခြားဘာသာတရားတွေမှာကတော့အဲဒီလို မဟုတ်ဘူး… ကောင်းကင်ဘုံရောက်မယ်တို့ ဘာတို့ပေါ့ဗျာ… အဲဒီကွာခြားချက်ကလဲ ကျွန်တော်တို့အတွက် အဆီးအတားကြီးတခုပဲပေါ့ဗျာ… အဲဒီလို အဲဒီလိုပဲဗျာ… မရင်းရဲတဲ့သူတွေကို မဝေဖန်သင့်ဘူးဆိုတာ ပြောတာပါ… မရင်းရဲတဲ့သူတွေကို ရင်းရဲလာအောင် စိတ်ဓါတ်ခွန်အားပေးဖို့ပဲ လိုပါတယ်… နှိမ့်ချစရာ အထင်သေးစရာတော့ မလိုပါဘူး…

  6. အားပေးတယ်ဟေ့ လက်တွေ့ဒါအဖြေပဲ ဆက်သာလုပ်

  7. အခု ဒီအငြင်းအခုံကို မြင်တော့ ကျွန်တော် အစည်းအဝေးတခုကအကြောင်းကို သတိရမိတယ်… အစည်းအဝေးတခုဆိုပါစို့ … အဲဒီအစည်းအဝေးက မြန်မာပြည်အပြောင်းအလဲ အကြောင်း စည်းဝေးကြတယ်… တိုင်ပင်ကြတယ်ပေါ့… အဲဒီအစည်းအဝေးမှာ ဘယ်လိုလုပ်ရမယ် ဘယ်လိုချရမယ်… ဘယ်လို တိုက်ကွက်ဖေါ်ရမယ်ပေါ့… ဆွေးနွေးကြတယ်… အဲဒီလို လုပ်လာရင်းနဲ့ နောက်ဆုံးတော့ အဖြေက တိုက်မှရမယ်… အသေခံဗုံးကွဲရမယ် ဖြစ်ကုန်ရောဗျာ… အဲဒီအထိ ဟုတ်နေတုန်းပဲ… အဖြေကတော့ ရပြီ… လုပ်ဖို့ပဲကျန်တော့တယ်… အဲဒီလို အသေခံဗုံးကွဲဘို့အတွက် အဲဒီအစည်းအဝေးမှာပဲ ပါမယ်ဆိုတဲ့သူ စာရင်းပေးပါဆိုပြီး လုပ်ရော… အဲဒီအချိန်အကျတော့ လူပေါင်း (၈၀) လောက်မှာ (၁၀) ယောက်လား မသိဘူး… အဲဒီ (၁၀) ယောက်လောက်က ခုနက တိုက်ရမယ် လုပ်ရမယ် အသေခံဗုံးခွဲရမယ်ဆိုပြီး အကြံပြု အဆိုတင်ဆွေးနွေးခဲ့တဲ့သူတွေတယောက်မှ စာရင်းပေးတဲ့ အထဲမှာ မပါဘူး… အဲဒါနဲ့ပဲ အဲဒီအစည်းအဝေးက မဖြစ်မြောက်ပဲ အီလည်လည်နဲ့ ပြီးသွားပါတယ်…
    အဲဒီအဖြစ်အပျက်မျိုးက ဖြစ်နေကျလိုမျိုး ဖြစ်နေတာတွေ့ရပါတယ်… ကျွန်တော့်အမြင်ပြောရရင်တော့ ဘယ်လိုလုပ်ရမယ်ဆိုတာတော့ လူတိုင်းနီးပါး သဘောပေါက်နားလည်တယ်ဆိုတဲ့ အဆင့်မှာရှိပါတယ်… ဒါပေမယ့် အဲဒီလို လုပ်ဖို့ အရင်းအနှီးကို မစိုက်ရဲဘူး မရင်းရဲဘူး ဆိုတဲ့ အခြေအနေမျိုးပါ…
    အဲဒီလို မရင်းရဲလို့လဲ အပြစ်တင်ဘို့ မဝေဖန်မိဖို့ လိုတယ်လို့ ထင်ပါတယ်… အရင်းအနှီးက ကြီးပါတယ်… ဒီနေရာမှာ ဘာသာတရားက ကျွန်တော်တို့ကို ချုပ်ကိုင်ထားပါတယ်… ဘာကြောင့်ချုပ်ကိုင်ထားသလဲ ဆိုရင်တော့ ကျွန်တော်တို့တွေဟာ ဗုဒ္ဓဘာသာဝင်တွေပါ… ဗုဒ္ဓဘာသာရဲ့ အယူအရ တမလွန်ရဲ့ ဟိုဘက်မှာ (၃၂) ဘုံဆိုတာ ရှိတယ်… ဘယ်ဘုံကိုရောက်မယ်.. ဘာဖြစ်မယ် ဘယ်လိုမှ မသိနိုင်ဘူးဗျာ… ကုန်ကုန်ပြောရမယ်ဆိုရင် မတော်တဆ ငရဲရောက်သွားရင် ဘယ်လို ဒုက္ခခံရမယ်က အစပေါ့… အများကြီးပေါ့ဗျာ.. ပြောရရင်… အဲဒါတွေကို ကြောက်ကြတယ်ဗျ… ပါးစပ်က မကြောက်ဘူးပြောရင်ပြောမယ်… ရင်ထဲမှာတော့ ကြောက်ကြတယ်ဗျ… တခြားဘာသာတရားတွေမှာကတော့အဲဒီလို မဟုတ်ဘူး… ကောင်းကင်ဘုံရောက်မယ်တို့ ဘာတို့ပေါ့ဗျာ… အဲဒီကွာခြားချက်ကလဲ ကျွန်တော်တို့အတွက် အဆီးအတားကြီးတခုပဲပေါ့ဗျာ… အဲဒီလို အဲဒီလိုပဲဗျာ… မရင်းရဲတဲ့သူတွေကို မဝေဖန်သင့်ဘူးဆိုတာ ပြောတာပါ… မရင်းရဲတဲ့သူတွေကို ရင်းရဲလာအောင် စိတ်ဓါတ်ခွန်အားပေးဖို့ပဲ လိုပါတယ်… နှိမ့်ချစရာ အထင်သေးစရာတော့ မလိုပါဘူး…

  8. တော်လှန်ရေးတစ်ခုအောင်မြင်ဖို့ဆိုတာအသက်တွေစွန့်တိုင်းလည်းဖြစ်တာမဟုတ်ဘူး
    အခွင့်အရေးရတဲ့အချိန်မှာအချက်ကျကျလှုပ်ရှားနိုင်ဖို့ပဲလိုတယ်
    သူများနိုင်ငံတွေမှာအင်တာနက်ကလှုံ့ဆော်ရာကနေဖြစ်လာတာမှန်တယ်
    သို့သော်သူတို့နိုင်ငံမှာတနိုင်ငံလုံးအင်တာနက်သုံးတဲ့နှုန်းနဲ့ကျွန်တော်တို့နိုင်ငံမှာသုံးတဲ့နှုန်….
    လူဦးရေသန်း၅၀မှာဘယ်နှစ်သန်းရှိနိုင်မလဲအင်တာနက်သုံးတာ……
    လူ၅၀-၁၀၀မပြောနဲ့လူပေါင်းများစွာရွှေဝါရောင်မှာအနှိမ်နင်းခံခဲ့ရတာ၊လူထုအုံကြွမှုဖြစ်အောင်လှုံ့ဆော်ဖို့ဆိုတာ
    ခက်ဦးမှာပဲ

