လူငယ်များ ၏ အာဏာရှင် ဆန့် ကျင်ရေး လှုပ်ရှားမှု စပြီ

FNG ၊သိန်းစိန်အစိုးရကို အလိုမရှိ – ကြားဖြတ်အစိုးရ ချက်ချင်းဖွဲ့  – လို့ တောင်းဆို တဲ့
ကြွေးကျော် သံတွေ ကို ဒီနေ့ မနက် က ရန်ကုန်မှာ မြို့ မှာ လူငယ် နှစ်ဆယ် ကျော်လောက်
က လှည်းတန်း ဈေးအနီးမှာ ကြွေးကျော် ခဲ့ကြပြီး ချက်ခြင်း လူစု ခွဲခဲ့ကြပါတယ်။ရန်ကုန်မြို့ ကမ္ဘာ အေး ဘုရားလမ်း နဲ့ သမိုင်းလမ်း ဆုံ မှာ လည်း ဒီနေ့ စစ်အာ
ဏာရှင်စနစ် ဆန့် ကျင် တဲ့ လှုံဆော် စာတွေ ဖြန့် ဝေခဲ့တယ် လို့ သိရပါတယ်။

အခုလို လှုပ်ရှား မှု မျိုးနောက် ဆုံး ပေါ်ပေါက်ခဲ့တာ ဟာ ဒေါ်အောင်ဆန်းစုကြည် ကို
အင်စိန်ထောင် မှာ ပြောင်းရွှေ့ ချုပ်နှောင် စဉ် က ဖြစ်ပြီး အခု တစ်ခါ ပထမ ဦးဆုံးဖြစ်
ပါတယ်။

စစ်အာဏာရှင် အစိုးရ အလိုမရှိ ဆိုတဲ့ လှုပ်ရှားမှု ကို ကျယ်ကျယ်ပြန့် ပြန့် လုပ်သွား မယ်လို့ 
ဒီလှုပ်ရှားမှု မှာ ပါဝင် ခဲ့သူ တစ်ဦး ကပြောပါတယ်။

သိန်းစိန်အစိုးရကို ဒီနေ့ မပြုတ်ကျရင် မနက်ဖြန် ပြုတ်ကျရမယ်။ မနက်ဖြန်မပြုတ်ကျရင်
သန်ဖက်ခါ ပြုတ်ကျရမယ် ဆိုတဲ့  လှုပ်ရှားမှူနဲ့  ဆက်တိုက်အရှိန်အဟုန်ပြင်းပြင်းနဲ့ 
ဆောင်ရွက်သွားမယ်လို့  ကမ်ပိမ်းမှာ ပါဝင်တဲ့  လူငယ်တဦးက ပြောပြပါတယ်။
ပုဇွန်တောင် လိပ် ကန် အနီး မှာ ပြုလုပ်ခဲ့တဲ့ သိန်းစိန် ဆန့် ကျင်ရေး လှုပ်ရှား မှု နဲ့ 
ဒဂုံစင်တာအနီးက လှုပ်ရှားမှု ကိုတော့ မနေ့ က ဖွဲ့ စည်း ခဲ့တဲ့ Just Do it အဖွဲ့ က
လှုပ်ရှားတာ ဖြစ်ပါတယ်။
အီဂျစ်  သမ္မတ မူဘာရက် နိုင်ငံက ထွက်ပြေးခဲ့ ရပြီးနောက် သန်းရွှေတို့  နအဖစစ်အုပ်စုကို ချက်ချင်းမြန်မာနိုင်ငံက ထွက်ပြေးရအောင် အမြန်ဆုံး ပြုလုပ်တာဖြစ်တယ်လို့ လဲ အဲဒီ
လူငယ်က ပြောဆိုပါတယ်။ အထူးသဖြင့် သိန်းစိန်အစိုးရကို ပြုတ်ကျသွားကျဖိုနဲ့  အဓိက
ဒီမိုကရေစီအစိုးရတရပ်ကို အမြန်ဆုံး အကောင်အထည်ဖေါ်ဆောင်သွားဖို့ ကို လူငယ်
တွေက စီစဉ်ဆောင်ရွက် လှုပ်ရှားသွားမယ်ဖြစ်ကြောင်း သိရပါတယ်။

15 thoughts on “လူငယ်များ ၏ အာဏာရှင် ဆန့် ကျင်ရေး လှုပ်ရှားမှု စပြီ

  1. လုပ်မယ် ဖြင့် မကျံသေးဘူး…. ဖွချင်နေပြီ…. အသံကြောင့် ဖားသေတာ ခုထိ မသိသေးဘူး….. ညံ့လိုက်တဲ့ တုန်းလိုက်တဲ့ ချာလိုက်တဲ့ ဗမာတွေ… သူတို့ကလဲ ပြည်ပ မီဒီယာဆိုယုံနေတာလား… ပြည်ပမီဒီယာကပဲ…. ငါလူသူ့ဘက်သားတွေလား မသိတော့လောက်အောင် ရှုပ်ထွေးနေတာ… စောက်တုန်းတွေ… များများအော်… အလောင်းအသစ်တွေ မြင်ရဦးမှာပေါ့…

