အီဂျစ် စစ်တပ် က ဒီနေ့ မှ လွှတ်တော် ကို ဖျက်သိမ်းလိုက်ပြီး ခြောက် လ အတွင်း လွတ်လပ်ပြီး
တရားမျှ တတဲ့ ရွေးကောက် ပွဲ ကျင်းပကာ နိုင်ငံ အာ ဏာ ကို လွှဲပြောင်း ပေးမယ်လို့ ကြေငြာ
ခဲ့ပါတယ်။ လွှတ်တော် နဲ့ အတူ မူဘာရက် ရဲ့  အစိုးရ အဖွဲ့ လည်း ဖျက်သိမ်းခံရပါတယ်။မူဘာရက် ကို ရာထူးက နေ ဖယ်ရှား နိုင် ဖို့ ပြည်သူတွေ စတင် အုံကြွခဲ့တဲ့ တီဟီရာ ရင်ပြင်
မှ ဆန္ဒပြ သူ အချို့ ဆက်လက် ရှိနေပေမယ့် အချို့ ကတော့ အိမ် ပြန် သွားကြပါပြီ။ အီဂျစ်
စစ်ကောင်စီ က တာဝန် ရှိ သူတွေ ဟာ အတိုက် အခံ နိုင်ငံရေး သမားတွေ ၊ အုံကြွမှု ကို
စတင် ခဲ့တဲ့ လူငယ်တွေ နဲ့ ဆွေးနွေ နေပါတယ်။
တကယ် လို့ စစ်တပ် ဟာ ကတိ အတိုင်း ဒီမိုကရေစီ ပြောင်း လဲ ရေး အတွက် ဖော်ဆောင်
ဖို့ နှောင့်နှေးတယ် ဆိုရင် ပြည်သူ တွေ ရဲ့  ဒေါသ ကို ရင် ဆိုင်ရမှာ ပဲ လို့ ဆန္ဒပြ လူငယ်
ခေါင်းဆောင် အယ်(လ)ဆွာဟတ်ဇီ က ပြောပါတယ်။
အီဂျစ် စစ်တပ် က ဆန္ဒပြသူတွေ ကို အကြမ်းဖက် ခဲ့တဲ့ သူတွေ ကို ဖမ်းဆီးထားပြီး
ဒဏ်ရာရသူတွေ အတွက် အရေး ပေါ်ရံပုံငွေ တစ်ရပ် စီစဉ် ပေးကာ ကာကွယ်ရေး
ဦးစီးချုပ် ကိုယ်တိုင်ဒဏ်ရာ ရသူတွေ ကို သွားရောက် အားပေးကြည့်ရှုပါတယ်။
အီဂျစ် နိုင်ငံ အာဏာရှင် ဆန့် ကျင်ရေး လူထု အုံကြွမှု ကို AP သတင်းဌာန က နေ့ စွဲ အလိုက်
ပြန်လည် တင်ဆက်ထားသည့် ဗီဒီယို
အမှန်တရား နဲ့ တော်လှန်ရေး အတွက် သင် တို့ လည်း ဒီနေ ရာမှာ ပါဝင် နိုင်တယ်

Every people’s armies used to prove their sympathy on all national people’s historical critical movements.