  9. အာကြီးကအာလိုက်ဦးမယ် ။ ခုတက်မဲ့အသစ်စက်စက်အရပ်သာအစိုးရဟာ ၆ လတောင်ခံမှာမဟုတ်ဘူး အတိုက်အခံတွေ
    ကြောင့်တော့မဟုတ်ဘူး။ စစ်တပ်ကမောင်းချမှာ လေ ၈၈၈၈ တုံက မဆလ ကိုမောင်းထုတ်သလိုပေါ့ ၈၈၈၈ တုံးကလည်းအ
    တိုက်အခံတွေကြောင့်မဆလပြုတ်တယ်ထင်လို့လား စစ်တပ်ကအရေးအခင်းဖြစ်အောင် ထောင်ပေးလိုက်တာ ပြီးတော့အသာလေးကောက်သိမ်းလိုက်တာ ဒါပေမဲ့ နေ၀င်းမသိတာက သူထက်သာတဲကလူသူ့နားမှာရောက်နေတာသူမသိလိုက်တာဘဲလေ။ အခုလည်းအရေးအခင်းကိုနောက် ၆ လောက်မှာဖြစ်အောင်တာစူနေပါပြီ ပြီးလျင်ကယ်တင်ရှင်နေရွှေသွေးအောင်ကပေါ်လာပြီး အာဏာသိမ်းပြီးသားစဉ်မြေးဆက်ဆက်ခံဦးမှာလေ မထင်မှတ်တာတွေဖြစ်မလာလျင်တော့ ဦးသန်းရွှေ အစီအစဉ်ကအောင်မြင်
    မှာပါ အခုထဲကဟောကိန်းထုတ်လိုက်ပါတယ်။

  10. ဘာပဲဖြစ်ဖြစ်ဗျာအဓိကငွေပဲ၊ငွေရှိမှဘာမဆိုလုပ်လို့ရမှာ၊အဲတော့နိုင်ငံခြားမှာနေတဲ့လူတွေကလည်း
    ဒေါ်လာတစ်ရာလောက်အနည်းဆုံးပေါ့၊၀ိုင်းလှူမယ်ဝိုင်းစုမယ်ဆိုရင်နိုင်ငံခြားကကြေးစားစစ်သား
    (လုပ်ကြံရေးသမား)တွေကိုငှားလို့ရတယ်၊ပြည်တွင်းကလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့လည်း
    ချိတ်ထားရမယ်၊အိုင်ဒီယာကိုပြောကြည့်တာပါ၊ခုချိန်ဟာတိုးရာသီ၊နိုင်ငံခြားသာကြေးစားစစ်သား
    တွေကိုဒီကိုခေါ်လို့ရတယ်၊ကဲနောက်ဆုံးဗျာဟုတ်ဟုတ်မဟုတ်ဟုတ်တပ်ရင်းမှူးတစ်ယောက်လောက်
    ကိုစနိုက်ပါနဲ့လုပ်ကြံကြည့်လိုက်အကုန်လုံးလန့်သွားလိမ့်မယ်……..ကဲဝေဖန်အကြံပေးကြပါဦး

  11. FNG က just do it ကို ကန်ထရိုက် ဆွဲ ထားသလား အောင့် မေ့ ရတယ်။မထင် ရေးချမထင် ။လူလေး 2 ယောက်1 ပိုင်း နဲ့ တိုက်ပွဲပုံဖော် လမ်း ကြောင်း ကို တောင်ဆွေး နွေး ခဲ့တယ် ဆိုပါလား ဟားဟားဟား

  12. ကျော်စိုးပြောတာဟုတ်တာဘဲ။ကြောက်တတ်ရင်ဘာမမလုပ်နဲ့ပေါ့။သူများလုပ်တာခံပေါ့။

  13. အကြံ့ပေးချင်တာကတော့ နည်းလမ်းတစ်ခုဘဲရှိတယ် စစ်ပညာတတ်တဲ့လူကဦးဆောင်ပြီးတော့ စစ်တိုက်သလိုမျိုးမြို့တွင်းတိုက်ပွဲတွေစစ်ဆင်ရေါး်တွေလုပ်မှရမယ် ပျကိစီးဆုါံ်ရှုံးမှုတွေအတိုင်အတာတစ်ခုထိရှိမယ် ခံနိုင်လား
    စဉ်းစားကြ မလုပ်ဘို့ပြောနေတာမဟုတ်ဘူ လုပ်စေချင်တယ် ပါစင်ချင်တယ် အကျိုးရှိစေချင်လို့ပြော နှစ်ပေါင်း(၂၀)အတွင်း
    ဒို့လူတွေ အမှဲ့ကျွေတွေံမနည်းတော့ဘူး သိပ်ရင်နာတယ် ။

  14. တကယ်တန်းမှန်မှန်ကန်ကန်လုပ်ကြမယ်တက်ညီလက်ညီ လုပ်မယ်ဆိုလျင်ဘယ်အာဏာရှင်မှမခံနိုင်ဘူ ပေးဆပ်မှုတော့မရှိလိုမရဘူး နည်းချင်နည်းမယ်မျာချင်များမယ် သူဘက်ကအသေခံချမဲ့စစ်သားငမိုက်တုံးတွေရှိတယ် ကိုယ်ဘက်ကကော အသေခံချဘို့စိတ်ရှိလား ဂျပန်ဆာမူရိုင်းလိုမျိုးသေရဲလား ရင်းနိုင်မှရမာနော် မနိုင်လျင်အစထဲကမလုပ်နဲ့။

  15. သူတငိကိုယ်တင်ချပြီး အသက်ပေးတိုက်ရမှာနော် ကော်ရိုးးမီးမလုပ်နဲ့ ရှေ့ကရင်ဆိုင်ပြီးသေသွားမဲ့လူတွေကို မျက်နှာမပြရဲအောင်မလုပ်နဲ့ လုပ်ပြီးဆိုလျင်တော့ နောက်မဆုပ်နဲ့ လှေခွက်ကြည့်ကျန်အလံမလဲစေရဆိုတဲ့စိတ်နဲ့ ရင်းရမယ်
    ၂၀၀၇ ရွှေဝါရောင်ဘုန်းကြီးတွေလို သရဏ ဂုံတင်ခဲ့တယ်ဆိုပြီး တကယ်လည်းချရော ပြေးကြတာကြည့်မကောင်းဘူး အဲ့ဒီတုံး
    အသေခံပြီးဘုန်းကြီးတွေရင်းလိုက်လျင်ပြည်သူတွေပါလာမှာ မရင်းရဲကြတော့ ပြီးသွားတာပေါ့ ပြီးဘုန်းကြီးတွေကိုကာကွယ်ဘို့ဆိုတဲ့ လူငယ်တွေကလည်း ဟုမယ်လိုလိုနဲ့ တကယ်ကျတော့ ထွက်ပြေးတာဘဲ့ မရဲလျင် အစထဲကမလုပ်နဲ့အပြစ်မပြောဘူး အပြောတမျိုးအလုပ်တစ်မျိုကတော့ အရမ်းစိတ်ပျက်ဘို့ကောင်းတယ် ဒါးလျှို ဒါးလံ တွေကလည်းအ၇မ်းများတယ် nld ရုံးရှေ့ ဆန္ဒပြလျင် နအဖကောင်တွေကဓါတ်ပုံရိုက် ပြီးတော့ကောက်သင်းကောက်လိုက်ဖမ်း
    ထောင်ချနဲ့ သိပ်နာတယ် ယုံဘို့တော့ခက်တယ် သတိထားကြပါနော်။ စိတ်ပူလို့ပါ။