  2. ha ha.. ပံ့ပိုးကြမယ်.. ဘယ်လို ပံ့ပိုးမှာလဲ.. နိုင်ငံခြားမှာနေပြီး.. ပံ့ပိုးမှာလား.. သိပ်ပြီးအားပေးချင်ကြရင်.. ခင်ဗျားတို့ မြန်မာပြည်ပြန်လာပြီး ကျုပ်တို့နဲ့ ပူးပေါင်းလေ..

    အပိုတွေပြောမနေနဲ့..

  3. All protector should wear pant to fight like a egyptian! When we fight, we hv no time to wearing many time this is the weak case of us, or wear longyi with belt!

  4. တော်တော်အန္ဒာယ်များတဲ့အလုပ်ပဲ။ ဒါပေမယ့် အရမ်းလည်းစိတ်ဝင်စားတယ်။တစ်ခုတော့ရှိတယ်နော် လုပ်ပြီဆိုရင်တော့အဆုံးထိလုပ်ဖို့ တော့လိုမယ်နော်။အဲ့ဒီ အဆုံးထိရောက်အောင်လည်းစတေးဖို့ လည်းလိုမယ်ထင်တယ်။ စတေးတယ်ဆိုတယ့်နေရာမှာလည်း ဥာဏ်ရှိစွာနဲ့ စတေးပြီး အသုံးမတယ့်တဲ့နေရာမှာသွားစတေးရင်အလကားဖြစ်သွားမယ်။အဲ့ဒီတော့အကောင်းဆုံးအကြံပေးချင်တာက လုပ်ဆောင်မှုတိုင်းမှာသတိဝိရိယရှိ ပြီး စိတ်ဓာတ်ခိုင်မာစွာလုပ်ဆောင်ကြပါလို့ အကြံပေးလိုပါတယ်။

  5. ပြည်တွင်းမှာနေပြီးစွန့်လွှတ်စွန့်စားရဲတဲ့သတ္တိတွေအပြည့်ရှိတဲ့ရဲဘော်တွေကို လေးစားပါတယ်.. အားလုံးမိမိတတ်နိုင်သမျှဖက်ကပါဝင်ပေးကြပါ.. အရေးတော်ပုံအောင်ရမည်.. သန်းရွှေနှင့်အပေါင်းအပါအားလုံးကျဆုံး (ထွက်ပြေး)ရမည်.. အရေးတော်ပုံကြီးအောင်ရမည်.. အာဏာရှင်စနစ်အဆုံးသတ်ရမည်.. အရေးတော်ပုံအောင်ရမည်။

  6. fighter8888 :

    ခက်တာက မြန်မာပြည်ဥူလူထုတစ်၇ပ်လုံး အင်တာနက်ဥုံးစွဲခွင့်အပြည့်အ၀ မ၇တာက ပြဿနာဖြစ်နေတယ်ဗျ။
    အဲတော့ တစ်ချိန်တည်း တပြိုင်နက်ဖြစ်ဖို့ အခက်တွေ့၇ပါတယ် ။
    တခါတ၇ံ ဘာမှမဟုတ်တဲ့ ဘလော့လေးတွေကိုတောင် အလွယ်တကူဖွင့်လို့မ၇တာက ဥက်ဥေတစ်ခုပေါ့။
    ဘာပဲဖြစ်ဖြစ် အထက်ကိုေ၇ာက်ဖို့ ပထမဆုံးခြေလှမ်းက ဥိပ်ကိုအေ၇းပါပါတယ် ။
    အမှန်တကယ် လှုံ့ဆော်မှုဥာလိုလားပါတယ်ဗျာ ။
    အားလုံးပါဝင်ဖို့ ဆန္ဒပြင်းပြပါတယ်။
    အားလုံးလဲ အမှန်တကယ် ငတ်မွတ်နေကြပါတယ်။
    ထမင်းေ၇ချောင်းစီးပြီးမလှူနိုင်ကြတော့တဲ့ မြန်မာတွေ၇ဲ့ဘ၀ဟာ ဥွေးချောင်းစီးပြီးပဲ တိုက်၇တိုက်၇ အာဏာ၇ှင်စနစ်ဆိုးကို တွန်းလှန်ကြ၇မှာပါ။
    ………… ဆုံးခန်းတိုင် တက်ညီလက်ညီ တိုက်ပွဲဝင်ကြပါစို့ …..

