မှန်းချက် နှင့် နှမ်းထွက် မကိုက်သည့် ဗိုလ်ချုပ်များ ၊ ကာကွယ်ရေးဦးစီးချုပ် ကို စောဒကတက်

လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ရာထူး နေရာ အတွက် ရွှေ့ ပြောင်းခံရသဖြင့် ကျေနပ်မှု မရှိသော ရဲချုပ်ခင်ရီ

FNG၊                ၊စစ်အစိုးရ စိတ်တိုင်းကျ စီမံခန့် ခွဲသည့် လွှတ်တော် များ ပေါ်ပေါက်ပြီးနောက်
နဂိုမူလ ရာထူးကြီးများ ကို လက်လွှတ်ခဲ့ရသည်. နအဖ စစ်ဗိုလ်ချုပ် ၁၀ ဦးခန့် သည် ဗိုလ်ချုပ်မှုးကြီး
အားတွေ့ ဆုံခွင့်ရရှိပြီး ၎င်းတို့ ၏ မူလ (သို့ မဟုတ်) ထို့ ထက် မြင့်သည့် ရာထူးများ ကို ပြန်လည်
ပေး အပ်ရန် အတွက် တောင်းဆိုထားကြသည် ဟု Freedom News Group မှ သတင်းရရှိသည်။

မြန်မာ နိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် နေရာမှ  လူဝင်မှု ကြီးကြပ်ရေး ၀န်ကြီးဌာန သို့ ပြောင်း ရွှေ့ ခြင်းခံခဲ့
ရသည့် ရဲချုပ် ခင်ရီ သည် သူ၏ မူလ နေရာ သို့ မဟုတ် ပြည်ထဲရေး ၀န်ကြီး နေရာ ခန့် ထိ မျှော်
မှန်း ခဲ့သည် ဟု ဆိုသည်။

စက်မှု ၁ ၀န်ကြီး ဌာန နေရာ ကို လက်လွှတ်ခဲ့ရသည့် ဦးအောင်သောင်း သည် လည်း ဗိုလ်ချုပ်မှုး
ကြီး နှင့် တွေ့ ဆုံခွင့် တောင်းထား သော်လည်း ၎င်း သည် လွန်ခဲ့သည့် သီတင်း နှစ်ပတ် မှ စ၍ လူ
မြင် ကွင်း တွင် ပျောက် ကွယ်နေသည့် အတွက် ဖမ်းဆီး ခံထားရသည် ဟု သတင်း ထွက်ပေါ်နေ
သည်။

ရန်ကုန်မြို့ တော်ဝန် ဗိုလ်မှုးချုပ် ဟောင်း အောင်သိန်းလင်း ၊ နိုင်ငံခြားရေး ၀န်ကြီး ဦးဥာဏ်ဝင်း
နှင့် ပြည်ထဲ ရေးဝန်ကြီး ဟောင်း ဗိုလ်ချုပ် မောင်ဦး၊ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေး  နှင့် နေပြည်တော်
ကာကွယ်ရေး ၀န်ကြီးဌာန မှ စစ်ဗိုလ်ချုပ် ဟောင်း လေးဦး လည်း ပါဝင်သည် ဟု သတင်းရရှိသည်။

လွှတ်တော် ပေါ်ပေါက် ပြီး နောက် အစိုးရ အဖွဲ့ ၏ အဆင့် မြင့် အရာ ရှိ နေရာများ ပြန်လည်ချထား
မှု သည် ဗိုလ်ချုပ်မှုးကြီး ၏ ဖြုတ်-ထုတ်-သစ် လမ်းစဉ် သစ် တစ်ခု ပင် ဖြစ်သည် ဟု နိုင်ငံခြားရေး
ဝန်ကြီးဌာန မှ အကြီးတန်း အရာရှိ တစ်ဦး က Freedom News Group သို့ ပြောသည်။

အနာဂတ် မြန်မာ စစ်တပ် တွင် ဗိုလ်ချုပ်ကြီး ကိုကို နှင့် ဗိုလ်ချုပ်ကြီး မင်းအောင် လှိုင် တို့ နှစ်
ဦးမှာ အာဏာရှိ လာမည် ဟု ခန့် မှန်းထားကြသည်။

3 thoughts on “မှန်းချက် နှင့် နှမ်းထွက် မကိုက်သည့် ဗိုလ်ချုပ်များ ၊ ကာကွယ်ရေးဦးစီးချုပ် ကို စောဒကတက်

  1. သူတို့တွေအသိတရားရပြီးပြောင်လဲဘို့မျော်နေရင်တော့သူတို့ထက်မိုက်တဲ့လူတွေဘဲလို့ ပြောချင်တယ် အရင်းမရှိဘဲအမြတ်မရနိုင်ဘူး မှန်မှန်ကန်ကန်ရင်းတတ်ဘို့လည်းလိုတယ် အခြေအနေအချိန်အခါ လည်းသုံးသတ် ဆုံးဖြတ်တတ်ရမယ်နော်။

  2. အောင်သောင်းကသူမိန်းမကင်ဆာဖြစ်နေလို.
    စင်ကာပူမှာသွားကုနေတာကိုစက်မှု(၁)ကပိုက်ဆံနဲ.လိုက်သွားတာ။
    အဲဒါကြောင်.ပျောက်နေတာ

  3. အဲဒါ အစဘဲရှိသေးတယ် ။ နောက်ဆို နေရွှေသွေးအောင် တို့ တေဇ တို့ အတွက်နေရာမဖယ်ပေးရင် အင်းစိန်ထောင်မှာ စံ ရအုံးမှာ ။ သူတို့ သာအသိတရားနဲနဲလေး ရှိရင် ပြည်သူတွေအတွက် ဘယ်လောက် တန်ဖိုးရှိမလဲနော် ။

Comments are closed.