  16. X-ing :

    ဟေ့ကောင် ကျော်စိုး ခေါ် လှထွန်း၊ ထိုင်းနိုင်ငံမှာ သွေးဖောက်၊ မီးရှို့ဆိုတာကို မင်းက သဘောကျလို့ မင်းစပြောတာ မင်းလုပ်ပေါ့ကွာ။ တန်ဖိုးရှိတဲ့သူတွေကို အချွန်နဲ့လာ မ မနဲ့ လေ။ ကိုယ် အချောင်ခိုနေတာ အရှက်ပြေရအောင် ကြောင်ချေးလေသံ “တစ်ဖက်မှ ကြည့်မရဘူး” ဆိုတဲ့ မခိုင်မာတဲ့ဆင်ခြေလောက်နဲ့၊ ကိုယ့်နိုင်ငံကောင်းစားရေးအတွက် ဒီတစ်ခါမရနောက်တစ်ခါ ထပ်ချမယ် ဆိုတဲ့ စိတ်ဓါတ်နဲ့ ဇွဲကောင်းကောင်း ကိုယ်ယုံကြည်းရာပုံစံ လုပ်ကိုင်တိုက်ပွဲဝင်နေသူတွေကို မစော်ကားနဲ့လေ။
    ဝေဖန်ချင်ရင်ကိုယ်တိုင်ကလည်းလုပ်ရတယ်။ အကျိုးအကြောင်းနဲ့ ချေပတာကိုလည်း အကျိုးအကြောင်းနဲ့ တုံ့ပြန်။
    မင်း မြန်မာစကား မတပ်တာလား လူလယ်လုပ်တာလား။ မင်းပြောတဲ့ ( အောင်မြင်ရင်တော့…….. ငါလို စိတ်ဓာတ်မရှိတဲ့ လူမျိုး တွေ နည်းလို့ ပေါ့ ကွာ……..။ မအောင်မြင် ရင် တော့………….မင်းတို့…… အသုံးမကျ လို့ ပဲ……..။) ဆိုတဲ့ စကားက ဘာလာလာ မင်းအတွက်ချည်းပါပဲလား ဘာမှမလုပ်တဲ့ ကြောင်တောင်နှိုက် နံမည်ယူ အချောင်သမားရ။

    သွေးဖောက်၊ မီးရှို့ဆိုတာကိုငါ သဘောကျတယ် တခါမှ မပြော ဘူး..။ မင်းတို့ အတိုက်အခံ တွေ မြင်သာ အောင်..နှိုင်းယှဉ်ပြတာ..။ တန်ဖိုး ရှိ တဲ့ သူတွေ ကို အချွန် နဲ့ မမပါ ဘူး..( လုပ်မှမလုပ်ရဲတာ..လုပ်လည်းမလုပ်ခဲ့ သလို.. နောင်လည်းလုပ်လာမှာမဟုတ် ဘူး..)..။ ငါ အချောင် ခို တယ် ပြောရ အောင်.. အစောကြီး ကတည်း ကလည်း အတိုက်အခံ မလုပ်ဘူး..ကိုယ့်အလုပ် ပဲ ကိုယ်လုပ်တယ်..။ ဘယ်သူ့ ဆီ ကမှလည်း အချောင်ခို စား သောက်နေ တာမဟုတ်ဘူး.. ။ကိုယ်နိုင်ငံ ကောင်းစားရေး ဆိုတဲ့ မင်း စကား ကိုတော့ ကြိုက်တယ်..။အပိုတွေသိပ်မပြောတော့ဘူး…….။ မင်းအစွမ်းရှိတယ် ဆိုရင်.. နိုင်အောင်တိုက်ပြစမ်းပါ..။ သြဂတ် ၁၃ ရက် နေ့ ကျရင်.. မင်းအစွမ်း ကို သိရမှာပဲလေ..။ဘာလာလာငါ အတွက်လို့ မပြော ပါဘူး..။ မ အောင်မြင် ဘူး ဆိုရင်.. နောက် နှစ် ၆၀ လောက် ဆက်တိုက်ကြပေါ့ (စကားပြင်ပေးလိုက်တယ်..မင်းတို့ အသုံးမကျလို့ပဲ….. ဆိုတဲ့ စကားနေရာမှာ)..။

    လေးစားစွာဖြင့်
    ကျော်စိုး

    1. ကျော်စိုး ခေါ် လှထွန်း
      မင်းအပြောတွေအရ မင်းဟာ
      အတ္တသမားသက်သက်မို့ တိုင်းပြည်အတွက် ဆန်ကုန်မြေလေးပဲ။
      ဘာပဲဖြစ်ဖြစ် မဆိုပါဘူး FNG ပုံမှန်လာဖတ်နေသေးသ၍ (စစ်တပ်တာဝန်အရမဟုတ်ရင်တော့) မျှော်လင့်ချက်ရှိပါသေးတယ်။

      “ဘာလာလာမင်းအတွက်ကြီပဲ” လို့ငါပြောတာကို မင်းတိတိကျကျ နားလည်တာရယ် နာလည်လို့ ပြင်လိုက်တာရယ်က လှပလွန်လို့ “တကယ်ကို” လေစားစရာပဲ။
      Real Simple ခေါ် Real Joker လို ကိုယ့်ကို ကိုယ် အစစ်ပါလို့ အမြဲကြေညာနေရတဲ့ အဆင့်မရှိတဲ့ကောင် တော့မဟုတ်ဘူး။ အဲဒီလိုကောင်မျိုးဆို ငါက ဖက်စကားမပြောတော့ဘူး။
      ဒီထက်အရေးကြီးတဲ့ အတွေးအခေါ်တွေကိုလဲ အမှန်သိလို့ ပြုပြင်နိုင်ပါစေ။
      တန်ဘိုးရှိတဲ့ အပြန်အလှန် ငြင်ခုံခြင်း ပါပဲ။

  17. X-ing :

    ရှက်ဖို့ကောင်းတယ်ထင်ရင် မင်ယုံကြည်ရာ သွေးဖောက်၊ ကိုယ့်ကိုကိုယ် မီးရှို့ဆိုတာကို မင်းကိုယ်တိုင် လုပ်လိုက်ပါလား။ ကိုယ်တိုင်တော့ ဘာမှမလုပ်ပဲ သူနိုင်တာ သူလုပ်နေသူတွေကို ဘေးထိုင်ဘုပြော မကောင်းမြင် ဝေဖန်မနေနဲ့လေ။ မြန်မာပြည်မှာ မင်းလိုကောင်တွေ ရှိနေလို့သာ ခုထိ democracy နဲ့ဝေးနေတာ။

    နှစ် ၂၀ကျော် လုံးလုံး တိုက် နေ တဲ့ သူရဲ ကောင်း တွေ.တောင်.. သွေးမဖောက်..၊ မီးမရှို့ တာ……..၊ ငါ က အနေ သာကြီး..။ဘယ်ဖက်မှကြည့်မရ ဘူး..။ တကယ့် အတိုက်အခံ မှန်ရင်.. အဝေဖန်ခံနိုင်ရတယ်..ကွ…….။ အထုအထောင်း ခံနိုင်ရတယ်……။ ဒီ Thread တင် တဲ့ နေ့ ( 13th FEB , 2011) က နေ……နောက် ၆ လ ကြာ တဲ့ နေ့…..(13th August,2011) ကျရင်.. မင်း တို့ ဒီမိုကရေ စီတော်လှန် ရေး အောင်မြင်လား..၊ မအောင်မြင်လား သိမှာပါ..။ အောင်မြင်ရင်တော့…….. ငါလို စိတ်ဓာတ်မရှိတဲ့ လူမျိုး တွေ နည်းလို့ ပေါ့ ကွာ……..။ မအောင်မြင် ရင် တော့………….မင်းတို့…… အသုံးမကျ လို့ ပဲ……..။

