ဒေါ်လာဈေး မိုးပေါ်ကို ၀ုန်း ကနဲ ခုန်တက်

Freedom News Group မှ နောက်ဆုံးရရှိသည့် သတင်းမှာ ဆန်ဈေးများ ထပ်မံမြင့် တက်သွား
ပြီး နေပြည်တော် တွင် တယ်လီဖုန်း လိုင်းများ အားလုံးဖြတ်တောက် ထားသည်။အချို့ ဖုန်းများမှာ
တစ်ခါ စကားပြောလျှင် နှစ်မိနစ်ခန့် သာ ပြော နိုင်ပြီး အလိုအလျှောက်ပြတ်ကျသွားသည် ဟု
နေပြည်တော် မှ ၀န်ထမ်းတစ်ဦး က Freedom News Group သို့ ပြောသည်။
_______________________________________________________________
ယနေ့ မနက် ဈေးကွက် ဖွင့် ချိန် တွင် အမေရိကန် ဒေါ်လာ ပေါက်ဈေးမှာ ၉၂၀ မှ ၉၈၀ အထိ
မြင့် တက်သွားပြီး ယနေ့ ညနေ ပိုင်းတွင် မူ ၉၄၀ ခန့် ပြန်လည် ကျဆင်းသွားသည်။ ထိုသို့ ဖြစ်
ရခြင်းမှာ ယခင် ဦးပိုင် လီမိတက် ဥက္ကဌ ဟောင်း ဒု-ဗိုလ်ချုပ်ကြီး တင်အေး ၏ ဇနီး နှင့် မြန်မာ
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ ဇနီး ဒေါ်ကြိုင်ကြိုင် တို့ နှစ်ဦး တရုတ် ဘဏ်များ
တွင် ငွေ အလုံးအရင်း လွှဲပြောင်းမှု ကြောင့် ဟု သတင်းရရှိသည်။

အမေရိကန် ဒေါ်လာ နှင့် မြန်မာ ကျပ်ငွေ လဲလှယ်မှု ပေါက်ဈေးမှာ ယမန် နေ့ က တစ်
ဒေါ်လာလျှင် ၈၆၀ ကျပ် သာရှိသည်။ ဒေါ်လာဈေး တက်မှု ကြောင့် အခြား ကုန် ပစ္စည်းများ
ပါ လိုက်တက် နိုင်သည်။

5 thoughts on “ဒေါ်လာဈေး မိုးပေါ်ကို ၀ုန်း ကနဲ ခုန်တက်

  1. သနားဖို့ ဘယ်လောက်ကောင်းလိုက်တဲ့ ဒို့ မြန်မာလူမျိုးတွေလဲ ။သူတို့ လုပ်ချင်တိုင်းလုပ်နေတာကို ဒီအတိုင်း လည်စင်းခံနေကြရရှာတယ်။ကုန်းဇျေးနှုန်းတွေတက်အောင်လုပ်။စားစရာမ၇ှိတော့ ကိုယ့် ဝမ်းစာအတွက် မနည်းရုန်းကန်နေရတော့ သူတို့ ကိုအာခံမဲ့ ဘက်ကိုမလှည့် နိုင်။ဘယ်လောက်ယုတ်မာတဲ့ နည်းပညာတွေလဲ။ကိုယ်တစု ကောင်းစားဖို့ အတွက် သူများတွေကို အဲလောက်ဒုက္ခရောက်စေခဲ့ တာ။သူတို့ မိုက်ရိုင်းတာက ကန်းကုန်နေပြီ။ခွေးနဲ့ တောင်နှိုင်းဖို့ မတန်တော့ ဘူး။ပြိတ္တာ၊အသူတကယ်တွေ။ခွေးက သူတို့ ထက်မြတ်တယ်။

  2. ဟုတ်တယ်ဗျို…….အခုလို ဒေါ်လာဈေးတွေ တောက်လျောက်တက်နေတာရယ်၊ အစိုးရဝန်ထမ်းတွေကို လစာ ၃ဆခွဲလား ဘာလားပဲ တိုးပေးမယ်ဆိုပြီး ကောဠဟလ ထွက်နေတော့ ဆန်ဈေးက တက်ပြီပေါ့ဗျာ။ လစာတကယ် တိုးမတိုးကတော့ မသေချာဘူး၊ ပြည်တွင်းမှာ ကုန်ဈေးနုန်းတက်လာရင် ဝမ်းစာအတွက် ယောင်္ကျားလေးဆို ခိုးဆိုးလုယက်ဖို့နဲ့ မိန်ကလေးဆို၇င် ဖာလုပ်ဖို့ အခြေအနေဖြစ်လာနေပြီဗျာ။ တစ်နေ့တစ်နေ့ ဝမ်းရေးအတွက် မနည်းရုန်းကန်နေရတဲ့ အောက်ခြေလူတန်းစားတွေ ဒုနဲ့ဒေး၇ှိသေးတယ်။ စောက်သုံးမကျပဲ ပိုက်ဆံကို စက္ကုလိုရိုက်ထုတ်နေမှတော့ အောက်ကလူတွေက သေပြီပေါ့။

  3. please FNG do for us to share in facebook , easy button! then more famous!thank support u we so much like u r new!

  4. Myanmar’s greatest thiefs have to move her black enriches to china’s colony banks and finally! the whole Burma too.

Comments are closed.