    caps lock ဖြစ်သွားလို့ သ နဲ့ ဥ မှားသွားတာခွင့်လွှတ်ပါခင်ဗျာ

    1. အင်တာနက် အပြည့်အ၀ သုံးစွဲ ခွင့်ရအောင်……. မင်းလိုက် တပ်ပေးလေကွာ……..။

  7. နိုင်ငံသားတွေအတွက်ကြိုးစားတာ..မြင့်မြတ်တယ်…အားပေးလျှက်

  8. { “လူငယ်များ ၏” အာဏာရှင် ဆန့် ကျင်ရေး }
    ဆိုပြိး လူငယ်တွေကို စောင်းပေးပြီး တွန်းအားမပေးသင့်ပါ။
    လူငယ်တွေချည်း လုပ်ရမည့် ကိစ္စမဟုတ်ပါ။

    ဒီတစ်ခါ အပြီးသတ်တိုက်ပွဲ ဖြစ်မှာမို့
    လူငယ်ပွဲပဲဆိုပြီး လူကြီးလည်းဝင်မနွှဲလို့မရဘူး၊
    ဘုန်းကြီးပွဲမို့ ကျောင်းသားလည်းမပါလို့မရဘူး၊
    ကျောင်းသားပွဲဟဆိုပြီး ပြည်သူကမပါလို့မရဘူး၊
    မြိုပေါ်ကပွဲပဲဆိုပြီး ကျေးလက်တောရွာတွေ နေ နေလို့မရဘူး။
    လူမျိုးကွဲလို့မရဘူး ဘာသာကွဲလို့မရဘူး။
    ပြည်သူ့ပွဲမို့ တပ်ထဲက(လူတွေ)လည်း မပါလို့မရဘူး။
    တစ်နိုင်ငံလုံးရဲ့ပွဲ လူထုရဲ့ပွဲ နိုင်ငံသားတိုင်းရဲ့တိုက်ပွဲပဲလို့ စောစောစီးစီး မောင်းတီးကြေညာပြီး
    အချိန်ရဲ့အား ရေစီးကြောင်းရဲ့အားကိုယူ
    တစ်နိုင်ငံလုံးအား လူထုအားနဲ့ တညီတညာတည်း ပေါင်းစည်းပြီး အာဏာရှင် စနစ်ဆိုးကြီးကို
    ကျွန်တော်တို့တွေ အပြီးအပိုင် တွန်းချကြပါစို့။
    အရေးတော်ပုံ အောင်ရမည်။

    1. ခက်တာက မြန်မာပြည်ဥူလူထုတစ်၇ပ်လုံး အင်တာနက်ဥုံးစွဲခွင့်အပြည့်အ၀ မ၇တာက ပြဿနာဖြစ်နေတယ်ဗျ။
      အဲတော့ တစ်ချိန်တည်း တပြိုင်နက်ဖြစ်ဖို့ အခက်တွေ့၇ပါတယ် ။
      တခါတ၇ံ ဘာမှမဟုတ်တဲ့ ဘလော့လေးတွေကိုတောင် အလွယ်တကူဖွင့်လို့မ၇တာက ဥက်ဥေတစ်ခုပေါ့။
      ဘာပဲဖြစ်ဖြစ် အထက်ကိုေ၇ာက်ဖို့ ပထမဆုံးခြေလှမ်းက ဥိပ်ကိုအေ၇းပါပါတယ် ။
      အမှန်တကယ် လှုံ့ဆော်မှုဥာလိုလားပါတယ်ဗျာ ။
      အားလုံးပါဝင်ဖို့ ဆန္ဒပြင်းပြပါတယ်။
      အားလုံးလဲ အမှန်တကယ် ငတ်မွတ်နေကြပါတယ်။
      ထမင်းေ၇ချောင်းစီးပြီးမလှူနိုင်ကြတော့တဲ့ မြန်မာတွေ၇ဲ့ဘ၀ဟာ ဥွေးချောင်းစီးပြီးပဲ တိုက်၇တိုက်၇ အာဏာ၇ှင်စနစ်ဆိုးကို တွန်းလှန်ကြ၇မှာပါ။
      ………… ဆုံးခန်းတိုင် တက်ညီလက်ညီ တိုက်ပွဲဝင်ကြပါစို့ …..

  9. အားပေးပါတယ်။အောင်မြင်ပါစေ။ ဝိုင်းဝန်း ပါဝင်မယ်ဗျာ။ လုပ်ဆောင်မှုတွေ အောင်မြင်ပါစေ။

  10. လေးစားပါတယ်၊ပြည်တွင်းမှာဒီလိုအော်ရဲတယ်ဆိုတာတော်ရုံသတ်တိနဲ့မရပါဘူး
    အချိန်မရွေးအဖမ်းခံရနိုင်တာသိလျက်နဲ့လုပ်ရဲတာကိုချီးကျုးပါတယ်၊
    အဖမ်းမခံရပါစေနဲ့၊အောင်မြင်စွာရှေ့ဆက်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်

Comments are closed.