    1. ဟေ့ကောင် ကျော်စိုး ခေါ် လှထွန်း၊ ထိုင်းနိုင်ငံမှာ သွေးဖောက်၊ မီးရှို့ဆိုတာကို မင်းက သဘောကျလို့ မင်းစပြောတာ မင်းလုပ်ပေါ့ကွာ။ တန်ဖိုးရှိတဲ့သူတွေကို အချွန်နဲ့လာ မ မနဲ့ လေ။ ကိုယ် အချောင်ခိုနေတာ အရှက်ပြေရအောင် ကြောင်ချေးလေသံ “တစ်ဖက်မှ ကြည့်မရဘူး” ဆိုတဲ့ မခိုင်မာတဲ့ဆင်ခြေလောက်နဲ့၊ ကိုယ့်နိုင်ငံကောင်းစားရေးအတွက် ဒီတစ်ခါမရနောက်တစ်ခါ ထပ်ချမယ် ဆိုတဲ့ စိတ်ဓါတ်နဲ့ ဇွဲကောင်းကောင်း ကိုယ်ယုံကြည်းရာပုံစံ လုပ်ကိုင်တိုက်ပွဲဝင်နေသူတွေကို မစော်ကားနဲ့လေ။
      ဝေဖန်ချင်ရင်ကိုယ်တိုင်ကလည်းလုပ်ရတယ်။ အကျိုးအကြောင်းနဲ့ ချေပတာကိုလည်း အကျိုးအကြောင်းနဲ့ တုံ့ပြန်။
      မင်း မြန်မာစကား မတပ်တာလား လူလယ်လုပ်တာလား။ မင်းပြောတဲ့ ( အောင်မြင်ရင်တော့…….. ငါလို စိတ်ဓာတ်မရှိတဲ့ လူမျိုး တွေ နည်းလို့ ပေါ့ ကွာ……..။ မအောင်မြင် ရင် တော့………….မင်းတို့…… အသုံးမကျ လို့ ပဲ……..။) ဆိုတဲ့ စကားက ဘာလာလာ မင်းအတွက်ချည်းပါပဲလား ဘာမှမလုပ်တဲ့ ကြောင်တောင်နှိုက် နံမည်ယူ အချောင်သမားရ။

    2. ကျော်စိုးခေါ် လှထွန်း မင်းစကားအရ မင်းဟာ အနှစ်၂၀ ကျော်အချောင်စောင့်နေတဲ့ အချောင်သ္မားပဲကွ။

  18. အင်းလက်နက်ကိုင်တော်လှန်ရေး ခေတ်မကုနသေ်းဘူးသူငယ်ချင်း။ သူများတိုင်းပြည်တော့မသိဘူး မြန်မာပြည်မှာတော့ စစ်ဗိုလ်တွေရဲ့နောက်လိုက်ခွေးတွေက လူလိုအသိစိတ်မရှိဘူး။သူများတိုင်းပြည်က စစ်သားတွေဟာ ပြည်သူတွေနဲ့မကင်းကွာဘူး။ မြန်မာပြည်ကစစ်ခွေးတွေကတော့ ပြည်သူနဲ့လုံးလုံးကိုမပတ်သက်တာ။ပြည်သူဆိုတာကိုလည်းသူတို့ ခေါင်းထဲမှာကိုမရှိတာ။ ဒါကြောင့် တိုင်းရင်းသားအဖွဲ့အစည်းတွေပေါ်လာတာပေါ့။

  19. တူနီးရှား ၊ အီဂျစ် ၊ အယ်ဂျီးရီးယား ၊ ဘာရိန်း ၊ အီရန် ရီမင် မှာ လူထုက အာဏာရှင်တွေကို ဖြုတ်ချနေပြီ
    ကျယ်ပြန့် ၊ ကျစ်လစ် တဲ့ UG unit ဖြစ်ဖို့လိုတယ် တဗိုလ်ကျတဗိုလ်တက် စနစ်ဖြစ်အောင် သေသေချာချာ စီစဉ်ထားရမယ် အမာခံအဖွဲ့ကို အတွင်းလူများ အချင်းချင်း ချိတ်ဆက်ပြီးမှ စုသင့်တယ် အများနဲ့ ဆက်သွယ်နိုင်မယ့် လမ်းကြောင်းတွေလည်းဖွင့်ထားရမယ်
    အလွန်စိတ်ဝင်စားတယ်
    စိတ်တူသူတွေ ဆက်သွယ်လို့ရမယ့် fb အကောင့်သိချင်တယ်

    လက်နက်ကိုင်တော်လှန်ရေး ခေတ်ကုန်သွားပြီ

  20. ကျရာနေရာက ပံ့ပိုးကူညီမယ် ။ စစ်အာဏာရှင်စနှစ်ကိုအဖြစ်ပါမကျန်တွန်းလှန်ပြစ်ရမယ် ။
    ရောက်တဲ့နေရာက စစ်အာဏာရှင်ဆန့်ကျင့်ရေးလုပ်နေတယ် ။
    ၈၈မျိုးဆက်ကျောင်းသားတဦး

  21. ဒီလိုလူငယ်တွေကိုလေးစားသလို ဒီလိုလူငယ်မျိုးတွေအများကြီးလိုအပ်နေပါတယ်။နိုင်ငံခြားမှာလွတ်လပ်စွာပြောဆိုနေနိုင်ခွင့်ရရုံနဲ့ 
    ကျေနပ်မနေဘဲ ကိုယ်တိုင်းပြည်ထဲကလူတွေကိုလည်းကိုယ့် လိုအခွင့်အရေးများရအောင်လုပ်ပေးချင်စိတ်တွေပေါ်ပေါက်လာစေချင်
    ပါတယ်။ဘာကိုမဆိုသတိဝိရိယရှိပါ။အသားထဲကလောက်တွေကိုသတိထားပါ။သူ့ လူကိုယ့် ဘက်သားကိုသတိထားပါ။သစ္စာရှိကြ
    ပါ။ အတတ်နိုင်ဆုံးပါဝင်လှုပ်ရှားပါ့ မယ်။အပြင်မှာလဲတတ်နိုင်တဲ့ ဘက်ကလုပ်နေပါတယ်။အစစအရာရာအဆင်ပြေကြပါစေ။

  22. loat chin par tal
    bai lo contact loat ya ma lai ma ti bu
    face book mhar lar
    bai mhar lai
    atutu loat chin par tal

  23. ထောက်ခံတယ် သူငယ်ချင်းတို့ လက်နက်လည်း စုဆောင်းရမှာဘဲ ဟုတ်တယ် ငြိမ်းချမ်းတဲ့ နည်းနဲ့ဘဲ သုံးရင်မရဘူးလေ မျှမျှတတ သုံးမှဖြစ်ပါပေါ့နော် ကိုယ်ကိုတိုင်လည်းပါဝင်မှာပါ နိုင်ငံရေးဟာတကယ်ဆိုးရွားလာရင် တော့တောခိုပြီးတော့ကိုလည်း တိုက်မယ် ငါတို့လူငယ်တွေဟာ ဘယ်လောက်စည်းလုံးလည်းဆိုတာကိုလည်း လူကြီးတွေ သိသင့်တယ်လေ အရာရာကိုရင်ဆိုင်ရဲတယ်ဆိုတာကို ။

    1. ဘယ်လို လက်နက် တွေ စုဆောင်းမှာ လဲ.. လုပ်စမ်းပါဦး…….။ သေနတ် နဲ့ ပစ်တာ ကို ခဲ နဲ့ ပြန်ပစ် မှာ လား…….။ တောခို..ပြီး တိုက်ပွဲဝင်မယ်ဆိုပဲ……….၊ အလုပ် နဲ့ သက် သေ ပြစမ်းပါကွာ………။ နာမည်အရင်းတောင် ထည့် မရေး ရဲလို့ .. dream လုပ်နေ တဲ့ ကောင် က များ……….။ အပို တွေ လျှော်ပြောနေ တယ်……..။ လေမိုက်..

  24. ပါဝင်နိုင်တဲ.အတိုင်းအတာရှိရင် ပါဝင်ချင်ပါတယ်
    အရမ်းကို စိတ်အားထက်သန်တဲ. သူတစ်ယောက်ပါ…
    အဓိကနေရာ က မပါဝင်ရဲခဲ.ရင်တောင် တခုခု ကို အားပေးထောက်ခံလုပ်ကိုင်နိုင်တဲ.
    အမည်မဖေါ်သူတယောက်အနေနဲ.ဖြစ်ဖြစ်ပါ…
    သွားမယ်. Model(ပုံစံ လုပ်ပုံကိုင်နည်းလေး) တော. သိထားလိုပါတယ်
    လုပ်ဖြစ်ခဲ့.ရင်…
    အားပေးလျက်ပါ…

  25. commet မှာကတော့ အဖေကိုကြိုက်တဲ့သူက အဖေဘက်ကလိုက်ပြောမှာ ဖြစ်သလို အမေကြိုက်သူတွေကလဲ ဒီလိုပါဘဲ
    ဒါပေမဲ့ ဖြစ်ကြောင်းကုန်စင်ကို လူလိုတွေးပြီးလူလိုကျင့်ကြမယ်ဆိုရင် ဘယ်သူကမှန်တယ် ဘယ်သူကမှားတယ်ဆိုတာ
    လူတွေသိကြမှာပါ…လက်တွေ့ကျကျဖြစ်နေတာကိုဘဲ တွေ့ကြည့် မြင်ကြည့်ပါ…….အဲဒါတောင် မသိဘူးမျက်စိမှိတ်ငြင်းနေ
    ကြရင်တော့ ကိုယ့်ကို ကို ဘာလဲပြန်မေးပေါ့…ဒို့ကတော့ရှင်းတယ်…စစ်အစိုးရကို မကြိုက်ဘူး…..ခေါင်းမဆောင်နိုင်ရင်တောင်
    ခုလိုလုပ်ရပ်တွေအပေါ်မှာ အမြဲတမ်းအားပေးတယ်….အခွင့်သင့်ရင်ဝင်နွှဲတယ်…… ဘာဖြစ်လို့လဲဆိုတော့ ..ငါဟာလူတယောက်ဖြစ်နေလို့ဘဲ………

  26. ကျွန်တော် တို့  တက္ကသိုလ် မှာလဲ ကျောင်းသားတွေ အားလုံးတက်ကြွနေတယ်။ ဦးဆောင်မဲ့ သူရှိလို့ ကတော့  အားလုံးအဆင်သင့်ပဲ

  27. လောပြီး အမှားအယွင်းဖြစ်သွားပါတယ်။
    အပေါ်က “ချင်းလေး Just Shadow” အမည်နှင့် Ye` Htut အား တုံ့ပြန်သော comment ကို ကျွန်တော် ” X-ing ” က ရေးပါတယ်။ “ချင်းလေး” နှင့် မည်သို့မျှ မပတ်သက်ပါ။

  28. ဟားဟား လျှို့ဝှက်လွန်းတယ်လို့ ထင်နေကြတယ်ပေါ့လား။ ဒီလိုပါပဲလေ။ တကယ်တော့ လူထုတိုက်ပွဲဖော်ဆောင်ဖို့ လူစု ဖို့ က တယ်မလွယ်သေးဘူးနော်။

  29. ကောင်းတယ်ဗျာ..ဒီသတင်းကြားရတာ လိုတဲ့ အချိန် ဘယ်မှ လူစု မယ်သာကြေငြာလိုက် ကျွန်တော့်ဆီမှာ
    နှစ်ဆယ် လောက်ရှိတယ် ..လာပေါင်းမယ် …သိပ်တော့ မလောနဲ့ 

  30. ရွှေဝါရောင် ၂၀၀၇ မှာ သူတို့ အုံကြွမှု ဖြိုခွင်းနိုင်ခဲ့ပေမယ့် နိုင်ငံရေး သိက္ခာကျခဲ့တယ်။ ဆိုးဆိုးရွားရွားကျခဲ့တယ်။ နောက်တစ်ခေါက်ကျရင် သိက္ခာမကျပဲ ဖြိုခွင်းနိုင်မယ့်နည်းကို စီမံချက်ရေးပြီးသား မရှိဘူးလို့ ဘယ်သူအာမခံရဲလဲ ? နောက်တချက်က နှစ်ပေါင်း ၂၀ ကျော် အချိန်ယူပြီး အကွက်ကျကျ စီစဉ်ခဲ့တယ်။ စီစဉ်တဲ့အတိုင်းလည်း ဖြစ်အောင်လုပ်ခဲ့တယ်။ နှစ်ပေါင်း ၂၀ ရေးခဲ့တဲ့ ပရောဂျက်ကြီးကို ၆ လရေးတဲ့ ပရောဂျက်နဲ့ဖျက်ဖို့ဆိုတာ….. ? ? အဓိကအကျဆုံးအချက်က အီဂျစ်နဲ့ တူနီးရှားမှာ ကာကွယ်ရေးဦးစီးချုပ်တွေ ဗိုလ်ချုပ်တွေက ပြည်သူဘက်က ရပ်ခဲ့တယ်။ ခင်ဗျားတို့ဘက်မှာ ရပ်တည်ပေးမယ့်အကောင်ကြီးကြီး ဘာကောင်ရှိလဲ ? ဒီအချက် ၃ ချက်ကို လွှမ်းမိုးနိုင်မယ့် မဟာဗျူဟာကို သကြားမင်းရေးပေးမှ ရမယ်ထင်တယ်ဗျာ။ မြှောက်ပေးရတာ လွယ်ပါတယ်။ မနေနိုင်လို့ပါ။ တိုင်းပြည်မှာ အစိမ်းသေတွေ များလွန်းနေလို့ပါ

    1. လူဆိုတာ တစ်သက်မှာ တစ်ခါတော့ သေစမြဲပဲ၊
      အဆင်ခြင်မဲ့ကြောက်တတ်ကြလို့ လူမသေခင် ဘဝက အရင်သေနေကြရတယ်၊ ဒါကြောင့် ကြောက်တတ်ရင် နှစ်ခါသေရတယ်လို့ပြောတာ။
      ဆင်ရဲ ငတ်ပြတ် စားစရာမရှိလို့ အဟာရပြတ်ပြိး သေကြရတာ၊ ဆေးဝါးမရှိ ရောဂါဘယထူပြောလို့ သေကြရတာ ဘေးဒုက္ခနောက် အကူအညီမရောက်လို့ မသေသင့်ပဲသေကြရတာ၊ ထောင်ထဲထည့် ညှဉ်းပမ်းနှိပ်စက်တာခံရလို့ သေနေကြတာ၊ မြို့ပေါ်လူနေရပ်ကွက်ထဲ ဝင်ပစ်လို့ သေကြတာ၊ တစ်ရွာလုံး မီးရှို့ ပစ်သတ်လို့ သေနေကြတာ၊ သူတို့ခွေးတွေရှေ့က မိုင်းနင်းခိုင်းလို့ သေနေကြတာ ဒိလိုတစ်ဘက်သတ် သေနေရတာတွေ ထက်စာရင် ရုန်းကန်တိုက်ပွဲဝင်ရင်း သေရတာက မြတ်တယ်ကွ။
      သာစဉ်မြေးဆက်ထိ လူတန်းစေ့နေရမဲ့ ဒီမိုကရေစီ ဆိုတာကို အချောင် အလကား စောင့်စားနေလို့တော့ မရနိုင်ဘူး။
      အီဂျစ်မှာ လူတစ်ယောက်မှမသေပဲ အဲဒီကာကွယ်ရေးဦးစီးချုပ်တွေက ပြည်သူတွေဘက်ကရပ်လို့ အောင်မြင်တာမဟုတ်ဘူး။
      တစ်နိုင်ငံလုံး တစ်ယောက်မကျန် တစ်ပြိုင်တည်း ပါဝင်တိုက်ပွဲဝင်ရင် ကိုယ့်ဘက်က ဆုံးရှုံးတာ အနဲဆုံးဖြစ်မှာပဲ။ တိုင်ပြည်မှာ မင်း (Ye`Htut ရဲထွတ်) တို့လို ဆန်ကုန်မြေလေးတွေ များလေ ကျွန်သက်ရှည်လေပဲ။ အကျိုးမဲ့ အင်တာနက်ပေါ်က ဆဲဖို့ပဲသတ္တိရှိတယ် ရုန်းကန်တွန်းလှန်ဖို့တော့ သတ္တိကမရှိဘူး ဥာဏ်ကမထွက်ဘူး။ သူတို့ဘာလုပ်မယ်ဆိုတာ တွေးပြီး ကိုယ်တိုင်လည်း ကြောက်နေ လူတကာကိုပါ ခြောက်နေတယ်။ သူတို့ ဘာလုပ်ရင် တို့က ဘယ်လိုပြန်လုပ်ရမယ် ဘာတွေပြင်ဆင်ထားမယ် ဆိုတဲ့အဆင့်ထိတော့ မစဉ်းစားဘူး၊ အကြံဥာဏ်မပေးနိုင်ဘူး၊
      ကိုယ်နံမည်မှ အားမနာဘူး၊ ဒိလောက်ကြောက်တတ်ရင် “Little Chicken Phtut” (Phtut ကို ဖွတ် ဟုဖတ်ပါ) လို့ နံမည်ပြောင်းလိုက်ပါလား။

  31. ချကြကွာ….ငါတို့ လဲ ပါမယ်….တက်ညီလက်ညီရှိကြစို့ ….

  32. မြန်မာအတိုက်အခံအားလုံးက တကယ်ထူးခြားတဲ့ ပြောင်းလဲမှုကို မလုပ်လိုကြပါဘူး။ လုပ်ဖို့လဲ သတ္တိမရှိကြပါဘူး။ အားအားယားယား ထိုင်ပြီး အတင်းတုပ်ဖို့ပဲ လုပ်တတ်ကြပါတယ်။ အနှစ် ၂၀ ကျော် ဒီလိုပဲ ညံ့ဖျင်းမှုတွေပဲ လုပ်ခဲ့လို့ ခုထိ အတိုက်အခံတို့ကြောင့် ပြောင်းလဲသွားတဲ့ တိုးတက်မှု တစ်စုံတစ်ရာ မပြနိုင်သလို၊ ပြည်သူတို့ရဲ့ ယုံကြည်မှု တစ်စုံတစ်ရာ မရခဲ့ပါဘူ။
    အားလုံးက ပေါ့ပေါ့နေ ပေါ့ပေါ့စားပြီး အပေါစားအလုပ်တွေလုပ်၊ အပေါစားစကားတွေပြောပြီး သူရဲကောင်းလုပ်ကာ အထောက်အပံ့တွေကို စားသောက်နေခြင်းသာဖြစ်ပါတယ်။
    တူနီးရှား နိုင်ငံမှ ကိုယ့်ကိုယ်ကို မီးရှို့ဆန္ဒပြခဲ့သည်..။ မြန်မာအတိုက်အခံများကိုယ့်ကိုယ်ကို.ရှို့ ဖို့..နေနေသာသာ. က အလံ ကိုပဲ မီး ရှို့ သည်…။ ထိုင်းနိုင်ငံမှ သွေးများကို ဖေါက်ပြီး ဆန္ဒပြ တဲ့အချိန်.. မြန် မာ တွေ က..အုတ်နံရံမှာ.. မှုတ်ဆေး အနီ နဲ့ ရေးရတာ ကို တိုက်ပွဲ တစ်ခု လိုလို…. (ရှက် ဖို့ ကောင်းပါ့)
    အီဂျစ် က လူတွေ… နိုင်ငံ ပြန်လာပီး……ပါဝင် ခဲ့ ပေမယ့်……. မြန်မာ တွေ က တော့.. ဘန်ဂီ ခုန် မပြတ် ဘူး..။
    နောက် ၆ လ မပြော နဲ့ ၆ နှစ်တောင်ရလာမှာမဟုတ်ဘူး………။ မယုံရင် စောင့်ကြည့်…….။

    1. ရှက်ဖို့ကောင်းတယ်ထင်ရင် မင်ယုံကြည်ရာ သွေးဖောက်၊ ကိုယ့်ကိုကိုယ် မီးရှို့ဆိုတာကို မင်းကိုယ်တိုင် လုပ်လိုက်ပါလား။ ကိုယ်တိုင်တော့ ဘာမှမလုပ်ပဲ သူနိုင်တာ သူလုပ်နေသူတွေကို ဘေးထိုင်ဘုပြော မကောင်းမြင် ဝေဖန်မနေနဲ့လေ။ မြန်မာပြည်မှာ မင်းလိုကောင်တွေ ရှိနေလို့သာ ခုထိ democracy နဲ့ဝေးနေတာ။

  33. ဒီလူငယ်တွေကိုအားပေးရုံနဲ့ မပြီးသေးဘူး…. ပြည်သူတစ်ရပ်လုံးကပါဝင်ဖို့ လိုအပ်နေတယ်…. ထပ်ပြောမယ် …. ပြည်သူနဲ့တိုင်းရင်းသားအဖွဲ့တွေ ဒီလူငယ်တွေလိုမျိုးစိတ်ဓာတ်နဲ့ အမှန်တကယ်တိုက်ပွဲဝင်ဖို့လိုတယ်…ဘာကိုကြောက်နေကြတာလဲ…. သန်းရွှေမအေလိုးနဲ့ အပေါင်းအပါတွေကို ချက်ချင်းမဟုတ်တောင်မှ အနှေးနဲ့အမြန် သုတ်သင်ရှင်းလင်းဖို့လိုတယ်…. အားလုံးပါဝင်ဆောင်ရွက်ကြဖို့လိုအပ်ပါတယ်….

  34. စစ်အာဏာရှင် ပြုတ်ကျ ဖို့ အတွက် ဆိုရင် ကျွန်တော် တို့ ဟာ
    ခောတ်သစ် ရဲဘော် သုံးကျိပ် ဖြစ်ရမယ်” ဟု ပြောသည်…
    အပြော ကိုတော့ ခိုက်တယ်..။ တကယ်ဖြစ်မဖြစ် ဆိုတာ ကို ပဲ စောင့်ကြည့် ရမယ်..။
    ကောက်ရိုးမီး .. ဖြစ်ပေါင်းများပြီ……..။ စိတ် ဓာတ်မရှိကျလွန်းလို့………။ မဆိုင်တာတွေလုပ်နေ တာများတယ်..

    1. အပျက်ပဲတွေးတပ်တဲ့သူကတော့ လေတိုက်လို သစ်ရွက်ကြွေတာ မြင်ရင်လဲ စိတ်ဓာတ်ကျနေမှာပဲ။ သနားဖို့ကောင်းပါတယ်။ comment မရေးပဲ ခေတ္တလောက် အနားယူပြီး psychiatrist နဲ့ သွာတွေ့ဖို့လိုတယ်ဗျ။

  35. စိတ်ကူးယဉ်နေပြန်ပြီ.. လမ်းပေါ်ထွက်ဖို့မပြောနဲ့ လူစုမယ့်နေရာမှာတင်ကြက်ပျောက်ငှက်ပျောက်ပျောက်သွားမယ်.. ဒီမိုကရေဆီ လိုခြင်တာ၊ လွတ်လွတ်လပ်လပ်ကိုယ့်လုပ်ခြင်ရာဖြစ်ခြင်ရာ ကလွဲလို့ အဲဒါတွေကိုဖြစ်စေမယ် အရာ ဖြစ်တဲ့ မြနိမာလူအဖွဲစည်းရဲ့ အခြေနေ၊ လုလတ်တန်းစားတွေ ထောက်ခံပါဝင်မှုအခြေနေ၊ တိုင်းရင်းသားလက်နက်ကိုင်သူပုန်တွေရဲငြိမ်းချမ်းမှူ အခြေနေ၊ ဒေါ်စုရဲ့ လုပိန်းကြိုက်ဟောပြောပြီးအဆင့်မရှိခေါင်းဆောင်မှူအခြေနေပပျောက်မှူ၊ အစိုးရတခုအနေနဲ့ နိုင်ငံကိုခေါင်းဆောငိမှူမပေးနိုင်တဲ့ ဒီမိုကရေဆီလှူပ်ရှားသူတွေရဲ့အခြေနေ၊ အရေးကြီးဆုံးကတော့ တပ်မတော်က ဒီမိုကရေဆီလုပ်နေတဲ့လူတွေကိုအထင်မကြီး လေးစားမှူမရှိ လူရာသွင်းခြင်းမရှိတာပ၊ဲ အဲဒါတွေပြည့်စုံရင် နိုင်ငံသားတွေမကြိုက်တဲ့ခေါင်းဆောင်ကို ငြင်ငြင်သာသာဖြုတ်ချနိုင်လိပ်မယ်။။ မြန်မာပြည်မှာခေါင်းဆောင်ဖြုတ်ချဖို့ထက် စက်မှူဇုန်တွေမှာခု ကိုယ့်လိုအပ်ချက်ကို တောင်းတဲ့ ပုံစံမှူိး ကို သူ့ဂဏ္ဏနဲ့သူဥပဒေနဲ့အညီ လုပ်တာက လက်တွေကျပြီး နိုင်ငံအတွက်အကျိုးရှိလိမ့်မယ်။

  36. စိတ်ကူးယဉ်နေပြန်ပြီ.. လမ်းပေါ်ထွက်ဖို့မပြောနဲ့ လူစုမယ့်နေရာမှာတင်ကြက်ပျောက်ငှက်ပျောက်ပျောက်သွားမယ်.. ဒီမိုကရေဆီ လိုခြင်တာ၊ လွတ်လွတ်လပ်လပ်ကိုယ့်လုပ်ခြင်ရာဖြစ်ခြင်ရာ ကလွဲလို့ အဲဒါတွေကိုဖြစ်စေမယ် အရာ ဖြစ်တဲ့ မြနိမာလူအဖွဲစည်းရဲ့ အခြေနေ၊ လုလတ်တန်းစားတွေ ထောက်ခံပါဝင်မှုအခြေနေ၊ တိုင်းရင်းသားလက်နက်ကိုင်သူပုန်တွေရဲငြိမ်းချမ်းမှူ အခြေနေ၊ ဒေါ်စုရဲ့ လုပိန်းကြိုက်ဟောပြောပြီးအဆင့်မရှိခေါင်းဆောင်မှူအခြေနေပပျောက်မှူ၊ အစိုးရတခုအနေနဲ့ နိုင်ငံကိုခေါင်းဆောငိမှူမပေးနိုင်တဲ့ ဒီမိုကရေဆီလှူပ်ရှားသူတွေရဲ့အခြေနေ၊ အရေးကြီးဆုံးကတော့ တပ်မတော်က ဒီမိုကရေဆီလုပ်နေတဲ့လူတွေကိုအထင်မကြီး လေးစားမှူမရှိ လူရာသွင်းခြင်းမရှိတာပ၊ဲ အဲဒါတွေပြည့်စုံရင် နိုင်ငံသားတွေမကြိုက်တဲ့ခေါင်းဆောင်ကို ငြင်ငြင်သာသာဖြုတ်ချနိုင်လိပ်မယ်။။ မြန်မာပြည်မှာခေါင်းဆောင်ဖြုတ်ချဖို့ထက် စက်မှူဇုန်တွေမှာခု ကိုယ့်လိုအပ်ချက်ကို တောင်းတာ ပိုပြီး လက်တွေကျပြီး နိုင်ငံအတွက်အကျိုးရှိလိမ့်မယ်။

    1. @Real joker
      စက်မှုဇုန်တွေရဲ့လိုအပ်ချက်မပြောနဲ့ မီးမှန်မှန်လာဖို့ တောင် တောင်းဆိုလို့ ရနေတာကိုး…တကယ်တော့ စိတ်ကူးယဉ်နေတာ ကိုယ်ကိုတိုင်ဆိုတာ အရင်သိပြီးမှ သူများသတင်းကို ဝေဖန်ဆန်းစစ်နိုင်ပါစေလို့ …..(အားနည်းချက်ကို ထောက်ပြလိုသူ)

  37. အားပေးပါတယ်..လက်တွေ.ကအဓိကပါ
    တို.လဲပါမယ်….

  38. ဘယ်အဖွဲ့အစည်းမှ ဖြုတ်ချနိုင်မှာ မဟုတ်ဘူး….ပြည်သူတွေ လုပ်မှ ရမှာ လက်တွေ့ပဲ…..
    ဘယ်သူ့မှ အားကိုးလို့ မရဘူး…..ခေတ်သစ် ရဲ့ဘော်သုံးချိပ် ကြိုက်တယ်…
    အခု အချိန်က အကောင်းအဆုံးအချိန်ဖြစ်ပါတယ်…ဘာလို့လဲဆိုတော့ သူတို့မှာ လဲ အခုအချိန် ပြသနာတွေအများကြီးရှိတယ်….စစ်တပ်တွင်း ပြသနာနဲ့….အဆင်သင့်မဖြစ်သေးတဲ့ အစိုးရသစ် မှာကဲစမယ်ဆို မြန်မြန်စ စည်းရုံးရေးဆင်း။ forward မေးတွေကနေစည်းရုံးကြမယ်…. facebookကို အသုံးပြုကြမယ်….
    မြန်မြန်လေးလုပ်ဗျာ….နောက် ၄လ ၅လ ဆိုကြာတယ်…. သူများနိုင်ငံတွေဖြစ်နေတုန်း လုပ်မှ ရမယ်…အခုချိန်က သွေး အရမ်းဆူနေကြတာလေ…မြန်မြန်လေး

  39. ကြိုက်တယ်ဗျာ။ အားပေးတယ်။ ကိုယ်တိုင်ကိုယ်ကျပါဝင်နိုင်ဖို့မျှော်လင့်ပါတယ်။

  40.်face book က မြန်မာလူငယ် တွေ အသုံးများတယ် …မြန်မြန်စနိုင်ဖို့လိုတယ်…တိုင်းပြည်တခုလုံးအချိတ်အဆက်မိမိ တပြိုင်တည်းစ နိုင်ဖို့လိုတယ်…လူငယ်ထုကဘဲ အယင်စနိုင်မှာပါ…ထောင်မကြောက်ဖို့လိုတယ်….ဗိုလ်ချုပ်တို့ခေတ်တုံးကလို သခင်ပေါက်စ ထောင်ခြောက်လ လို့ သဘောထားပြီး အမေစုနားမှာ အားလုံးဝိုင်းရံ ပြီး လူထုအားလုံးပြိုင်တူတွန်းရင် ဒီတစ်ခါ ရွေ့ နိုင်ရမှာ ပေါ့ …အွန်လိုင်းမှာ စစ်ခွေးတွေလဲ တက်လာမှာဘဲ …တံခါးဖွင့်ပြီဆိုမှတော့ ယင်ကောင်တွေလာပါစေ…

  41. (အာရပ် နိုင်ငံ များ ၏ ဒီမိုကရေစီ ရေး အုံကြွမှု များ နှင့် အောင်မြင်မှု များ သည် မြန်မာ
    လူငယ်များ အပေါ် များစွာ ရိုက်ခတ်မှု ရှိပြီး မတရား သော အစိုးရ များ ၊ ခေါင်းဆောင်
    များကို အောင်မြင် စွာ ဖြုတ်ချ နိုင်ပုံ ကို မြန်မာ လူငယ်များ က အားကျကြသည်။)
    (ကိုယ့်လွတ်မြောက်မှု့ အတွက် ကိုယ်တိုင်ဘဲတိုက်ပွဲဝင်ရမှာပါ။ လူတစ်သန်း မရင်းရပါဘူး၊ နောက်မျိုးဆက်တွေ အကုန်ကောင်း သွားမယ်။ တိုက်ပွဲစခေါ်ဖို့ လူငယ်တွေကဘဲ ဦးဆောင်ရမှာပါ။)
    ဟုတ်ပါတယ်..တကယ်လည်းအားကျနေသလို ကိုယ်တိုင်လည်းဒါမျိုးအောင်မြင်မှု့ကိုရချင်ပါတယ်. လွယ်လွယ်နဲ့တော့နောက်မဆုတ်မိဖို့စိတ်ဆုံးဖြတ်ထားရမှာပါ။ ဒါမှမဟုတ်ရင်စစ်အစိုးရကို (သူတို့အချင်းချင်းမနာလိုတာတွေဖြစ်နေကြတဲ့ဒီအချိန်မှာမနိုင်ရင်နောင်ဘယ်တော့မှ) အနိုင်ယူနိုင်မှာမဟုတ်တော့ပါဘူး။ အားလုံးညီညွတ်ကြရင် အပြောင်းအလဲကိုလိုလားကြတဲ့ စစ်ဗိုလ်ချုပ်တွေတောင်ပူးပေါင်းလာနိုင်ပါတယ်လို့ထင်မြင်မိပါကြောင်း… (ကျေးဇူးတင်ပါတယ် Just do it Group ရေ) …အရေးတော်ပုံအောင်ရမည်…..

  42. အာပေးတယ် ဖြစ်မြောက်ဖို့ တတ်နိုင်တဲ့ ဘတ်က ကူညီပါမယ်

  43. ထောက်ခံတယ်။ ဆက်လုပ်။ လူငယ်တွေပဲ ကိုယ့်အနာဂတ် ကိုယ်ဖန်တီးရမှာ။ ဘယ်သူ့မှ အားကိုးလို့မရတော့တဲ့ အချိန်မျိုးဖြစ်နေပြီ။ သူတို့သတင်းတွေတော့ ဖြစ်နိုင်ရင် အတတ်နိုင်ဆုံး လျှို့ဝှက်ထားစေချင်တယ်။ သူတို့ရဲ့ လုံခြုံရေးအတွက်ပါ။

  44. အားပေးတယ်ဟေ့ လက်တွေ့ဒါအဖြေပဲ ဆက်သာလုပ်

  45. ဒီသတင်းမှန်ပါစေဗျာ …. တစ်ကယ်သာ လွတ်လပ်မှုကိုလိုလားရင် လိုလားသူတွေအားလုံး ပါဝင်လာကြမှာပါ …
    အပြောနဲ့တော့မပြီးပါဘူး .. အကွက်ကျကျစီမံမှရမှာပါ …
    စစ်လက်နက်တွေလဲစုဆောင်းထားရပါမယ် ။ ဘာလို့လဲဆိုတော့ ဒီစစ်အစိုးရက လွယ်လွယ်တော့ ဖယ်ပေးမှာ မဟုတ်လို့လေ ။
    အသေအကြေချမှာပဲဗျ။ ။
    … ယုံကြည်မှုနဲ့ရှေ့ဆက်ကြပါစို့ …

  46. ဒီသတင်းသာ တကယ်မှန်တယ်ဆိုရင် လေးစားပါတယ်… ကိုယ်လုပ်မှ ကိုယ်ရမှာပါ… ဘယ်သူ့ကိုမှ အားကိုးနေလို့မရပါဘူး… တကယ်လုပ်မယ့် သူတွေကို တကယ်စုစည်းကြပါ… တကယ်ဖြစ်လာမယ်ဆိုရင် ကျွန်တော်တို့လဲ ပါဝင်ပါ့မယ် …

  47. ဒီသတင်းကို ဖတ်ပြီး အရမ်းအားတက်မိပါတယ်။ ၊ ပြည်သူတွေ ကဘဲပါဝင်ဆင်နွဲရမှာပါ။ တိုင်းပြည်က မွဲနေတယ်။ ပြည်သူတွေ ထမင်းတောင် နပ်မမှန်တော့ဘူး။ စစ်အာဏာရှင်တွေကတော့ မတရားရယူထားတာတွေနဲ့ ကြီးပွားပြီးရင်း ကြီးပွားနေကြတယ်။ ကိုယ့်လွတ်မြောက်မှု့ အတွက် ကိုယ်တိုင်ဘဲတိုက်ပွဲဝင်ရမှာပါ။ လူတစ်သန်း မရင်းရပါဘူး၊ နောက်မျိုးဆက်တွေ အကုန်ကောင်း သွားမယ်။ တိုက်ပွဲစခေါ်ဖို့ လူငယ်တွေကဘဲ ဦးဆောင်ရမှာပါ။ ထောင်ထဲမှာ ရှိတဲ့နိုင်ငံရေးအကျဉ်းသားတွေ အတွက် ပြည်သူ အားလုံးက ပြန်ပေးဆပ်ရမယ်။ နောက်ကလိုက်မဲ့ သူတွေ အများကြီးဘဲ။ တိုက်ပွဲစဖို့ ဘဲလိုတယ်။ ဒီတစ်ခါ အားလုံးအချိတ်အဆက်မိမိနဲ့ အောင်ပွဲမရမချင်း တိုက်ပွဲဝင်ကြရပါမယ်။

Comments are closed.